သေခြင်းသဘော စာမူ
ဝိပဿနာအခြေခံ ☸️
နိဒါန်း
• နိဒါန်း။ “•” ယခု အစက် သင်္ကေတနဲ့ ပြထားသော စာသည် ခေါင်းစဉ် ငယ် တစ်ခုကို ကိုယ်စားပြုပါတယ်။ ခေါင်းစဉ် အများအပြားဖြင့် အမြင် ရှုပ်မနေစေရန် အသုံးပြုထားပါတယ်။ “[ ]” ယခု လေးထောင့် အဖွင့်အပိတ် သင်္ကေတနဲ့ ပြထားသော စာသည် မူရင်းသုတ္တန်မြန်မာပြန်၏ အောက်တွင် သုတ္တန်မှ နည်းယူခဲ့သည်များကို ရေးသားထားသော ဦးဇင်း၏ အာဘော် စာသားများကို အထက်ရှိမူရင်း သုတ္တန်နှင့် ရောမသွားစေရန် အသုံးပြုထားပါသည်။ “[ ]” ထို အဖွင့်အပိတ် အတွင်းရှိသော စာများသည် မူရင်းသုတ္တန်များမှ နည်းယူထားသော ဦးဇင်း၏ ကိုယ်ပိုင်ရေးသားမှု အာဘော်သာဖြစ်ကြောင်း သတိပြုပါ။ ၁။ ယနေ့ခေတ်တွင် အခြေအနေ အမျိုးမျိုးမှာ ရှင်သန်နေထိုင်ကြတဲ့ လူတိုင်းဟာ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း စတဲ့ စိတ်အဆင်မပြေမှုတွေကို ကြုံ တွေ့ရတတ်ပါတယ်။ ဒီလိုကြုံရတာက မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ “ဒွါရ” တို့နှင့် ရုပ်အဆင်းပုံရိပ်၊ အသံ၊ အနံ့၊ အရသာ၊ ထိတွေ့မှု၊ ကြံတွေးစရာ ဆိုတဲ့ “အာရုံ”တို့တွေ့ဆုံမှုကြောင့် မြင်သိစိတ်၊ ကြားသိစိတ်၊ အနံ့သိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ်၊ ကြံတွေးသိစိတ် ဆိုတဲ့ စိတ်ခြောက်မျိုး ဖြစ်ပါတယ်။ ၂။ ဒီစိတ်ခြောက်မျိုးရဲ့ မူလ နာမည်နဲ့အလုပ်တွေကို မေ့သွားပြီး ကောင်းတဲ့ အရာတွေကို ကောင်းတယ်လို့ ဆုံးဖြတ်တဲ့အတွက် လိုချင်မှု ဆိုတဲ့ “လောဘ” ဖြစ်ပါတယ်။ လိုချင်တဲ့ အရာတွေကို မရတဲ့အခါ စိတ်ဆိုး၊ စိတ်ညစ်မှုတွေဆိုတဲ့ “ဒေါသ” ဖြစ်ပါတယ်။ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း စတဲ့ စိတ်အဆင်မပြေမှုတွေဟာလဲ “ဒေါသ”ပဲ ဖြစ်ပါတယ်။ ၃။ ဒီတော့ စိတ်အဆင်မပြေမှုရဲ့ အခြေခံက လိုချင်မှု ဆိုတဲ့ “လောဘ” ကြောင့်သာ ဖြစ်ပါတယ်။ ၄။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဗာဟိယသုတ်မှာ- “ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ ဘဝိဿတိ။ သုတေ သုတ မတ္တံ ဘဝိဿတိ။ မုတေ မုတ မတ္တံ ဘဝိဿတိ။ ဝိညာတေ ဝိညာတ မတ္တံ ဘဝိဿတိ။” ဆိုတဲ့ “မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့”ဟု ဤသို့ သင်သည် ကျင့်အပ်၏ လို့ ဟောပါတယ်။ ၅။ ဒီနည်း အတိုင်း တရားရှုမှတ်ရင် စိတ်ခြောက်မျိုးရဲ့ မူလ နာမည်နဲ့အလုပ်တွေကို မမေ့ပဲနဲ့ ကောင်းတဲ့ အရာတွေကို ကောင်းတယ်လို့ မဆုံးဖြတ်လို့ လိုချင်မှု ဆိုတဲ့ “လောဘ” မဖြစ်တော့ပါဘူး။ လိုချင်မှု ဆိုတဲ့ “လောဘ” မဖြစ်လို့ လောဘကြောင့် ဖြစ်နိုင်တဲ့ စိတ်ဆိုး၊ စိတ်ညစ်မှုတွေဆိုတဲ့ “ဒေါသ” မဖြစ်တော့ပါ။ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းစတဲ့ ဒေါသစာရင်းဝင် စိတ်အဆင်မပြေမှုတွေလဲ မဖြစ်တော့ပါဘူး။ ၆။ ဒီနည်းမှာ မြင်သိစိတ်က ထင်ထင်ရှားရှား ဖြစ်နေရင် “မြင် ဒါမှမဟုတ် မြင်တယ်”လို့၊ ကြားသိစိတ်က ထင်ထင်ရှားရှား ဖြစ်နေရင် “ကြား ဒါမှမဟုတ် ကြားတယ်”လို့၊ အနံ့သိစိတ် အရသာသိစိတ် ထိသိစိတ် တစ်ခုခုက ထင်ထင်ရှားရှား ဖြစ်နေရင် “ထိ ဒါမှမဟုတ် ထိတယ်”လို့၊ ကြံတွေးသိစိတ်က ထင်ထင်ရှားရှား ဖြစ်နေရင် “တွေး ဒါမှမဟုတ် တွေးတယ်”လို့ ဆိုတဲ့ လက်တွေ့ဖြစ်နေတဲ့ စိတ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်တဲ့ စကားလုံးတွေကို စိတ်နဲ့ ရွတ်ဆိုပေးရပါတယ်။ ၇။ ဒီစကားလုံးတွေက ကောင်းတယ်၊ ဆိုးတယ် ဆိုတဲ့ ဆုံးဖြတ်တဲ့ စကားလုံးတွေနဲ့မတူပါဘူး။ ဒီလို ဆုံးဖြတ်ရွတ်ဆိုတဲ့နည်းက စိတ်ခြောက်မျိုးရဲ့ မူလ နာမည်နဲ့အလုပ်ကို သတိရလာပြီး လိုချင်မှု ဆိုတဲ့ “လောဘ”ကို မဖြစ်အောင် ထိန်းပေးနိုင်တာဖြစ်ပါတယ်။ လောဘကြောင့် ဖြစ်ပေါ်လာမည့် ဒေါသ၊ စိတ်ဓာတ်ကျခြင်းနှင့် စိတ်အားငယ်ခြင်းစတဲ့ ပြဿနာအားလုံးကို လျော့နည်းစေပါတယ်။ ၈။ ဒီစာအုပ်မှာ စိတ်ခြောက်မျိုးကို ဆုံးဖြတ်ရွတ်ဆို၍ ရှုမှတ်ခြင်းကို ရှုမှတ်မှု လုပ်ငန်းစဉ်(၁)၊ စိတ်နဲ့ဆုံးဖြတ်ရွတ်ဆိုတဲ့ စကားလုံးတွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းတို့ကို ရှုမှတ်ခြင်းကို ရှုမှတ်မှု လုပ်ငန်းစဉ်(၂)၊ စိတ်နဲ့ဆုံးဖြတ်ရွတ်ဆိုတဲ့ စကားလုံးတွေရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တို့ကို ရှုမှတ်ခြင်းကို ရှုမှတ်မှု လုပ်ငန်းစဉ်(၃) အနေနဲ့ အသေးစိတ် ပြောပြပေးထားပါတယ်။ ။ ဘာလို့ အခုလို မျှဝေရေးသားတာလဲ ဆိုရင် ရိပ်သာမှာ သုတ္တန်နိကာယ်(၅)ကျမ်းကို ဖတ်ပြီး တရားအားထုတ် ခဲ့စဉ်က ဗာဟိယသုတ်လာ ကမ္မဋ္ဌာန်းနည်း၏ အားထုတ်ပုံကို သိခဲ့ရပါတယ်။ ဦးဇင်း သိထားတဲ့ ဗာဟိယသုတ်လာ ကမ္မဋ္ဌာန်းနည်း၏ အားထုတ်ပုံကို မသိသေးတဲ့ သူတွေကို သိစေလိုတဲ့ စိတ်နဲ့ ရေးသားနေခြင်း ဖြစ်ပါတယ်။ ---
၁။ ဗာဟိယသုတ်အရ ရှုမှတ်နည်း အကျဉ်းပြခြင်း
• ဗာဟိယသုတ်အရ ရှုမှတ်နည်း အကျဉ်းပြခြင်း။ ။ စကားပြေပုံစံ ရေးမှာမို့ ရှုမှတ်မှု၏ အခြေခံအနှစ်ချုပ်သဘောကို နားလည်နိုင်ရန် အနှစ်ချုပ်အခန်းကို ရေးလိုက်ပါတယ်။ ။ (၁) အသက်ရှူသွင်းပါ။ (၂) အသက်ရှူထုတ်ပါ။ (၃) အသက်ရှူသွင်းပြီးလျှင် အမြဲတမ်းကြည့်ရမည့်နေရာကို စိတ်နဲ့ကြည့်ပါ။ (၄) စိတ်နဲ့ကြည့်စဉ်က ထင်ရှားခဲ့တဲ့ စိတ်နဲ့ဆိုင်တဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။ (၅) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ဖြစ်လာတာကို စိတ်နဲ့ကြည့်ပါ။ (၆) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ပျက်သွားတာကို စိတ်နဲ့ကြည့်ပါ။ (၇) အသက်ရှူသွင်းပြီး အနားယူပါ။ (၈) အသက်ရှူထုတ်ပြီး အနားယူပါ။ (၉) အသက်ရှူသွင်းပါ။ (၁၀) အသက်ရှူထုတ်ပါ။ (၁၁) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးက ပြန်ဖြစ်လာနိုင်သေးလား ဆိုတဲ့ အမေးနဲ့ဆင်ခြင်ပါ။ (၁၂) လုံးဝပြန်မဖြစ်လာနိုင်တော့ဘူး ဆိုတဲ့ အဖြေရလာပါလိမ့်မယ်။ (၁၃) အသက်ရှူသွင်းပြီး အနားယူပါ။ (၁၄) အသက်ရှူထုတ်ပြီး အနားယူပါ။ (၁၅) အသက်ရှူသွင်းပါ။ (၁၆) အသက်ရှူထုတ်ပါ။ (၁၇) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးရဲ့ မမြဲခြင်းအနိစ္စသဘောကိုရည်ရွယ်ပြီး “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။ (၁၈) အသက်ရှူသွင်းပြီး အနားယူပါ။ (၁၉) အသက်ရှူထုတ်ပြီး အနားယူပါ။ ။ နံပါတ်(၁)မှ နံပါတ်(၁၉) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်ရမည်။ အကြိမ်ကြိမ်ရှုမှတ်တယ်ဆိုတာ ထိုအစဉ်အတိုင်းကိုပဲ အမြဲတမ်း ပြန်လည်၍ ရှုမှတ်ခြင်းကို ဆိုလိုပါတယ်။ နံပါတ်တစ်ခုထဲကိုပဲ အကြိမ်ကြိမ်ရှုမှတ်နေရမည်ဟု ဆိုလိုတာ လုံးဝမဟုတ်ပါ။ ။ နံပါတ်စဉ်တွေနဲ့ နားလည်လွယ်အောင်၊ လုပ်ရလွယ်အောင် ရေးပြ ပြောပြနေပေမဲ့ ဦးဇင်း တကယ်အားထုတ်ခဲ့စဉ်ကတော့ စိတ်နဲ့ ကြည့်တာနဲ့ ရွတ်တာ တို့လိုမျိုး ပြုလုပ်ရမှုတွေကသာ အဓိကကျတဲ့ အခြေခံအချက်တွေဖြစ်ပါတယ်။ အခုက အသက်ရှုတဲ့နည်းစနစ်နဲ့ ပြုလုပ်ရမဲ့ ပုံစံ အဆင့်ဆင့်ကို နံပါတ်စဥ်နဲ့ပြောနေလို့ စိတ်ရှုပ်နိုင်ပေမဲ့ နားလည်သွားရင် အဆင်ပြေသွားမှာပါ။ ---
၂။ ရှုမှတ်မှုလုပ်ငန်းစဉ် အကျဉ်းပြခြင်း
• ရှုမှတ်မှုလုပ်ငန်းစဉ် အကျဉ်းပြခြင်း။ ။ နံပါတ်(၅)နှင့် နံပါတ်(၆) တို့ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို အခြေခံ ရှုမှတ်မှုလုပ်ငန်းစဉ်(၁)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)ကို ရှုမှတ်လို့ရပါပြီ။ ။ နံပါတ်(၆)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို ဖြစ်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ ဖြစ်ခြင်းကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် ပျက်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)ကို ရှုမှတ်လို့ရပါပြီ။ နံပါတ်(၅)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ်(၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို ပျက်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ ပျက်ခြင်းကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)ကို ရှုမှတ်လို့ရပါပြီ။ ။ နံပါတ်(၅)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၁၉)အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ မမြဲခြင်းအနိစ္စကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)ကို ရှုမှတ်နိုင်သူလို့ ပြောလို့ရပါပြီ။ ဒီ ရှုမှတ်မှုလုပ်ငန်းစဉ်(၃)သည် တရားရှုမှတ်မှု၏ အပြည့်စုံဆုံး ရှုမှတ်မှုလို့ သတ်မှတ်ပါတယ်။ ။ ပထမဆုံးရှုမှတ်မည့် တရားရှုမှတ်သူသည် လုပ်ငန်းစဉ်(၁)မှစပြီး (၂)နှင့် (၃)တိုင်အောင် အစဉ်အတိုင်း ရှုမှတ်ရပါမယ်။ လုပ်ငန်းစဉ်(၃)မှစပြီးရှုမှတ်ရင် စိတ်ရှုပ်ထွေးပြီး စိတ်တည်ငြိမ်မှုသမာဓိရဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ အဆင့်ဆင့်ရှုမှတ်ပြီး လုပ်ငန်းစဉ်(၃)ကို ရောက်ပြီဆိုရင် လုပ်ငန်းစဉ်(၃)ကိုသာ အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေခြင်းသည် ဒီရှုမှတ်နည်းရဲ့ အဓိကလုပ်ရမဲ့ အလုပ်အဖြစ် သတ်မှတ်ပါတယ်။ နောက်ဆုံးပြုလုပ်ရမဲ့ လုပ်ငန်းစဉ်အဖြစ်လဲ သတ်မှတ်ပါတယ်။ ---
၃။ စတုက္ကနိပါတ်၊ အပရိဟာနိယသုတ်အရ ကျင့်ကြံအားထုတ်ခြင်း
• စတုက္ကနိပါတ်၊ အပရိဟာနိယသုတ်အရ ကျင့်ကြံအားထုတ်ခြင်း။ ။ နိဒါန်းပိုင်းနှင့် အကျဥ်းပြခြင်းအပိုင်းတွေမှာ တရားရှုမှတ်နည်းကို မိတ်ဆက်ပြီးပါပြီ။ ယခု နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းက မည်သည့်တရားရှုမှတ်နည်းကို အားထုတ်သည်ဖြစ်စေ အရေးကြီးပြီး အလိုအပ်ဆုံးဖြစ်တဲ့အတွက် (၂)ခုမြောက်ခေါင်းစဉ်မှာ အသိပေးရေးသားပါတယ်။ သာမန်အားထုတ်သူတွေအတွက် မလိုအပ်သေးပင်မဲ့၊ တရားရှုမှတ်နည်းကောင်းတစ်ခုကို အမှန်တကယ် အကျိုးရအောင် အားထုတ်လိုသူတွေအတွက် လိုအပ်ပါတယ်။ ဦးဇင်းကိုယ်တိုင် ဗာဟိယသုတ်အရ တရားရှုမှတ်ချိန်က နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းကို အသုံးပြုခဲ့ပါတယ်။
အပရိဟာနိယသုတ်
။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ အင်္ဂုတ္တနိကာယ်၊ စတုက္ကနိပါတ်၊ ပဌမပဏ္ဏာသက၊ စက္ကဝဂ်၊ အပရိဟာနိယသုတ် ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက် နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားခြင်း၌ ယှဉ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍ နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှု လေ့ရှိသည်ဖြစ်၍ သိက္ခာ ပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောက်ျား မိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောက်ျား မိန်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါး ရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အစာအာဟာရကို စားမျို၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် မစား၊ (အရေအဆင်း) ဖွံ့ဖြိုးတိုးပွါးရန် မစား၊ ဤခန္ဓာကိုယ်ကြာမြင့်စွာ တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်၍ ပင်ပန်းခြင်းကို ပယ်ဖျောက် ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာ အစာ 'အာဟာရ' ကို စားမျို၏၊ ဤသို့ စားမျိုခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်ပေလိမ့်မည်ဟု (ဆင်ခြင်၍) အစာ (အာဟာရ) ကို စားမျို၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်း အရှည်ကို သိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားခြင်း၌ ယှဉ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် နေ့အခါ စင်္ကြံသွားခြင်းဖြင့်, ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင် တတ်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်းဖြင့် ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်ကုန်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏၊ သန်းခေါင်ယံ၌ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိ,ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟူသော အမှတ်သညာကို နှလုံးသွင်းလျက် လကျ်ာနံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြု၏။ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း, ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နိုးကြားခြင်းနှင့် ယှဉ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။ သီလ၌ တည်သော၊ ဣန္ဒြေတို့၌လည်း စောင့်စည်းသော၊ အစားအစာ၌လည်း အတိုင်းအရှည်ကို သိသော ရဟန်းသည် နိုးကြားခြင်း၌ အားထုတ်၏။ ဤသို့ နေလေ့ရှိသော (ကိလေသာကို) ပူပန်စေတတ်သော လုံ့လရှိသော နေ့ညဉ့် ပတ်လုံး ပျင်းရိခြင်းမရှိမူ၍ ယောဂလေးပါးကြောင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ ကုသိုလ်တရားကို ပွါးစေသော မမေ့မလျော့ခြင်း၌ မွေ့လျော်၍ မေ့လျော့ခြင်း၌ ဘေးအားဖြင့် ရှုလေ့ရှိသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်လေသတည်း။ သတ္တမသုတ်။ [ ။ ထိုနည်းကို လက်တွေ့အနေနဲ့ အသုံးပြုတဲ့အခါ ည(၉)နာရီမှာ စာထဲမှာပါတဲ့အတိုင်း မနက်(၁)နာရီမှာ ထမယ်ဆိုတဲ့ စိတ်နဲ့ အိပ်ပါတယ်။ မနက်(၁)နာရီ ဝန်းကျင်မှာ နိုးရင် ထပြီး ဓမ္မာရုံမှာ စင်္ကြန်လျှောက်ပြီး ဗာဟိယသုတ်အရ မနက်(၄)နာရီခွဲအထိ တရားရှုမှတ်ပါတယ်။ မနက်(၄)နာရီခွဲကနေ မနက်(၆)နာရီအထိ ရိပ်သာရဲ့တရားချိန်မှာ အများနည်းတူ ထိုင်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ မနက်(၆)နာရီမှာ ဆွမ်းဘုန်းတဲ့အချိန်မှာလဲ ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်၊ ဆွမ်းစားဆောင်ကို သွားစဉ်မှာလဲ ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ဆွမ်းစားပြီးချိန်မှ မနက်(၈)နာရီခွဲအထိ စင်္ကြန်လျှောက်၍ ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ မနက်(၈)နာရီခွဲကနေ မနက်(၁၀)နာရီအထိ ရိပ်သာရဲ့တရားချိန်မှာ အများနည်းတူ ထိုင်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ မနက်(၁၀)နာရီ ရေချိုးနေစဉ်နှင့် ကုဋီတက်ချိန်မှာလဲ ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ရေချိုးပြီးချိန်မှာလဲ စင်္ကြန်လျှောက်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ မနက်(၁၁)နာရီ ဆွမ်းဘုန်းတဲ့အချိန်မှာလဲ ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ဆွမ်းဘုန်းပြီးချိန်မှ နေ့ခင်း(၁)နာရီအထိ စင်္ကြန်လျှောက်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ နေ့ခင်း(၁)နာရီကနေ နေ့ခင်း(၃)နာရီအထိ ရိပ်သာရဲ့တရားချိန်မှာ အများနည်းတူ ထိုင်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ နေ့ခင်း(၃)နာရီကနေ နေ့ခင်း(၃)နာရီခွဲအထိ စင်္ကြန်လျှောက်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ နေ့ခင်း(၃)နာရီခွဲကနေ ညနေ(၅)နာရီအထိ ရိပ်သာရဲ့တရားချိန်မှာ အများနည်းတူ ထိုင်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ညနေ(၅)နာရီကနေ ညနေ(၆)နာရီအထိ စင်္ကြန်လျှောက်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ညနေ(၆)နာရီကနေ ည(၈)နာရီအထိ ရိပ်သာရဲ့တရားချိန်မှာ အများနည်းတူ ထိုင်ပြီး ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ည(၈)နာရီကနေ ည(၉)နာရီအထိ မျက်နှာသစ်၊ ခြေလက်ဆေးနေရင်း ဗာဟိယသုတ်အရ တရားရှုမှတ်ပါတယ်။ ည(၉)နာရီမှာ စာထဲမှာပါတဲ့အတိုင်း မနက်(၁)နာရီမှာ ထမယ်ဆိုတဲ့ စိတ်နဲ့ အိပ်ပါတယ်။ ဒီလိုမျိုး အစဉ်အတိုင်းကို (၅)ရက်ဆက်တိုက် ပြုလုပ်တဲ့အခါ နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းရဲ့ အကျိုးကျေးဇူးကို သိလာရပါတယ်။ ]
သိမှတ်ဖွယ်ရာများ “စတုက္ကနိပါတ်၊ အပရိဟာနိယသုတ်အရ ကျင့်ကြံအားထုတ်ခြင်း”
• သိမှတ်ဖွယ်ရာများ “စတုက္ကနိပါတ်၊ အပရိဟာနိယသုတ်အရ ကျင့်ကြံအားထုတ်ခြင်း”။ ။ ဗာဟိယသုတ်အရ တရားရှုမှတ်ရာမှာ နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းကြောင့် ရခဲ့တဲ့ အကျိုးတွေကို ပြောပြပါမယ်။ အားထုတ်နည်းကို (၅)ရက်ဆက်တိုက် အားထုတ်ချိန်မှာ ဗာဟိယသုတ်အရ မှန်ကန်တဲ့ရှုမှတ်မှုပုံစံကို သိခဲ့ရပါတယ်။ ဒီနေရာမှာ ဗာဟိယသုတ်အရ မှန်ကန်တဲ့ရှုမှတ်မှုပုံစံကို တစ်နေ့တစ်ခု သိတာက နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းကို အားမထုတ်ခင်က တစ်လနီးပါး အာနာပါနကမ္မဋ္ဌာန်းတရားကိုရှုမှတ်ခဲ့တဲ့ စိတ်တည်ငြိမ်မှုသမာဓိက အထောက်အကူပြုခဲ့လို့ပါ။ အလွန်နည်းသော ရက်အနည်းငယ်အတွင်း ဗာဟိယသုတ်အရ မှန်ကန်တဲ့ရှုမှတ်မှုပုံစံကို သိခဲ့တာမဟုတ်ပဲ ရှေ့မှာပြုလုပ်ခဲ့တဲ့ စိတ်တည်ငြိမ်မှုသမာဓိကလဲ အထောက်အကူပြုခဲ့ပါတယ်။ ရှေ့မှာပြုလုပ်ခဲ့တဲ့ စိတ်တည်ငြိမ်မှုသမာဓိက အထောက်အကူမပြုခဲ့ရင် နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းကို (၅)ရက်ထက်ပိုပြီး အားထုတ်ခဲ့မှ ဗာဟိယသုတ်အရ မှန်ကန်တဲ့ရှုမှတ်မှုပုံစံကို သိနိုင်ပါလိမ့်မယ်။ စအားထုတ်ချိန်မှာ ကမ္မဋ္ဌာန်းနည်းနဲ့ပတ်သက်ပြီး ဗာဟိယသုတ်အရ မြင်လျှင် မြင်ကာမျှ ဖြစ်လတ္တံ့ ကြားလျှင် ကြားကာမျှ ဖြစ်လတ္တံ့ ထိတွေ့လျှင် ထိတွေ့ကာမျှ ဖြစ်လတ္တံ့ ကြံတွေးလျှင် ကြံတွေးကာမျှ ဖြစ်လတ္တံ့ ဆိုတဲ့ အချက်ရယ်၊ မဟာစည်ဆရာတော် ဘုရားကြီး၏ မြင်လျှင် မြင်တယ် ကြားလျှင် ကြားတယ်ဆိုတဲ့ အချက် နှစ်ခုကိုသာ သိထားပါတယ်။ ဒီလို အချက်နှစ်ချက်ထဲ သိထားခဲ့ပေမဲ့ နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းကြောင့် ဗာဟိယသုတ်အရရှုမှတ်နည်းရဲ့ အသေးစိတ်ရှုမှတ်လို့ရနိုင်တဲ့ ပုံစံတွေကို သိခဲ့ရပါတယ်။ ယခု ဦးဇင်းပြောပြနိုင်တဲ့ ဗာဟိယသုတ်အရရှုမှတ်နည်း၏ ရှုမှတ်ပုံ အသေးစိတ်အဆင့်ဆင့်သည် နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်မှုမရှိခဲ့ပါက သိဖို့ခဲယဉ်းနိုင်သလို၊ လုံးဝမသိနိုင်ခဲ့တာမျိုးလဲ ဖြစ်သွားနိုင်ပါတယ်။ ဗာဟိယသုတ်အရ ရှုမှတ်နည်းကြောင့်ရတဲ့ အကျိုးက နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းရဲ့ အကြောင်းလဲ မကင်းခဲ့ဘူးလို့ ဆိုလိုချင်တာပါ။ ။ ဒါကြောင့် အခန်း(၂)မှာ နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းကို ဦးစားပေးပြီး ရေးသားလိုက်ပါတယ်။ အပရိဟာနိယသုတ်မှာပါတဲ့ သီလ၌ တည်သော၊ ဣန္ဒြေတို့၌လည်း စောင့်စည်းသော၊ အစားအစာ၌လည်း အတိုင်းအရှည်ကို သိသော၊ နိုးကြားခြင်း၌ အားထုတ်၏ ဟူသော အချက်(၄)ချက်လုံးကို ပြည့်စုံအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ဘယ်ကမ္မဋ္ဌာန်းနည်းကို အားထုတ်သူဖြစ်ဖြစ် အပရိဟာနိယသုတ်အရ ယခု နိုးကြားခြင်း၌ ယှဉ်တဲ့ အားထုတ်နည်းနဲ့ အားထုတ်ပါက မိမိတို့ အလိုရှိတဲ့ စိတ်တည်ငြိမ်မှုသမာဓိကို ရပါလိမ့်မယ်လို့ ပြောပါရစေ။ ---
၄။ ဗာဟိယသုတ်အရ ရှုမှတ်နည်း အကျယ်ပြခြင်း
• ဗာဟိယသုတ်အရ ရှုမှတ်နည်း အကျယ်ပြခြင်း။
နံပါတ်(၁) အသက်ရှူသွင်းပါ။
• နံပါတ်(၁) အသက်ရှူသွင်းပါ။ ။ တရားရှုမှတ်ရင်း အသက်ရှူကျပ်တတ်လို့ ရှုမှတ်မှုရဲ့ နံပါတ်(၁)အနေနဲ့ အသက်ရှူသွင်းရပါမယ်။ အသက်ရှူသွင်းတဲ့အခါ ခန္ဓာကိုယ်က သူ့အလိုလို ရှူသွင်းမှာကို မစောင့်ပါနဲ့။ အသံကျယ်လောင်စွာထွက်ပြီး အလွန်အကျွံ အားစိုက်ပြီး ရှူသွင်းစရာမလိုပါဘူး ရှုမှတ်သူ အသက်ရှူဝတဲ့ လေပမာဏရအောင် လိုသလောက်ပဲ အားစိုက်ပြီး ရှူသွင်းပေးရပါမယ်။ ။ ဒီလိုရှူသွင်းတာက လူတစ်ဦးချင်းအလိုက် ကွဲပြားနိုင်ပါတယ်။ ရှည်ရှည်ဆွဲပြီး အသက်ရှူသွင်းမှ အသက်ရှူဝသူက ရှည်ရှည်ရှူသွင်းပေးပါ။ တိုတိုရှူသွင်းမှ အသက်ရှူဝသူက တိုတိုရှူသွင်းပေးပါ။ ရှည်ရှည်ရှူသွင်းမှ အသက်ရှူဝသူမို့ ဦးဇင်းက လေကိုရှည်ရှည်ရှူသွင်းပါတယ်။ ရှုမှတ်သူနဲ့ အဆင်ပြေတာကို လုပ်ပါ။ ။ အသက်ရှူသွင်းနေစဲအချိန်မှာ ရှူသွင်းနေတဲ့ နှာခေါင်းနေရာတစ်ဝိုက်ကို စိတ်နဲ့ကြည့်နေရပါမယ်။ ဒီလိုကြည့်နေမှ နံပါတ်(၃) နှင့် နံပါတ်(၄)အရ စိတ်နဲ့ကြည့်ပြီးရွတ်ဖို့အတွက် အဆင်သင့် ဖြစ်နေမှာပါ။ ။ နံပါတ်(၃) နှင့် နံပါတ်(၄) ကို မရောက်ခင် မကြည့်လိုက်ရပဲ အသက်ရှူသွင်းပြီး အသက်ရှူထုတ်မှု တစ်ကြိမ်လုပ်မိသွားတယ် ဆိုရင် လုပ်မိသွားတဲ့ အသက်ရှူသွင်း ရှူထုတ်မှုကို လျစ်လျူရှူပြီး အစကနေ အသက်ပြန်ရှူသွင်းပြီး စိတ်နဲ့ နှာခေါင်းတစ်ဝိုက်ကို ကြည့်ပါ။ ပြန်စပြီး အသက်ရှူသွင်းရှူထုတ်မှုမလုပ်ပဲ နံပါတ်(၃) နှင့် နံပါတ်(၄)ကို ဆက်ရှူမှတ်ဖို့ ကြိုးစားရင် စိတ်ကို နဂိုထဲက ကြည့်ဖို့ မပြင်ထားတဲ့ အတွက် ကိုယ်လုပ်ချင်သလို မဖြစ်လာမှာမို့လို့ပါ။ ။ အသက်ရှူသွင်းချိန်မှာ လုံးဝ မလောပါနဲ့ ပုံမှန်အတိုင်းလေးပဲ ဖြစ်နေပါစေ။ ။ အသက်ရှူသွင်းပါ ဆိုတဲ့ နေရာမှာ မျက်နှာမူထားတဲ့စိတ်ကို ဖြစ်အောင်လုပ်ပါ။ မျက်နှာမူတယ် ဆိုတာ နံပါတ်(၁)နဲ့ နံပါတ်(၂)ကို လုပ်နေတဲ့အချိန်မှာ ကြည့်စရာမလိုသေးပေမဲ့ ကြည့်ဖို့အတွက် အမြဲတမ်းကြည့်ရမဲ့ နေရာကိုပဲ ကြည့်ဖို့လုပ်တာကို မျက်နှာမူထားတယ်လို့ ပြောတာပါ။ ဥပမာ- ဦးဇင်းကြည့်ချင်တဲ့ ပုံရိပ်က အရှေ့ဘက်မှာ ရှိနေတယ်ဆိုရင် ဦးဇင်းက အရှေ့ဘက်ကို လှည့်ထားတာက မျက်နှာမူထားတာနဲ့တူပြီး မျက်လုံးဖွင့်ပြီး ကြည့်တာက ကြည့်တဲ့စိတ်နဲ့ ဆင်တူပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁) အသက်ရှူသွင်းပါ။”။
နံပါတ်(၂) အသက်ရှူထုတ်ပါ။
• နံပါတ်(၂) အသက်ရှူထုတ်ပါ။ ။ တရားရှုမှတ်ရင်း အသက်ရှူကျပ်တတ်လို့ ရှုမှတ်မှုရဲ့ နံပါတ်(၂)အနေနဲ့ အသက်ရှူထုတ်ရပါမယ်။ အသက်ရှူထုတ်တဲ့အခါ ခန္ဒာကိုယ်က သူ့အလိုလို ရှူထုတ်မှာကို မစောင့်ပါနဲ့။ အသံကျယ်လောင်စွာထွက်ပြီး အလွန်အကျွံ အားစိုက်ပြီး ရှူထုတ်စရာမလိုပါဘူး ရှုမှတ်သူရဲ့ ခန္ဓာကိုယ်အတွင်းမှ လေထွက်လာနိုင်အောင် လိုသလောက်ပဲ အားစိုက်ပြီး ရှူထုတ်ပေးရပါမယ်။ ။ ဒီလိုရှူထုတ်တာက လူတစ်ဦးချင်းအလိုက် ကွဲပြားနိုင်ပါတယ်။ ရှည်ရှည်ဆွဲပြီး အသက်ရှူသွင်းခဲ့သူက အသက်ကို ရှည်ရှည်ရှူထုတ်ပေးရပါတယ် ။ တိုတိုရှူသွင်းခဲ့သူက အသက်ရှူဝခဲ့သူက အသက်ကို တိုတိုရှူထုတ်ပေးပါ။ ရှည်ရှည်ရှူသွင်းခဲ့တာမို့ ဦးဇင်းက လေကိုရှည်ရှည်ရှူထုတ်ပါတယ်။ ရှုမှတ်သူနဲ့ အဆင်ပြေတာကို လုပ်ပါ။ ။ အသက်ရှူထုတ်နေစဲအချိန်မှာ ရှူထုတ်နေတဲ့ နှာခေါင်းနေရာတစ်ဝိုက်ကို စိတ်နဲ့ကြည့်နေရပါမယ်။ ဒီလိုကြည့်နေမှ နံပါတ်(၃) နှင့် နံပါတ်(၄)အရ စိတ်နဲ့ကြည့်ပြီးရွတ်ဖို့အတွက် အဆင်သင့် ဖြစ်နေမှာပါ။ ။ နံပါတ်(၃) နှင့် နံပါတ်(၄) ကို မရောက်ခင် မကြည့်လိုက်ရပဲ အသက်ရှူသွင်းပြီး အသက်ရှူထုတ်မှု တစ်ကြိမ်လုပ်မိသွားတယ် ဆိုရင် လုပ်မိသွားတဲ့ အသက်ရှူသွင်း ရှူထုတ်မှုကို လျစ်လျူရှူပြီး အစကနေ အသက်ပြန်ရှူသွင်းပြီး စိတ်နဲ့ နှာခေါင်းတစ်ဝိုက်ကို ကြည့်ပါ။ ပြန်စပြီး အသက်ရှူသွင်းရှူထုတ်မှုမလုပ်ပဲ နံပါတ်(၃) နှင့် နံပါတ်(၄)ကို ဆက်ရှူမှတ်ဖို့ ကြိုးစားရင် စိတ်ကို နဂိုထဲက မပြင်ထားတဲ့အတွက် ကိုယ်လုပ်ချင်သလို မဖြစ်လာမှာမို့လို့ပါ။ ။ အသက်ရှူထုတ်ချိန်မှာ လုံးဝ မလောပါနဲ့ ပုံမှန်အတိုင်းလေးပဲ ဖြစ်နေပါစေ။ ။ အသက်ရှူထုတ်ပါ ဆိုတဲ့ နေရာမှာ မျက်နှာမူထားတဲ့စိတ်ကို ဖြစ်အောင်လုပ်ပါ။ မျက်နှာမူတယ် ဆိုတာ နံပါတ်(၁)နဲ့ နံပါတ်(၂)ကို လုပ်နေတဲ့အချိန်မှာ ကြည့်စရာမလိုသေးပေမဲ့ ကြည့်ဖို့အတွက် အမြဲတမ်းကြည့်ရမဲ့ နေရာကိုပဲ ကြည့်ဖို့လုပ်တာကို မျက်နှာမူထားတယ်လို့ ပြောတာပါ။ ဥပမာ- ဦးဇင်းကြည့်ချင်တဲ့ ပုံရိပ်က အရှေ့ဘက်မှာ ရှိနေတယ်ဆိုရင် ဦးဇင်းက အရှေ့ဘက်ကို လှည့်ထားတာက မျက်နှာမူထားတာနဲ့တူပြီး မျက်လုံးဖွင့်ပြီး ကြည့်လိုက်တာက ကြည့်တဲ့စိတ်နဲ့ ဆင်တူပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၂) အသက်ရှူထုတ်ပါ။”။
နံပါတ်(၃) အသက်ရှူသွင်းပြီးလျှင် အမြဲတမ်းကြည့်ရမည့်နေရာကို စိတ်နဲ့ကြည့်ပါ။
• နံပါတ်(၃) အသက်ရှူသွင်းပြီးလျှင် အမြဲတမ်းကြည့်ရမည့်နေရာကို စိတ်နဲ့ကြည့်ပါ။ ။ တရားရှုမှတ်ချိန် အမြဲတမ်းကြည့်ရမည့် နေရာကို သတ်မှတ်ထားရပါမယ်။ တစ်နေရာထဲကို ကြည့်ဖို့မဆုံးဖြတ်ထားပဲ ခန္ဓာကိုယ်အနှံ့ကို ကြည့်မယ်ဆိုရင် စိတ်တည်ကြည်မှုဆိုတဲ့ သမာဓိရဖို့အတွက် ခက်ခဲနိုင်ပါတယ်။ နှာခေါင်းအဝကနေ အတွင်းဘက် တစ်လက်မနေရာလောက်မှာ အသက်ရှူသွင်းရင် တင်းကျပ်တဲ့ခံစားမှု ထင်ရှားပါတယ်။ အဲ့ဒီနေရာကို အမြဲတမ်းကြည့်ရမည့် နေရာအဖြစ် သတ်မှတ်ပါတယ်။ ဦးဇင်းတို့က ဗာဟိယသုတ်အရ တရားရှုမှတ်မှာမို့ မြင်သိစိတ် ကြားသိစိတ် အနံ့သိစိတ် အရသာသိစိတ် ထိသိစိတ် ကြံတွေးသိစိတ် ဆိုတဲ့ စိတ်(၆)မျိုး ထင်ရှားလာတာကို တွေ့နိုင်ဖို့အတွက် အပေါ်မှာပြောခဲ့တဲ့ နှာခေါင်းအတွင်းဘက်နေရာကို အမြဲတမ်းကြည့်ရပါတယ်။ ကြည့်ရမယ်ဆိုတာ စိတ်နဲ့ကြည့်ရမယ်၊ စိတ်နဲ့ဆင်ခြင်ရမယ်လို့ ပြောတာပါ။ ဘယ်အချိန်မှာ ကြည့်ရမလဲဆိုရင် ပထမဆုံးအကြိမ် အသက်ရှူသွင်းနေချိန်မှာ ကြည့်ရပါမယ်။ အမြဲတမ်းဆိုတာ ပထမဆုံးအကြိမ် အသက်ရှူသွင်းနေချိန်တိုင်းမှာ ကြည့်ရမှာပါ အသက်ရှူထုတ်ချိန်နှင့် တခြားအချိန်တွေမှာ ကြည့်စရာမလိုပါ။ ပုံမှန်လမ်းလျှောက်သွားလာရင်း ပထမဆုံးအကြိမ် အသက်ရှူသွင်းနေချိန်မှာ အမြဲတမ်းကြည့်ရမည့် နေရာကို စိတ်နဲ့ကြည့်ရင် စိတ်(၆)မျိုး တစ်ခုမဟုတ်တစ်ခု ထင်ရှားနေတာကို တွေ့နိုင်ပါတယ်။ မျက်လုံးမှိတ်ပြီး တရားထိုင်ရင်း ပထမဆုံးအကြိမ် အသက်ရှူသွင်းနေချိန်မှာ အမြဲတမ်းကြည့်ရမည့် နေရာကို စိတ်နဲ့ကြည့်ရင် နှာခေါင်းအတွင်းပိုင်းမှာ တင်းတာနှင့် ကြည့်တဲ့စိတ် ဆိုတဲ့ စိတ်(၂)မျိုး တစ်ခုမဟုတ်တစ်ခု ထင်ရှားနေတာကို တွေ့နိုင်ပါတယ်။ ။ အမြဲတမ်းကြည့်ရမည့် နေရာကို စိတ်နဲ့ကြည့်တဲ့အခါ အထင်ရှားဆုံးစိတ်ကို ကမ္မဋ္ဌာန်းရှုမှတ်စရာအနေနဲ့ ယူရပါမယ်။ စိတ်နဲ့ကြည့်နေစဲခဏမှာ အထင်ရှားဆုံးသိရတဲ့ စိတ်တစ်ခုကိုသာ အထင်ရှားဆုံးစိတ်အနေနဲ့ ယူရပါမယ်။ ကမ္မဋ္ဌာန်းရှုမှတ်စရာအနေနဲ့ မြင်သိစိတ်ကိုယူတဲ့အခါ ငါအခုမျက်လုံးဖွင့်ထားတဲ့အတွက် မြင်သိစိတ်တွေ ဖြစ်နေမှာပဲဆိုပြီးတော့ မြင်မြင်မြင်…… ဆိုပြီးတော့ စိတ်နဲ့ မနားပဲ တရစပ်ရွတ်နေရမှာမျိုး မဟုတ်ပါဘူး။ ။ အထင်ရှားဆုံးစိတ်ကို အာရုံအနေနဲ့ ယူရပါမယ်။ ။ မျက်လုံးဖွင့်ပြီး မျက်လုံးဖြင့် တကယ် မြင်ရပြီး သိရခြင်းကို မြင်သိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ နားဖြင့် တကယ် ကြားရပြီး သိရခြင်းကို ကြားသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ နှာခေါင်းဖြင့် တကယ် အနံ့ရပြီး သိရခြင်းကို နံသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ လျှာဖြင့် တကယ် အရသာရပြီး သိရခြင်းကို အရသာသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ ခန္ဓာကိုယ် အတွင်းအပြင် အစိတ်အပိုင်းတို့ဖြင့် တကယ် ထိတွေ့ရပြီး သိရခြင်းကို ထိသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ မျက်လုံးမှိတ်လျက် တကယ် မမြင်ရပဲ မြင်ခဲ့ဖူးတဲ့ ပုံရိပ်ကို ပြန်မြင်ရသလို စိတ်နဲ့ သိရခြင်းကို ကြံတွေးသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ နားဖြင့် တကယ် မကြားရပဲ ကြားခဲ့ဖူးတဲ့ အသံတွေကို ပြန်ကြားရသလို စိတ်နဲ့ သိရခြင်းကို ကြံတွေးသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ စကားလုံးတိုင်းကို စိတ်နဲ့ရွတ်ဆိုရင် ကြံတွေးသိစိတ် အဖြစ် သတ်မှတ်ပါတယ်။ ။ မြင်ရရန် ကြားရရန် အနံ့ရရန် အရသာရရန် ထိတွေ့မှုကိုသိရရန် ကြံတွေးစရာအာရုံကိုသိရရန် သက်ဆိုင်ရာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် တို့ကို စိတ်နဲ့ ကြည့်ခြင်း၊ ဆင်ခြင်ခြင်း၊ ကြည့်ဆင်ခြင်းကို ကြံတွေးသိစိတ် အဖြစ်သတ်မှတ်ပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၃) အသက်ရှူသွင်းပြီးလျှင် အမြဲတမ်းကြည့်ရမည့်နေရာကို စိတ်နဲ့ကြည့်ပါ။”။
နံပါတ်(၄) စိတ်နဲ့ကြည့်စဉ်က ထင်ရှားခဲ့တဲ့ စိတ်နဲ့ဆိုင်တဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။
• နံပါတ်(၄) စိတ်နဲ့ကြည့်စဉ်က ထင်ရှားခဲ့တဲ့ စိတ်နဲ့ဆိုင်တဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။
ဗာဟိယသုတ်
