ဦးပညာဝရ(သေခြင်းသဘော)
ကိုယ်ရေးအကျဉ်း
အရှင်ပညာဝရသည် မွေးသက္ကရာဇ် ( ၃၀-၁၂-၁၉၉၉ )ခုနှစ်တွင် အဖဦးအေးသိန်း၊ အမိဒေါ်အေးအေးမာ တို့မှ မွေးဖွားခဲ့သည်။ မွေးဖွားရာဒေသမှာ ရန်ကုန်မြို့၊ သာကေတမြို့နယ် ဖြစ်သည်။ ငယ်နာမည်မှာ မောင်ပိုလေး ဖြစ်ပါသည်။ ကျောင်းနာမည်မှာ မောင်ဖြိုးကျော်ထက် ဖြစ်ပါသည်။ အရှင်ပညာဝရသည် အသက် ( ၂၃ )နှစ်၊ ( ၅.၁၁.၂၀၂၃ )တွင် သာသနာဘောင်သို့ ဝင်ရောက်ကာ အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ သေခြင်းသဘော ဝိပဿနာအခြေခံကို မျှဝေခြင်း၊ အကြံပေးခြင်းနှင့် ဗဟုသုတဖြန့်ဝေမှုများကို ဆောင်ရွက်လျက်ရှိသည်။ လူမှုမီဒီယာပေါ်တွင် “သေခြင်းသဘော | ဝိပဿနာအခြေခံ ☸️” အမည်ဖြင့် အခမဲ့ မျှဝေပေးလျက်ရှိသည်။ ယင်းအဖွဲ့အစည်းသည် အကျိုးအမြတ်မလိုသည့် အများအကျိုးပြုသော ပရဟိတရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် YouTube, TikTok, Telegram နှင့် Facebook တို့တွင် ပညာဖြန့်ဝေမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
အဓိကရည်ရွယ်ချက်
လောကီကိစ္စများထက် လောကုတ္တရာတရားတော်မြတ်ကို ပိုမိုအလေးထားပြီး၊ သေခြင်းသဘောကို ဆင်ခြင်ခြင်းဖြင့် ငြိမ်းချမ်းသော ဘဝလမ်းစဉ်ကို ရှာဖွေနေသူတစ်ဦး ဖြစ်ပါတယ်။
လေ့လာမှုကဏ္ဍများ
- ပါဠိတော်နှင့် သုတ္တန်ဒေသနာတော်များ
- ဝိပဿနာရှုပွားခြင်းနှင့် စိတ်အလုပ်
- ပဋိသမ္ဘိဒါမဂ်ကျမ်းနှင့် သဒ္ဒါပိုင်းဆိုင်ရာများ
- ဘဝနှင့် သေခြင်းတရားကို ဆင်ခြင်ခြင်း