၉။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ခုဒ္ဒကနိကာယ်၊ ဥဒါန်း၊ ဗောဒိဝဂ်၊ ဗာဟိယသုတ် အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ သစ်သားပျဉ်ချပ် ဝတ်သောကြောင့် ဒါရုစီရိယမည်သော ဗာဟိယသည် ရိုသေခြင်း လေးမြတ်ခြင်း မြတ်နိုးခြင်း ပူဇော်ခြင်း တုပ်ဝပ်ခြင်းကို ခံယူလျက် သင်္ကန်း ဆွမ်း ကျောင်း သူနာတို့၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသည်ဖြစ်၍ သမုဒ္ဒရာကမ်းခြေ သုပ္ပါရကဆိပ်၌ နေ၏။ ထိုအခါ ဒါရုစီရိယမည်သော ဗာဟိယအား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းရာ၌ ''လောက၌ ရဟန္တာတို့သည်လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်ကြသောသူတို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုသူတို့တွင် တစ်ယောက် အပါအဝင်တည်း''ဟု ဤသို့ စိတ်အကြံသည် ဖြစ်၏။ ထိုအခါ ဗာဟိယ၏ ရှေးဘဝက ဆွေမျိုးတော်ဖူးသော နတ်သားသည် စောင့်ရှောက်လိုသည် အစီးအပွါးကို အလိုရှိသည်ဖြစ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယ၏ စိတ်အကြံကို မိမိစိတ်ဖြင့်သိသောကြောင့် သစ်သား အဝတ်ဝတ်သော ဗာဟိယရှိရာသို့ ချဉ်းကပ်၍ သစ်သား အဝတ်ဝတ်သော ဗာဟိယကို ''ဗာဟိယ သင်သည် ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်သို့ ရောက်သူလည်း မဟုတ်၊ အကြင်အကျင့်ဖြင့် သင်သည် ရဟန္တာလည်း ဖြစ်ရာ၏။ အရဟတ္တမဂ်သို့လည်း ရောက်ရာ၏။ သင့်အား ထိုအကျင့်မျှသော်လည်း မရှိ''ဟု ဤစကားကို ပြောဆို၏။ ထိုအခါ ဗာဟိယသည် နတ်သားအား နတ်နှင့်တကွသော လောက၌ ရဟန္တာသည် လည်းကောင်း၊ အရဟတ္တမဂ်သို့ ရောက်သောသူတို့သည်လည်းကောင်း အဘယ်အရပ်၌ နေကြကုန်သနည်းဟု (မေးလေ၏)။ ဗာဟိယ ဥတ္တရတိုင်း ဇနပုဒ်တို့၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏။ ထိုသာဝတ္ထိမြို့၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ၌ နေတော်မူ၏။ ဗာဟိယ ထိုမြတ်စွာဘုရားသည် ရဟန္တာလည်းဟုတ်၏။ ရဟန္တာဖြစ်ခြင်းငှါ တရားကိုလည်း ဟော၏ဟု (ပြောလေ၏)။ ထိုအခါ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် ထိုနတ်သား၏ ထိတ်လန့်စေမှုကြောင့် ထိုခဏ၌ပင် သုပ္ပါရက ဆိပ်ကမ်းမှ ဖဲသွားလေ၏။ ခရီးအားလုံးတို့၌ တစ်ညဉ့်အိပ်နေခြင်းဖြင့် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းသို့ ရောက်၏။ ထိုအခါ၌ များစွာသော ရဟန်းတို့သည် လွင်တီးခေါင်၌ စင်္ကြံသွားကုန်၏။ ထိုအခါ သစ်သားပျဉ်ချပ် ဝတ်သော ဗာဟိယသည် ထိုရဟန်းတို့ရှိရာသို့ ချဉ်းကပ်၍ ထိုရဟန်းတို့ကို ''အသျှင်ဘုရားတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခုအခါ အဘယ်မှာ နေပါသနည်း¿ အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို ဖူးမြင်လိုပါကုန်၏''ဟု လျှောက်ထား၏။ ဗာဟိယမြတ်စွာဘုရားသည် ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်တော်မူ၏ဟု (ပြောဆိုကုန်၏)။ ထိုအခါ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် လျင်မြန်သော သဘောရှိကာ ဇေတဝန်ကျောင်းတော်မှထွက်၍ သာဝတ္ထိမြို့သို့ ဝင်လတ်သော် ကြည်ညိုဖွယ်ရှိသော ကြည်ညိုဖွယ်ကို ဆောင်သော ငြိမ်သက်သော ဣန္ဒြေရှိသော ငြိမ်းအေးသော စိတ်ရှိသော မြတ်သော ဒမထ, သမထသို့ ရောက်သော ယဉ်ကျေးသော လုံခြုံသော ရဟန်းဣန္ဒြေရှိသော ရဟန္တာဖြစ်သော မြတ်စွာဘုရားကို သာဝတ္ထိမြို့၌ ဆွမ်းခံလှည့်လည်သည်ကို မြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးဖြင့်တိုက်၍ မြတ်စွာဘုရားအား ''အသျှင်ဘုရား အကြင်တရားတော်သည် တပည့်တော်၏ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု ဤစကားကို လျှောက်ထား၏။ ဤသို့ လျှောက်ထားလတ်သော် မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယကို ''ဗာဟိယ အခါ မဟုတ်သေး၊ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင်နေ၏''ဟု ဤစကားကို မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း၊ တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား ထိုတရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ထိုတရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု ဤစကားကို လျှောက်ထား၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယကို ''ဗာဟိယ အခါ မဟုတ်သေး၊ ရွာတွင်းသို့ ဆွမ်းအလို့ငှါ ဝင်နေ၏''ဟု ဤစကားကို မိန့်တော်မူ၏။ သုံးကြိမ်မြောက်လည်း သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရား၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း တပည့်တော်၏ အသက်အန္တရာယ်တို့ကိုလည်းကောင်း သိနိုင်ခဲပါ၏။ အကြင်တရားတော်သည် တပည့်တော်၏ ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ မြတ်စွာဘုရား မြတ်စွာဘုရားသည် တပည့်တော်အား တရားကို ဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားကို တပည့်တော်အား ဟောတော်မူပါလော့''ဟု ဤစကားကို လျှောက်ထား၏။ ထိုသို့ ဖြစ်လျှင် ဗာဟိယ သင်သည် ဤသို့ ကျင့်အပ်၏ ''မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့''ဟု ဤသို့ သင်သည် ကျင့်အပ်၏။ ဗာဟိယ အကြင်အခါ၌ သင်သည် မြင်ရာ၌ မြင်ကာမျှ ဖြစ်လတ္တံ့။ ကြားရာ၌ ကြားကာမျှ ဖြစ်လတ္တံ့။ တွေ့ရာ၌ တွေ့ကာမျှ ဖြစ်လတ္တံ့။ သိရာ၌ သိကာမျှ ဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ အကြင်အခါ သင်သည် ထိုရာဂ စသည်နှင့်တကွ မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ အကြင်အခါ ထိုရူပါရုံ စသည်၌ (နှစ်သက်မှု ပြစ်မှားမှု တွေဝေမှု) မဖြစ်လတ္တံ့။ ဗာဟိယ ထိုအခါ သင်သည် ဤမျက်မှောက်ဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း၊ နှစ်ပါးစုံဘဝ၌ လည်းကောင်း မဖြစ်လတ္တံ့။ ဤသည်ပင်လျှင် ဆင်းရဲ၏အဆုံးတည်းဟု (ဟောတော်မူ၏)။ ထိုအခါ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်အား ဤအကျဉ်းဖြစ်သော မြတ်စွာဘုရား တရားဟောခြင်းဖြင့် ထိုခဏ၌ပင်လျှင် မစွဲလမ်းမူ၍ အာသဝေါတရားတို့မှ စိတ်သည် လွတ်၏။ ထိုအခါ မြတ်စွာဘုရားသည် သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဤအကျဉ်းဖြစ်သော ဆုံးမခြင်းဖြင့် ဆုံးမ၍ ဖဲကြွတော်မူ၏။ ထိုအခါ မြတ်စွာဘုရား ဖဲကြွ၍ မကြာမီ နို့စို့သားငယ်ရှိသော နွားမသည် သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယမထေရ်ကို ဝှေ့၍ ဇီဝိတိန္ဒြေမှ ချ၏။ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိမြို့၌ ဆွမ်းအလို့ငှါ လှည့်လည်၍ ဆွမ်းခံပြီးသည်မှနောက်၌ ဆွမ်းခံရွာမှ ဖဲကြွခဲ့ပြီးသော် များစွာသော ရဟန်းတို့နှင့်အတူ သာဝတ္ထိမြို့မှ ထွက်တော်မူ၍ သေသော သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယကို မြင်၍ ရဟန်းတို့ကို ''ရဟန်းတို့ ဆောင်ယူကြလော့၊ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့ကြကုန်လော့၊ ထိုဗာဟိယ၏ စေတီကိုလည်း ပြုကြကုန်လော့၊ ရဟန်းတို့ သင်တို့၏ သီတင်းသုံးဖော်သည် သေ၏''ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ (စကားကို) ဝန်ခံ၍ သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ကိုယ်ကောင်ကို ညောင်စောင်းပေါ်သို့ တင်၍ ထုတ်ဆောင်လျက် မီးရှို့၍ထိုဗာဟိယ၏ စေတီကိုလည်း ပြုလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောအရပ်၌ နေကြကုန်၏။ တစ်ခုသောအရပ်၌ နေပြီးသော ထိုရဟန်းတို့သည် မြတ်စွာဘုရားအား''အသျှင်ဘုရား သစ်သားပျဉ်ချပ်ကို ဝတ်သော ဗာဟိယ၏ ကိုယ်ကောင်ကို မီးရှို့အပ်ပါပြီ။ ထိုဗာဟိယ၏ စေတီကိုလည်း ပြုအပ်ပါပြီ။ ထိုဗာဟိယ၏ လားရာဂတိကား အဘယ်ပါနည်း။ ရှေးရှုရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း''ဟု ဤစကားကို လျှောက်ထားကုန်၏။ ရဟန်းတို့ သစ်သားပျဉ်ချပ်ဝတ်သော ဗာဟိယသည် ပညာရှိ၏။ လောကုတ္တရာတရားအား လျော်သောအကျင့်ကို ကျင့်၏။ တရားတည်းဟူသောအကြောင်းကြောင့် ငါဘုရားကို မညှဉ်းဆဲ။ ရဟန်းတို့ သစ်သားပျဉ်ချပ် ဝတ်သော ဗာဟိယသည် ပရိနိဗ္ဗာန်ပြု၏ဟု (မိန့်တော်မူ၏)။ ထိုအခါ မြတ်စွာဘုရားသည် ဤအနက်သဘောကို သိတော်မူ၍ ထိုသိသောအချိန်၌- ''အကြင်နိဗ္ဗာန်၌ အာပေါဓာတ်သည်လည်းကောင်း၊ ပထဝီဓာတ်သည်လည်းကောင်း၊ တေဇောဓာတ်သည်လည်းကောင်း၊ ဝါယောဓာတ်သည်လည်းကောင်း မတည်နိုင်၊ ထိုနိဗ္ဗာန်၌ ကြယ်တို့သည် မတောက်ပကုန်။ နေသည်လည်း မတောက်ပ၊ လသည်လည်း မတောက်ပ၊ အမိုက်တိုက်လည်း မရှိ။ အကြင်အခါ၌ သစ္စာလေးပါးကို သိသောကြောင့် မုနိအမည်ရသော ရဟန္တာပုဂ္ဂိုလ်သည် ကိုယ်တိုင် နိဗ္ဗာန်ကို သိ၏။ နိဗ္ဗာန်ကို သိပြီးသည်မှ နောက်၌ ရုပ်မှလည်းကောင်း၊ နာမ်မှလည်းကောင်း၊ ချမ်းသာဆင်းရဲမှလည်းကောင်း လွတ်၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ (မြတ်စွာဘုရားသည် ဤဥဒါန်းကိုလည်း ဟောတော်မူ၏ဟု အကျွန်ုပ် ကြားရဖူးပါ၏)။ ရှေးဦးစွာသော ဗောဓိဝဂ် ပြီး၏။ [ ။ အထက်က ဗာဟိယ သုတ္တန်အရ ဦးဇင်းတို့ စိတ်ထဲမှာ မြင်သိစိတ် ထင်ရှားခဲ့ရင် မြင် ဒါမှမဟုတ် မြင်တယ်၊ ကြားသိစိတ် ထင်ရှားခဲ့ရင် ကြား ဒါမှမဟုတ် ကြားတယ်၊ အနံ့သိစိတ် အရသာသိစိတ် ထိတွေ့သိစိတ် စသည်တို့ ထင်ရှားခဲ့ရင် ထိ ဒါမှမဟုတ် ထိတယ်၊ ကြံတွေးသိစိတ် ထင်ရှားခဲ့ရင် တွေး ဒါမှမဟုတ် တွေးတယ် ဆိုတဲ့ သက်ဆိုင်ရာ စိတ်နဲ့ဆိုင်တဲ့ စကားလုံးတွေကို စိတ်နဲ့ရွတ်ဆိုပါတယ်။ ၁၀။ စိတ်နဲ့ရွတ်ဆိုခြင်းသည် ကမ္မဋ္ဌာန်းနည်းတိုင်းမှာ သုံးစရာမလိုပါဘူး။ ဒါပေမယ့် ယခု ဗာဟိယသုတ်အရ ရှုမှတ်နည်းမှာ စိတ်ခြောက်မျိုးကို ကြည့်ရတဲ့အတွက် စိတ်ပျံ့လွင့်လွယ်ပြီး အတွေးတွေများတတ်လို့ ရွတ်ဆိုတဲ့နည်းကို သုံးဖို့လိုအပ်ပါတယ်။ ]
ပဌမ သညာသုတ်
၁၁။ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသကနိပါတ်၊ နိဿယဝဂ်၊ ပဌမ သညာသုတ် ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-အသျှင်ဘုရား ရဟန်းတို့အား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူမဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံး မရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု့(မိန့်တော်မူ၏)။ အသျှင်ဘုရား ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင် တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသောဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသောတည်ရာ၌ တစ်စုံတစ်ခု မျှမရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာဟု အမှတ် ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသောလောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ အာနန္ဒာ ဤသို့ဖြစ်လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည် လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ် ရာ၊ တပါးသောလောက၌ တပါးသောလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင် ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင် ရာ၏ဟု (မိန့်တော်မူ၏)။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား ဟောကြားအပ်သော စကားကို နှစ်သက်ဝမ်းမြောက်၍ နေရာမှ ထကာ မြတ်စွာဘုရားအား ရှိခိုး၍ အရိုအသေပြုပြီးလျှင် အသျှင်သာရိပုတြာအထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား-ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ ငါ့သျှင်အာနန္ဒာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (ဆို၏ )။ ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။ ငါ့သျှင်အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ ငါ့သျှင်အာနန္ဒာ ဤသို့လျှင် ရဟန်းအား မြေ၌မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံတို့၌လည်း အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါ၏ဟု (မိန့်ဆို၏ )။ ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကား၊ ငါ့သျှင် ငါသည် ယခုပင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ဤအနက်ကို မေးလျှောက်ခဲ့ပြီ၊ မြတ်စွာဘုရားကလည်း အသျှင် သာရိပုတြာကဲ့သို့ပင် ငါ့အား ထိုအက္ခရာ ထိုပုဒ် ထိုသဒ္ဒါတို့ဖြင့် ထိုအနက်ကို ဖြေတော်မူ၏။ ငါ့သျှင် အံ့ဖွယ် ရှိပေစွ၊ ငါ့သျှင် မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မြတ်သော နိဗ္ဗာန်၌ ဆရာနှင့် တပည့်၏ အနက်ချင်း သဒ္ဒါချင်း စပ်မိပေစွတကား၊ ညီညွတ်ပေစွတကား၊ မဆန့်ကျင်ပေစွတကားဟု (ဆို၏ )။ သတ္တမသုတ်။ ။ ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏ ဆိုတဲ့ စာကြောင်းအရ ရွတ်ဆိုရသော စကားလုံးကို သညာဆိုတဲ့ အမှတ်ရှိခြင်းအဖြစ် ဟောကြားပါတယ်။ [ ။ အထက်ပါ ပဌမ သညာ သုတ္တန်မှ ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ငြိမ်သက်၏၊ နိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏ ဆိုတဲ့ စာကြောင်းအရ ရွတ်ဆိုရသော စကားလုံးကို သညာဆိုတဲ့ အမှတ်ရှိခြင်းအဖြစ် ဟောကြားပါတယ်။ ]
မနသိကာရသုတ်
၁၂။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသကနိပါတ်၊ နိဿယဝဂ်၊ မနသိကာရသုတ် ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား- အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံး မသွင်းရာ၊ နားကို နှလုံးမသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံး မသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှလုံးမသွင်းရာ၊ လေကို နှလုံးမသွင်းရာ၊ အဆုံးမရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာ ယတနဈာန်'ကို နှလုံးမသွင်းရာ၊ အဆုံးမရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကို နှလုံး မသွင်းရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ အာကိဉ္စညာယတနဈာန်ကို နှလုံးမသွင်းရာ၊ သညာ ရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ 'နေဝသညာ နာသညာယတနဈာန်'ကို နှလုံးမသွင်းရာ၊ ဤလောကကို နှလုံးမသွင်းရာ၊ တစ်ပါးသော လောကကို နှလုံးမသွင်းရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာပါသလောဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ၊ နားကို နှလုံး မသွင်းရာ၊ အသံကို နှလုံးမသွင်းရာ၊ နှာခေါင်းကို နှလုံးမသွင်းရာ၊ အနံ့ကို နှလုံးမသွင်းရာ၊ လျှာကို နှလုံးမသွင်းရာ၊ အရသာကို နှလုံးမသွင်းရာ၊ ကိုယ်ကို နှလုံးမသွင်းရာ၊ အတွေ့ကို နှလုံးမသွင်းရာ၊ မြေကို နှလုံးမသွင်းရာ၊ ရေကို နှလုံးမသွင်းရာ၊ မီးကို နှလုံးမသွင်းရာ၊ လေကို နှလုံးမသွင်းရာ၊ အဆုံး မရှိသော ကောင်းကင်ဟူသော တည်ရာ 'အာကာသာနဉ္စာယတနဈာန်'ကို နှလုံးမသွင်းရာ၊ အဆုံး မရှိသော ဝိညာဏ်၏ တည်ရာ 'ဝိညာဏဉ္စာယတနဈာန်'ကို နှလုံးမသွင်းရာ၊ တစ်စုံတစ်ခုမျှမရှိဟူသော တည်ရာ 'အာကိဉ္စညာယတနဈာန်'ကို နှလုံးမသွင်းရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်းမဟုတ်ဟူသော တည်ရာ 'နေဝသညာ နာသညာယတနဈာန်'ကို နှလုံးမသွင်းရာ၊ ဤလောကကို နှလုံးမသွင်းရာ၊ တစ်ပါးသော လောကကို နှလုံးမသွင်းရာ၊ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ရဟန်းအား မျက်စိကို နှလုံးမသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံး မသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင်ရာပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤလောက၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိ အားလုံးကို စွန့်ရာ တဏှာ ကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ နိဗ္ဗာန်တရားသည် မွန်မြတ်၏''ဟု ဤသို့ နှလုံးသွင်းသူ ဖြစ်၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းအား မျက်စိကို နှလုံး မသွင်းရာ၊ အဆင်းကို နှလုံးမသွင်းရာ။ပ။ မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရောက်အပ် ရှာဖွေအပ် စိတ်ဖြင့် စုံစမ်းအပ်သော အာရုံကိုလည်း နှလုံးမသွင်းရာ၊ စိတ်၌သော်ကား နှလုံးသွင်းရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှုကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။ အဋ္ဌမသုတ်။ [ ။ အထက်ပါ မနသိကာရသုတ်မှ ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိ အားလုံးကို စွန့်ရာ တဏှာ ကုန်ရာ တပ်စွန်းမှုကင်းရာ ချုပ်ရာဖြစ်သော နိဗ္ဗာန်တရားသည် ငြိမ်သက်၏၊ နိဗ္ဗာန်တရားသည် မွန်မြတ်၏''ဟု ဤသို့ နှလုံးသွင်းသူ ဖြစ်၏ ဆိုတဲ့ စာကြောင်းအရ ရွတ်ဆိုရသော စကားလုံးကို မနသိကာရဆိုတဲ့ နှလုံးသွင်းခြင်းအဖြစ် ဟောကြားပါတယ်။ ] • သိမှတ်ဖွယ်ရာများ “နံပါတ်(၄) စိတ်နဲ့ကြည့်စဉ်က ထင်ရှားခဲ့တဲ့ စိတ်နဲ့ဆိုင်တဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။”။ ၁၃။ ပဌမသညာသုတ်နှင့် မနသိကာရသုတ် တို့အရ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးကို အမှတ်ရှိခြင်း၊ နှလုံးသွင်းခြင်း ဟု ဟောကြားထားသောကြောင့် ရွတ်ဆိုခြင်းကို အသုံးပြုပါတယ်။ ယခု သုတ်နှစ်ခုအရ စိတ်နဲ့ရွတ်ဆိုခြင်းကို အသုံးပြုဖို့ ပိုပြီးသေချာခဲ့ပါတယ်။ တကယ်လက်တွေ့ သုံးတဲ့အခါလဲ တရားရှုမှတ်မှုကို ပိုပြီးတိုးတက်လာတာကို သိလာရပါတယ်။ ။ မြင်သိစိတ်အတွက် “မြင်” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုပါ။ ။ ကြားသိစိတ်အတွက် “ကြား” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုပါ။ ။ အနံ့သိစိတ်၊ အရသာသိစိတ်၊ ထိသိစိတ် တို့အတွက် “ထိ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုပါ။ ဗာဟိယသုတ်မှ “မုတေ”ဆိုတဲ့ တွေ့ရာ၌ တွေ့ကာမျှဆိုတဲ့ စာအရ စိတ်(၃)မျိုးအတွက် “ထိ”ဆိုတဲ့ စကားလုံး တစ်လုံးကိုပဲ ရွတ်ဆိုတာပါ။ ။ ကြံတွေးသိစိတ်အတွက် “တွေး” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုပါ။ ။ ရွတ်ဆိုတဲ့အခါ “မြင်” “ကြား” “ထိ” “တွေး” ဆိုတဲ့ မတူညီတဲ့ စကား(၄)လုံးပဲ ရှိပါတယ်။ ။ “မြင်” “ကြား” “ထိ” “တွေး” ဆိုတဲ့ စကားလုံးက ဦးဇင်း ရွတ်ဆိုတဲ့ စကားလုံးပုံစံ ဖြစ်ပါတယ်။ စကားလုံးရှည်တာ ဦးဇင်းအတွက် အသက်ရှူသွင်း အသက်ရှူထုတ်ရတာကို အနှောင့်အယှက် ဖြစ်လို့ပါ။ အတတ်နိုင်ဆုံး ဦးဇင်းရွတ်တဲ့ ပုံစံ အတိုင်းရွတ်ကြည့်ပါ။ ဦးဇင်းရွတ်တဲ့အတိုင်း ရွတ်လို့မရဘူးဆိုတော့မှ “မြင်”ဆိုတဲ့ စကားလုံးအစား “မြင်တယ်”လို့ရွတ်ပါ၊ “ကြား”ဆိုတဲ့ စကားလုံးအစား “ကြားတယ်”လို့ရွတ်ပါ၊ “ထိ”ဆိုတဲ့ စကားလုံးအစား “ထိတယ်”လို့ရွတ်ပါ၊ “တွေး”ဆိုတဲ့ စကားလုံးအစား “တွေးတယ်”လို့ရွတ်ပါ။
နံပါတ်(၅) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ဖြစ်လာတာကို စိတ်နဲ့ကြည့်ပါ။
• နံပါတ်(၅) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ဖြစ်လာတာကို စိတ်နဲ့ကြည့်ပါ။
ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း
။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှုမြင်နိုင်သောပညာသည် အဘယ်သို့လျှင် ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်သနည်း။ ဖြစ်ပေါ်လာသောရုပ်သည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ရုပ်၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဖြစ်ခြင်း 'ဥဒယ' မည်၏။ ဖောက်ပြန်ခြင်းလက္ခဏာသည် ဝယမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ဖြစ်ပေါ်လာသော ဝေဒနာသည်။ ဖြစ်ပေါ်လာသော သညာသည်။ ဖြစ်ပေါ်လာသော သင်္ခါရတို့သည်။ ဖြစ်ပေါ်လာသော ဝိညာဉ်သည်။ ဖြစ်ပေါ်လာသော မျက်စိသည်။ပ။ ဖြစ်ပေါ်လာသော ဘဝသည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ဘဝ၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဥဒယမည်၏။ ဖောက်ပြန်ခြင်းလက္ခဏာသည် ဝယမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော သူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းကို ရှုသောသူသည်နှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည်နှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော သူသည် ငါးဆယ်သော လက္ခဏာတို့ကို မြင်၏။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှ သောလက္ခဏာတို့ကို မြင်သနည်း။ ဝေဒနာက္ခန္ဓာ၏။ပ။ သညာက္ခန္ဓာ၏။ပ။ သင်္ခါရက္ခန္ဓာ၏။ပ။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော သူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသော လက္ခဏာတို့ကို မြင်သနည်း။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင် သနည်း။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသော သူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ဝေဒနာက္ခန္ဓာ၏။ပ။ သညာက္ခန္ဓာ၏။ပ။ သင်္ခါရက္ခန္ဓာ၏။ပ။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော သူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသောအနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသောလက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ တဏှာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ကံဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဝေဒနာ က္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကိုမြင်၏။ ဝေဒနာ က္ခန္ဓာ၏ ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ သညာက္ခန္ဓာ၏။ပ။ သင်္ခါရက္ခန္ဓာ၏။ပ။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါး သော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏့ဖြစ်ခြင်းကို မြင်၏။ တဏှာဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ကံဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ပေါ်ခြင်းလက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဝိညာဏ က္ခန္ဓာ၏ ဖြစ်ခြင်းကိုရှုသောသူသည် ဤငါးပါးသောလက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏ က္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖောက်ပြန်သော လက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကိုမြင်၏။ ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤငါးဆယ်သော လက္ခဏာတို့ကို မြင်၏။ ထိုဥဒယဗ္ဗယာနုပဿနာဉာဏ်သည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန်ပျက်စီးခြင်း ကို ရှုမြင်နိုင်သောပညာကို ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်၏ဟု ဆိုအပ်၏။ ရူပက္ခန္ဓာသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏။ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာသုံးပါး တို့သည် ဖဿသာလျှင် ဖြစ်ကြောင်း ရှိကုန်၏။ ဝိညာဏက္ခန္ဓာသည် နာမ်ရုပ်လျှင်ဖြစ်ကြောင်း ရှိ၏။ ခြောက်ခုမြောက် ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း ပြီး၏။ [ ။ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်းမှ “အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။”၊ “ရူပက္ခန္ဓာသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏။ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာသုံးပါး တို့သည် ဖဿသာလျှင် ဖြစ်ကြောင်း ရှိကုန်၏။ ဝိညာဏက္ခန္ဓာသည် နာမ်ရုပ်လျှင်ဖြစ်ကြောင်း ရှိ၏။” အထက်ပါ စာကြောင်းနှစ်ကြောင်းအရ အကြောင်းကို ဆင်ခြင်ပါတယ်။ အမြဲတမ်း မဆင်ခြင်ပါဘူး အကြောင်းကင်းပြီး ဖြစ်တယ်ဆိုတဲ့ သံသယစိတ်ဖြစ်တဲ့အခါမှ အကြောင်းကို ဆင်ခြင်ရပါတယ်။ ။ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်းမှ “ထိုပစ္စုပ္ပန်ရုပ်၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဖြစ်ခြင်း 'ဥဒယ' မည်၏။”၊ “ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။” အထက်ပါ စာကြောင်းနှစ်ကြောင်းအရ နံပါတ်(၅) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ဖြစ်လာတာကို စိတ်နဲ့ကြည့်ပါတယ်။ ] • သိမှတ်ဖွယ်ရာများ “နံပါတ်(၅) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ဖြစ်လာတာကို စိတ်နဲ့ကြည့်ပါ။”။
နံပါတ်(၆) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ပျက်သွားတာကို စိတ်နဲ့ကြည့်ပါ။
• နံပါတ်(၆) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ပျက်သွားတာကို စိတ်နဲ့ကြည့်ပါ။ ။ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်းမှ “ဖောက်ပြန်သောလက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။” အထက်ပါ စာကြောင်းနှစ်ကြောင်းအရ နံပါတ်(၆) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ပျက်သွားတာကို စိတ်နဲ့ကြည့်ပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၆) စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ပျက်သွားတာကို စိတ်နဲ့ကြည့်ပါ။”။
နံပါတ်(၇) အသက်ရှူသွင်းပြီး အနားယူပါ။
• နံပါတ်(၇) အသက်ရှူသွင်းပြီး အနားယူပါ။ ။ စိတ်နဲ့စကားလုံး ရွတ်ဆိုနေရတဲ့အတွက် အသက်ရှူသွင်းတာခဏရပ်သွားလို့ စိတ်နဲ့ရွတ်ဆိုပြီးတာနဲ့ အသက်ရှူသွင်းပြီး အနားယူရပါမယ်။ အသက်ရှူထုတ်ပြီး အနားယူပါ၊ အသက်ရှူသွင်းပြီး အနားယူပါဆိုတာက တရားရှုမှတ်မှု၏ အလုပ်ဖြစ်တဲ့ ကြည့်ခြင်းနှင့်ရွတ်ခြင်းတို့ကို မလုပ်ပဲ ရှူသွင်းရုံ၊ ရှူထုတ်ရုံသာ ပြုလုပ်နေခြင်းကို ဆိုလိုပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၇) အသက်ရှူသွင်းပြီး အနားယူပါ။”။
နံပါတ်(၈) အသက်ရှူထုတ်ပြီး အနားယူပါ။
• နံပါတ်(၈) အသက်ရှူထုတ်ပြီး အနားယူပါ။ ။ စိတ်နဲ့စကားလုံး ရွတ်ဆိုနေရတဲ့အတွက် အသက်ရှူထုတ်တာခဏရပ်သွားလို့ စိတ်နဲ့ရွတ်ဆိုပြီးတာနဲ့ အသက်ရှူထုတ်ပြီး အနားယူရပါမယ်။ ။ အသက်ရှူထုတ်ပြီး အနားယူပါ၊ အသက်ရှူသွင်းပြီး အနားယူပါဆိုတာက တရားရှုမှတ်မှု၏ အလုပ်ဖြစ်တဲ့ ကြည့်ခြင်းနှင့်ရွတ်ခြင်းတို့ကို မလုပ်ပဲ ရှူသွင်းရုံ၊ ရှူထုတ်ရုံသာ ပြုလုပ်နေခြင်းကို ဆိုလိုပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၈) အသက်ရှူထုတ်ပြီး အနားယူပါ။”။
နံပါတ်(၉) အသက်ရှူသွင်းပါ။
• နံပါတ်(၉) အသက်ရှူသွင်းပါ။ ။ နံပါတ်(၉) အသက်ရှူသွင်းခြင်းသည် နံပါတ်(၁၁)နှင့် နံပါတ်(၁၂)အရ ဆင်ခြင်ပြီး ဆုံးဖြတ်နိုင်ဖို့အတွက် ကြိုတင်ပြီး အသက်ရှူသွင်းခြင်း ဖြစ်ပါတယ်။ ။ ရှူသွင်းနေစဉ် နှာခေါင်းအရင်းအတွင်းဘက် တည်ချက်နေရာကို ကြည့်နေရပါမယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၉) အသက်ရှူသွင်းပါ။”။
နံပါတ်(၁၀) အသက်ရှူထုတ်ပါ။
• နံပါတ်(၁၀) အသက်ရှူထုတ်ပါ။ ။ နံပါတ်(၁၀) အသက်ရှူထုတ်ခြင်းသည် နံပါတ်(၁၁)နှင့် နံပါတ်(၁၂)အရ ဆင်ခြင်ပြီး ဆုံးဖြတ်နိုင်ဖို့အတွက် ကြိုတင်ပြီး အသက်ရှူထုတ်ခြင်း ဖြစ်ပါတယ်။ ။ ရှူထုတ်နေစဉ် နှာခေါင်းအရင်းအတွင်းဘက် တည်ချက်နေရာကို ကြည့်နေရပါမယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၀) အသက်ရှူထုတ်ပါ။”။
နံပါတ်(၁၁) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးကို ပြန်ဖြစ်လာနိုင်သေးလား ဆိုတဲ့ အမေးနဲ့ဆင်ခြင်ပါ။
• နံပါတ်(၁၁) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးကို ပြန်ဖြစ်လာနိုင်သေးလား ဆိုတဲ့ အမေးနဲ့ဆင်ခြင်ပါ။ ။ အသက်ရှူထုတ်ပြီးလျှင်ဆိုတာ နံပါတ်(၁၀)အရ အသက်ရှူထုတ်ပြီးလျှင် လို့ဆိုပါတယ်။ ။ ပျက်သွားတဲ့စကားလုံးဆိုတာ နံပါတ်(၆)အရ စိတ်နဲ့ရွတ်လိုက်တဲ့စကားလုံးက စိတ်ထဲမှာ ပျက်သွားတာကို စိတ်နဲ့ကြည့်ခဲ့စဉ်က ပျက်သွားတဲ့စကားလုံးကို ဆိုလိုပါတယ်။ ။ ပြန်ဖြစ်လာနိုင်သေးလား ဆိုတဲ့ အမေးနဲ့ဆင်ခြင် ရမယ်ဆိုတာ နံပါတ်(၆)အရ ပျက်သွားတဲ့စကားလုံးကို ပြန်ဖြစ်လာနိုင်သေးလားဆိုတဲ့ အမေးနဲ့ဆင်ခြင် ရမယ်လို့ ဆိုလိုပါတယ်။ နောက်ကွယ်မှာ အခုစာပိုဒ်ပါ အကြောင်းအရာကို သိထားရပါမယ်။ ရွတ်ဆိုလိုက်တဲ့ စကားလုံးလေးသည် မှတ်သားခဲ့တဲ့ သညာ သဘောနဲ့ အားပြုရွတ်ဆိုတဲ့ သင်္ခါရ သဘောတို့ဟူသော အကြောင်း အားကောင်းတဲ့အတွက် ဖြစ်ပေါ်လာခဲ့ရတယ်။ အခု အကြောင်း မရှိတော့တဲ့ အတွက် ပျက်သွားပြီး နောက်ထပ် ရွတ်လိုက်တဲ့ စကားလုံးနဲ့ဆင်တူတဲ့ အကြောင်းအသစ်ကြောင့်ဖြစ်လာတဲ့ စကားလုံး အသစ်တစ်လုံးသာ ဖြစ်ပေါ်လာခြင်းဖြစ်တယ် ပထမအကြောင်းကြောင့် ဖြစ်လာခဲ့ရတဲ့ စကာလုံးက လုံးဝမဖြစ်လာနိုင်တော့ဘူးလို့ သိထားရပါမယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၁) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးကို ပြန်ဖြစ်လာနိုင်သေးလား ဆိုတဲ့ အမေးနဲ့ဆင်ခြင်ပါ။”
နံပါတ်(၁၂) လုံးဝပြန်မဖြစ်လာနိုင်တော့ဘူး ဆိုတဲ့ အဖြေရလာပါလိမ့်မယ်။
• နံပါတ်(၁၂) လုံးဝပြန်မဖြစ်လာနိုင်တော့ဘူး ဆိုတဲ့ အဖြေရလာပါလိမ့်မယ်။ ။ နံပါတ်(၁၁)မှာ ပြောခဲ့တဲ့အတိုင်း အကြောင်းကြောင့်ဖြစ်လာပြီး ပျက်သွားရတဲ့အတွက် နောက်ထပ် တူညီတဲ့ စကားလုံးအသစ် ပေါ်လာလဲ မူလစကားလုံး လုံးဝမဟုတ်တော့ဘူးဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၂) လုံးဝပြန်မဖြစ်လာနိုင်တော့ဘူး ဆိုတဲ့ အဖြေရလာပါလိမ့်မယ်။”။
နံပါတ်(၁၃) အသက်ရှူသွင်းပြီး အနားယူပါ။
• နံပါတ်(၁၃) အသက်ရှူသွင်းပြီး အနားယူပါ။ ။ နံပါတ်(၁၃)အရ အသက်ရှူသွင်းခြင်းသည် နံပါတ်(၁၁)နှင့်နံပါတ်(၁၂) တို့ကို ပြုလုပ်နေချိန် အသက်ရှူသွင်းခြင်းကို နားထားတာမို့ ပြန်လည်အသက်ရှူသွင်း၍ အနားယူရပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၃) အသက်ရှူသွင်းပြီး အနားယူပါ။”။
နံပါတ်(၁၄) အသက်ရှူထုတ်ပြီး အနားယူပါ။
• နံပါတ်(၁၄) အသက်ရှူထုတ်ပြီး အနားယူပါ။ ။ နံပါတ်(၁၄)အရ အသက်ရှူထုတ်ခြင်းသည် နံပါတ်(၁၁)နှင့်နံပါတ်(၁၂) တို့ကို ပြုလုပ်နေချိန် အသက်ရှူထုတ်ခြင်းကို နားထားတာမို့ ပြန်လည်အသက်ရှူထုတ်၍ အနားယူရပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၄) အသက်ရှူထုတ်ပြီး အနားယူပါ။”။
နံပါတ်(၁၅) အသက်ရှူသွင်းပါ။
• နံပါတ်(၁၅) အသက်ရှူသွင်းပါ။ ။ နံပါတ်(၁၅)အရ အသက်ရှူသွင်းခြင်းသည် နံပါတ်(၁၇)ကို ပြုလုပ်နိုင်ရန်အတွက် ကြိုတင်၍ အသက်ရှူသွင်းရပါမယ်။ ။ အသက်ရှူသွင်းနေစဉ်မှာ နှာခေါင်းအတွင်း အရင်းဘက်နေရာကို ကြည့်နေရမယ်။ ဒီလိုကြည့်တာက အသက်ရှူထုတ်ပြီးတာနှင့် နံပါတ်(၁၇)အတိုင်း ပြုလုပ်နိုင်ရန် အဆင်သင့်ပြင်ထားခြင်း ဖြစ်ပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၅) အသက်ရှူသွင်းပါ။”။
နံပါတ်(၁၆) အသက်ရှူထုတ်ပါ။
• နံပါတ်(၁၆) အသက်ရှူထုတ်ပါ။ ။ နံပါတ်(၁၆)အရ အသက်ရှူထုတ်ခြင်းသည် နံပါတ်(၁၇)ကို ပြုလုပ်နိုင်ရန်အတွက် ကြိုတင်၍ အသက်ရှူထုတ်ရပါမယ်။ ။ အသက်ရှူထုတ်နေစဉ်မှာ နှာခေါင်းအတွင်း အရင်းဘက်နေရာကို ကြည့်နေရမယ်။ ဒီလိုကြည့်တာက အသက်ရှူထုတ်ပြီးတာနဲ့ နံပါတ်(၁၇)အတိုင်း ပြုလုပ်နိုင်ရန် အဆင်သင့်ပြင်ထားခြင်း ဖြစ်ပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၆) အသက်ရှူထုတ်ပါ။”။
နံပါတ်(၁၇) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးရဲ့ မမြဲခြင်းအနိစ္စသဘောကို ရည်ရွယ်ပြီး “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။
• နံပါတ်(၁၇) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးရဲ့ မမြဲခြင်းအနိစ္စသဘောကိုရည်ရွယ်ပြီး “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။ ။ စကားလုံးဖြစ်လာရုံသာ အားအနည်းငယ်စိုက်ရမည်၊ ထိတ်လန့်မှုသံဝေဂဖြစ်နေတဲ့ ပုံစံမျိုးဖြစ်ရမည်၊ ဝမ်းနည်းပူဆွေးချိန်မှာ ဖြေးညှင်းစွာ စကားပြောဆိုသော ပုံစံမျိုးနှင့်ဆင်တူသည်။
ဝိပဿနာကထာ
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ ပညာဝဂ်၊ ဝိပဿနာကထာ၊ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟုခေါ်တော်မူ၏။ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏။ ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အနည်းငယ်သောသင်္ခါရကို မြဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်း သည် မရှိ။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော် လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ် ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၁) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အလုံးစုံသောသင်္ခါရတို့ကို အနိစ္စဟုရှုသည်ရှိသော် မဂ်နှင့် လျော် သောအလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်း သည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော် လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ် ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် ရှိ၏။ (၂) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အနည်းငယ်သောသင်္ခါရကို ချမ်းသာ၏ဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် မရှိ။ မဂ်နှင့် လျော်သော အလို 'အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့် အကြောင်းသည် မရှိ။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကို သော်လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တ ဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့်အကြောင်းသည် မရှိ။ (၃) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အလုံးစုံသောသင်္ခါရတို့ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်း သည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော် လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ် ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် ရှိ၏။ (၄) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အနည်းငယ်သောတရားကို အတ္တဟု ရှုသည်ရှိသော် မဂ်နှင့် လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့် အကြောင်းသည် မရှိ။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ် ကိုသော်လည်းကောင်း၊ သကဒါဂါမိ ဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၅) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် အလုံးစုံသောတရားတို့ကို အတ္တမဟုတ် 'အနတ္တ'ဟု ရှုသည်ရှိ သော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့်အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက် ဝင်မည့်အကြောင်းသည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိ ဖိုလ်ကိုသော်လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့်အကြောင်းသည် ရှိ၏။ (၆) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် နိဗ္ဗာန်ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် မရှိ။ မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'နှင့် မပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်းသည် မရှိ။ (မိမိ အခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ မသက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော်လည်းကောင်း၊ သကဒါ ဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်းကောင်း မျက်မှောက်ပြုမည့် အကြောင်းသည် မရှိ။ (၇) ရဟန်းတို့ စင်စစ် ထိုရဟန်းသည် နိဗ္ဗာန်ကို ချမ်းသာ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်'နှင့် ပြည့်စုံခြင်းဖြစ်မည့် အကြောင်းသည် ရှိ၏။ မဂ်နှင့်လျော်သော အလို 'အနုလောမ ဉာဏ်'နှင့် ပြည့်စုံသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်မည့်အကြောင်းသည် ရှိ၏။ (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သည်ရှိသော် သောတာပတ္တိဖိုလ်ကိုသော်လည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အနာဂါမိဖိုလ်ကိုသော်လည်းကောင်း၊ အရဟတ္တဖိုလ်ကိုသော်လည်း ကောင်း မျက်မှောက်ပြုမည့်အကြောင်းသည် ရှိ၏။ (၈) အဘယ်မျှသော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်' ကို ရသနည်း။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်သနည်း။ လေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်' ကို ရ၏။ လေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင်၏။ အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'ကို ရသနည်း။ အဘယ်လေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ သက်ဝင် သနည်း။ ခန္ဓာငါးပါးတို့ကို မမြဲဟု၊ ဆင်းရဲ၏ဟု၊ ရောဂါဟု၊ အိုင်းအမာဟု၊ ဆူးငြောင့်ဟု၊ ညှဉ်းဆဲ တတ်၏ဟု၊ အနာဟု၊ သူစိမ်းပြင်ပဟု၊ ပျက်စီးတတ်၏ဟု၊ ဘေးရန်ဟု၊ ဥပဒ်ဟု၊ ဘေးဟု၊နှိပ်စက်တတ်၏ဟု၊ တုန်လှုပ်တတ်၏ဟု၊ ကျိုးပျက်တတ်၏ဟု၊ ခိုင်ခံ့ခြင်းမရှိဟု၊ မှီခိုရာမဟုတ်ဟု၊ ပုန်းအောင်းရာ မဟုတ်ဟု၊ ကိုးကွယ်ရာမဟုတ်ဟု၊ ကင်းဆိတ်၏ဟု၊ အချည်းနှီးဟု၊ ဆိတ်သုဉ်း၏ဟု၊ အတ္တမဟုတ် 'အနတ္တ'ဟု၊ အပြစ်ဟု၊ ဖောက်ပြန်တတ်သောသဘောဟု၊ အနှစ်မဲ့ဟု၊ ညှဉ်းဆဲခြင်း၏အရင်းခံဟု၊ သတ် တတ်၏ဟု၊ အထူးထူးဖြစ် တတ်၏ဟု၊ အာသဝေါတရားတို့၏ အာရုံဟု၊ ပြုစီရင်အပ်၏ဟု၊ မာရ်နှင့်စပ်၏ဟု၊ ဖြစ်ခြင်းသဘောရှိ၏ဟု၊ အိုခြင်းသဘောရှိ၏ဟု၊ နာခြင်းသဘောရှိ၏ဟု၊ သေခြင်းသဘောရှိ၏ဟု၊ စိုး ရိမ်ခြင်းသဘောရှိ၏ဟု၊ ငိုကြွေးခြင်းသဘောရှိ၏ဟု၊ ပြင်းစွာပူပန်ခြင်းသဘောရှိ၏ဟု၊ ညစ်နွမ်းခြင်း သဘောရှိ၏ဟု (ရှု၏)။ ခန္ဓာငါးပါးတို့ကို မမြဲဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မြဲ၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ဆင်းရဲ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ချမ်းသာ၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ရောဂါဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အနာ (ရောဂါ) ကင်း၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အိုင်းအမာဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အိုင်းအမာကင်း၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ဆူးငြောင့်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဆူးငြောင့်ကင်း၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။ (၅) ခန္ဓာငါးပါးတို့ကို ညှဉ်းဆဲတတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ညှဉ်းဆဲခြင်းကင်း၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အနာဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အနာကင်း၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို တစ်ပါးတစ်ခြားဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်းနိဗ္ဗာန်သည် အကြောင်းတစ်ပါးကင်း၏''ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ပျက်စီးတတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ချုပ်ခြင်း နိဗ္ဗာန်သည် မပျက်စီးသောသဘောရှိ၏''ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ဘေးရန်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဘေးရန်မရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ (၁၀) ခန္ဓာငါးပါးတို့ကို ဥပဒ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဥပဒ်မရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်း သို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ဘေးဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဘေးမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်း သို့ ဝင်၏။ ခန္ဓာငါးပါးတို့ကိုနှိပ်စက်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မနှိပ်စက်တတ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို တုန်လှုပ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မတုန်လှုပ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်း သို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ကျိုးပျက်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ကျိုးပျက်ခြင်းမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌)အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၁၅) ခန္ဓာငါးပါးတို့ကို ခိုင်ခံ့ခြင်းမရှိဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ခိုင်ခံ့ခြင်းရှိ၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို မှီခိုရာမဟုတ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်'ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မှီခိုရာ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ပုန်းအောင်းရာမဟုတ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ပုန်းအောင်းရာ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ကိုးကွယ်ရာမဟုတ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ကိုးကွယ်ရာ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ချမ်းသာခြင်းမှ ကင်းဆိတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနု လောမဉာဏ်'ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ချမ်းသာသည်မှ မဆိတ်''ဟု ရှုသည်ရှိ သော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၂၀) ခန္ဓာငါးပါးတို့ကို အချည်းအနှီးဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အချည်းအနှီးမဟုတ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ပုဂ္ဂိုလ်စသည်မှ ဆိတ်သုဉ်း၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနု လောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် သင်္ခါရအားလုံးမှ ဆိတ်သုဉ်း၏''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အတ္တမဟုတ် 'အနတ္တ'ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မြတ်သောသဘော 'ပရမတ္ထ'''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အပြစ်ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အပြစ်မရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ဖောက်ပြန်တတ်သောသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ဖောက်ပြန်သောသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၂၅) ခန္ဓာငါးပါးတို့ကို အနှစ်မဲ့ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အနှစ်သာရ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ညှဉ်းဆဲခြင်း၏အရင်းခံဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမ ဉာဏ်' ကို ရ၏။ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း ''နိဗ္ဗာန်သည် ညှဉ်းဆဲခြင်းအရင်းခံမဟုတ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို သတ်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မသတ်တတ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုး ပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အထူးထူးဖြစ်တတ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အထူးထူးမဖြစ်တတ်''ဟု ရှုသည်ရှိသော် (မိမိ အခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အာသဝေါတရားတို့၏ အာရုံဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနု လောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အာသဝေါတရားတို့၏ အာရုံမဟုတ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၃၀) ခန္ဓာငါးပါးတို့ကို ပြုစီရင်အပ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် မပြုပြင်အပ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို မာရ်နှင့်စပ်၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း ''နိဗ္ဗာန်သည် မာရ်နှင့်မစပ်''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ဖြစ်ခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း ''နိဗ္ဗာန်သည် ဖြစ်ခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို အိုခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် အိုခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို နာခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်'ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် နာခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၃၅) ခန္ဓာငါးပါးတို့ကို သေခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် သေခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို စိုးရိမ်ခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမ ဉာဏ်'ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် စိုးရိမ်ခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ငိုကြွေးခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမ ဉာဏ်'ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ငိုကြွေးခြင်းသဘော မရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ပြင်းစွာ ပူပန်ခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သော အလို 'အနုလောမဉာဏ်'ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ပြင်းစွာပူပန်ခြင်းသဘော မရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ခန္ဓာငါးပါးတို့ကို ညစ်နွမ်းခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမ ဉာဏ်'ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် ညစ်နွမ်းခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။ (၄၀) မမြဲဟု (ရှုခြင်းသည်) အနိစ္စာနုပဿနာတည်း။ ဆင်းရဲ၏ဟု (ရှုခြင်းသည်) ဒုက္ခာနုပဿနာတည်း။ ရောဂါဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အိုင်းအမာဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဆူးငြောင့်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ညှဉ်းဆဲတတ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အနာဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ သူစိမ်းပြင်ပဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ ပျက်စီးတတ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ ဘေးရန်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ (၁၀) ဥပဒ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဘေးဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ နှိပ် စက်တတ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ တုန်လှုပ်တတ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ ကျိုးပျက်တတ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ ခိုင်ခံ့ခြင်းမရှိဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ မှီခိုရာ မဟုတ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ပုန်းအောင်းရာမဟုတ်ဟု ရှုခြင်း သည် ဒုက္ခာနုပဿနာတည်း။ ကိုးကွယ်ရာမဟုတ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ကင်းဆိတ်ရာဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ (+၁၀=၂၀) အချည်းနှီးဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ ဆိတ်သုဉ်း၏ဟု ရှုခြင်းသည် အနတ္တာနုပဿ နာတည်း။ အတ္တမဟုတ်ဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ အပြစ်ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဖောက်ပြန်တတ်သောသဘောဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ အနှစ်မဲ့ဟု ရှုခြင်းသည် အနတ္တာနုပဿနာတည်း။ ညှဉ်းဆဲခြင်း၏အရင်းခံဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ သတ်တတ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အထူးထူးဖြစ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ အာသဝေါတရားတို့၏ အာရုံဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ (+၁၀=၃၀) ပြုစီရင်အပ်၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ မရ်နှင့်စပ်၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ဖြစ်ခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ အိုခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ နာခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ သေခြင်း သဘောရှိ၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။ စိုးရိမ်ခြင်းသဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ငိုကြွေးခြင်း သဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ပြင်းစွာပူပန်ခြင်း သဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ ညစ်နွမ်းခြင်း သဘောရှိ၏ဟု ရှုခြင်းသည် ဒုက္ခာနုပဿနာတည်း။ (+၁၀=၄၀) ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရ၏။ ဤ လေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေး မြဲခြင်းသို့ ဝင်၏။ ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကိုရသော၊ ဤလေးဆယ်သော အခြင်းအရာတို့ဖြင့် (မိမိအခြားမဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်သောသူအား အနိစ္စာနုပဿနာ အဘယ်မျှလောက် ရှိသနည်း။ ဒုက္ခာနုပဿနာ အဘယ်မျှလောက် ရှိသနည်း။ အနတ္တာနုပဿနာ အဘယ်မျှလောက် ရှိသနည်း။ အနတ္တာနုပဿနာနှစ်ဆယ့်ငါးပါး။ အနိစ္စာနုပဿနာ ငါးဆယ်။ ဒုက္ခာနုပဿနာ တစ်ရာ့နှစ်ဆယ့်ငါးပါး ရှိ၏ဟု ဆိုအပ်၏။ ဝိပဿနာကထာ ပြီး၏။ [ ။ ဝိပဿနာကထာမှ “ခန္ဓာငါးပါးတို့ကို မမြဲဟု၊ ဆင်းရဲ၏ဟု၊ ရောဂါဟု၊ အိုင်းအမာဟု၊ ဆူးငြောင့်ဟု၊ ညှဉ်းဆဲ တတ်၏ဟု၊ အနာဟု၊ သူစိမ်းပြင်ပဟု၊ ပျက်စီးတတ်၏ဟု၊ ဘေးရန်ဟု၊ ဥပဒ်ဟု၊ ဘေးဟု၊နှိပ်စက်တတ်၏ဟု၊ တုန်လှုပ်တတ်၏ဟု၊ ကျိုးပျက်တတ်၏ဟု၊ ခိုင်ခံ့ခြင်းမရှိဟု၊ မှီခိုရာမဟုတ်ဟု၊ ပုန်းအောင်းရာ မဟုတ်ဟု၊ ကိုးကွယ်ရာမဟုတ်ဟု၊ ကင်းဆိတ်၏ဟု၊ အချည်းနှီးဟု၊ ဆိတ်သုဉ်း၏ဟု၊ အတ္တမဟုတ် 'အနတ္တ'ဟု၊ အပြစ်ဟု၊ ဖောက်ပြန်တတ်သောသဘောဟု၊ အနှစ်မဲ့ဟု၊ ညှဉ်းဆဲခြင်း၏အရင်းခံဟု၊ သတ် တတ်၏ဟု၊ အထူးထူးဖြစ် တတ်၏ဟု၊ အာသဝေါတရားတို့၏ အာရုံဟု၊ ပြုစီရင်အပ်၏ဟု၊ မာရ်နှင့်စပ်၏ဟု၊ ဖြစ်ခြင်းသဘောရှိ၏ဟု၊ အိုခြင်းသဘောရှိ၏ဟု၊ နာခြင်းသဘောရှိ၏ဟု၊ သေခြင်းသဘောရှိ၏ဟု၊ စိုး ရိမ်ခြင်းသဘောရှိ၏ဟု၊ ငိုကြွေးခြင်းသဘောရှိ၏ဟု၊ ပြင်းစွာပူပန်ခြင်းသဘောရှိ၏ဟု၊ ညစ်နွမ်းခြင်း သဘောရှိ၏ဟု (ရှု၏)။” အထက်ပါ စာပိုဒ်မှ “သေခြင်းသဘောရှိ၏ဟု” စာသားအရ “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုခြင်း ဖြစ်ပါတယ်။ ။ ဝိပဿနာကထာမှ “သေခြင်း သဘောရှိ၏ဟု ရှုခြင်းသည် အနိစ္စာနုပဿနာတည်း။” အထက်ပါ စာကြောင်းအရ “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုခြင်း ဖြစ်ပါတယ်။ ။ ဝိပဿနာကထာမှ “ခန္ဓာငါးပါးတို့ကို သေခြင်းသဘောရှိ၏ဟု ရှုသည်ရှိသော် မဂ်နှင့်လျော်သောအလို 'အနုလောမဉာဏ်' ကို ရ၏။ ''ခန္ဓာငါးပါးတို့၏ ချုပ်ခြင်း နိဗ္ဗာန်သည် သေခြင်းသဘောမရှိ''ဟု ရှုသည်ရှိသော် (မိမိအခြား မဲ့၌) အကျိုးပေးမြဲခြင်းသို့ ဝင်၏။” အထက်ပါ စာပိုဒ်အရ “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ဆိုခြင်း ဖြစ်ပါတယ်။ ]
ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာသည် အဘယ်သို့လျှင် ဝိပဿနာဉာဏ် မည်သနည်း။ ရုပ်လျှင်လျှင် အာရုံရှိသည်၏ အဖြစ်ဖြင့် စိတ်သည် ဖြစ်၍ ပျက်၏။ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်ဖန်ရှု၏။ အဖန်ဖန် ရှု၏ဟူရာ၌ အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ အနိစ္စအားဖြင့် အဖန်ဖန်ရှု၏။ နိစ္စအားဖြင့် မရှု။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု၏။ သုခအားဖြင့်မရှု။ အနတ္တအားဖြင့် အဖန်ဖန်ရှု၏။ အတ္တအားဖြင့် မရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်း ကင်း၏။ တပ်နှစ်သက်သည် မဟုတ်။ ချုပ်ငြိမ်းစေ၏။ မဖြစ်ပေါ်စေ။ စွန့်လွှတ်၏။ စွဲယူခြင်း မရှိ။ အနိစ္စအားဖြင့် အဖန်ဖန်ရှုသော် မြဲ၏ဟူသောအမှတ်သညာကို ပယ်စွန့်၏။ ဒုက္ခအားဖြင့် အဖန်ဖန်ရှုသော် ချမ်းသာဟူသော အမှတ်သညာကို ပယ်စွန့်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုသော် အတ္တဟူသောအမှတ် သညာကို ပယ်စွန့်၏။ ငြီးငွေ့သော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်ခြင်းကင်းသော် တပ်ခြင်းရာဂကို ပယ်စွန့်၏။ ချုပ်ငြိမ်းသော် ဖြစ်ခြင်းကို ပယ်စွန့်၏။ တစ်ဖန်စွန့်သော် စွဲယူခြင်းကို ပယ်စွန့်၏။ ဝေဒနာလျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ပ။ သညာလျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ သင်္ခါရတို့လျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ ဝိညာဉ်လျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ မျက်စိလျှင်။ပ။ ဇရာမရဏလျှင် အာရုံရှိသည်၏အဖြစ်ဖြင့် စိတ်သည် ဖြစ်၍ ပျက်၏။ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်ဖန်ရှု၏၊ အဖန်ဖန် ရှု၏ဟူရာ၌ အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ အနိစ္စအားဖြင့် အဖန်ဖန်ရှု၏။ နိစ္စအားဖြင့် မရှု။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု၏။ သုခအားဖြင့်မရှု။ အနတ္တအားဖြင့် အဖန်ဖန်ရှု၏။ အတ္တအားဖြင့် မရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်း ကင်း၏။ တပ်နှစ်သက်သည် မဟုတ်။ ချုပ်ငြိမ်းစေ၏။ မဖြစ်ပေါ်စေ။ စွန့်လွှတ်၏။ စွဲယူခြင်း မရှိ။ အနိစ္စအားဖြင့် အဖန်ဖန်ရှုသော် မြဲ၏ဟူသောအမှတ်သညာကို ပယ်စွန့်၏။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု သော် ချမ်းသာဟူသော အမှတ်သညာကို ပယ်စွန့်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုသော် အတ္တဟူသော အမှတ်သညာကို ပယ်စွန့်၏။ ငြီးငွေ့သော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်ခြင်းကင်းသော် တပ်ခြင်း ရာဂကို ပယ်စွန့်၏။ ချုပ်ငြိမ်းသော် ဖြစ်ခြင်းကို ပယ်စွန့်၏။ တစ်ဖန်စွန့်သော် စွဲယူခြင်းကို ပယ်စွန့်၏။ ဝတ္ထုပြောင်းရွှေ့ခြင်းသည်လည်းကောင်း၊ ပညာ၏ လည်၍ဖြစ်ခြင်းသည်လည်း ကောင်း၊ ဆင်ခြင်ခြင်းငှါ စွမ်းနိုင်သော ဉာဏ်သည်လည်းကောင်း (ဤဉာဏ်သုံးပါး အပေါင်းသည်) ဆင်ခြင်၍ ရှုတတ်သော 'ပဋိသင်္ခါဝိပဿနာ'ဉာဏ်မည်၏။ အာရုံသို့အစဉ်လျှောက်သဖြင့် (အတိတ်အနာဂတ်) အပျက်နှစ်မျိုးတို့ကို တူသော အားဖြင့် ပိုင်းခြားခြင်းလည်းကောင်း၊ နိဗ္ဗာန်၌ စိတ်၏ သက်ဝင်ညွတ်ကိုင်းခြင်း လည်းကောင်း (ဤဉာဏ်နှစ်ပါးသည်) အပျက်လက္ခဏာကို ရှုတတ်သော 'ဝယ လက္ခဏဝိပဿနာ' မည်၏။ အာရုံကိုလည်း ဆင်ခြင်၍ အပျက်ကိုလည်း အဖန်ဖန်ရှုခြင်းလည်းကောင်း၊ ဆိတ် သုဉ်းသောအားဖြင့် ထင်ခြင်းလည်းကောင်း ဤဉာဏ်နှစ်ပါးသည် 'အဓိပညာ ဝိပဿနာ'မည်၏။ ဆိုခဲ့ပြီးအနိစ္စာနုပဿနာစသော အနုပဿနာဉာဏ်သုံးပါးတို့၌ ကျွမ်းကျင်သော သူသည် နိဗ္ဗိဒါနုပဿနာစသော လေးပါးသော ဝိပဿနာတို့၌လည်းကောင်း၊ ကုန်ခြင်းစသော သုံးပါးသော ဆင်ခြင်ခြင်း၌လည်းကောင်း လိမ္မာသည်၏အဖြစ်ကြောင့် အထူးထူးသော အယူဝါဒတို့၌ မတုန်လှုပ်။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာကို ဘင်္ဂါနုပဿနာဉာဏ်ဟု ဆိုအပ်၏။ ခုနစ်ခုမြောက် ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း ပြီး၏။ [ ။ ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်းမှ “ရုပ်လျှင် အာရုံရှိသည်၏ အဖြစ်ဖြင့် စိတ်သည် ဖြစ်၍ ပျက်၏။ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်ဖန်ရှု၏။ အဖန်ဖန် ရှု၏ဟူရာ၌ အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ အနိစ္စအားဖြင့် အဖန်ဖန်ရှု၏။ နိစ္စအားဖြင့် မရှု။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု၏။ သုခအားဖြင့်မရှု။ အနတ္တအားဖြင့် အဖန်ဖန်ရှု၏။ အတ္တအားဖြင့် မရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်း ကင်း၏။ တပ်နှစ်သက်သည် မဟုတ်။ ချုပ်ငြိမ်းစေ၏။ မဖြစ်ပေါ်စေ။ စွန့်လွှတ်၏။ စွဲယူခြင်း မရှိ။ အနိစ္စအားဖြင့် အဖန်ဖန်ရှုသော် မြဲ၏ဟူသောအမှတ်သညာကို ပယ်စွန့်၏။ ဒုက္ခအားဖြင့် အဖန်ဖန်ရှုသော် ချမ်းသာဟူသော အမှတ်သညာကို ပယ်စွန့်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုသော် အတ္တဟူသောအမှတ် သညာကို ပယ်စွန့်၏။ ငြီးငွေ့သော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်ခြင်းကင်းသော် တပ်ခြင်းရာဂကို ပယ်စွန့်၏။ ချုပ်ငြိမ်းသော် ဖြစ်ခြင်းကို ပယ်စွန့်၏။ တစ်ဖန်စွန့်သော် စွဲယူခြင်းကို ပယ်စွန့်၏။ ဝေဒနာလျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ပ။ သညာလျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ သင်္ခါရတို့လျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ ဝိညာဉ်လျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ မျက်စိလျှင်။ပ။ ဇရာမရဏလျှင် အာရုံရှိသည်၏အဖြစ်ဖြင့် စိတ်သည် ဖြစ်၍ ပျက်၏။ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်ဖန်ရှု၏၊” အထက်ပါစာပိုဒ်အရ အနိစ္စသဘော ဖြစ်သော “သေ” ဆိုတာကို အကြိမ်ကြိမ် အဖန်ဖန် ရှုမှတ်ပါတယ်။ ။ ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်းမှ “အနိစ္စအားဖြင့် အဖန်ဖန်ရှု၏။ နိစ္စအားဖြင့် မရှု။” အထက်ပါစာကြောင်းအရ အနိစ္စသဘော ဖြစ်သော “သေ” ဆိုတာကို အကြိမ်ကြိမ် အဖန်ဖန် ရှုမှတ်ပါတယ်။ ။ ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်းမှ “အနိစ္စအားဖြင့် အဖန်ဖန်ရှုသော် မြဲ၏ဟူသောအမှတ်သညာကို ပယ်စွန့်၏။” အထက်ပါစာကြောင်းအရ အနိစ္စသဘော ဖြစ်သော “သေ” ဆိုတာကို အကြိမ်ကြိမ် အဖန်ဖန် ရှုမှတ်ပါတယ်။ ]
ပဌမ ပုဗ္ဗေသမ္ဗောဓသုတ်
။ သံယုတ္တနိကာယ်၊ သဠာယတနသံယုတ်၊ ယမကဝဂ်၊ ပဌမ ပုဗ္ဗေသမ္ဗောဓသုတ် သာဝတ္ထိနိဒါန်း။ ရဟန်းတို့ ဘုရားမဖြစ်မီ သစ္စာလေးပါးကို မသိသေးသော ဘုရားအလောင်းဖြစ်စဉ် ငါ့အား ဤသို့ အကြံ ဖြစ်၏ - ''အဘယ်သည် မျက်စိ၏ သာယာဖွယ် ဖြစ်သနည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာ ဖြစ်သနည်း။ အဘယ်သည် နား၏။ အဘယ်သည် နှာခေါင်း၏။ အဘယ်သည် လျှာ၏။ အဘယ်သည်ကိုယ်၏။ အဘယ်သည် စိတ်၏သာယာဖွယ် ဖြစ်သ နည်း၊ အဘယ်သည် အပြစ် ဖြစ်သနည်း၊ အဘယ်သည် ထွက်မြောက်ရာဖြစ်သနည်း''ဟု အကြံ ဖြစ်၏။ ရဟန်းတို့ ထိုသို့ (အကြံဖြစ်ပေါ်သော) ငါ့အား ဤသို့ အကြံ ဖြစ်ပြန်၏ -မျက်စိကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် မျက်စိ၏ သာယာဖွယ်တည်း၊ မျက်စိ၏ မမြဲခြင်း ဆင်းရဲခြင်းဖောက်ပြန်ခြင်းသဘောသည် မျက်စိ၏ အပြစ်တည်း၊ မျက်စိ၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်းပယ်ခြင်းသည် မျက်စိ၏ ထွက်မြောက်ရာတည်း။ နားကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ နှာခေါင်းကို စွဲ၍ ဖြစ်ပေါ်လာသော။ပ။ လျှာကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် လျှာ၏သာယာဖွယ်တည်း၊ လျှာ၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် လျှာ၏ အပြစ်တည်း၊ လျှာ၌ လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'ကို ဖျောက်ခြင်း ပယ်ခြင်းသည် လျှာ၏ ထွက်မြောက်ရာတည်း။ကိုယ်ကိုစွဲ၍ ဖြစ်ပေါ်လာသော။ပ။ စိတ်ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာမှု ဝမ်းမြောက်မှုသည် စိတ်၏သာယာဖွယ်တည်း၊ စိတ်၏ မမြဲခြင်း ဆင်းရဲခြင်း ဖောက်ပြန်ခြင်းသဘောသည် စိတ်၏ အပြစ်တည်း၊ စိတ်၌ လိုချင်စွဲမက်မှု'ဆန္ဒရာဂ'ကို ဖျောက်ခြင်း ပယ်ခြင်းသည် စိတ်၏ ထွက်မြောက်ရာတည်း။ ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန'တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ မသိရသေးသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်မခံ။ ရဟန်းတို့ ငါသည် ဤခြောက်ပါးသောကိုယ်တွင်းဖြစ် တည်ရာ 'အဇ္ဈတ္တိကာယတန'တို့၏ ဤသို့သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့် အပြစ်ကိုလည်း အပြစ်အားဖြင့် ထွက်မြောက်ရာကိုလည်းထွက် မြောက်ရာအားဖြင့်ဟုတ်တိုင်းမှန်စွာ သိပြီးသော အခါ၌ သာလျှင် နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အတုမရှိသော သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ငါ့အား ဉာဏ်အမြင်သည်လည်းဖြစ်ပေါ်ခဲ့ပြီ၊ ငါ၏ ကိလေသာ တို့ှမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်သည်လည်း မပျက်စီးနိုင်၊ ဤဘဝ၌ ကား နောက်ဆုံးဖြစ်သော ဘဝတည်း၊ ယခုအခါ နောက်ထပ် ပဋိသန္ဓေနေမှု မရှိတော့ပြီဟု (မိန့်တော်မူ၏)။ ပဌမသုတ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၇) အသက်ရှူထုတ်ပြီးလျှင် ပျက်သွားတဲ့စကားလုံးရဲ့ မမြဲခြင်းအနိစ္စသဘောကိုရည်ရွယ်ပြီး “သေ” ဆိုတဲ့ စကားလုံးကို စိတ်နဲ့ရွတ်ပါ။”။
နံပါတ်(၁၈) အသက်ရှူသွင်းပြီး အနားယူပါ။
• နံပါတ်(၁၈) အသက်ရှူသွင်းပြီး အနားယူပါ။ ။ နံပါတ်(၁၈)အရ အသက်ရှူသွင်းခြင်းသည် နံပါတ်(၇)ကို ပြုလုပ်နေချိန် အသက်ရှူသွင်းခြင်းကို နားထားတာမို့ ပြန်လည်အသက်ရှူသွင်း၍ အနားယူရပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၈) အသက်ရှူသွင်းပြီး အနားယူပါ။”။
နံပါတ်(၁၉) အသက်ရှူထုတ်ပြီး အနားယူပါ။
• နံပါတ်(၁၉) အသက်ရှူထုတ်ပြီး အနားယူပါ။ ။ နံပါတ်(၁၉)အရ အသက်ရှူထုတ်ခြင်းသည် နံပါတ်(၇)ကို ပြုလုပ်နေချိန် အသက်ရှူထုတ်ခြင်းကို နားထားတာမို့ ပြန်လည်အသက်ရှူထုတ်၍ အနားယူရပါတယ်။ • သိမှတ်ဖွယ်ရာများ “နံပါတ်(၁၉) အသက်ရှူထုတ်ပြီး အနားယူပါ။”။
သိမှတ်ဖွယ်ရာများ “ဗာဟိယသုတ်အရ ရှုမှတ်နည်း အကျယ်ပြခြင်း”
• သိမှတ်ဖွယ်ရာများ “ဗာဟိယသုတ်အရ ရှုမှတ်နည်း အကျယ်ပြခြင်း”။ ---
၅။ ရှုမှတ်မှုလုပ်ငန်းစဉ် အကျယ်ပြခြင်း
• ရှုမှတ်မှုလုပ်ငန်းစဉ် အကျယ်ပြခြင်း။ ။ နံပါတ်(၅)နှင့် နံပါတ်(၆) တို့ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို အခြေခံ ရှုမှတ်မှုလုပ်ငန်းစဉ်(၁)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)ကို ရှုမှတ်လို့ရပါပြီ။ ။ နံပါတ်(၆)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို ဖြစ်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ ဖြစ်ခြင်းကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် ပျက်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)ကို ရှုမှတ်လို့ရပါပြီ။ နံပါတ်(၅)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို ပျက်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ ပျက်ခြင်းကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)ကို ရှုမှတ်လို့ရပါပြီ။ ။ နံပါတ်(၅)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၁၉) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ မမြဲခြင်းအနိစ္စကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)ကို ရှုမှတ်နိုင်သူလို့ ပြောလို့ရပါပြီ။ ဒီ ရှုမှတ်မှုလုပ်ငန်းစဉ်(၃)သည် တရားရှုမှတ်မှု၏ အပြည့်စုံဆုံး ရှုမှတ်မှုလို့ သတ်မှတ်ပါတယ်။ ။ ပထမဆုံးရှုမှတ်မည့် တရားရှုမှတ်သူသည် လုပ်ငန်းစဉ်(၁)မှစပြီး (၂)နှင့် (၃)တိုင်အောင် အစဉ်အတိုင်း ရှုမှတ်ရပါမယ်။ လုပ်ငန်းစဉ်(၃)မှစပြီးရှုမှတ်ရင် စိတ်ရှုပ်ထွေးပြီး စိတ်တည်ငြိမ်မှုသမာဓိရဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ အဆင့်ဆင့်ရှုမှတ်ပြီး လုပ်ငန်းစဉ်(၃)ကို ရောက်ပြီဆိုရင် လုပ်ငန်းစဉ်(၃)ကိုသာ အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေခြင်းသည် ဒီရှုမှတ်နည်းရဲ့ အဓိကလုပ်ရမဲ့ အလုပ်အဖြစ် သတ်မှတ်ပါတယ်။ နောက်ဆုံးပြုလုပ်ရမဲ့ လုပ်ငန်းစဉ်အဖြစ်လဲ သတ်မှတ်ပါတယ်။
ရှုမှတ်မှုလုပ်ငန်းစဉ်(၁)
• ရှုမှတ်မှုလုပ်ငန်းစဉ်(၁)။ ။ နံပါတ်(၅)နှင့် နံပါတ်(၆) တို့ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို အခြေခံ ရှုမှတ်မှုလုပ်ငန်းစဉ်(၁)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)ကို ရှုမှတ်လို့ရပါပြီ။ • သိမှတ်ဖွယ်ရာများ “ရှုမှတ်မှုလုပ်ငန်းစဉ်(၁)”။
ရှုမှတ်မှုလုပ်ငန်းစဉ်(၂)
• ရှုမှတ်မှုလုပ်ငန်းစဉ်(၂)။ ။ နံပါတ်(၅)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၈) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို ပျက်ခြင်းကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၂)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ ပျက်ခြင်းကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)ကို ရှုမှတ်လို့ရပါပြီ။ • သိမှတ်ဖွယ်ရာများ “ရှုမှတ်မှုလုပ်ငန်းစဉ်(၂)”။
ရှုမှတ်မှုလုပ်ငန်းစဉ်(၃)
• ရှုမှတ်မှုလုပ်ငန်းစဉ်(၃)။ ။ နံပါတ်(၅)ကို ခဏဖယ်ထားပြီး နံပါတ်(၁) ကနေ နံပါတ် (၁၉) အထိ အစဉ်အတိုင်းကို အကြိမ်ကြိမ် ပြန်လည်၍ ရှုမှတ်နေတာကို မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)အဖြစ် သတ်မှတ်ပါတယ်။ စိတ်တည်ငြိမ်မှုသမာဓိ ဖြစ်လာလို့ စိတ်နဲ့ရွတ်ဆိုတဲ့ စကားလုံးရဲ့ မမြဲခြင်းအနိစ္စကို ထင်ထင်ရှားရှား သိမြင်လာပြီဆိုရင် မမြဲခြင်းအနိစ္စကိုကြည့်သည့် ရှုမှတ်မှုလုပ်ငန်းစဉ်(၃)ကို ရှုမှတ်နိုင်သူလို့ ပြောလို့ရပါပြီ။ ဒီ ရှုမှတ်မှုလုပ်ငန်းစဉ်(၃)သည် တရားရှုမှတ်မှု၏ အပြည့်စုံဆုံး ရှုမှတ်မှုလို့ သတ်မှတ်ပါတယ်။ • သိမှတ်ဖွယ်ရာများ “ရှုမှတ်မှုလုပ်ငန်းစဉ်(၃)”
သိမှတ်ဖွယ်ရာများ “ရှုမှတ်မှုလုပ်ငန်းစဉ် အကျယ်ပြခြင်း”
• သိမှတ်ဖွယ်ရာများ “ရှုမှတ်မှုလုပ်ငန်းစဉ် အကျယ်ပြခြင်း”။ ---
၆။ သစ္စာ(၄)ပါး
• သစ္စာ(၄)ပါး။
ဒုက္ခ အရိယသစ္စာ
။ ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ မဟာသတိပဋ္ဌာနသုတ်၊ ဒုက္ခ အရိယသစ္စာ ရဟန်းတို့ ဒုက္ခသစ္စာဟူသည် အဘယ်နည်း။ ဇာတိ၁ သည်လည်း ဒုက္ခတည်း၊ ဇရာ၂သည်လည်း ဒုက္ခတည်း၊ မရဏ၃ သည်လည်း ဒုက္ခတည်း၊ သောက၄ ပရိဒေဝ၅ ဒုက္ခ၆ ဒေါမနဿ၇ဥပါယာသ၈ တို့သည်လည်း ဒုက္ခတို့တည်း၊ မချစ်ခင် မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည်ကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဒာငါးပါးတို့သည်ဒုက္ခတို့တည်း။ ရဟန်းတို့ ဇာတိဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါ အစုအပေါင်း၌ ရှေးဦးစွာဖြစ်ခြင်း ပြည့်စုံစွာဖြစ်ခြင်း (အမိဝမ်းတွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း ကိုယ်ထင်ရှားဖြစ်ခြင်း ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း အာယတနတို့ကို ရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ဇာတိဟူ၍ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဇာရာဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုခြင်းအိုသောအခြင်းအရာ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်ရှုံ့ခြင်း ရုပ်အသက်ဆုတ်ယုတ်ခြင်း (မျက်စိစသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ဇရာဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ မရဏဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်းမှ ရွေ့လျောခြင်း ရွေ့လျောသောအခြင်းအရာ ပျက်စီးခြင်း ကွယ်ပျောက်ခြင်း သက်ပြတ်သေဆုံးခြင်း ကွယ်လွန်ခြင်း ခန္ဓာတို့၏ ပျက်စီးခြင်း ကိုယ်ကိုပစ်ချခြင်း ဇီဝိတိန္ဒြေ၏ ပြတ်စဲခြင်းတည်း။ ရဟန်းတို့ဤတရား သဘောကို မရဏဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ သောကဟူသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သောသတ္တဝါ၏ စိုးရိမ်ခြင်း စိုးရိမ်သောအခြင်းအရာ စိုးရိမ်သည်၏အဖြစ် အတွင်း၌စိုးရိမ်ခြင်း အတွင်း၌ ပြင်းစွာ စိုးရိမ်ခြင်းတည်း။ ရဟန်းတို့ ဤသဘောတရားကို သောကဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ ပရိဒေဝဟူသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲကြောင်းနှင့် တွေ့သော သတ္တဝါ၏ ငိုကြွေးခြင်း ပြင်းစွာ ငိုကြွေးခြင်း ငိုကြွေးသော အခြင်းအရာ ပြင်းစွာငိုကြွေးသော အခြင်းအရာ ငိုကြွေးသည်၏အဖြစ် ပြင်းစွာငိုကြွေးသည်၏အဖြစ်တည်း။ ရဟန်းတို့ ဤသဘောတရားကို ပရိဒေဝ ဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဒုက္ခဟူသည် အဘယ်နည်း။ ရဟန်းတို့ ကိုယ်၌ဖြစ်သောဆင်းရဲခြင်း ကိုယ်၌ဖြစ်သော မသာယာခြင်း ကိုယ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ရဟန်းတို့ ဤသဘောတရားကို ဒုက္ခဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဒေါမနဿဟူသည် အဘယ်နည်း။ ရဟန်းတို့ စိတ်၌ဖြစ်သောဆင်းရဲခြင်း စိတ်၌ဖြစ်သော မသာယာခြင်း စိတ်အတွေ့ကြောင့်ဖြစ်သော ဆင်းရဲသော မသာယာအပ်သော ခံစားခြင်းတည်း။ ရဟန်းတို့ ဤသဘောတရားကို ဒေါမနဿဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ ဥပါယာသဟူသည် အဘယ်နည်း။ ရဟန်းတို့ တစ်မျိုးမျိုးသော ပျက်စီးခြင်းနှင့်မလွတ်ကင်းသော တစ်မျိုးမျိုးသော ဆင်းရဲခြင်း၏ အကြောင်းနှင့်တွေ့ကြုံသော သတ္တဝါ၏ ပင်ပန်းခြင်းပြင်းစွာပင်ပန်းခြင်း ပင်ပန်းသည်၏အဖြစ် ပြင်းစွာပင်ပန်းသည်၏အဖြစ်တည်း။ ရဟန်းတို့ ဤသဘောတရားကို ဥပါယာသဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ မလိုလား မနှစ်သက် မမြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အတွေ့ သဘောတရားတို့သော်လည်းကောင်း၊ အကျိုးမဲ့ခြင်း အစီးအပွါးမဲ့ခြင်း မချမ်းသာခြင်း ဘေးမငြိမ်းခြင်းကိုလိုလားကုန်သော သူတို့သော်လည်းကောင်း ထိုသူအား ရှိကုန်၏၊ ထို (အာရုံသတ္တဝါ) တို့နှင့်တကွ တွေ့ရခြင်း ဆုံရခြင်း ပေါင်းဖော်ရခြင်း ရောနှောရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ လိုလားနှစ်သက် မြတ်နိုးအပ်ကုန်သော အဆင်း အသံ အနံ့ အရသာ အထိ သဘောတရားတို့သော်လည်းကောင်း၊ အကျိုးအစီးအပွါးချမ်းသာခြင်း ဘေးကင်းခြင်းကို လိုလားကုန်သော အမိအဖ ညီ အစ်ကို နှမ အစ်မ မိတ်ဆွေ အပေါင်းအဖော် ဆွေမျိုးသားချင်းတို့သော်လည်းကောင်း ထိုသူအားရှိကုန်၏၊ ထို (အာရုံသတ္တဝါ) တို့နှင့် မတွေ့ရခြင်း မဆုံရခြင်း မပေါင်းဖော်ရခြင်း မရောနှောရခြင်းတည်း။ ရဟန်းတို့ ဤတရားသဘောကို ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း ဆင်းရဲဟူ၍ ခေါ်ဆိုအပ်၏။ ရဟန်းတို့ အလိုရှိသည်ကို မရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ရဟန်းတို့ ဇာတိသဘောရှိကုန်သော သတ္တဝါတို့အား ''ငါတို့သည် ဇာတိသဘောမရှိကြကုန်မူ ကောင်းလေစွ၊ ဇာတိသည်ငါတို့ထံသို့ မလာမူကား ကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဇာတိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်းအလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ ဇရာသဘောရှိကုန်သော သတ္တဝါတို့အား ''ငါတို့သည်ဇရာသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဇရာသည် ငါတို့ထံ မလာမူကား ကောင်းလေစွ''ဟုဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဇရာမလာခြင်း) ကိုတောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ ဗျာဓိ၉သဘောရှိကုန်သော သတ္တဝါတို့အား ''ငါတို့သည် ဗျာဓိသဘော မရှိကြကုန်မူ ကောင်းလေစွ၊ ဗျာဓိသည် ငါတို့ထံ မလာမူကား ကောင်း လေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (ဗျာဓိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်းအလိုရှိသည်ကို မရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ မရဏသဘောရှိကုန်သော သတ္တဝါတို့အား ''ငါတို့သည် မရဏသဘော မရှိကြကုန်မူ ကောင်းလေစွ၊ မရဏသည် ငါတို့ထံ မလာမူကားကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်းဤ (မရဏမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကို မရခြင်းဆင်းရဲမည်၏။ ရဟန်းတို့ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောရှိကုန်သောသတ္တဝါတို့အား ''ငါတို့သည် သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသ သဘောမရှိကြကုန်မူကောင်းလေစွ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပါယာသသည် ငါတို့ထံသို့မလာမူကားကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်ပေါ်၏၊ ယင်းသို့ တောင့်တသော်လည်း ဤ (သောကစသည်တို့ မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်၊ ဤသည်လည်း အလိုရှိသည်ကိုမရခြင်း ဆင်းရဲမည်၏။ ရဟန်းတို့ အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဒာ၁၀ ဆင်းရဲတို့ဟူသည် အဘယ် နည်း။ ငါးပါးသော ဥပါဒါနက္ခန္ဒာတို့ဟူသည် ရုပ် ဥပါဒါနက္ခန္ဒာ၊ ဝေဒနာ ဥပါဒါနက္ခန္ဒာ၊ သညာ ဥပါဒါနက္ခန္ဓာ၊ သင်္ခါရ ဥပါဒါနက္ခန္ဒာ၊ ဝိညာဏ် ဥပါဒါနက္ခန္ဒာတို့ပေတည်း။ ရဟန်းတို့ ဤ (ဥပါဒါနက္ခန္ဒာ ငါးပါး) တို့ကိုအကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဒာဆင်းရဲတို့ဟူ၍ ဆိုအပ်ကုန်၏။ ရဟန်းတို့ ဤတရားသဘောကို ဒုက္ခအရိယသစ္စာဟူ၍ ဆိုအပ်၏။ (၁။ ပဋိသန္ဓေတည်နေရခြင်း။ ၂။ အိုခြင်း။ ၃။ သေခြင်း။ ၄။ စိုးရိမ်ပူပန်ခြင်း။ ၅။ ငိုကြွေးခြင်း။ ၆။ ကိုယ်ဆင်းရဲခြင်း။ ၇။ စိတ်ဆင်းရဲခြင်း။ ၈။ ပြင်းစွာပူပန်ခြင်း။ ၉။ နာခြင်း။ ၁၀။ ဥပါဒါန်၏ အာရုံတရားစု။)
ဒုက္ခသမုဒယ အရိယသစ္စာ
။ ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ မဟာသတိပဋ္ဌာနသုတ်၊ ဒုက္ခသမုဒယ အရိယသစ္စာ ရဟန်းတို့ ဒုက္ခသမုဒယအရိယသစ္စာသည် အဘယ်နည်း။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက် တပ်မက်ခြင်းနှင့်တကွဖြစ်သော ထိုထိုဘဝအာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာတည်း။ ထိုတဏှာ၁သည် အဘယ်နည်း။ ကာမတဏှာ၂ ဘဝတဏှာ၃ ဝိဘဝတဏှာ၄ တို့တည်း။ ရဟန်းတို့ ထိုတဏှာ ဖြစ်သည်ရှိသော် အဘယ်၌ ဖြစ်သနည်း၊ တည်သည်ရှိသော် အဘယ်၌ တည်သနည်း။ လောက၌ ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည် (ရှိ၏)၊ ထို (တဏှာ) သည့်ဖြစ်သည်ရှိသော် ဤ (ချစ်ခင်ဖွယ်သာယာဖွယ်အာရုံ) ၌ ဖြစ်၏၊ တည်သည်ရှိသော်ဤ (ချစ်ခင်ဖွယ်သာယာဖွယ်အာရုံ) ၌ တည်၏။ လောက၌ ချစ်ခင်ဖွယ်သာယာဖွယ် သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမျက်စိ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမျက်စိ၌ တည်၏။ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌ လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏။ တည်သည်ရှိသော် ဤစိတ်၌ တည်၏။ လောက၌ ရူပါရုံ၅ တို့သည်။ပ။ လောက၌ သဒ္ဒါရုံ၆ တို့သည်။ပ။ လောက၌ ဂန္ဓာရုံ၇ တို့သည်။ပ။ လောက၌ ရသာရုံ၈ တို့သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗာရုံ၉ တို့သည်။ပ။ လောက၌တရားသဘောတို့သည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော်ဤတရားသဘောတို့၌ ဖြစ်၏။ တည်သည်ရှိသော် ဤတရားသဘောတို့၌ တည်၏။ လောက၌ စက္ခုဝိညာဏ်၁၀သည်။ပ။ လောက၌ သောတဝိညာဏ်၁၁သည်။ပ။ လောက၌ ဃာနဝိညာဏ်၁၂သည်။ပ။ လောက၌ ဇိဝှါဝိညာဏ်၁၃သည်။ပ။ လောက၌ ကာယဝိညာဏ်၁၄သည်။ပ။ လောက၌ မနောဝိညာဏ်၁၅သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤမနော ဝိညာဏ်၌ ဖြစ်၏။ တည်သည်ရှိသော် ဤမနောဝိညာဏ်၌ တည်၏။ လောက၌ စက္ခုသမ္ဖဿ၁၆သည်။ပ။ လောက၌ သောတသမ္ဖဿ၁၇သည်။ပ။ လောက၌ဃာနသမ္ဖဿ၁၈သည်။ပ။ လောက၌ ဇိဝှါသမ္ဖဿ၁၉သည်။ပ။ လောက၌ ကာယသမ္ဖဿ၂၀သည်။ပ။ လောက၌ မနောသမ္ဖဿ၂၁သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမနောသမ္ဖဿ၌ တည်၏။ လောက၌ စက္ခုသမ္ဖဿဇာဝေဒနာ၂၂သည်။ ပ။ လောက၌ သောတသမ္ဖဿဇာဝေဒနာ၂၃သည်။ပ။ လောက၌ ဃာနသမ္ဖဿဇာဝေဒနာ၂၄သည်။ ပ။ လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာ၂၅သည်။ ပ။ လောက၌ကာယသမ္ဖဿဇာဝေဒနာ၂၆သည်။ပ။ လောက၌ မနောသမ္ဖဿဇာဝေဒနာ၂၇သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ဖြစ်၏။ တည်သည်ရှိသော်ဤမနော သမ္ဖဿဇာဝေဒနာ၌ တည်၏။ လောက၌ ရူပသညာ၂၈သည်။ပ။ လောက၌ သဒ္ဒသညာ၂၉သည်။ပ။ လောက၌ ဂန္ဓသညာ၃၀ သည်။ပ။ လောက၌ ရသသညာ၃၁သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗသညာ၃၂သည်။ပ။ လောက၌ ဓမ္မသညာ၃၃သည်ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မသညာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မသညာ၌ တည်၏။ လောက၌ ရူပသဉ္စေတနာ၃၄သည်။ပ။ လောက၌ သဒ္ဒသဉ္စေတနာ၃၅သည်။ပ။ လောက၌ဂန္ဓသဉ္စေတနာ၃၆သည်။ပ။ လောက၌ ရသသဉ္စေတနာ၃၇သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗသဉ္စေတနာ၃၈သည်။ပ။ လောက၌ ဓမ္မသဉ္စေတနာ၃၉သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည်ဖြစ်သည်ရှိသော် ဤဓမ္မ သဉ္စေတနာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မသဉ္စေတနာ၌ တည်၏။ လောက၌ ရူပတဏှာ၄၀သည်။ပ။ လောက၌ သဒ္ဒတဏှာသည်။ပ။ လောက၌ ဂန္ဓတဏှာသည်။ပ။ လောက၌ ရသတဏှာသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ပ။ လောက၌ ဓမ္မတဏှာသည်ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မတဏှာ၌ ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မတဏှာ၌ တည်၏။ လောက၌ ရူပဝိတက်၄၁သည်။ပ။ လောက၌ သဒ္ဒဝိတက်သည်။ပ။ လောက၌ ဂန္ဓဝိတက်သည်။ပ။ လောက၌ ရသဝိတက်သည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ပ။ လောက၌ ဓမ္မဝိတက်သည့်ချစ်ခင်ဖွယ် သာယာဖွယ် သဘောဖြစ်၏၊ ထိုတပ်မက်ခြင်း 'တဏှာ' သည် ဖြစ်သည်ရှိသော် ဤဓမ္မဝိတက်၌ဖြစ်၏။ တည်သည်ရှိသော် ဤဓမ္မဝိတက်၌ တည်၏။ လောက၌ ရူပဝိစာရ၄၂သည်။ပ။ လောက၌ သဒ္ဒဝိစာရသည်။ပ။ လောက၌ ဂန္ဓဝိစာရသည်။ပ။ လောက၌ ရသဝိစာရသည်။ပ။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ပ။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ်သာယာဖွယ် သဘောဖြစ်၏၊ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ဖြစ်၏။ တည်သည်ရှိသော်ဤဓမ္မဝိစာရ၌ တည်၏။ ရဟန်းတို့ ဤတရားသဘောကို အရိယာတို့ သိအပ်သော ဒုက္ခသမုဒယအရိယသစ္စာ၄၃ဟူ၍ ဆိုအပ် ၏။ (၁။ တပ်မက်ခြင်း ၂။ ကာမဘုံ၌ တပ်မက်ခြင်း ၃။ ရူပအရူပဘုံတို့၌ တပ်မက်ခြင်း ၄။ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တပ်မက်ခြင်း ၅။ အဆင်း ၆။ အသံ ၇။ အနံ ၈။ အရသာ ၉။ အတွေ့အထိ ၁၀။ မျက်စိ၌မှီသောစိတ် ၁၁။ နား၌မှီသောစိတ် ၁၂။ နှာခေါင်း၌မှီသောစိတ် ၁၃။ လျှာ၌မှီသောစိတ် ၁၄။ ကိုယ်၌မှီသောစိတ် ၁၅။ မနော၌မှီသောစိတ် ၁၆။ မျက်စိအတွေ့ ၁၇။ နားအတွေ့ ၁၈။ နှာခေါင်းအတွေ့ ၁၉။ လျှာအတွေ့ ၂၀။ ကိုယ်အတွေ့ ၂၁။ မနောအတွေ့ ၂၂။ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း ၂၃။ နားအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း ၂၄။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း ၂၅။ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း ၂၆။ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားခြင်း ၂၇။ မနောအတွေ့ကြောင့်ဖြစ်သော ခံစားခြင်း ၂၈။ ရူပါရုံ၌ မှတ်သားခြင်း ၂၉။ သဒ္ဒါရုံ၌ မှတ်သားခြင်း ၃၀။ ဂန္ဓာရုံ၌ မှတ်သားခြင်း ၃၁။ ရသာရုံ၌ မှတ်သားခြင်း ၃၂။ ဖောဋ္ဌဗ္ဗာရုံ၌ မှတ်သားခြင်း ၃၃။ ဓမ္မာရုံ၌ မှတ်သားခြင်း ၃၄။ ရူပါရုံ၌ စေ့ဆော်ခြင်း ၃၅။ သဒ္ဒါရုံ၌ စေ့ဆော်ခြင်း ၃၆။ ဂန္ဓာရုံ၌ စေ့ဆော်ခြင်း ၃၇။ ရသာရုံ၌ စေ့ဆော်ခြင်း ၃၈။ ဖောဋ္ဌဗ္ဗာရုံ၌ စေ့ဆော်ခြင်း ၃၉။ ဓမ္မာရုံ၌ စေ့ဆော်ခြင်း ၄၀။ ရူပါရုံ၌ တပ်မက်ခြင်း ၄၁။ ရူပါရုံ၌ ကြံစည်ခြင်း ၄၂။ ရူပါရုံ၌ သုံးသပ်ဆင်ခြင်ခြင်း ၄၃။ ဆင်းရဲဖြစ်ကြောင်း အရိယာတို့ သိအပ်သော အမှန်တရား။)
ဒုက္ခသမုဒယ အရိယသစ္စာ
။ ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ မဟာသတိပဋ္ဌာနသုတ်၊ ဒုက္ခသမုဒယ အရိယသစ္စာ ရဟန်းတို့ ဒုက္ခနိရောဓအရိယသစ္စာသည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမရှိ့ကင်းချုပ်ရာ, တဏှာကို စွန့်ရာ, တဏှာကို ဝေးစွာ စွန့်ရာ, တဏှာမှ လွတ်မြောက်ရာ, တဏှာဖြင့်မကပ် ငြိရာ (နိဗ္ဗာန်) တည်း။ ရဟန်းတို့ ထိုတဏှာကို ပယ်အပ်သည်ရှိသော် အဘယ်၌ ပယ်အပ်သနည်း၊ ချုပ်သည်ရှိသော် အဘယ်၌ချုပ်သနည်း၊ လောက၌ ချစ်ခင်ဖွယ် သာယာဖွယ် သဘောသည် (ရှိ၏)၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤချစ်ခင်ဖွယ်သာယာဖွယ်သဘော၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤချစ်ခင်ဖွယ်သာယာဖွယ်သဘော၌ ချုပ်၏။ လောက၌ ချစ်ခင်ဖွယ်သာယာဖွယ်သဘောသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤမျက်စိ၌ ချုပ်၏။ လောက၌ နားသည်။ပ။ လောက၌ နှာခေါင်းသည်။ပ။ လောက၌ လျှာသည်။ပ။ လောက၌ ကိုယ်သည်။ပ။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာသည် ပယ်အပ်သည်ရှိသော် ဤစိတ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤစိတ်၌ ချုပ်၏။ လောက၌ ရူပါရုံတို့သည်။ လောက၌ သဒ္ဒါရုံတို့သည်။ လောက၌ ဂန္ဓာရုံတို့သည်။ လောက၌ရသာရုံတို့သည်။ လောက၌ ဖောဋ္ဌဗ္ဗာရုံတို့သည်။ လောက၌ ဓမ္မာရုံတို့သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မာရုံတို့၌ ချုပ်၏။ လောက၌ စက္ခုဝိညာဏ်သည်။ လောက၌ သောတဝိညာဏ်သည်။ လောက၌ ဃာနဝိညာဏ်သည်။ လောက၌ ဇိဝှါဝိညာဏ်သည်။ လောက၌ ကာယဝိညာဏ်သည်။ လောက၌ မနောဝိညာဏ်သည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောဝိညာဏ်၌ ချုပ်၏။ လောက၌ စက္ခုသမ္ဖဿသည်။ လောက၌ သောတသမ္ဖဿသည်။ လောက၌ ဃာနသမ္ဖဿသည်။ လောက၌ ဇိဝှါသမ္ဖဿသည်။ လောက၌ ကာယသမ္ဖဿသည်။ လောက၌ မနောသမ္ဖဿသည်ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿ၌ပယ်အပ်၏၊ ချုပ် သည်ရှိသော် ဤ (မနောသမ္ဖဿ) ၌ ချုပ်၏။ လောက၌ စက္ခုသမ္ဖဿဇာဝေဒနာသည်။ လောက၌ သောတသမ္ဖဿဇာဝေဒနာသည်။ လောက၌ဃာနသမ္ဖဿဇာဝေဒနာသည်။ လောက၌ ဇိဝှါသမ္ဖဿဇာဝေဒနာသည်။ လောက၌ ကာယသမ္ဖဿဇာဝေဒနာသည်။ လောက၌ မနောသမ္ဖဿဇာဝေဒနာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤမနောသမ္ဖဿဇာဝေဒနာ၌ ချုပ်၏။ လောက၌ ရူပသညာသည်။ လောက၌ သဒ္ဒသညာသည်။ လောက၌ ဂန္ဓသညာသည်။ လောက၌ရသသညာသည်။ လောက၌ ဖောဋ္ဌဗ္ဗသညာသည်။ လောက၌ ဓမ္မသညာသည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသညာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော်ဤဓမ္မသညာ၌ ချုပ်၏။ လောက၌ ရူပသဉ္စေတနာသည်။ လောက၌ သဒ္ဒသဉ္စေတနာသည်။ လောက၌ ဂန္ဓသဉ္စေတနာသည်။ လောက၌ ရသသဉ္စေတနာသည်။ လောက၌ ဖောဋ္ဌဗ္ဗသဉ္စေတနာသည်။ လောက၌ ဓမ္မသဉ္စေတနာသည်ချစ်ခင် ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မသဉ္စေတနာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မသဉ္စေတနာ၌ ချုပ်၏။ လောက၌ ရူပတဏှာသည်။ လောက၌ သဒ္ဒတဏှာသည်။ လောက၌ ဂန္ဓတဏှာသည်။ လောက၌ရသတဏှာသည်။ လောက၌ ဖောဋ္ဌဗ္ဗတဏှာသည်။ လောက၌ ဓမ္မတဏှာသည် ချစ်ခင်ဖွယ်သာယာဖွယ့်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မတဏှာ၌ ချုပ်၏။ လောက၌ ရူပဝိတက်သည်။ လောက၌ သဒ္ဒဝိတက်သည်။ လောက၌ ဂန္ဓဝိတက်သည်။ လောက၌ရသဝိတက်သည်။ လောက၌ ဖောဋ္ဌဗ္ဗဝိတက်သည်။ လောက၌ ဓမ္မဝိတက်သည် ချစ်ခင်ဖွယ်သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ပယ်အပ်၏၊ ချုပ်သည်ရှိသော် ဤဓမ္မဝိတက်၌ ချုပ်၏။ လောက၌ ရူပဝိစာရသည်။ လောက၌ သဒ္ဒဝိစာရသည်။ လောက၌ ဂန္ဓဝိစာရသည်။ လောက၌ရသ ဝိစာရသည်။ လောက၌ ဖောဋ္ဌဗ္ဗဝိစာရသည်။ လောက၌ ဓမ္မဝိစာရသည် ချစ်ခင်ဖွယ် သာယာဖွယ်သဘော ဖြစ်၏၊ ထိုတဏှာကို ပယ်အပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏။ ချုပ်သည်ရှိသော် ဤဓမ္မဝိစာရ၌ ချုပ်၏။ ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓအရိယသစ္စာ၁ဟူ၍ ဆိုအပ်၏။ ၁။ ဒုက္ခ၏ချုပ်ရာ အရိယာတို့ သိအပ်သော အမှန်တရား။
ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ
။ ဒီဃနိကာယ်၊ သုတ်မဟာဝါ၊ မဟာသတိပဋ္ဌာနသုတ်၊ ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ ရဟန်းတို့ ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယသစ္စာ၁သည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်အကျင့်လမ်းတည်း။ ဤမဂ်အကျင့်လမ်းတို့သည် အဘယ်တို့နည်း။ သမ္မာဒိဋ္ဌိ၂သမ္မာသင်္ကပ္ပ၃ သမ္မာဝါစာ၄ သမ္မာကမ္မန္တ၅ သမ္မာအာဇီဝ၆ သမ္မာဝါယာမ၇ သမ္မာသတိ၈ သမ္မာသမာဓိ၉တို့ပေတည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။ ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ ချုပ်ရာ (နိဗ္ဗာန်) ၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤ (သိမြင်ခြင်း) ကိုမှန်စွာသိမြင်ခြင်း 'သမ္မာဒိဋ္ဌိ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။ (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်ဆီးခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှဉ်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြံခြင်း) ကို မှန်စွာကြံခြင်း 'သမ္မာသင်္ကပ္ပ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။ မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကုန်းစကားမှ ကြဉ်ရှောင်ခြင်း၊ ရုန့်ကြမ်းသော စကားမှကြဉ်ရှောင်ခြင်း၊ ပြိန်ဖျင်းသော စကားမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤကြဉ်ရှောင်ခြင်းကို မှန်စွာပြောဆိုခြင်း 'သမ္မာဝါစာ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာကမ္မ န္တသည် အဘယ်နည်း။ အသက်ကို သတ်ခြင်းမှ ကြဉ်ရှောင်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်ခြင်း၊ ကာမဂုဏ်တို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ကြဉ်ရှောင်ခြင်းတည်း။ ရဟန်းတို့ ဤ (ကြဉ်ရှောင်ခြင်း) ကို မှန်စွာပြုလုပ်ခြင်း 'သမ္မာကမ္မန' ္တ ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို့ပယ်စွန့်၍ မှန်စွာ အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤ (အသက်မွေးခြင်း) ကို မှန်စွာအသက်မွေးခြင်း 'သမ္မာအာဇီဝ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကိုမဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကိုဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွါးစေရန် ပြန့်ပြောစေရန် ပွါးများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤ (အားထုတ်ခြင်း) ကို မှန်စွာ အားထုတ်ခြင်း 'သမ္မာဝါယာမ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာ ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည်ဖြစ်၍သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာ ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာ ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈ ာဒေါမနဿကို ပယ်ဖျောက်၍သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ဤ (အောက်မေ့ခြင်း သတိ) ကို မှန်စွာအောက်မေ့ခြင်း 'သမ္မာသတိ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ဝိတက်နှင့်တကွဖြစ်သော ဝိစာရနှင့်တကွဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ သမာဓိကို ဖြစ်ပွါးစေတတ်သော၊ ဝိတက်လည်းမရှိသော၊ ဝိစာရလည်းမရှိသော၊ သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသောဒုတိယဈာန်သို့ ရောက်၍ နေ၏။ ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် သတိရှိလျက် ဆင်ခြင်လျက် နေ၏၊ သုခကိုလည်းကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို ''အမျှရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း ရှေးဦးကပင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ ကင်းသော ဥပေက္ခာကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤ (သမာဓိ) ကို မှန်စွာတည်ကြည်ခြင်း 'သမ္မာသမာဓိ' ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤတရားသဘောကို ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာဟူ၍ဆိုအပ်၏။ ဤသို့ မိမိ၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍့နေ၏၊ သူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍နေ၏၊ မိမိသူတစ်ပါး၏ သဘောတရားတို့၌မူလည်း သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ပျက်ကြောင်းတရားနှင့် ပျက်ခြင်းသဘောကို အကြိမ်ကြိမ်ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ သဘောတရားတို့၌ ဖြစ်ကြောင်း ပျက်ကြောင်းတရားနှင့် ဖြစ်ခြင်းပျက်ခြင်းသဘောကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍မူလည်း နေ၏၊ ထို့ပြင် ''သဘောတရားတို့သည်သာ လျှင် ရှိကုန်၏''ဟု ထိုရဟန်းအား သတိသည် ရှေးရှူထင်၏၊ (ထိုသတိသည်) အဆင့်ဆင့် အသိဉာဏ် တိုးပွါးခြင်းငှါသာ ဖြစ်၏၊ အဆင့်ဆင့် သတိ တစ်ဖန်တိုးပွါးခြင်းငှါသာ ဖြစ်၏၊ (ထိုရဟန်းသည် တဏှာ ဒိဋ္ဌိတို့ဖြင့်) မမှီမတွယ်မူ၍လည်း နေ၏၊ လောက၌တစ်စုံတစ်ရာကိုမျှလည်း(ငါ, ငါ၏ဥစ္စာဟု) စွဲလည်း မစွဲလမ်း။ ရဟန်းတို့ ဤသို့လည်း ရဟန်းသည်အရိယသစ္စာလေးပါး သဘောတရားတို့၌ သဘော တရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။
သိမှတ်ဖွယ်ရာများ “သစ္စာ(၄)ပါး”
• သိမှတ်ဖွယ်ရာများ “သစ္စာ(၄)ပါး”။ ---
၇။ ပဋိသမ္ဘိဒါမဂ်ကျမ်းမှ ဉာဏ်(၁၇)ပါး
• ပဋိသမ္ဘိဒါမဂ်ကျမ်းမှ ဉာဏ်(၁၇)ပါး။
၁-သုတမယဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁) သုတမယဉာဏ် အကျယ်ပြခြင်း အဘယ်သို့လျှင် နာကြားအပ်သော တရားသဘော၌ (ဖြစ်သော) ပညာသည် သုတမယဉာဏ် မည်သနည်း။ ''ဤတရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာ ကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၁) ''ဤတရားတို့ကို ပိုင်းခြားသတ်မှတ် သိအပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၂) ''ဤတရားတို့ကို ပယ်အပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၃) ''ဤတရားတို့ကို ပွါးများအပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ် သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၄) ''ဤတရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာ ကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၅) ''ဤတရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၆) ''ဤတရားအပေါင်းတို့သည် တည်တံ့ခြင်းအဖို့ရှိကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်း သည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ် မည်၏။ (၇) ''ဤတရားအပေါင်းတို့သည် ထူးခြားသောအဖို့ရှိကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်း သည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ် မည်၏။ (၈) ''ဤတရားအပေါင်းတို့သည် လောဘစသည်ကို ဖောက်ခွဲခြင်းအဖို့ရှိကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ် မည်၏။ (၉) ''အလုံးစုံသော သင်္ခါရတရားတို့သည် မမြဲကုန်''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၁၀) ''အလုံးစုံသော သင်္ခါရတရားတို့သည် ဆင်းရဲကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၁၁) ''အလုံးစုံသော တရားတို့သည် ကိုယ်ပိုင်ကိုယ်စိုး မဟုတ်ကုန်''ဟု (ဟောတော်မူသော တရား အပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယ ဉာဏ်မည်၏။ (၁၂) ''ဤတရားကား ဒုက္ခဟူသော အရိယသစ္စာတည်း''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏။ (၁၃)။ ''ဤတရားကား ဒုက္ခဖြစ်ကြောင်းဟူသော အရိယသစ္စာတည်း''ဟု (ဟောတော်မူသော တရား အပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယ ဉာဏ်မည်၏။ (၁၄) ''ဤတရားကား ဒုက္ခချုပ်ရာ နိဗ္ဗာန်ဟူသော အရိယသစ္စာတည်း''ဟု (ဟောတော်မူသော တရား အပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယ ဉာဏ်မည်၏။ (၁၅) ''ဤတရားကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဟူသော အရိယသစ္စာတည်း''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိ သောပညာသည် သုတမယဉာဏ်မည်၏။ (၁၆) ''ဤတရားတို့ကို ထူးခြားစွာသိအပ်ကုန်၏''ဟု (ဟောတော်မူသော တရားပေါင်းသည်) အဘယ်သို့လျှင် နာကြားအပ်သော တရားမည်သနည်း။ ထိုတရားအပေါင်းကို သိသောပညာသည် အဘယ်သို့လျှင် သုတမယဉာဏ်မည်သနည်း။ ''သတ္တဝါအားလုံးတို့သည် အစာအာဟာရလျှင် တည်ရာရှိကုန်၏''ဟူသော တစ်ပါးသောတရားကို ထူးခြားစွာ သိအပ်၏။ (သင်္ခတဓာတ်၊ အသင်္ခတဓာတ်) တရားနှစ်ပါးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ (ကာမ၊ ရူပ၊ အရူပ) ဓာတ်သုံးပါး တရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ သစ္စာလေးပါး တရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အရဟတ္တဖိုလ်၏ အကြောင်းဖြစ်သော ဝိမုတ္တာယတနတရား ငါးပါးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အမြတ်ဆုံး အကြီးဆုံး အနုတ္တရိယခြောက်ပါး တရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အခိုက်အတန့်မျှ ပဋိသန္ဓေနေခြင်းမရှိသော ရဟန္တာဖြစ်ကြောင်း၁ နိဒ္ဒသဝတ္ထုခုနစ်ပါး တရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏၊ ကသိုဏ်းစသော အာရုံကို လွှမ်းမိုး၍ဖြစ်သော အဘိဘာယတနဈာန်တရား ရှစ်ပါးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အစဉ်အတိုင်း ဝင်စားနေထိုင်ခြင်း အနုပုဗ္ဗဝိဟာရသမာပတ်တရား ကိုးပါးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ မိစ္ဆာဒိဋ္ဌိစသည်ကို ဖျက်ဆီးကြောင်း နိဇ္ဇရဝတ္ထုတရား ဆယ်ပါးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ (၁၀) ၃။ ရဟန်းတို့ အလုံးစုံသော တရားအပေါင်းကို ထူးခြားစွာ သိအပ်၏။ ရဟန်းတို့ အလုံးစုံသော တရားအပေါင်းကို အဘယ်သို့လျှင် ထူးခြားစွာ သိအပ်သနည်း။ ရဟန်းတို့ မျက်စိကို ထူးခြားစွာ သိအပ်၏။ အဆင်းတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ မျက်စိ အသိစိတ် 'စက္ခုဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကို ထူးခြားစွာ သိအပ့်၏။ မျက်စိအတွေ့ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော ခံစားအပ်သော ချမ်းသာ၊ ဆင်းရဲ၊ လျစ်လျူ ဝေဒနာကို ထူးခြားစွာ သိအပ်၏။ နားကို ထူးခြားစွာ သိအပ်၏။ အသံတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ နှာခေါင်းကို ထူးခြားစွာ သိအပ်၏။ အနံ့တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ လျှာကို ထူးခြားစွာ သိအပ်၏။ အရသာတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ ကိုယ်ကို ထူးခြားစွာ သိအပ်၏။ အတွေ့တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ စိတ်ကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ စိတ်အသိ 'မနောဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ စိတ်အတွေ့ 'မနောသမ္ဖဿ'ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကို ထူးခြားစွာ သိအပ်၏။ (၃၀) ရူပက္ခန္ဓာ 'ရုပ်အစု'ကို ထူးခြားစွာ သိအပ်၏။ ဝေဒနာက္ခန္ဓာ 'ဝေဒနာအစု'ကို ထူးခြားစွာ သိအပ်၏။ သညာက္ခန္ဓာ 'သညာအစု'ကို ထူးခြားစွာ သိအပ်၏။ သင်္ခါရက္ခန္ဓာ 'သင်္ခါရအစု'တို့ကို ထူးခြားစွာသိအပ်ကုန်၏။ ဝိညာဏက္ခန္ဓာ 'ဝိညာဉ်အစု'ကို ထူးခြားစွာ သိအပ်၏။ (၅) မျက်စိကို ထူးခြားစွာ သိအပ်၏။ နားကို ထူးခြားစွာ သိအပ်၏။ နှာခေါင်းကို ထူးခြားစွာ သိအပ်၏။ လျှာကို ထူးခြားစွာ သိအပ်၏။ ကိုယ်ကို ထူးခြားစွာ သိအပ်၏။ စိတ်ကို ထူးခြားစွာ သိအပ်၏။ အဆင်းတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အသံတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အနံ့တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အရသာတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အတွေ့တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ (ဓမ္မာရုံ) တရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ မျက်စိအသိစိတ် 'စက္ခုဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ နားအသိစိတ် 'သောတဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ နှာခေါင်းအသိစိတ် 'ဃာနဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ လျှာအသိစိတ် 'ဇိဝှါ ဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ ကိုယ်အသိစိတ် 'ကာယဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ စိတ်အသိ 'မနောဝိညာဉ်'ကို ထူးခြားစွာ သိအပ်၏။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကို ထူးခြားစွာ သိအပ်၏။ နားအတွေ့ 'သောတသမ္ဖဿ'ကို ထူးခြားစွာ သိအပ်၏။ နှာခေါင်းအတွေ့ 'ဃာနသမ္ဖဿ'ကို ထူးခြားစွာ သိအပ်၏။ လျှာအတွေ့ 'ဇိဝှါသမ္ဖဿ'ကို ထူးခြားစွာ သိအပ်၏။ ကိုယ်အတွေ့ 'ကာယသမ္ဖဿ'ကို ထူးခြားစွာ သိအပ်၏။ စိတ်အတွေ့ 'မနော သမ္ဖဿ'ကို ထူးခြားစွာ သိအပ်၏။ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှုဝေဒနာကို ထူးခြားစွာ သိအပ်၏။ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု ဝေဒနာကို ထူးခြားစွာ သိအပ်၏။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှုဝေဒနာကို ထူးခြားစွာ သိအပ်၏။ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှုဝေဒနာကို ထူးခြားစွာ သိအပ်၏။ ကိုယ်အတွေ့ ကြောင့်ဖြစ်သော ခံစားမှု ဝေဒနာကို ထူးခြားစွာ သိအပ်၏။ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှုဝေဒနာကို ထူးခြားစွာ သိအပ်၏။ အဆင်းအမှတ်သညာကို ထူးခြားစွာ သိအပ်၏။ အသံအမှတ်သညာကို ထူးခြားစွာ သိအပ်၏။ အနံ့ အမှတ် သညာကို ထူးခြားစွာ သိအပ်၏။ အရသာအမှတ်သညာကို ထူးခြားစွာ သိအပ်၏။ အတွေ့အထိ အမှတ်သညာကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံအမှတ်သညာကို ထူးခြားစွာ သိအပ်၏။ အဆင်း၌ စေ့ဆော်မှုကို ထူးခြားစွာ သိအပ်၏။ အသံ၌ စေ့ဆော်မှုကို ထူးခြားစွာ သိအပ်၏။ အနံ့၌ စေ့ဆော်မှုကို ထူးခြားစွာ သိအပ်၏။ အရသာ၌ စေ့ဆော်မှုကို ထူးခြားစွာ သိအပ်၏။ အတွေ့အထိ၌ စေ့ဆော်မှုကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံ၌ စေ့ဆော်မှုကို ထူးခြားစွာ သိအပ်၏။ အဆင်း၌ တပ်မက်မှုကို ထူးခြားစွာ သိအပ်၏။ အသံ၌ တပ်မက်မှုကို ထူးခြားစွာ သိအပ်၏။ အနံ့၌ တပ်မက်မှုကို ထူးခြားစွာ သိအပ်၏။ အရသာ၌ တပ်မက်မှုကို ထူးခြားစွာ သိအပ်၏။ အတွေ့အထိ၌ တပ်မက်မှုကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံ၌ တပ်မက်မှုကို ထူးခြားစွာ သိအပ်၏။ အဆင်း၌ ကြံစည်မှုကို ထူးခြားစွာ သိအပ်၏။ အသံ၌ ကြံစည်မှုကို ထူးခြားစွာ သိအပ်၏။ အနံ့၌ ကြံစည်မှုကို ထူးခြားစွာ သိအပ်၏။ အရသာ၌ ကြံစည်မှုကို ထူးခြားစွာ သိအပ်၏။ အတွေ့အထိ၌ ကြံ စည်မှုကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံ၌ ကြံစည်မှုကို ထူးခြားစွာ သိအပ်၏။ အဆင်း၌ ဆင်ခြင်မှုကို ထူးခြားစွာ သိအပ်၏။ အသံ၌ ဆင်ခြင်မှုကို ထူးခြားစွာ သိအပ်၏။ အနံ့၌ ဆင်ခြင်မှုကို ထူးခြားစွာ သိအပ်၏။ အရသာ၌ ဆင်ခြင်မှုကို ထူးခြားစွာ သိအပ်၏။ အတွေ့အထိ၌ ဆင်ခြင်မှုကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံ၌ ဆင်ခြင်မှုကို ထူးခြားစွာ သိအပ်၏။ (၆၀) မြေဓာတ်ကို ထူးခြားစွာ သိအပ်၏။ ရေဓာတ်ကို ထူးခြားစွာ သိအပ်၏။ မီးဓာတ်ကို ထူးခြားစွာ သိအပ်၏။ လေဓာတ်ကို ထူးခြားစွာ သိအပ်၏။ ဟင်းလင်း 'အပွင့်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ စိတ် 'ဝိညာဉ်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ (၉) မြေသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'ပထဝီကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ ရေသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'အာပေါကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ မီးသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'တေဇောကသိုဏ်း'လျှင် အာရုံရှိသော ဈာန် ကို ထူးခြားစွာ သိအပ်၏။ လေသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'ဝါယောကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ အညိုသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'နီလကသိုဏ်း'လျှင် အာရုံရှိ သော ဈာန်ကို ထူးခြားစွာ သိအပ်၏။ အဝါသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'ပီတကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ အနီသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'လောဟိတ ကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ အဖြူသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'ဩဒါတကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ ဟင်းလင်းသာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'အာကာသကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ စိတ်ဝိညာဉ်သာလျှင် အပိုင်းအခြားမရှိ ပျံ့နှံ့ခြင်း 'ဝိညာဏကသိုဏ်း'လျှင် အာရုံရှိသော ဈာန်ကို ထူးခြားစွာ သိအပ်၏။ (၁၀) ဆံပင်တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အမွေးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ ခြေသည်း၊ လက်သည်းတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ သွားတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အရေကို ထူးခြားစွာ သိအပ်၏။ အသားကို ထူးခြားစွာ သိအပ်၏။ အကြောတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ အရိုးတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ ရိုးတွင်းခြင်ဆီကို ထူးခြားစွာ သိအပ်၏။ အညှို့ကို ထူးခြားစွာ သိအပ်၏။ နှလုံးကို ထူးခြားစွာ သိအပ်၏။ အသည်းကို ထူးခြားစွာ သိအပ်၏။ အမြှေးကို ထူးခြားစွာ သိအပ်၏။ အဖျဉ်းကို ထူးခြားစွာ သိအပ်၏။ အဆုတ်ကို ထူးခြားစွာ သိအပ်၏။ အူမကို ထူးခြားစွာ သိအပ်၏။ အူသိမ်ကို ထူးခြားစွာ သိအပ်၏။ အစာသစ်ကို ထူးခြားစွာ သိအပ်၏။ အစာဟောင်းကို ထူးခြားစွာ သိအပ်၏။ သည်းခြေကို ထူးခြားစွာ သိအပ်၏။ သလိပ်ကို ထူးခြားစွာ သိအပ်၏။ ပြည်ကို ထူးခြားစွာ သိအပ်၏။ သွေးကို ထူးခြားစွာ သိအပ်၏။ ချွေးကို ထူးခြားစွာ သိအပ်၏။ အဆီခဲကို ထူးခြားစွာ သိအပ်၏။ မျက်ရည်ကို ထူးခြားစွာ သိအပ်၏။ ဆီကြည်ကို ထူးခြားစွာ သိအပ်၏။ တံတွေးကို ထူးခြားစွာ သိအပ်၏။ နှပ်ကို ထူးခြားစွာ သိအပ်၏။ အစေးကို ထူးခြားစွာ သိအပ်၏။ ကျင်ငယ်ကို ထူးခြားစွာ သိအပ်၏။ ဦးနှောက်ကို ထူးခြားစွာ သိအပ်၏။ (၁၂) မျက်စိဟူသော တည်ရာ 'စက္ခာယတန'ကို ထူးခြားစွာ သိအပ်၏။ အဆင်းဟူသော တည်ရာ 'ရူပါယတန'ကို ထူးခြားစွာ သိအပ်၏။ နားဟူသော တည်ရာ 'သောတာယတန'ကို ထူးခြားစွာ သိအပ်၏။ အသံဟူသော တည်ရာ 'သဒ္ဒါယတန'ကို ထူးခြားစွာ သိအပ်၏။ နှာခေါင်းဟူသော တည်ရာ 'ဃာနာယတန'ကို ထူးခြားစွာ သိအပ်၏။ အနံ့ဟူသော တည်ရာ 'ဂန္ဓာယတန'ကို ထူးခြားစွာ သိအပ်၏။ လျှာဟူသော တည်ရာ 'ဇိဝှါယတန'ကို ထူးခြားစွာ သိအပ်၏။ အရသာဟူသော တည်ရာ 'ရသာယတန'ကို ထူးခြားစွာ သိအပ်၏။ ကိုယ်ဟူသော တည်ရာ 'ကာယာယတန'ကို ထူးခြားစွာ သိအပ်၏။ အတွေ့ဟူသော တည်ရာ 'ဖောဋ္ဌဗ္ဗာ ယတန'ကို ထူးခြားစွာ သိအပ်၏။ စိတ်ဟူသော တည်ရာ 'မနာယတန'ကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံဟူသော တည်ရာ 'ဓမ္မာယတန'ကို ထူးခြားစွာ သိအပ်၏။ (၁၂) မျက်စိ 'စက္ခု'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ အဆင်း'ရူပ'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ မျက်စိအသိစိတ် 'စက္ခုဝိညာဉ်'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ နား'သောတ'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ အသံ 'သဒ္ဒ'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ နားအသိစိတ် 'သောတဝိညာဉ်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ နှာခေါင်း 'ဃာန'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ အနံ့ 'ဂန္ဓ' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ နှာခေါင်း အသိစိတ် 'ဃာနဝိညာဉ်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ လျှာ 'ဇိဝှါ' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ အရသာ 'ရသ' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ လျှာအသိစိတ် 'ဇိဝှါဝိညာဉ်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ ကိုယ် 'ကာယ'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ အတွေ့ 'ဖောဋ္ဌဗ္ဗ'ဓာတ်ကို ထူးခြားစွာ သိအပ်၏။ ကိုယ်အသိစိတ် 'ကာယဝိညာဉ်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ စိတ် 'မနော' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ ဓမ္မာရုံ 'ဓမ္မ'ဓာတ် ကို ထူးခြားစွာ သိအပ်၏။ စိတ်အသိ 'မနောဝိညာဉ်' ဓာတ်ကို ထူးခြားစွာ သိအပ်၏။ (၁၈) မျက်စိဣန္ဒြေ 'စက္ခုန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ နားဣန္ဒြေ 'သောတိန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ နှာခေါင်းဣန္ဒြေ 'ဃာနိန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ လျှာဣန္ဒြေ 'ဇိဝှိန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ ကိုယ် ဣန္ဒြေ 'ကာယိန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ စိတ်ဣန္ဒြေ 'မနိန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ အသက်ဣန္ဒြေ 'ဇီဝိတိန္ဒြေ' ကို ထူးခြားစွာ သိအပ်၏။ ဣတ္ထိဘော 'ဣတ္ထိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ ပုမ္ဘော 'ပုရိသိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ ချမ်းသာမှုဣန္ဒြေ 'သုခိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲမှုဣန္ဒြေ 'ဒုက္ခိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ ဝမ်းမြောက်မှုဣန္ဒြေ 'သောမနဿိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ နှလုံးမသာမှုဣန္ဒြေ 'ဒေါမနဿိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ လျစ်လျူရှုမှုဣန္ဒြေ 'ဥပေက္ခိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ ယုံကြည်မှု ဣန္ဒြေ 'သဒ္ဓိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ အား စိုက်မှုဣန္ဒြေ 'ဝီရိယိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ အောက်မေ့မှု ဣန္ဒြေ 'သတိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ တည်ကြည်မှုဣန္ဒြေ 'သမာဓိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ သိမှုဣန္ဒြေ 'ပညိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ မသိရသေးသည်ကို သိလိုမှုဣန္ဒြေ 'အနုညာတညဿာမီတိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ သိမြင်နေမှုဣန္ဒြေ 'အညိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ သိမြင်ပြီးစီးမှုဣန္ဒြေ 'အညာတာဝိန္ဒြေ'ကို ထူးခြားစွာ သိအပ်၏။ (၂၂) ကာမဓာတ်ကို ထူးခြားစွာ သိအပ်၏။ ရူပဓာတ်ကို ထူးခြားစွာ သိအပ်၏။ အရူပဓာတ်ကို ထူးခြားစွာ သိအပ်၏။ ကာမဘဝကို ထူးခြားစွာ သိအပ်၏။ ရူပဘဝကို ထူးခြားစွာ သိအပ်၏။ အရူပဘဝကို ထူးခြားစွာ သိအပ်၏။ သညာရှိသော 'သညီ' ဘဝကို ထူးခြားစွာ သိအပ်၏။ သညာမရှိသော 'အသညီ'ဘဝကို ထူးခြားစွာ သိအပ်၏။ နေဝသညီ နာသညီဘဝကို ထူးခြားစွာ သိအပ်၏။ ခန္ဓာတစ်ပါးရှိသော 'ဧကဝေါကာရ' ဘဝကို ထူးခြားစွာ သိအပ်၏။ ခန္ဓာလေးပါးရှိသော 'စတုဝေါကာရ' ဘဝကို ထူးခြားစွာ သိအပ်၏။ ခန္ဓာငါးပါးရှိသော 'ပဉ္စဝေါကာရ' ဘဝကို ထူးခြားစွာ သိအပ်၏။ (၁၂) ပဌမဈာန်ကို ထူးခြားစွာ သိအပ်၏။ ဒုတိယဈာန်ကို ထူးခြားစွာ သိအပ်၏။ တတိယဈာန်ကို ထူးခြားစွာ သိအပ်၏။ စတုတ္ထဈာန်ကို ထူးခြားစွာ သိအပ်၏။ (စိတ်၏ ဆန့်ကျင်ဘက်တရားတို့မှ လွတ်သော) စေတောဝိမုတ္တိခေါ် မေတ္တာကို ထူးခြားစွာ သိအပ်၏။ စေတောဝိမုတ္တိခေါ် ကရုဏာကို ထူးခြားစွာ သိအပ်၏။ စေတောဝိမုတ္တိခေါ် မုဒိတာကို ထူးခြားစွာ သိအပ်၏။ စေတောဝိမုတ္တိခေါ် ဥပေက္ခာကို ထူးခြားစွာ သိအပ်၏။ အပိုင်းအခြားမရှိသော ကောင်းကင်ပညတ်အာရုံရှိသော အာကာသာနဉ္စာယတန သမာပတ်ကို ထူးခြားစွာ သိအပ်၏။ အပိုင်းအခြားမရှိသော စိတ်ဝိညာဉ်အာရုံရှိသော ဝိညာဏဉ္စာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ ပဌမာရုပ္ပဝိညာဉ်ကင်းခြင်းကြောင့် ကင်းသောအာရုံရှိသော အာကိဉ္စညာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ သိမ်မွေ့သောသညာရှိ ရုန့်ရင်းသော သညာကင်းသော အာရုံရှိသော နေဝသညာ နာသညာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ (၁၂) မသိမိုက်မဲခြင်း 'အဝိဇ္ဇာ'ကို ထူးခြားစွာ သိအပ်၏။ ပြုလုပ်စီမံခြင်း 'သင်္ခါရ'တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ စိတ်ဝိညာဉ်ကို ထူးခြားစွာ သိအပ်၏။ နာမ်ရုပ်ကို ထူးခြားစွာ သိအပ်၏။ တည်ရာ ခြောက်မျိုး 'သဠာယတန'ကို ထူးခြားစွာ သိအပ်၏။ အတွေ့ 'ဖဿ'ကို ထူးခြားစွာ သိအပ်၏။ ခံစားမှု 'ဝေဒနာ' ကို ထူးခြားစွာ သိအပ်၏။ တပ်မက်မှု 'တဏှာ'ကို ထူးခြားစွာ သိအပ်၏။ စွဲလန်းမှု 'ဥပါဒါန်' ကို ထူးခြားစွာ သိအပ်၏။ ဖြစ်ပွားမှုကံ 'ဘဝ'ကို ထူးခြားစွာ သိအပ်၏။ ဘဝသစ်ဖြစ်ပေါ်ရာ 'ဇာတိ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု 'ဇရာ'၊ သေမှု 'မရဏ'ကို ထူးခြားစွာ သိအပ်၏။ (၁၂) ဆင်းရဲဒုက္ခကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ ဆင်း ရဲဒုက္ခချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ထူးခြားစွာ သိအပ်၏။ ခံစားမှု 'ဝေဒနာ'ကို ထူးခြားစွာ သိအပ်၏။ပ။ အမှတ် 'သညာ' ကို ထူးခြားစွာ သိအပ်၏။ပ။ ပြုလုပ်စီမံမှု 'သင်္ခါရ'တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ပ။ စိတ်ဝိညာဉ်ကို ထူးခြားစွာ သိအပ်၏။ မျက်စိကို ထူးခြားစွာ သိအပ်၏။ပ။ အိုမှု၊ သေမှုကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ထူးခြားစွာ သိအပ်၏။ (၈၀၈) ဆင်းရဲဒုက္ခ၏ ပိုင်းခြား သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခဖြစ်ကြောင်း တဏှာ၏ ပယ်အပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခချုပ်ရာ နိဗ္ဗာန်၏ မျက်မှောက်ပြုအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၏ ပွါးများရသော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ပိုင်းခြား သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ဖြစ်ကြောင်းတဏှာ၏ ပယ်အပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်၏ မျက်မှောက်ပြုအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၏ ပွါးများရသော အနက်ကို ထူးခြားစွာ သိအပ်၏။ ခံစားမှု 'ဝေဒနာ'၏။ပ။ အမှတ် 'သညာ'၏။ပ။ ပြုလုပ်စီမံမှု 'သင်္ခါရ'တို့၏။ပ။ စိတ်ဝိညာဉ်၏။ပ။ မျက်စိ 'စက္ခု'၏။ပ။ အိုမှု၊ သေမှု၏ ပိုင်းခြားသိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုဖြစ်ကြောင်း တဏှာ၏ ပယ်အပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်၏ မျက်မှောက်ပြုအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၏ ပွါး များရသော အနက်ကို ထူးခြားစွာ သိအပ်၏။ (၈၀၈) ဆင်းရဲဒုက္ခ၏ ပိုင်းခြား၍လည်း သိအပ်၊ ထိုးထွင်း၍လည်း သိအပ်သော အနက်ကို ထူးခြားစွာ့သိအပ်၏။ ဆင်းရဲဒုက္ခဖြစ်ကြောင်း၏ ပယ်အပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ ချုပ်ရာ နိဗ္ဗာန်၏ မျက်မှောက်ပြုအပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၏ ပွါးများအပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ပိုင်းခြား၍လည်း သိအပ်၊ ထိုးထွင်း၍လည်း သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ဖြစ်ကြောင်းတဏှာ၏ ပယ်အပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်၏ မျက်မှောက်ပြုအပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၏ ပွါးများအပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ ခံစားမှု 'ဝေဒနာ'၏။ပ။ အမှတ်'သညာ'၏။ပ။ ပြုလုပ်စီမံမှု'သင်္ခၤါရ'တို့၏။ပ။ စိတ်ဝိညာဉ်၏။ပ။ မျက်စိ 'စက္ခု'၏။ ပ၊ အိုမှု၊ သေမှု၏ ပိုင်းခြား၍လည်း သိအပ်၊ ထိုးထွင်း၍လည်း သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုဖြစ်ကြောင်း၏ ပယ်အပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်၏ မျက်မှောက်ပြုအပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၏ ပွါးများအပ်၊ ထိုးထွင်း၍ သိအပ်သော အနက်ကို ထူးခြားစွာ သိအပ်၏။ (၈၀၈) ဆင်းရဲဒုက္ခကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ ဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ ဖြစ်ကြောင်း၏ ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဒုက္ခ၌ သုခဟူသောအမှတ်ဖြင့် ဖြစ်ပေါ်သော ဆင်းရဲဒုက္ခ၏ လိုလားတပ်မက်မှု 'ဆန္ဒရာဂ' ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ၏ သာယာမက်မောဖွယ်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ၏ အပြစ်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ၏ ထွက်မြောက်ရာကို ထူးခြားစွာ သိအပ်၏။ ရုပ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ ရုပ်ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ရုပ်ဖြစ်ကြောင်း၏ ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ လိုလားတပ်မက်မှု ဆန္ဒရာဂ ချုပ်ငြိမ်းခြင်းကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ သာယာမက်မောဖွယ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ အပြစ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ထွက်မြောက်ရာကို ထူးခြားစွာ သိအပ်၏။ ခံစားမှု ဝေဒနာကို ထူးခြားစွာ သိအပ်၏။ မှတ်သားမှု သညာကို ထူးခြားစွာ သိအပ်၏။ ပြုပြင်မှုသင်္ခါရတို့ကို ထူးခြားစွာ သိအပ်ကုန်၏။ စိတ်ဝိညာဉ်ကို ထူးခြားစွာ သိအပ်၏။ပ။ မျက်စိ 'စက္ခု'ကို ထူးခြားစွာ သိအပ်၏။ အိုမှု 'ဇရာ'၊ သေမှု 'မရဏ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု ဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု ဖြစ်ကြောင်း၏ ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ လိုလားတပ်မက်မှု 'ဆန္ဒရာဂ'ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ သာယာမက်မောဖွယ်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ အပြစ်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ ထွက်မြောက်ရာကို ထူးခြားစွာ သိအပ်၏။ (၁၆၁၆) ဆင်းရဲဒုက္ခကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲ ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ၏ သာယာမက်မောဖွယ်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ၏ အပြစ်ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဒုက္ခ၏ ထွက်မြောက်ရာကို ထူးခြားစွာ သိအပ်၏။ ရုပ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ သာယာမက်မောဖွယ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ အပြစ်ကို ထူးခြားစွာ သိအပ်၏။ ရုပ်၏ ထွက်မြောက်ရာကို ထူးခြားစွာ သိအပ်၏။ ခံစားမှု 'ဝေဒနာ' ကို ထူးခြားစွာ သိအပ်၏။ မှတ်သားမှု 'သညာ' ကို ထူးခြားစွာ သိအပ်၏။ ပြုပြင်မှု 'သင်္ခါရ' တို့ကို ထူးခြားစွာ သိအပ်ကုန်၏။ စိတ်ဝိညာဉ်ကို ထူးခြားစွာ သိအပ်၏။ မျက်စိ 'စက္ခု' ကို ထူးခြားစွာ သိအပ်၏။ပ။ အိုမှု၊ သေမှုကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုဖြစ်ကြောင်းကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှုချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ သာယာမက်မောဖွယ်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ အပြစ်ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၏ ထွက်မြောက်ရာကို ထူးခြားစွာ သိအပ်၏။ မမြဲဟု အဖန်ဖန် ရှုမြင်ခြင်း 'အနိစ္စာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဟု အဖန်ဖန် ရှုမြင်ခြင်း 'ဒုက္ခာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'အနတ္တာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'နိဗ္ဗိဒါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ တပ်မက်မှုကင်းပျောက်ဖွယ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'ဝိရာဂါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ချုပ်ငြိမ်းခြင်းသဘောဟု အဖန်ဖန် ရှုမြင်ခြင်း 'နိရောဓာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ အဖန်ဖန်စွန့်ပယ်အပ်သည်ဟု ရှုမြင်ခြင်း 'ပဋိနိဿဂ္ဂါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ မမြဲဟု အဖန်ဖန် ရှုမြင်ခြင်း 'အနိစ္စာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ ဆင်းရဲဟု အဖန်ဖန် ရှုမြင်ခြင်း 'ဒုက္ခာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ဟု အဖန် ဖန် ရှုမြင်ခြင်း 'အနတ္တာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ ငြီးငွေ့ဖွယ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'နိဗ္ဗိဒါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ တပ်မက်မှုကင်းပျောက်ဖွယ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'ဝိရာဂါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ ချုပ်ငြိမ်းခြင်းသဘောဟု အဖန်ဖန် ရှုမြင်ခြင်း 'နိရော ဓာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ရုပ်၌ အဖန်ဖန်စွန့်ပယ်အပ်သည်ဟု ရှုမြင်ခြင်း 'ပဋိနိဿဂ္ဂါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ဝေဒနာ၌။ပ။ သညာ၌။ပ။ သင်္ခါရတို့၌။ပ။ စိတ်ဝိညာဉ်၌။ပ။ မျက်စိ၌။ပ။ အိုမှု၊ သေမှု၌ မမြဲဟု အဖန်ဖန် ရှုမြင်ခြင်း 'အနိစ္စာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၌ ဆင်းရဲဟု အဖန်ဖန် ရှုမြင်ခြင်း 'ဒုက္ခာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၌ ကိုယ် ပိုင်ကိုယ်စိုး မဟုတ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'အနတ္တာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၌ ငြီးငွေ့ဖွယ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'နိဗ္ဗိဒါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၌ တပ်မက်မှု ကင်းပျောက်ဖွယ်ဟု အဖန်ဖန် ရှုမြင်ခြင်း 'ဝိရာဂါနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၌ ချုပ်ငြိမ်းခြင်းသဘောဟု အဖန်ဖန် ရှုမြင်ခြင်း 'နိရောဓာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ အိုမှု၊ သေမှု၌ အဖန်ဖန်စွန့်ပယ်အပ်သည်ဟု ရှုမြင်ခြင်း 'ပဋိနိဿဂ္ဂါနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ (၁၄၁၄) ဖြစ်ပေါ်ခြင်းကို ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်ကို ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို ထူးခြားစွာ သိအပ်၏။ တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ထူးခြားစွာ သိအပ်၏။ ဂတိကို ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကို ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ် ဝိပါက်၏ ဖြစ်ပေါ်ခြင်းကို ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်း 'ဇာတိ'ကို ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ထူးခြားစွာ သိအပ်၏။ နာခြင်းကို ထူးခြားစွာ သိအပ်၏။ သေခြင်းကို ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းမဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်း မဖြစ် သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မလားရောက်ရာ နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ မဖြစ်ခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မအိုခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မနာခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မသေခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မစိုးရိမ်ခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မငိုကြွေးခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းကို ထူးခြားစွာ သိအပ်၏။ ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းမဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ သင်္ခါရ နိမိတ်ကို ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်း မဖြစ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ဂတိကို ထူးခြားစွာ သိအပ်၏။ ဂတိမဟုတ်သော နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကို ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ မဖြစ်ခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းကို ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေ နေခြင်းကို ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ထူးခြားစွာ သိအပ်၏။ မအိုခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ နာခြင်းကို ထူးခြားစွာ သိအပ်၏။ မနာခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ သေခြင်းကို ထူးခြားစွာ သိအပ်၏။ မသေခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို ထူးခြားစွာ သိအပ်၏။ မစိုးရိမ်ခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ထူးခြားစွာ သိအပ်၏။ မငိုကြွေးခြင်းနိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို ထူးခြားစွာ သိအပ်၏။ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို ထူးခြားစွာ သိအပ်၏။ (၃၀) ဖြစ်ပေါ်ခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်ကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ တစ်ဖန်ဘဝသစ်ဖြစ်ခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ ဂတိကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ် ဝိပါက်၏ ဖြစ်ခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ နာခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ သေခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ဆင်းရဲ ဒုက္ခဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို ဆင်းရဲဒုက္ခဟု ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်း မဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ဘဝသစ်မဖြစ်ခြင်းဟူသော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ဂတိမဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ မဖြစ်ခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မအိုခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မနာခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မသေခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မစိုးရိမ်ခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မငိုကြွေးခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းကို ဆင်းရဲ၊ ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို ဆင်းရဲ၊ ဖြစ်ပွါးခြင်း မဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရ နိမိတ်ကို ဆင်းရဲ၊ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်း ကို ဆင်းရဲ၊ အားထုတ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ဆင်းရဲ၊ ဘဝသစ်မဖြစ်ခြင်းဟူသော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ဂတိကို ဆင်းရဲ၊ ဂတိမဟုတ်သော နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့ဖြစ်ခြင်းကို ဆင်းရဲ၊ ခန္ဓာ တို့၏ မဖြစ်ခြင်း နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းကို ဆင်းရဲ၊ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို ဆင်းရဲ၊ ပဋိသန္ဓေမနေခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ဆင်းရဲ၊ မအိုခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ နာခြင်းကို ဆင်းရဲ၊ မနာခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ သေခြင်းကို ဆင်းရဲ၊ မသေခြင်းနိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို ဆင်းရဲ၊ မစိုးရိမ်ခြင်း နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ဆင်းရဲ၊ မငိုကြွေးခြင်း နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို ဆင်းရဲ၊ ပြင်းစွာ မပင်ပန်းခြင်း နိဗ္ဗာန်ကို ချမ်းသာဟု ထူးခြားစွာ သိအပ်၏။ (၃၀) ဖြစ်ပေါ်ခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်ကို ဘေးဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ တစ်ဖန်ဘဝသစ် ဖြစ်ခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ ဂတိကို ဘေးဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ နာခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ သေခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ စိုရိမ်ခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာ ပင်ပန်းခြင်းကို ဘေးဟု ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်း မဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို ဘေးကင်း ရာဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဘဝသစ်မဖြစ်ခြင်းဟူသော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဂတိမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ မဖြစ်ခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မအိုခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မနာခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မသေခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မစိုးရိမ်ခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မငိုကြွေးခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို ဘေးကင်း ရာဟု ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းကို ဘေး၊ ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဖြစ်ပွားခြင်းကို ဘေး၊ ဖြစ်ပွားခြင်းမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ သင်္ခါရ နိမိတ်ကို ဘေး၊ သင်္ခါရနိမိတ် မဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို ဘေး၊ အားထုတ်ခြင်း မဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ် ဖြစ်ခြင်းကို ဘေး၊ တစ်ဖန်ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ဂတိကို ဘေး၊ ဂတိမဟုတ်သော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းကို ဘေး၊ ခန္ဓာတို့၏ မဖြစ်ခြင်းဟူသော နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ပေါ်ခြင်းကို ဘေး၊ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ပေါ်ခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို ဘေး၊ ပဋိသန္ဓေ မနေခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ အိုခြင်းကို ဘေး၊ မအိုခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ နာခြင်းကို ဘေး၊ မနာခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ သေခြင်းကို ဘေး၊ မသေခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို ဘေး၊ မစိုးရိမ်ခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို ဘေး၊ မငိုကြွေးခြင်းနိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ ပြင်းစွာ ပင်ပန်းခြင်းကို ဘေး၊ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို ဘေးကင်းရာဟု ထူးခြားစွာ သိအပ်၏။ (၃၀) ဖြစ်ပေါ်ခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်ကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ဖြစ်ခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အိုခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ နာခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သေခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို သာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ် မဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်း မဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မအိုခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မနာခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မသေခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မစိုးရိမ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မငိုကြွေးခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍့ထူးခြားစွာ သိအပ်၏။ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းကို သာမိသ၊ ဖြစ်ပေါ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို သာမိသ၊ ဖြစ်ပွါးခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါ နိမိတ်ကို သာမိသ၊ သင်္ခါရနိမိတ်မဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို သာမိသ၊ အားထုတ်ခြင်းမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို သာမိသ၊ တစ်ဖန် ဘဝသစ်မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိကို သာမိသ၊ ဂတိမဟုတ်သော နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ဖြစ်ခြင်းကို သာမိသ၊ ခန္ဓာတို့၏မဖြစ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို သာမိသ၊ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားမဖြစ်ပေါ်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်းကို သာမိသ၊ ပဋိသန္ဓေမနေခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ အိုခြင်းကို သာမိသ၊ မအိုခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ နာခြင်းကို သာမိသ၊ မနာခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ သေခြင်းကို သာမိသ၊ မသေခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပူပန်ခြင်းကို သာမိသ၊ မပူပန်ခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို သာမိသ၊ မငိုကြွေးခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို သာမိသ၊ ပြင်းစွာမပင်ပန်းခြင်း နိဗ္ဗာန်ကို နိရာမိသဟူ၍ ထူးခြားစွာ သိအပ်၏။ (၃၀) ဖြစ်ပေါ်ခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်ကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိကို သင်္ခါရ တို့ဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ဖြစ်ခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ် ဝိပါက်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ အိုခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ နာခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ သေခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ ပြင်းစွာပင်ပန်းခြင်းကို သင်္ခါရတို့ဟူ၍ ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းမဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းမဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ် မဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်း မဖြစ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်မဖြစ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိမဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ မဖြစ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားမဖြစ်ပေါ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေမနေခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မအိုခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မနာခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မသေခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မစိုးရိမ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မငိုကြွေးခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ပြင်းစွာ မပင်ပန်းခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ (၁၅) ဖြစ်ပေါ်ခြင်းကို သင်္ခါရတို့၊ ဖြစ်ပေါ်ခြင်းမဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ဖြစ်ပွါးခြင်းကို သင်္ခါရတို့၊ ဖြစ်ပွါးခြင်းမဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ သင်္ခါရနိမိတ်ကို သင်္ခါရ တို့၊ သင်္ခါရနိမိတ်မဟုတ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ အားထုတ်ခြင်းကို သင်္ခါရတို့၊ အား ထုတ်ခြင်း မဖြစ်သည်ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ တစ်ဖန် ဘဝသစ်ဖြစ်ခြင်းကို သင်္ခါရတို့၊ တစ်ဖန် ဘဝသစ်မဖြစ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ဂတိကို သင်္ခါရတို့၊ ဂတိမဟုတ်သည် ကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ဖြစ်ခြင်းကို သင်္ခါရတို့၊ ခန္ဓာတို့၏ မဖြစ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားဖြစ်ပေါ်ခြင်းကို သင်္ခါရတို့၊ မဟဂ္ဂုတ်ဝိပါက်၏ ထင်ရှားမဖြစ်ပေါ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ပဋိသန္ဓေနေခြင်းကို သင်္ခါရတို့၊ ပဋိသန္ဓေ မနေခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ အိုခြင်းကို သင်္ခါရတို့၊ မအိုခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ နာခြင်းကို သင်္ခါရတို့၊ မနာခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ သေခြင်းကို သင်္ခါရတို့၊ မသေခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ စိုးရိမ်ခြင်းကို သင်္ခါရတို့၊ မစိုးရိမ်ခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ငိုကြွေးခြင်းကို သင်္ခါရတို့၊ မငို ကြွေးခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ ပြင်းစွာ ပင်ပန်းခြင်းကို သင်္ခါရတို့၊ ပြင်းစွာ မပင်ပန်းခြင်းကို နိဗ္ဗာန်ဟူ၍ ထူးခြားစွာ သိအပ်၏။ (၃၀) ပဌမအခန်း ပြီး၏။ ၁။ ပါထေယျ- အင်္ဂုတ္တရ- အဋ္ဌကထာနှင့် ဤအဋ္ဌကထာ၌ ဒသကို သင်္ချာဟောယူ၍ ဆယ်နှစ်ရွယ်-ဟု ဖွင့်ဆိုသည်။ ဤ၌ကား ဒသာ-အခိုက်အတန့်ဟောယူ၍ ပြန်ဆိုသည်။
ဒုတိယအခန်း
သိမ်းဆည်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အခြံအရံသဘောကို ထူးခြားစွာ သိအပ်၏။ ထက်ဝန်းကျင် ပြည့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တည်ကြည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဖရိုဖရဲ မကွဲခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မနောက်ကျုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ လွန်မင်းစွာ တည်သည်၏ အစွမ်းဖြင့် မဂ်စိတ်၏ တည်ကြည်ခြင်းသဘော ကို ထူးခြားစွာ သိအပ်၏။ အာရုံပြုသော သဘောကို ထူးခြားစွာ သိအပ်၏။ ကျက်စားတတ်ရာအဖြစ်ကို ထူးခြားစွာ သိအပ်၏။ ပယ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ထက်ဝန်းကျင်မှ စွန့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ထမြောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ နစ်စေခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ငြိမ်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မြင့်မြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ လွတ်မြောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အာသဝေါတရားတို့၏ အာရုံမဟုတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ကူးမြောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အကြောင်းနိမိတ် မရှိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တောင့်တမှု မရှိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆိတ်သုဉ်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မဂ်၏ တစ်ခုတည်းသော ကိစ္စရှိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အချင်းချင်း မလွန်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အစုံဖွဲ့ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ထွက်မြောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အကြောင်းဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အကြီးအမှူးသဘောကို ထူးခြားစွာ သိအပ်၏။ (၃၀) ၁၂။ သမထ 'သမာဓိ'၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝိပဿနာ 'ပညာ'၏ အဖန်ဖန်ရှုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမထဝိပဿနာတို့၏ တစ်ခုတည်းသော ကိစ္စရှိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အစုံဖွဲ့အပ်သော သမထဝိပဿနာ၏ အချင်းချင်း မလွန်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၄) အကျင့်သိက္ခာ၏ ဆောက်တည်အပ်သောသဘောကို ထူးခြားစွာ သိအပ်၏။ အာရုံ၏ ကျက်စားကြောင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ဆုတ်နစ်သော စိတ်၏ ချီးမြှောက်ခြင်းကို ထူးခြားစွာ သိအပ်၏။ ပျံ့လွင့်သော စိတ်၏နှိပ်စက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ နှစ်ပါးစုံမှ စင်ကြယ်သော စိတ်တို့၏ လျစ်လျူရှုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တရားထူးရရှိသော သဘောကို ထူးခြားစွာ သိအပ်၏။ ထူးထူးခြားခြား ထိုးထွင်း၍ သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ချုပ်ငြိမ်းခြင်း၌ တည်စေခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၉) ယုံကြည်မှုသဒ္ဓိန္ဒြေ၏ ဆုံးဖြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ လုံ့လပြု မှုဝီရိယိန္ဒြေ၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အောက်မေ့မှုသတိန္ဒြေ၏ အာရုံသို့ ကပ်၍ တည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တည်ကြည်မှု သမာဓိန္ဒြေ၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သိမှုပညိန္ဒြေ၏ မြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၅) သဒ္ဓါဗိုလ်၏ မယုံကြည်သောစိတ်ကြောင့် မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယဗိုလ်၏ ပျင်းရိမှုကြောင့် မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သတိဗိုလ်၏ မေ့ပျောက်ခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမာဓိဗိုလ်၏ ပျံ့လွင့်မှုဥဒ္ဓစ္စကြောင့် မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာဗိုလ်၏ မသိမှုအဝိဇ္ဇာကြောင့် မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၅) သတိသမ္ဗောဇ္ဈင်၏ အာရုံသို့ ကပ်၍ တည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ ဆင်ခြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယသမ္ဗောဇ္ဈင်၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပီတိသမ္ဗောဇ္ဈင်၏ ပျံ့နှံ့ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ငြိမ်းအေးခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမာဓိသမ္ဗောဇ္ဈင်၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဆင်ခြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၇) သမ္မာဒိဋ္ဌိ၏ ရှုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာသင်္ကပ္ပ၏ အာရုံသို့ တင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာဝါစာ၏ သိမ်းဆည်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာကမ္မန္တ၏ ကာယကံစောင့်စည်းမှုကို ဖြစ်စေခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာအာဇီဝ၏ စင်ကြယ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာဝါယာမ၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာသတိ၏ အာရုံသို့ ကပ်၍ တည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မာသမာဓိ၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၈) ၁၃။ ဣန္ဒြေတို့၏ အစိုးရခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဗိုလ်တို့၏ မတုန်လှုပ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဗောဇ္ဈင်တို့၏ ဆန့်ကျင်ဘက်မှ ထွက်မြောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မဂ္ဂင်၏ အကြောင်းဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သတိပဋ္ဌာန်တို့၏ အာရုံတို့၌ သက်ဝင်၍ တည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမ္မပ္ပဓာန်တို့၏ အားထုတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဣဒ္ဓိပါဒ်တို့၏ ပြည့်စုံပြီးစီးခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သစ္စာတို့၏ မှန်ကန်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မဂ်လေးပါးနှင့်ယှဉ်သော ပုဂ္ဂိုလ်တို့၏ (ဖိုလ်ခဏ၌) တစ်ဖန်ငြိမ်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဖိုလ်တို့၏ မျက်မှောက်ပြုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ကြံစည်ခြင်း 'ဝိတက်'၏ အာရုံသို့ ရှေးရှုတင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၀) သုံးသပ်ခြင်း 'ဝိစာရ'၏ သုံးသပ်ဆင်ခြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ နှစ်သိမ့်ခြင်း 'ပီတိ'၏ ပျံ့နှံ့ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ချမ်းသာခြင်း 'သုခ'၏ ယိုစီးခြင်း၊ စွတ်စိုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ တည်ကြည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၅) အာဝဇ္ဇန်းတို့၏ ဆင်ခြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝိညာဉ်၏ သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ အပြားအားဖြင့် သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သညာ၏ မှတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော ကိစ္စရှိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ထူးထူးခြားခြားသိခြင်း 'အဘိညာ'၏ သိအပ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ပိုင်းခြား၍သိခြင်း 'ပရိညာ'၏ ဆင်ခြင်ဆုံးဖြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပယ်စွန့်ခြင်း 'ပဟာန်'၏ စွန့်လွှတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပွါးထုံခြင်း 'ဘာဝနာ'၏ တစ်ခုတည်းသော ကိစ္စရှိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မျက်မှောက်ပြုခြင်း၏ တွေ့ထိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ခန္ဓာတို့၏ စုပေါင်းခြင်း ခန္ဓာဟူသော သဘောကို ထူးခြားစွာ သိအပ်၏။ ဓာတ်တို့၏ သတ္တဇီဝတို့မှ ဆိတ်ခြင်းစသည်ဖြင့် ဓာတ်ဟူသော သဘောကို ထူးခြားစွာ သိအပ်၏။ အာယတနတို့၏ တည်နေဖြစ်ပွါးကြောင်း အာယတနသဘောကို ထူးခြားစွာ သိအပ်၏။ ပြုပြင်စီမံအပ်သော သင်္ခတတရားတို့၏ အကြောင်းတရားတို့သည် ပေါင်းဆုံ၍ ပြုလုပ်အပ်သော သဘောကို ထူးခြားစွာ သိအပ်၏။ အသင်္ခတတရား၏ အကြောင်းတရားတို့သည် ပေါင်းဆုံ၍ မပြုလုပ်အပ်သော သဘောကို ထူးခြားစွာ သိအပ်၏။ (၁၅) စိတ်၏ အာရုံကို သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ရှေးစိတ်၏ နောက်စိတ်ကို အကြားမရှိဖြစ်စေခြင်း၌ စွမ်းနိုင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဂေါတြဘူစိတ်၊ မဂ်စိတ်၏ သင်္ခါရနိမိတ်စသည်မှ ထခြင်း၊ ထစေခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဂေါတြဘူစိတ်၊ မဂ်စိတ်၏ နိဗ္ဗာန်၌ ဝဋ်ကင်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ဟိတ်အကြောင်းဖြစ်သောသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ အထောက်အပံ့သဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ မှီရာဖြစ်သောသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ဖြစ်ရာဘုံဟူသောသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ အာရုံပြုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ကျက်စားရာဟူသောသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ မပြတ်ဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ သွားရောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ဆောင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မဂ်စိတ်၏ (ဝဋ်မှ) ထုတ်ဆောင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ လွတ်မြောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၅) တစ်ခုတည်းသော အာရုံ၌ ဆင်ခြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ အထူးသိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ အပြားအားဖြင့်သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ မှတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ တည်ကြည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ဖွဲ့နှောင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ပြေးဝင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကြည်လင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ငြိမ်းချမ်းစွာတည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ လွတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ဆင်ခြင်သည်၏အစွမ်းဖြင့် ''ဤတရားကား ငြိမ်သက်၏''ဟု ရှုခြင်း သဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ယာဉ်ကဲ့သို့ပြုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ တည်ရာမှီရာကဲ့သို့ ပြုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ရှေးရှုထင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ထက်ဝန်းကျင်မှ ဆည်းပူးခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကောင်းစွာအားထုတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ သိမ်းဆည်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ထက်ဝန်းကျင် ခြံရံခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ပြည့်စုံခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ သက်ဝင်စုပေါင်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ဆောက်တည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ အဖန်ဖန်မှီဝဲခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ပွါးများခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကြိမ်ဖန်များစွာ လေ့လာခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကောင်းစွာတိုးတက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ဆန့်ကျင်ဘက်တရားတို့မှ လွတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ သိမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ လျော်စွာသိမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ တစ်ဖန်သိမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကောင်းစွာသိမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ သိစေခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ လျော်စွာ သိစေအပ်သောသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ တစ်ဖန် သိစေအပ်သောသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကောင်းစွာ သိစေအပ်သောသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ မဂ်ဖိုလ်၏အစု၌ ဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ မဂ်ဖိုလ်၏အစု၌ လျော်စွာဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ မဂ်ဖိုလ်၏အစု၌ တစ်ဖန်ဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ မဂ်ဖိုလ်၏အစု၌ ကောင်းစွာဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ထွန်းပခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ အလွန်ထွန်းပခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ လျော်စွာထွန်းပခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ တစ်ဖန် ထွန်းပခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ တစ်ခုတည်းသော အာရုံ၌ ကောင်းစွာ ထွန်းပခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၄၂) ၁၆။ ပူပန်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မဂ်၏ တင့်တယ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ကိလေသာတို့ကို ရှို့မြှိုက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အညစ်အကြေးမရှိသော သဘောကို ထူးခြားစွာ သိအပ်၏။ အညစ်အကြေးကင်းသော သဘောကို ထူးခြားစွာ သိအပ်၏။ အညစ်အကြေးမတင်သော သဘောကို ထူးခြားစွာ သိအပ်၏။ ညီမျှသော သဘောကို ထူးခြားစွာ သိအပ်၏။ ကိလေသာကို ပယ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမုစ္ဆေဒဝိဝေက ဖြစ်သောကြောင့် ကင်းဆိတ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ဝိဝေကဟူသော နိဗ္ဗာန်၌ ဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ရာဂကင်းသော သဘောကို ထူးခြားစွာ သိအပ်၏။ ဝိရာဂဟူသော နိဗ္ဗာန်၌ ဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ချုပ်ငြိမ်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဒုက္ခချုပ်ရာ နိဗ္ဗာန်၌ ဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စွန့်ပယ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စွန့်ပယ်မှု၌ လေ့လာခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ လွတ်မြောက်သော သဘောကို ထူးခြားစွာ သိအပ်၏။ လွတ်မြောက်ခြင်း၌ လေ့လာခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၈) ပြုလိုခြင်း ''ဆန္ဒ''ဟူသော သဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ အကြောင်းရင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ တည်ရာဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ ပြဋ္ဌာန်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ ပြည့်စုံခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ ဆုံးဖြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ ထင်ရှားခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆန္ဒ၏ ရှုမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၀) အားထုတ်ခြင်း 'ဝီရိယ'ဟူသော သဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ အကြောင်းရင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ တည်ရာဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ ပြဋ္ဌာန်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ ပြည့်စုံခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ ဆုံးဖြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ ထင်ရှားခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဝီရိယ၏ ရှုမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၀) အာရုံကို ကြံစည်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ အကြောင်းရင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ တည်ရာဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ပြဋ္ဌာန်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ပြည့်စုံခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ဆုံးဖြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ထင်ရှားခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ စိတ်၏ ရှုမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၀) စုံစမ်းဆင်ခြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ အကြောင်းရင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ တည်ရာဖြစ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ ပြဋ္ဌာန်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ ပြည့်စုံခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ ဆုံးဖြတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ ချီးမြှောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ ထင်ရှားခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ မပျံ့လွင့်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပညာ၏ ရှုမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၀) ၁၇။ ဆင်းရဲခြင်း ဒုက္ခသဘောကို ထူးခြားစွာ သိအပ်၏ - ဒုက္ခ၏နှိပ်စက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဒုက္ခ၏ ပြုပြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဒုက္ခ၏ ပူလောင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဒုက္ခ၏ ဖောက်ပြန်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲကြောင်း သမုဒယသဘောကို ထူးခြားစွာ သိအပ်၏ - သမုဒယ၏ အားထုတ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမုဒယ၏ အကြောင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ သမုဒယ၏ ဝဋ်နှင့်ယှဉ်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ သမုဒယ၏ ကြောင့်ကြခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ချုပ်ငြိမ်းခြင်း နိရောဓသဘောကို ထူးခြားစွာ သိအပ်၏ - နိရောဓ၏ ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ နိရောဓ၏ ဒုက္ခမှ ဆိတ်သုဉ်းခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ နိရောဓ၏ မပြုပြင်ရခြင်း အသင်္ခတသဘောကို ထူးခြားစွာ သိအပ်၏။ နိရောဓ၏ မသေပျောက်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အကြောင်းဖြစ်သော မဂ်သဘောကို ထူးခြားစွာ သိအပ်၏ - မဂ်၏ ထွက်မြောက်ကြောင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ မဂ်၏ အကြောင်းဖြစ်သော သဘောကို ထူးခြားစွာ သိအပ်၏။ မဂ်၏ နိဗ္ဗာန်ကို ရှုမြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မဂ်၏ မြင့်မြတ်သော သဘောကို ထူးခြားစွာ သိအပ်၏။ မဖောက်မပြန် မှန်ကန်သော သဘောကို ထူးခြားစွာ သိအပ်၏။ အတ္တမှ ကင်းဆိတ်သော သဘောကို ထူးခြားစွာ သိအပ်၏။ မချွတ်မယွင်း မှန်ကန်သော သဘောကို ထူးခြားစွာ သိအပ်၏။ ထိုးထွင်း၍ သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ အလွန်သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ပိုင်းခြား၍ သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မိမိသဘောကို ဆောင်ခြင်းစသော သဘောကို ထူးခြားစွာ သိအပ်၏။ ဓာတ်တို့၏ သဘောကို ထူးခြားစွာ သိအပ်၏။ သိခြင်းငှါ စွမ်းနိုင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ မျက်မှောက်ပြုခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ဉာဏ်ဖြင့် တွေ့မြင်ခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ ကောင်းစွာ သိခြင်းသဘောကို ထူးခြားစွာ သိအပ်၏။ (၁၂) ကာမမှ လွတ်မြောက်ခြင်းကို ထူးခြားစွာ သိအပ်၏။ ပျက်စီးစေလိုသော ဗျာပါဒမရှိခြင်းကို ထူးခြားစွာ သိအပ်၏။ အလင်းဟူသော အမှတ် 'အာလောကသညာ' ကို ထူးခြားစွာ သိအပ်၏။ မပျံ့လွင့်ခြင်းကို ထူးခြားစွာ သိအပ်၏။ တရားကို သတ်မှတ်ပိုင်းခြားခြင်းကို ထူးခြားစွာ သိအပ်၏။ အသိဉာဏ်ကို ထူးခြားစွာ သိအပ်၏။ ဝမ်းမြောက်ခြင်းကို ထူးခြားစွာ သိအပ်၏။ (၇) ပဌမဈာန်ကို ထူးခြားစွာ သိအပ်၏။ ဒုတိယဈာန်ကို ထူးခြားစွာ သိအပ်၏။ တတိယဈာန်ကို ထူးခြားစွာ သိအပ်၏။ စတုတ္ထဈာန်ကို ထူးခြားစွာ သိအပ်၏။ အာကာသာနဉ္စာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ ဝိညာဏဉ္စာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ အာကိဉ္စညာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ နေဝသညာနာသညာယတနသမာပတ်ကို ထူးခြားစွာ သိအပ်၏။ (၈) မမြဲဟု အဖန်ဖန်ရှုခြင်း 'အနိစ္စာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ဆင်းရဲဟု အဖန်ဖန်ရှုခြင်း 'ဒုက္ခာနုပဿနာ'ကို ထူးခြားစွာ သိအပ်၏။ ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ဟု အဖန်ဖန်ရှုခြင်း 'အနတ္တာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်း 'နိဗ္ဗိဒါနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ တပ်မက်မှု ကင်းပျောက်ဖွယ်ဟု အဖန်ဖန်ရှုခြင်း 'ဝိရာဂါနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ချုပ်ငြိမ်းခြင်းသဘောဟု အဖန်ဖန်ရှုခြင်း 'နိရောဓာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ အဖန်ဖန်စွန့်ပယ်အပ်သည်ဟု ရှုခြင်း 'ပဋိနိဿဂ္ဂါနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ကုန်ဆုံးခြင်းကို အဖန်ဖန်ရှုခြင်း 'ခယာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ပျက်စီးခြင်းကို အဖန်ဖန်ရှုခြင်း 'ဝယာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ဖောက်ပြန်တတ်သောသဘောကို အဖန်ဖန်ရှုခြင်း 'ဝိပရိဏာမာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ နိစ္စနိမိတ်မရှိခြင်းကို အဖန်ဖန်ရှုခြင်း 'အနိမိတ္တာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ သုခကို တောင့်တခြင်းမရှိသည်ကို အဖန်ဖန်ရှုခြင်း 'အပ္ပဏိဟိတာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ အတ္တမှကင်းဆိတ်ခြင်းကို အဖန်ဖန်ရှုခြင်း 'သုညတာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ လွန်ကဲသော ဉာဏ်ပညာတရားတို့၌ ရှုခြင်း 'အဓိပညာဓမ္မဝိပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ဟုတ်တိုင်းမှန်စွာသော ဉာဏ်အမြင်ကို ထူးခြားစွာ သိအပ်၏။ အပြစ်ဟု အဖန်ဖန်ရှုခြင်း 'အာဒီနဝါနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ဆင်ခြင်၍ အဖန်ဖန်ရှုခြင်း 'ပဋိသင်္ခါနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ ဝဋ်ကင်းရာကို အဖန်ဖန်ရှုခြင်း 'ဝိဝဋ္ဋနာနုပဿနာ' ကို ထူးခြားစွာ သိအပ်၏။ (၁၈) ၁၉။ သောတာပတ္တိမဂ်ကို ထူးခြားစွာ သိအပ်၏။ သောတာပတ္တိဖလသမာပတ်ကို ထူးခြားစွာ သိအပ်၏။ သကဒါဂါမိမဂ်ကို ထူးခြားစွာ သိအပ်၏။ သကဒါဂါမိဖလသမာပတ်ကို ထူးခြားစွာ သိအပ်၏။ အနာဂါမိမဂ်ကို ထူးခြားစွာ သိအပ်၏။ အနာဂါမိဖလသမာပတ်ကို ထူးခြားစွာ သိအပ်၏။ အရဟတ္တမဂ်ကို ထူးခြားစွာ သိအပ်၏။ အရဟတ္တဖလသမာပတ်ကို ထူးခြားစွာ သိအပ်၏။ (၈) သဒ္ဓိန္ဒြေကို ဆုံးဖြတ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဝီရိယိန္ဒြေကို ချီးမြှောက်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သတိန္ဒြေကို ထင်ရှားသောသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမာဓိန္ဒြေကို မပျံ့လွင့်သောသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ပညိန္ဒြေကို ရှုမြင်တတ်သောသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သဒ္ဓါဗိုလ်ကို မယုံကြည်ခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဝီရိယဗိုလ်ကို ပျင်းရိခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သတိဗိုလ်ကို မေ့လျော့ခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမာဓိဗိုလ်ကို ပျံ့လွင့်ခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ပညာဗိုလ်ကို တွေဝေမိုက်မဲခြင်းကြောင့် မတုန်လှုပ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သတိသမ္ဗောဇ္ဈင်ကို ထင်ရှားသောသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို စိစစ်ဆင်ခြင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဝီရိယသမ္ဗောဇ္ဈင်ကို ချီးမြှောက်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ပီတိသမ္ဗောဇ္ဈင်ကို ပျံ့နှံ့တတ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ငြိမ်းချမ်းခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမာဓိသမ္ဗောဇ္ဈင်ကို မပျံ့လွင့်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဆင်ခြင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာဒိဋ္ဌိကို မှန်ကန်စွာ ရှုမြင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာသင်္ကပ္ပကို အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာဝါစာကို သိမ်းဆည်းခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာကမ္မန္တကို ဖြစ်စေခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာအာဇီဝကို ဖြူစင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာဝါယာမကို ချီးမြှောက်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာသတိကို အာရုံသို့ကပ်၍ တည်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မာသမာဓိကို မပျံ့လွင့်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဣန္ဒြေတို့ကို အစိုးရခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဗိုလ်တို့ကို မတုန်လှုပ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဗောဇ္ဈင်တို့ကို ဆန့်ကျင်ဘက်မှ ထွက်မြောက်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ မဂ်ကို နိဗ္ဗာန်သို့ရောက်စေခြင်း၏ အကြောင်းဖြစ်သော သဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သတိပဋ္ဌာန်တို့ကို အာရုံသို့ကပ်၍ တည်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမ္မပ္ပဓာန်တို့ကို အားထုတ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဣဒ္ဓိပါဒ်တို့ကို ပြည့်စုံခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သစ္စာတို့ကိုဟုတ်မှန်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ (၃၃) သမထကို မပျံ့လွင့်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဝိပဿနာကို အဖန်ဖန်ရှုခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမထ ဝိပဿနာတို့ကို ကိလေသာတို့ကို ပယ်ခြင်းဖြင့် တူသော ကိစ္စရှိသော သဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ အစုံဖွဲ့ခြင်းကို အချင်းချင်းမလွန်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ (၄) သီလစင်ကြယ်ခြင်း 'သီလဝိသုဒ္ဓိ' ကို စောင့်စည်းခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ စိတ်စင်ကြယ်ခြင်း 'စိတ္တဝိသုဒ္ဓိ' ကို မပျံ့လွင့်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ အယူဉာဏ်စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ' ကို ရှုမြင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ လွတ်ခြင်း 'ဝိမောက္ခ' ကို ကိလေသာမှ လွတ်မြောက်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဝိဇ္ဇာသုံးပါးကို ထိုးထွင်း၍ သိခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ လွတ်ခြင်း 'ဝိမုတ္တိ'ကို စွန့်တတ်သော သဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ကိလေသာကုန်ခန်းရေးဉာဏ်ကို အကြွင်းမဲ့ ပယ်ဖျက်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ မဖြစ်ပွါးသော အရဟတ္တဖိုလ်ဉာဏ်ကို တစ်ဖန် ငြိမ်းအေးခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ (၈) ဆန္ဒကို အရင်းမူလဖြစ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ မနသိကာရကို ကုသိုလ်ကို ဖြစ်စေခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဖဿကို ပေါင်းဆုံခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဝေဒနာကို သက်ဝင်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သမာဓိကို အကြီးအမှူးဖြစ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ သတိကို အစိုးရခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ အရိယမဂ်ပညာကို ကုသိုလ်တရားတို့ထက် မြတ်ခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ ဖိုလ်ဝိမုတ္တိကို အနှစ်သာရဟူသော သဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ အမြိုက်နိဗ္ဗာန်ကို ပြီးဆုံးခြင်းသဘောရှိ၏ဟု ထူးခြားစွာ သိအပ်၏။ (၉) ထူးခြားစွာ သိအပ်ကုန်သောတရားတို့သည် သိပြီးတရားများ ဖြစ်ကုန်၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤတရားတို့ကို ထူးခြားစွာ သိအပ်ကုန်၏''ဟု (ဟော တော်မူသော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏ဟု ဆိုအပ်၏။ (၁) ဒုတိယအခန်းပြီး၏။
တတိယအခန်း
''ဤတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏''ဟု (ဟောတော်မူသောတရားအပေါင်းသည်) အဘယ်သို့လျှင် နာကြားအပ်သော တရားမည်သနည်း၊ ထိုတရားအပေါင်းကို သိသောပညာသည် အဘယ် သို့လျှင် (သုတမယ) ဉာဏ်မည်သနည်း။ အာသဝေါတရားနှင့်တကွဖြစ်သော ဥပါဒါန်၏ အာရုံဖြစ်သော ဖဿဟူသော တစ်ပါးသော တရားကို ပိုင်းခြား၍ သိအပ်၏။ နာမ်ရုပ်ဟူသော တရားနှစ်ပါးတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ဝေဒနာသုံးပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ အာဟာရလေးပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော အာယတနခြောက်ပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ဝိညာဉ်တည်ရာခုနစ်ပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ လောကဓံရှစ်ပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ သတ္တဝါတို့နေထိုင်ရာကိုးပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ တည်ရာ 'အာယတန'ဆယ်ပါး တရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ (၁၀) ရဟန်းတို့ တရားအားလုံးကို ပိုင်းခြား၍ သိအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် တရားအားလုံးကို ပိုင်းခြား၍ သိအပ်သနည်း။ ရဟန်းတို့ မျက်စိကို ပိုင်းခြား၍ သိအပ်၏။ အဆင်း 'ရူပါရုံ'တို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ မျက်စိအသိစိတ် 'စက္ခုဝိညာဉ်'ကို ပိုင်းခြား၍ သိအပ်၏။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကို ပိုင်းခြား၍ သိအပ်၏။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ဟူသော အကြောင်းကြောင့်ဖြစ်ပေါ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကိုလည်း ပိုင်းခြား၍ သိအပ်၏။ နားကို ပိုင်းခြား၍ သိအပ်၏။ အသံ'သဒ္ဒါရုံ'တို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ပ။ နှာခေါင်းကို ပိုင်းခြား၍ သိအပ်၏။ အနံ့'ဂန္ဓာရုံ' တို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ လျှာကို ပိုင်းခြား၍ သိအပ်၏။ အရသာ 'ရသာရုံ' တို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ကိုယ်ကို ပိုင်းခြား၍ သိအပ်၏။ အတွေ့အထိ 'ဖောဋ္ဌဗ္ဗာရုံ' တို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ပ။ စိတ်ကို ပိုင်းခြား၍ သိအပ်၏။ ဓမ္မာရုံတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ စိတ်အသိ 'မနောဝိညာဉ်'ကို ပိုင်းခြား၍ သိအပ်၏။ စိတ်အတွေ့အထိ 'မနောသမ္ဖဿ' ကို ပိုင်းခြား၍ သိအပ်၏။ စိတ်အတွေ့အထိ 'မနော သမ္ဖဿ'ဟူသော အကြောင်းကြောင့်ဖြစ်ပေါ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကိုလည်း ပိုင်းခြား၍ သိအပ်၏။ ရုပ်ကို ပိုင်းခြား၍ သိအပ်၏။ ဝေဒနာကို ပိုင်းခြား၍ သိအပ်၏။ သညာကို ပိုင်းခြား၍ သိအပ်၏။ သင်္ခါရတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏။ ဝိညာဉ်ကို ပိုင်းခြား၍ သိအပ်၏။ မျက်စိကို ပိုင်းခြား၍ သိအပ်၏။ပ။ ဇရာ မရဏကို ပိုင်းခြား၍ သိအပ်၏။ပ။ အမြိုက်နိဗ္ဗာန်ကို အပြီးအဆုံးဟူသော သဘောအားဖြင့် ပိုင်းခြား၍ သိအပ်၏။ ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ရရှိသော ဈာန်စသော တရားတို့သည် ရှိကုန်၏။ ဤသို့ ထိုဈာန်စသော တရားတို့ကို ပိုင်းခြား၍လည်း သိအပ်ကုန်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်ကုန်၏။ ဈာန်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဈာန်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ မပျက်စီးစေလိုမှု 'အဗျာပါဒ' ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အဗျာပါဒကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အရောင်အလင်းဟူသော အာလောကသညာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အာလောက သညာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ မပျံ့လွင့်မှု 'အဝိက္ခေပ' ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား မပျံ့လွင့်မှု 'အဝိက္ခေပ'ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ တရားကို ပိုင်းခြားမှတ်သားခြင်း 'ဓမ္မဝဝတ္ထာန်'ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဓမ္မ ဝဝတ္ထာန်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဉာဏ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဉာဏ်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား ၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဝမ်းမြောက်ခြင်း 'ပါမောဇ္ဇ' ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဝမ်းမြောက်ခြင်း 'ပါမောဇ္ဇ'ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ပဌမဈာန်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ပဌမဈာန်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဒုတိယဈာန်ကို။ပ။ တတိယဈာန်ကို။ပ။ စတုတ္ထဈာန်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား စတုတ္ထဈာန်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အာကာသာနဉ္စာယတနသမာပတ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတန သမာပတ်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဝိညာဏဉ္စာယတနသမာပတ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသမာပတ် ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အာကိဉ္စညာယတနသမာပတ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အာကိဉ္စညာယတန သမာပတ်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ နေဝသညာနာသညာယတနသမာပတ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား နေဝသညာ နာသညာယတနသမာပတ်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ (၈) အနိစ္စာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အနိစ္စာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဒုက္ခာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဒုက္ခာနုပဿနာကို ရရှိ၏။ ဤသို့ ထို တရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အနတ္တာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အနတ္တာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ နိဗ္ဗိဒါနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား နိဗ္ဗိဒါနုပဿနာကို ရရှိ၏။ ဤသို့ ထို တရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဝိရာဂါနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဝိရာဂါနုပဿနာကို ရရှိ၏။ ဤသို့ ထို တရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ နိရောဓာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား နိရောဓာနုပဿနာကို ရရှိ၏။ ဤ သို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ပဋိနိဿဂ္ဂါနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ပဋိနိဿဂ္ဂါနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ခယာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ခယာနုပဿနာကို ရရှိ၏။ ဤသို့ထို တရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဝယာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဝယာနုပဿနာကို ရရှိ၏။ ဤသို့ထို တရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဝိပရိဏာမာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဝိပရိဏာမာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အနိမိတ္တာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အနိမိတ္တာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အပ္ပဏိဟိတာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အပ္ပဏိဟိတာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ သုညတာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား သုညတာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အဓိပညာဓမ္မဝိပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အဓိပညာဓမ္မဝိပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ယထာဘူတဉာဏ်အမြင်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ယထာဘူတဉာဏ်အမြင်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အာဒီနဝါနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အာဒီနဝါနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ပဋိသင်္ခါနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ပဋိသင်္ခါနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ ဝိဝဋ္ဋနာနုပဿနာကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ဝိဝဋ္ဋနာနုပဿနာကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ (၁၈) သောတာပတ္တိမဂ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား သောတာပတ္တိမဂ်ကို ရရှိ၏။ ဤသို့ ထိုတရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ သကဒါဂါမိမဂ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား သကဒါဂါမိမဂ်ကို ရရှိ၏။ ဤသို့ ထို တရားကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အနာဂါမိမဂ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အနာဂါမိမဂ်ကို ရရှိ၏။ ဤသို့ ထိုတရား ကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ အရဟတ္တမဂ်ကို ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား အရဟတ္တမဂ်ကို ရရှိ၏။ ဤသို့ ထိုတရား ကို ပိုင်းခြား၍လည်း သိအပ်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်၏။ (၄) ရရှိခြင်းငှါ အားထုတ်သော ပုဂ္ဂိုလ်အား ရရှိသော ဈာန်စသော တရားတို့သည် ရှိကုန်၏။ ဤသို့ ထိုဈာန်စသောတရားတို့ကို ပိုင်းခြား၍လည်း သိအပ်ကုန်၏။ ဆုံးဖြတ်လည်း ဆုံးဖြတ်အပ်ကုန်၏။ ထို ဝိပဿနာဉာဏ်သည် သိတတ်သောကြောင့် ဉာဏ်မည်၏။ အပြားအားဖြင့် ခွဲခြား၍ သိတတ်သောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤတရားတို့ကို ပိုင်းခြား၍ သိအပ်ကုန်၏''ဟု (ဟောတော်မူသောတရား အပေါင်းသည်) နာကြားအပ်သော တရားမည်၏၊ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယ ဉာဏ်မည်၏ဟု ဆိုအပ်၏။ (၂) ''ဤတရားတို့ကို ပယ်အပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) အဘယ်သို့ လျှင် နာကြားအပ်သော တရားမည်သနည်း၊ ထိုတရားအပေါင်ကို သိသောပညာသည် အဘယ်သို့လျှင် သုတမယဉာဏ် မည်သနည်း။ ငါ ဖြစ်၏ဟူသော မာန်တည်းဟူသော တစ်ခုတည်းသောတရားကို ပယ်အပ်၏။ အမှန်ကို မသိခြင်း တွေဝေခြင်း 'အဝိဇ္ဇာ'၊ ဘဝ၌ တပ်မက်ခြင်း 'ဘဝတဏှာ'တည်းဟူသောနှစ်ပါးသောတရားတို့ကို ပယ်အပ်ကုန်၏။ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ တရားသုံးပါးတို့ကို ပယ်အပ်ကုန်၏။ သံသရာ၌ နစ်မြုပ်ကြောင်း ဩဃလေးပါး တရားတို့ကို ပယ်အပ်ကုန်၏။ အပိတ်အပင် 'နီဝရဏ' ငါးပါးတို့ကို ပယ်အပ်ကုန်၏။ တဏှာကာယခြောက်ပါး တရားတို့ကို ပယ်အပ်ကုန်၏။ အမြဲကိန်းသော အနုသယခုနစ်ပါး တရားတို့ကို ပယ်အပ်ကုန်၏။ ဖောက်ပြန်သော သဘောတရား မိစ္ဆ တ္တရှစ်ပါး တရားတို့ကို ပယ်အပ်ကုန်၏။ တဏှာအကြောင်းရင်းရှိသော တဏှာမူလကကိုးပါး တရားတို့ကို ပယ်အပ်ကုန်၏။ ဖောက်ပြန်သော သဘောတရား မိစ္ဆ တ္တဆယ်ပါး တရားတို့ကို ပယ်အပ်ကုန်၏။ ပယ်ခြင်းပဟာန်သည် အကြွင်းမဲ့ဖြတ်သောအားဖြင့် ပယ်ခြင်း သမုစ္ဆေဒပဟာန်၊ တစ်ဖန် ငြိမ်းအေးစေသောအားဖြင့် ပယ်ခြင်း ပဋိပ္ပဿဒ္ဓိပဟာန်ဟုနှစ်ပါးရှိ၏။ အကြွင်းမဲ့ဖြတ်သောအားဖြင့် ပယ်ခြင်းကား အာသဝေါတရားတို့၏ ကုန်ခန်းရာဖြစ်သော လောကုတ္တရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော မဂ်ကို ပွါးများသူအား ဖြစ်၏။ တစ်ဖန် ငြိမ်းအေးစေသောအားဖြင့် ပယ်ခြင်းကား ဖိုလ်ခဏ၌ ဖြစ်၏။ ပယ်ခြင်းပဟာန်တို့သည် သုံးပါးတို့တည်း။ ပဌမဈာန်သည် ကာမတို့၏ ထွက်မြောက်ရာ ဖြစ်၏။ အရူပဈာန်သည် ရုပ်တို့၏ ထွက်မြောက်ရာဖြစ်၏။ အမှတ်မရှိဟုတ်မှန်သော သင်္ခတတရားကို စွဲ၍ ဖြစ် သော တရား၏ ချုပ်ငြိမ်းခြင်းသည် ထွက်မြောက်ရာ ဖြစ်၏။ ဈာန်ကိုရသော ပုဂ္ဂိုလ်အား ကာမတို့ကို ပယ်လည်း ပယ်အပ်ကုန်၏။ စွန့်လည်း စွန့်အပ်ကုန်၏။ အရူပဈာန်ကို ရသောပုဂ္ဂိုလ်အား ရုပ်တို့ကို ပယ်လည်း ပယ်အပ်ကုန်၏။ စွန့်လည်း စွန့်အပ်ကုန်၏။ နိဗ္ဗာန်ကို ရသောပုဂ္ဂိုလ်အား သင်္ခါရတို့ကို ပယ်လည်း ပယ်အပ်ကုန်၏။ စွန့်လည်း စွန့်အပ်ကုန်၏။ ပယ်ခြင်းပဟာန်တို့သည် လေးပါးတို့တည်း။ ဒုက္ခသစ္စာကို ပိုင်းခြား၍ သိသောအားဖြင့် ထိုးထွင်း၍ သိခြင်းကို ထိုးထွင်း၍ သိသည်ဖြစ်၍ ပယ်၏။ သမုဒယသစ္စာကို ပယ်သောအားဖြင့် ထိုးထွင်း၍ သိခြင်းကို ထိုးထွင်း၍ သိသည်ဖြစ်၍ ပယ်၏။ နိရောဓသစ္စာကို မျက်မှောက်ပြုသောအားဖြင့် ထိုးထွင်း၍ သိခြင်းကို ထိုးထွင်း၍ သိသည်ဖြစ်၍ ပယ်၏။ မဂ္ဂသစ္စာကို ပွါးသောအားဖြင့် ထိုးထွင်း၍ သိခြင်းကို ထိုးထွင်း၍ သိသည်ဖြစ်၍ ပယ်၏။ ပယ်ခြင်းပဟာန်တို့သည် ခွါသောအားဖြင့် ပယ်ခြင်း ဝိက္ခမ္ဘနပဟာန်၊ ထိုခဏမျှ ပယ်ခြင်း တဒင်္ဂပဟာန်၊ အကြွင်းမဲ့ ဖြတ်တောက်ပယ်ခြင်း သမုစ္ဆေဒပဟာန်၊ တစ်ဖန် ငြိမ်းအေးစေသောအားဖြင့် ပယ်ခြင်း ပဋိပ္ပဿဒ္ဓိပဟာန်၊ ထွက်မြောက်သောအားဖြင့် ပယ်ခြင်း နိဿရဏပဟာန်ဟု ငါးပါးတို့တည်း။ ပဌမဈာန်ကို ပွါးများသောပုဂ္ဂိုလ်အား နီဝရဏတရားတို့ကို ဝိက္ခမ္ဘနပဟာန်ဖြင့် ပယ်၏။ ငြီးငွေ့ခြင်းအဖို့ရှိသော သမာဓိကို ပွါးများသောပုဂ္ဂိုလ်အား မိစ္ဆာအယူတို့ကို တဒင်္ဂပဟာန်ဖြင့် ပယ်၏။ ကိလေသာကုန်ခန်းရာဖြစ်သော လောကုတ္တရာမဂ်ကို ပွါးများသောပုဂ္ဂိုလ်အား ကိလေသာတို့ကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်၏။ ဖိုလ်ခဏ၌ (ကိလေသာတို့ကို) ပဋိပ္ပဿဒ္ဓိပဟာန်ဖြင့် ပယ်၏။ ကိလေသာချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ထွက်မြောက်သောအားဖြင့် ပယ်ခြင်း နိဿရဏပဟာန် မည်၏။ ရဟန်းတို့ တရားအားလုံးကို ပယ်ရမည်။ ရဟန်းတို့ အဘယ်သို့လျှင် တရားအားလုံးကို ပယ်ရ မည်နည်း။ ရဟန်းတို့ မျက်စိကို ပယ်ရမည်။ အဆင်းတို့ကို ပယ်ကြရမည်။ မျက်စိအသိစိတ် 'စက္ခုဝိညာဉ်'ကို ပယ်ရမည်။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကို ပယ်ရမည်။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ဟူသော အကြောင်းကြောင့် ဖြစ်ပေါ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကိုလည်း ပယ်ရမည်။ နားကို ပယ်ရမည်။ အသံတို့ကို ပယ်ကြရမည်။ပ။ နှာခေါင်းကို ပယ်ရမည်။ အနံ့တို့ကို ပယ်ကြရ မည်။ လျှာကို ပယ်ရမည်။ အရသာတို့ကို ပယ်ကြရမည်။ ကိုယ်ကို ပယ်ရမည်။ အတွေ့တို့ကို ပယ်ကြရ မည်။ စိတ်ကို ပယ်ရမည်။ ဓမ္မာရုံတို့ကို ပယ်ကြရမည်။ စိတ်အသိ 'မနောဝိညာဉ်'ကို ပယ်ရမည်။ စိတ် အတွေ့ 'မနောသမ္ဖဿ'ကို ပယ်ရမည်။ စိတ်အတွေ့ 'မနောသမ္ဖဿ'ဟူသော အကြောင်းကြောင့် ဖြစ်ပေါ် သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကိုလည်း ပယ်ရမည်။ ရုပ်ကို ရှုမြင်လျက် ပယ်၏။ ဝေဒနာကို ရှုမြင်လျက် ပယ်၏။ သညာကို ရှုမြင်လျက် ပယ်၏။ သင်္ခါရတို့ကို ရှုမြင်လျက် ပယ်၏။ ဝိညာဉ်ကို ရှုမြင်လျက် ပယ်၏။ မျက်စိကို။ပ။ အိုခြင်း၊ သေခြင်းကို။ပ။ အမြိုက်နိဗ္ဗာန်ကို အပြီးအဆုံးဟူသော သဘောအားဖြင့် ရှုမြင်လျက် ပယ်၏။ ပယ်ပြီးဖြစ်ကုန်သော တရား တို့သည် စွန့်ပြီးဖြစ်ကုန်၏။ ထိုတရားသဘောသည် သိတတ်သောအနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤတရားတို့ကို ပယ်အပ်ကုန်၏''ဟု (ဟောတော်မူ သော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏၊ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏ဟု ဆိုအပ်၏။ (၃) တတိယအခန်း ပြီး၏။
စတုတ္ထအခန်း
''ဤတရားတို့ကို ပွါးများအပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) အဘယ် သို့လျှင် နာကြားအပ်သော တရားမည်သနည်း။ ထိုတရားအပေါင်းကို သိသောပညာသည် အဘယ်သို့လျှင် သုတမယဉာဏ် မည်သနည်း။ သာယာနှစ်ခြိုက်ဖွယ်နှင့် တကွဖြစ်သော ကာယဂတာသတိဟူသော တစ်ခုသောတရားကို ပွါးများအပ်၏။ သမထ ဝိပဿနာဟူသောနှစ်ပါးသောတရားတို့ကို ပွါးများအပ်ကုန်၏။ သမာဓိသုံးပါး တရားတို့ကို ပွါးများအပ်ကုန်၏။ သတိပဋ္ဌာန်လေးပါး တရားတို့ကို ပွါးများအပ်ကုန်၏။ အင်္ဂါငါးပါးရှိသော စတုတ္ထဈာန်သမာဓိဟူသော ငါးပါးသောတရားတို့ကို ပွါးများအပ်ကုန်၏။ အနုဿတိခြောက်ပါး တရားတို့ကို ပွါးများအပ်ကုန်၏။ ဗောဇ္ဈင်ခုနစ်ပါး တရားတို့ကို ပွါးများအပ်ကုန်၏။ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသော ရှစ်ပါးသောတရားတို့ကို ပွါးများအပ်ကုန်၏။ ဝိပဿနာ၏ စင်ကြယ်ကြောင်း အင်္ဂါကိုးပါး တရားတို့ကို ပွါးများအပ်ကုန်၏။ ကသိုဏ်းအာရုံဆယ်ပါး တရားတို့ကို ပွါးများအပ်ကုန်၏။ ပွါးများခြင်း ဘာဝနာတို့သည် လောကီဘာဝနာ၊ လောကုတ္တရာဘာဝနာအားဖြင့်နှစ်ပါးရှိ ကုန်၏။ ပွါးများခြင်းဘာဝနာတို့သည် ရူပါဝစရကုသိုလ်တရားတို့ကို ပွါးများခြင်း၊ အရူပါဝစရကုသိုလ်တရား တို့ကို ပွါးများခြင်း၊ လောက၌ အကျုံးမဝင်သော ကုသိုလ်တရားတို့ကို ပွါးများခြင်းဟု သုံးပါးရှိကုန်၏။ ရူပါဝစရကုသိုလ်တရားတို့ကို ပွါးများခြင်းသည် အယုတ်၊ အလတ်၊ အမြတ်ဟု ရှိ၏။ အရူပါဝစရ ကုသိုလ်တရားတို့ကို ပွါးများခြင်းသည အယုတ်၊ အလတ်၊ အမြတ်ဟု ရှိ၏။ လောက၌ အကျုံးမဝင်သော ကုသိုလ်တရားတို့ကို ပွါးများခြင်းသည် အမြတ်သာ ရှိ၏။ ပွါးများခြင်းဘာဝနာတို့သည် ဒုက္ခသစ္စာကို ပိုင်းခြားသိ၍ ပွါးများခြင်း၊ သမုဒယသစ္စာကို ပယ်၍ ပွါးများခြင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြု၍ ပွါးများခြင်း၊ မဂ္ဂသစ္စာကို ပွါးထုံ၍ ပွါးများခြင်းဟု လေးပါး ရှိကုန်၏။ ဤသည်တို့ကား ပွါးများခြင်းဘာဝနာ လေးပါးတို့တည်း။ (၄) ထို့ပြင်လည်း ရှာမှီး၍ ပွါးများခြင်း၊ ရရောက်၍ ပွါးများခြင်း၊ ကိစ္စတူ ပွါးများခြင်း၊ အဖန်ဖန် မှီဝဲ၍ ပွါးများခြင်းဟု ဘာဝနာလေးပါးရှိ၏။ ထိုလေးပါးတို့တွင် ရှာမှီး၍ ပွါးများခြင်းဆိုသည်ကား သမာဓိပွါးများသူအားလုံးတို့၏ သမာဓိ အတွင်းရှိ တရားတို့သည် (တည်တံ့ရေး) ကိစ္စတစ်ခုတည်းသာ ရှိ၏ဟု ပွါးများခြင်းမျိုးတည်း။ ရရောက်၍ ပွါးများခြင်းဆိုသည်ကား သမာဓိပွါးများသူအားလုံးတို့၏ သမာဓိအတွင်းရှိ တရားတို့ သည့်တစ်ခုသည် တစ်ခုကို မလွန်ကြကုန်ဟု ပွါးများခြင်းမျိုးတည်း။ ကိစ္စတူ ပွါးများခြင်းဆိုသည်ကား ဆုံးဖြတ်တတ်သောအနက်အားဖြင့် သဒ္ဓိန္ဒြေကို ပွါးများသူအား (ကြွင်း) ဣန္ဒြေလေးပါးတို့သည် သဒ္ဓိန္ဒြေ၏အစွမ်းဖြင့် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်း ရှိသော အနက်အားဖြင့် ပွားများခြင်းမျိုးတည်း။ ချီးမြှောက်တတ်သော အနက်အားဖြင့် ဝီရိယိန္ဒြေကို ပွါးများသူအား (ကြွင်း) ဣန္ဒြေလေးပါးတို့သည် ဝီရိယိန္ဒြေ၏အစွမ်းဖြင့် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွားများခြင်း။ ထင်ရှားသော အနက်အားဖြင့် သတိန္ဒြေကို ပွါးများသူအား (ကြွင်း) ဣန္ဒြေလေးပါးတို့သည် သတိန္ဒြေ၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွားများခြင်း။ မပျံ့လွင့်သောအနက်အားဖြင့် သမာဓိန္ဒြေကို ပွါးများသူအား (ကြွင်း) ဣန္ဒြေလေးပါးတို့သည် သမာဓိ န္ဒြေ၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွားများခြင်း။ ရှုမြင်တတ်သောအနက်အားဖြင့် ပညိန္ဒြေကို ပွါးများသူအား (ကြွင်း) ဣန္ဒြေလေးပါးတို့သည် ပညိန္ဒြေ၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွားများခြင်း။ မယုံကြည်ခြင်း၌ မတုန်လှုပ်သောအနက်အားဖြင့် သဒ္ဓါဗိုလ်ကို ပွါးများသူအား (ကြွင်း) ဗိုလ်လေးပါး တို့သည် သဒ္ဓါဗိုလ်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗိုလ်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက် အားဖြင့် ပွားများခြင်း။ ပျင်းရိခြင်း၌ မတုန်လှုပ်သောအနက်အားဖြင့် ဝီရိယဗိုလ်ကို ပွါးများသူအား (ကြွင်း) ဗိုလ်လေးပါးတို့ သည် ဝီရိယဗိုလ်၏အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗိုလ်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွားများခြင်း။ မေ့လျော့ခြင်း၌ မတုန်လှုပ်သောအနက်အားဖြင့် သတိဗိုလ်ကို ပွါးများသူအား (ကြွင်း) ဗိုလ်လေးပါး တို့သည် သတိဗိုလ်၏အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗိုလ်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အား ဖြင့် ပွားများခြင်း။ ပျံ့လွင့်ခြင်း၌ မတုန်လှုပ်သောအနက်အားဖြင့် သမာဓိဗိုလ်ကို ပွါးများသူအား (ကြွင်း) ဗိုလ်လေးပါး တို့သည် သမာဓိဗိုလ်၏အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗိုလ်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အား ဖြင့် ပွားများခြင်း။ အမှန်မသိ (တွေဝေ)ခြင်း၌ မတုန်လှုပ်သောအနက်အားဖြင့် ပညာဗိုလ်ကို ပွါးများသူအား (ကြွင်း) ဗိုလ်လေးပါးတို့သည် ပညာဗိုလ်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗိုလ်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွားများခြင်း။ ထင်ရှားသောအနက်အားဖြင့် သတိသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက်ပါးတို့သည် သတိသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗောဇ္ဈင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ စိစစ်တတ်သော အနက်အားဖြင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက် ပါးတို့သည် ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗောဇ္ဈင်တို့၏ ကိစ္စတစ်ခုတည်း ရှိသော အနက်အားဖြင့် ပွါးများခြင်း။ ချီးမြှောက်တတ်သောအနက်အားဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက်ပါး တို့သည် ဝီရိယသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗောဇ္ဈင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ ပျံ့နှံ့တတ်သောအနက်အားဖြင့် ပီတိသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက်ပါးတို့ သည် ပီတိသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗောဇ္ဈင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက် အားဖြင့် ပွါးများခြင်း။ ငြိမ်းအေးသောအနက်အားဖြင့် ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက်ပါးတို့ သည် ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗောဇ္ဈင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ မပျံ့လွင့်သော အနက်အားဖြင့် သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက်ပါးတို့ သည် သမာဓိသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ဗောဇ္ဈင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ ဆင်ခြင်တတ်သောအနက်အားဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများသူအား (ကြွင်း) ဗောဇ္ဈင်ခြောက်ပါး တို့သည် ဥပေက္ခာသမ္ဗောဇ္ဈင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု ကိစ္စတစ်ခုတည်းရှိသော အနက် အားဖြင့် ပွါးများခြင်း။ ရှုမြင်တတ်သော အနက်အားဖြင့် သမ္မာဒိဋ္ဌိမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါးတို့သည် သမ္မာဒိဋ္ဌိမဂ္ဂင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ ရှေးရှုတင်ပေးတတ်သောအနက်အားဖြင့် သမ္မာသင်္ကပ္ပမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါး တို့သည် သမ္မာသင်္ကပ္ပမဂ္ဂင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ သိမ်းဆည်းတတ်သော အနက်အားဖြင့် သမ္မာဝါစာမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါးတို့ သည် သမ္မာဝါစာမဂ္ဂင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက် အားဖြင့် ပွါးများခြင်း။ ကောင်းစွာဖြစ်သောအနက်အားဖြင့် သမ္မာကမ္မန္တမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါးတို့ သည် သမ္မာကမ္မန္တမဂ္ဂင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက် အားဖြင့် ပွါးများခြင်း။ ဖြူစင်သောအနက်အားဖြင့် သမ္မာအာဇီဝမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါးတို့သည် သမ္မာအာဇီဝမဂ္ဂင်၏ အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အား ဖြင့် ပွါးများခြင်း။ ချီးမြှောက်တတ်သော အနက်အားဖြင့် သမ္မာဝါယာမမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါး တို့သည် သမ္မာဝါယာမမဂ္ဂင်၏အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ ထင်ရှားသောအနက်အားဖြင့် သမ္မာသတိမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါးတို့သည် သမ္မာသတိမဂ္ဂင်၏အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ မပျံ့လွင့်သောအနက်အားဖြင့် သမ္မာသမာဓိမဂ္ဂင်ကို ပွါးများသူအား (ကြွင်း) မဂ္ဂင်ခုနစ်ပါးတို့သည် သမ္မာသမာဓိမဂ္ဂင်၏အစွမ်းအားဖြင့် ကိစ္စတူမျှကုန်၏ဟု မဂ္ဂင်တို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အား ဖြင့် ပွါးများခြင်း။ ဤပွါးများခြင်းများသည် ကိစ္စတူပွါးများခြင်းမျိုးတည်း။ အဖန်ဖန်မှီဝဲ၍ ပွါးများခြင်းဆိုသည်ကား ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ မှီဝဲ၏။ နေ့လယ်အခါ၌လည်း မှီဝဲ၏။ ညချမ်းအခါ၌လည်း မှီဝဲ၏။ ဆွမ်းမစားမီလည်း မှီဝဲ၏။ ဆွမ်းစားပြီး နောက်လည်း မှီဝဲ၏။ ညဉ့်ဦးယံ၌လည်း မှီဝဲ၏။ သန်းခေါင်ယံ၌လည်း မှီဝဲ၏။ မိုးသောက်ယံ၌လည်း မှီဝဲ၏။ ညဉ့်၌လည်း မှီဝဲ၏။ နေ့၌လည်း မှီဝဲ၏။ ညဉ့်နေ့တို့၌လည်း မှီဝဲ၏။ လဆုတ်ပက္ခ၌လည်း မှီဝဲ၏။ လဆန်းပက္ခ၌လည်း မှီဝဲ၏။ မိုးကာလ၌လည်း မှီဝဲ၏။ ဆောင်းကာလ၌လည်း မှီဝဲ၏။ နွေကာလ ၌လည်း မှီဝဲ၏။ ပဌမအရွယ်၌လည်း မှီဝဲ၏။ ဒုတိယအရွယ်၌လည်း မှီဝဲ၏။ တတိယအရွယ်၌လည်း မှီဝဲ၏။ ဤသည်ကား အဖန်ဖန်မှီဝဲ၍ ပွါးများခြင်းမျိုးတည်း။ ဤသည်တို့ကား ပွါးများခြင်း ဘာဝနာလေးပါးတို့တည်း။ ထို့ပြင်လည်း ပွါးများခြင်းဘာဝနာတို့သည် လေးပါးတို့တည်း။ လေးမျိုးဟူသော်ကား- ထိုထိုအရာ၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သောအနက်အားဖြင့် ပွါးများခြင်း၊ ဣန္ဒြေတို့၏ ကိစ္စ တစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း၊ ထိုကိစ္စတစ်ခုတည်းရှိသောအဖြစ်သို့ရောက်ကြောင်းဖြစ် သော ဝီရိယကို ဆောင်တတ်သော အနက်အားဖြင့် ပွါးများခြင်း၊ မှီဝဲတတ်သော အနက်အားဖြင့် ပွါးများခြင်းတို့တည်း။ (ထိုလေးပါးတို့တွင်) ထိုထိုအရာ၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ' သည် အဘယ်နည်း။ ကာမစ္ဆန္ဒကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဈာန်၏အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်း ချင်း မကျော်လွန်ကုန်ဟု ထိုဈာန်၌ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သောအနက်အားဖြင့် ပွါးများခြင်း။ ပျက်စီးစေလိုသောဒေါသကို စွန့်ပယ်သော ပုဂ္ဂိုလ်အား မပျက်စီးစေလိုသော မေတ္တာ၏ အစွမ်းအား ဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုမေတ္တာ၌ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ကို စွန့်ပယ်သောပုဂ္ဂိုလ်အား အရောင်အလင်းဟူသောအမှတ် 'အာလောက သညာ'၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအာလောက သညာ၌ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သောအနက်အားဖြင့် ပွါးများခြင်း။ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ'ကို စွန့်ပယ်သောပုဂ္ဂိုလ်အား မပျံ့လွင့်သည်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုမပျံ့လွင့်သည်၌ ဖြစ်ကုန်သော တရားတို့ကို မကျော် လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ယုံမှားသံသယ 'ဝိစိကိစ္ဆာ'ကို စွန့်ပယ်သော ပုဂ္ဂိုလ်အား တရားကို ဉာဏ်ဖြင့် ပိုင်းခြားမှတ်သားခြင်း၏ အစွမ်းဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုတရားတို့ကို ဉာဏ် ဖြင့် ပိုင်းခြားမှတ်သားခြင်း၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သောအနက်အားဖြင့် ပွါးများခြင်း။ မသိခြင်း 'အဝိဇ္ဇာ' ကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဉာဏ်၏အစွမ်းဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုဉာဏ်၌ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သောအနက်အားဖြင့် ပွါး များခြင်း။ မမွေ့လျော်ခြင်းကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဝမ်းမြောက်ခြင်း၏အစွမ်းအားဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်းမကျော်လွန်ကုန်ဟု ထိုဝမ်းမြောက်ခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန် သော အနက်အားဖြင့် ပွါးများခြင်း။ အပိတ်အပင် 'နီဝရဏ'တရားတို့ကို စွန့်ပယ်သောပုဂ္ဂိုလ်အား ပဌမဈာန်၏အစွမ်းအားဖြင့် ဖြစ်ကုန် သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုပဌမဈာန်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ကြံစည်ခြင်း 'ဝိတက်'၊ သုံးသပ်ခြင်း 'ဝိစာရ'တို့ကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဒုတိယဈာန်၏ အစွမ်း့အားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုဒုတိယဈာန်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ နှစ်သိမ့်ခြင်း 'ပီတိ'ကို စွန့်ပယ်သောပုဂ္ဂိုလ်အား တတိယဈာန်၏အစွမ်းအားဖြင့် ဖြစ်ကုန်သော တရား တို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုတတိယဈာန်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ချမ်းသာဆင်းရဲ 'သုခဒုက္ခ'တို့ကို စွန့်ပယ်သောပုဂ္ဂိုလ်အား စတုတ္ထဈာန်၏အစွမ်းအားဖြင့် ဖြစ်ကုန် သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုစတုတ္ထဈာန်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ရူပါဝစရဈာန်ဟုဆိုအပ်သော ရူပသညာ၊ ဒွေပဉ္စဝိညာဉ်တစ်ဆယ်ဟု ဆိုအပ်သော ပဋိဃသညာ၊ နာနတ္တသညာကို စွန့်ပယ်သောပုဂ္ဂိုလ်အား အာကာသာနဉ္စာယတနသမာပတ်၏ အစွမ်းအားဖြင့် ဖြစ်ကုန် သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအာကာသာနဉ္စာယတနသမာပတ်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ အာကာသာနဉ္စာယတနသညာကို စွန့်ပယ်သောပုဂ္ဂိုလ်အား ဝိညာဏဉ္စာယတနသမာပတ်၏ အစွမ်း အားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုဝိညာဏဉ္စာယတနသမာပတ်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ဝိညာဏဉ္စာယတနသညာကို စွန့်ပယ်သောပုဂ္ဂိုလ်အား အာကိဉ္စညာယတနသမာပတ်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအာကိဉ္စညာယတနသမာပတ်၌ ဖြစ် ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ အာကိဉ္စညာယတနသညာကို စွန့်ပယ်သောပုဂ္ဂိုလ်အား နေဝသညာနာသညာယတနသမာပတ်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုနေဝသညာနာသညာ ယတနသမာပတ်၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ မြဲ၏ဟူသောအမှတ် 'နိစ္စသညာ' ကို ပယ်စွန့်သောပုဂ္ဂိုလ်အား မမြဲဟု အဖန်ဖန်ရှုခြင်း 'အနိစ္စာနုပဿနာ'၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုမမြဲဟု အဖန်ဖန်ရှုခြင်း 'အနိစ္စာနုပဿနာ'၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါး များခြင်း။ ချမ်းသာ၏ဟူသောအမှတ် 'သုခသညာ'ကို ပယ်စွန့်သောပုဂ္ဂိုလ်အား ဆင်းရဲဟု အဖန်ဖန်ရှုခြင်း 'ဒုက္ခာနုပဿနာ'၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထို ဆင်းရဲဟု အဖန်ဖန် ရှုခြင်း 'ဒုက္ခာနုပဿနာ'၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အား ဖြင့် ပွါးများခြင်း။ ငါပိုင်ငါစိုးဟူသောအမှတ် 'အတ္တသညာ'ကို ပယ်သောပုဂ္ဂိုလ်အား ငါပိုင်ငါစိုးမဟုတ်ဟု အဖန်ဖန်ရှုခြင်း 'အနတ္တာနုပဿနာ'၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထို ငါပိုင်ငါစိုး မဟုတ်ဟု အဖန်ဖန်ရှုခြင်း 'အနတ္တာနုပဿနာ'၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ နှစ်သက်ခြင်း 'တဏှာ'ကို စွန့်ပယ်သောပုဂ္ဂိုလ်အား ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုခြင်း 'နိဗ္ဗိဒါနုပဿနာ'၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုငြီးငွေ့ဖွယ်ဟု အဖန် ဖန်ရှုခြင်း 'နိဗ္ဗိဒါနုပဿနာ'၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ တပ်မက်ခြင်း 'ရာဂ' ကို စွန့်ပယ်သောပုဂ္ဂိုလ်အား တပ်မက်ခြင်း 'ရာဂ'ကင်းခြင်း၌ အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုတပ်မက်ခြင်း 'ရာဂ'့ကင်းခြင်း၌ အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ဖြစ်ကြောင်း 'သမုဒယ'ကို စွန့်ပယ်သောပုဂ္ဂိုလ်အား ချုပ်ငြိမ်းခြင်း 'နိရောဓ'ကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုချုပ်ငြိမ်းခြင်း 'နိရောဓ'ကို အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ စွဲယူခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား စွန့်လွှတ်ခြင်း၌ အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန် သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုစွန့်လွှတ်မှုကို အဖန်ဖန်ရှုမြင်ခြင်း၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ အစိုင်အခဲဟူသောအမှတ် 'ဃနသညာ'ကို ပယ်စွန့်သောပုဂ္ဂိုလ်အား ကုန်ဆုံးခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုကုန်ဆုံးခြင်းကို အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ သင်္ခါရတို့၏အကျိုးငှါ အားထုတ်ခြင်းလုံ့လကို ပယ်စွန့်သောပုဂ္ဂိုလ်အား ပျက်စီးခြင်းကို အဖန်ဖန် ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုပျက်စီးခြင်းကို အဖန်ဖန်ရှုမြင်ခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ မြဲမြံခိုင်ခံ့၏ဟူ၍ဖြစ်သောအမှတ် 'ဓုဝသညာ'ကို ပယ်စွန့်သောပုဂ္ဂိုလ်အား ဖောက်ပြန်ပျက်စီးခြင်းကို အဖန်ဖန်ရှုမြင်ခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထို ဖောက်ပြန်ပျက်စီးခြင်းကို အဖန်ဖန်ရှုမြင်ခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အား ဖြင့် ပွါးများခြင်း။ အကြောင်းနိမိတ်ကို စွန့်ပယ်သောပုဂ္ဂိုလ်အား အကြောင်းနိမိတ်မဟုတ်သည်ကို အဖန်ဖန်ရှုသည်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအကြောင်းနိမိတ်မဟုတ် သည်ကို အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ တောင့်တခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား မတောင့်တခြင်းကို အဖန်ဖန်ရှုသည်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုမတောင့်တခြင်းကို အဖန်ဖန်ရှုခြင်း၌ ဖြစ် ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ငါ၊ ငါ့ဟာဟု မှားသောအားဖြင့်နှလုံးသွင်းခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား ငါ၊ ငါ့ဟာမှ ဆိတ်သုဉ်းခြင်း၌ အဖန်ဖန်ရှုသည်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုငါ၊ ငါ့ဟာမှ ဆိတ်သုဉ်းခြင်း၌ အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အား ဖြင့် ပွါးများခြင်း။ အနှစ်ရှိ၏ဟု မှားသောအားဖြင့်နှလုံးသွင်းခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား လွန်ကဲသောဉာဏ် ပညာကို အဖန်ဖန်ရှုသည်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုလွန်ကဲသောဉာဏ်ပညာကို အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အား ဖြင့် ပွါးများခြင်း။ တွေဝေသောအားဖြင့်နှလုံးသွင်းခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အားဟုတ်မှန်သော ဉာဏ်အမြင်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုဟုတ်မှန်သော ဉာဏ် အမြင်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ တွယ်တာနှစ်သက်ဖွယ်ဟု မှားသောအားဖြင့်နှလုံးသွင်းခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား အပြစ်ကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအပြစ် ကို အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ မစူးစမ်းမဆင်ခြင်ခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား စူးစမ်းဆင်ခြင်ခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်း့အားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုစူးစမ်းဆင်ခြင်ခြင်းကို အဖန်ဖန် ရှုခြင်း၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ဆက်စပ်ဖွဲ့နှောင်မှု၌ မှားသောအားဖြင့်နှလုံးသွင်းခြင်းကို ပယ်စွန့်သောပုဂ္ဂိုလ်အား ဆက်စပ်နှောင် ဖွဲ့မှုမရှိခြင်းကို အဖန်ဖန်ရှုခြင်း၏ အစွမ်းအားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန် ကုန်ဟု ထိုဆက်စပ်နှောင်ဖွဲ့မှု မရှိခြင်းကို အဖန်ဖန်ရှုခြင်း၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ဒိဋ္ဌိနှင့်တကွတည်သော ကိလေသာတို့ကို ပယ်စွန့်သောပုဂ္ဂိုလ်အား သောတာပတ္တိမဂ်၏ အစွမ်းအား ဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုသောတာပတ္တိမဂ်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ရုန့်ရင်းသောကိလေသာတို့ကို ပယ်စွန့်သောပုဂ္ဂိုလ်အား သကဒါဂါမိမဂ်၏ အစွမ်းအားဖြင့် ဖြစ်ကုန် သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုသကဒါဂါမိမဂ်၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ အသေးအဖွဲနှင့်တကွဖြစ်သော ကိလေသာတို့ကို ပယ်စွန့်သောပုဂ္ဂိုလ်အား အနာဂါမိမဂ်၏ အစွမ်း အားဖြင့် ဖြစ်ကုန်သောတရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအနာဂါမိမဂ်၌ ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း။ ကိလေသာအားလုံးကို ပယ်စွန့်သော ပုဂ္ဂိုလ်အား အရဟတ္တမဂ်၏ အစွမ်းအားဖြင့် ဖြစ်ကုန်သော တရားတို့သည် အချင်းချင်း မကျော်လွန်ကုန်ဟု ထိုအရဟတ္တမဂ်၌ ဖြစ်ကုန်သောတရားတို့ကို မကျော်လွန် သော အနက်အားဖြင့် ပွါးများခြင်း။ ဤသည်တို့ကား ထိုထိုအရာ၌ဖြစ်ကုန်သော တရားတို့ကို မကျော်လွန်သော အနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ'တို့တည်း။ ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ'သည် အဘယ်နည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်သောပုဂ္ဂိုလ်အား ဈာန်၏အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့သည် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ ပျက်စီးစေလိုသောဒေါသကို ပယ်စွန့်သော ပုဂ္ဂိုလ်အား မပျက်စီးစေလိုသော မေတ္တာ၏ အစွမ်းအား ဖြင့် ဣန္ဒြေငါးပါးတို့သည် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါး များခြင်း။ပ။ ကိလေသာအားလုံးကို ပယ်စွန့်သော ပုဂ္ဂိုလ်အား အရဟတ္တမဂ်၏ အစွမ်းအားဖြင့် ဣန္ဒြေငါးပါးတို့ သည် ကိစ္စတူမျှကုန်၏ဟု ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း။ ဤသည်တို့ကား ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ'တို့တည်း။ ဣန္ဒြေတို့၏ ကိစ္စတစ်ခုတည်းရှိသော အဖြစ်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင်တတ် သော အနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ'သည် အဘယ်နည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်သောပုဂ္ဂိုလ်အား ဈာန်၏အစွမ်းအားဖြင့် ဝီရိယကို ရွက်ဆောင်၏ဟု ထိုကိစ္စ တစ်ခုတည်းရှိသော အဖြစ်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင်တတ်သော အနက်အားဖြင့် ပွါး များခြင်း။ ပျက်စီးစေလိုသောဒေါသကို ပယ်စွန့်သောပုဂ္ဂိုလ်အား မပျက်စီးစေလိုသော မေတ္တာ၏အစွမ်းအားဖြင့် ဝီရိယကို ရွက်ဆောင်၏ဟု ထိုကိစ္စတစ်ခုတည်းရှိသောအဖြစ်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင် တတ်သော အနက်အားဖြင့် ပွါးများခြင်း။ပ။ ကိလေသာအားလုံးကို ပယ်စွန့်သောပုဂ္ဂိုလ်အား အရဟတ္တမဂ်၏အစွမ်းအားဖြင့် ဝီရိယကို ရွက် ဆောင်၏ဟု ထိုကိစ္စတစ်ခုတည်းရှိသောအဖြစ်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ဆောင်တတ်သော အနက်အားဖြင့် ပွါးများခြင်း။ ဤသည်တို့ကား ဣန္ဒြေတို့၏ တစ်ခုတည်းသောကိစ္စရှိသော အဖြစ်သို့ရောက်ကြောင်းဖြစ်သော ဝီရိယကို ရွက်ဆောင်တတ်သော အနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ' တို့တည်း။ မှီဝဲတတ်သောအနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ' သည် အဘယ်နည်း။ ကာမစ္ဆန္ဒကို ပယ်စွန့်သောပုဂ္ဂိုလ်သည် ဈာန်ကို လွန်စွာ မှီဝဲ၏ဟု လွန်စွာ မှီဝဲခြင်းအနက်အားဖြင့် ပွါးများခြင်း။ ပျက်စီးစေလိုသော ဒေါသကို ပယ်စွန့်သောပုဂ္ဂိုလ်သည် မပျက်စီးစေလိုသော မေတ္တာကို လွန်စွာ မှီဝဲ၏ဟု လွန်စွာ မှီဝဲခြင်းအနက်အားဖြင့် ပွါးများခြင်း။ပ။ ကိလေသာအားလုံးကို ပယ်စွန့်သောပုဂ္ဂိုလ်သည် အရဟတ္တမဂ်ကို လွန်စွာ မှီဝဲ၏ဟု လွန်စွာ မှီဝဲခြင်း အနက်အားဖြင့် ပွါးများခြင်း။ ဤသည်တို့ကား မှီဝဲခြင်းအနက်အားဖြင့် ပွါးများခြင်း 'ဘာဝနာ'တို့တည်း။ ပွါးများခြင်း 'ဘာဝနာ'လေးမျိုးတို့ကား ဤသည်တို့တည်း။ ရုပ်ကို ရှုလျက် ပွါးများ၏။ ဝေဒနာကို ရှုလျက် ပွါးများ၏။ သညာကို ရှုလျက် ပွါးများ၏။ သင်္ခါရတို့ကို ရှုလျက် ပွါးများ၏။ ဝိညာဉ်ကို ရှုလျက် ပွါးများ၏။ မျက်စိကို။ပ။ အိုခြင်း၊ သေခြင်းကို။ပ။ မသေရာသို့ သက်ဝင်သော နိဗ္ဗာန်ကို အဆုံးဖြစ်သော အနက်အားဖြင့် ရှုလျက် ပွါးများ၏။ ပွါးများအပ်သောတရားတို့သည် တစ်ခုတည်းသော ကိစ္စရှိကုန်၏။ ထိုတရားသဘောသည် သိတတ် သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤတရားတို့ကို ပွါးများအပ်ကုန်၏''ဟု (ဟောတော်မူသော တရားအပေါင်းသည်) နာကြားအပ် သောတရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏ဟု ဆိုအပ်၏။ (၄) စတုတ္ထအခန်း ပြီး၏။ ''ဤတရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏''ဟု (ဟောတော်မူသောတရားအပေါင်းသည်) အဘယ်သို့လျှင် နာကြားအပ်သော တရားမည်သနည်း။ ထိုတရားအပေါင်းကိုသိသောပညာသည် အဘယ် သို့လျှင် သုတမယဉာဏ်မည်သနည်း။ မပျက်စီးနိုင်သော စိတ်၏လွတ်လပ်မှု အရဟတ္တဖိုလ်ဟူသော တစ်ခုတည်းသော တရားကို မျက် မှောက်ပြုအပ်၏။ ဝိဇ္ဇာ၊ ဝိမုတ္တိဟူသောနှစ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဝိဇ္ဇာသုံးပါး တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ မဂ်၏ အကျိုးဖြစ်သော ဖိုလ်လေးပါးတရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ သီလက္ခန္ဓစသော ငါးပါးသော တရားအစုတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ အဘိညာဉ်ခြောက်ပါး တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ရဟန္တာတို့၏ အားခုနစ်ပါး တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ဝိမောက္ခရှစ်ပါး တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ အစဉ်အတိုင်း ချုပ်စေအပ်သော ကိုးပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော ဆယ်ပါးသော တရားတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ရဟန်းတို့ တရားအားလုံးကို မျက်မှောက်ပြုအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် တရားအားလုံးကို မျက်မှောက်ပြုအပ်သနည်း။ ရဟန်းတို့ မျက်စိကို မျက်မှောက်ပြုအပ်၏။ အဆင်းတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ မျက်စိအသိ စိတ် 'စက္ခုဝိညာဉ်'ကို မျက်မှောက်ပြုအပ်၏။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကို မျက်မှောက်ပြုအပ်၏။ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကိုလည်း မျက် မှောက်ပြုအပ်၏။ နားကို မျက်မှောက်ပြုအပ်၏။ အသံတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ပ။ နှာခေါင်းကို မျက်မှောက်ပြုအပ်၏။ အနံ့တို့ကို မျက်မှောက်ပြုအပ်ကုန်၏။ လျှာကို မျက်မှောက်ပြုအပ်၏။ အရသာတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ ကိုယ်ကို မျက်မှောက်ပြုအပ်၏။ အတွေ့အထိ ဖောဋ္ဌဗ္ဗာရုံတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ စိတ်ကို မျက်မှောက်ပြုအပ်၏။ ဓမ္မာရုံတို့ကို မျက်မှောက်ပြုအပ်ကုန်၏။ စိတ်အသိ 'မနောဝိညာဉ်' ကို မျက်မှောက်ပြုအပ်၏။ စိတ်အတွေ့ 'မနောသမ္ဖဿ'ကို မျက်မှောက်ပြုအပ်၏။ စိတ်အတွေ့'မနော သမ္ဖဿ'ကြောင့် ဖြစ်သော သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာကိုလည်း မျက်မှောက်ပြုအပ်၏။ ရုပ်ကို ရှုလျက် မျက်မှောက်ပြု၏။ ဝေဒနာကို ရှုလျက် မျက်မှောက်ပြု၏။ သညာကို ရှုလျက် မျက်မှောက်ပြု၏။ သင်္ခါရတို့ကို ရှုလျက် မျက်မှောက်ပြု၏။ ဝိညာဉ်ကို ရှုလျက် မျက်မှောက်ပြု၏။ မျက်စိကို။ပ။ အိုခြင်း၊ သေခြင်းကို။ပ။ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သော နိဗ္ဗာန်ကို အဆုံးဖြစ်သော အနက်အားဖြင့် ရှုလျက် မျက်မှောက်ပြု၏။ မျက်မှောက်ပြုအပ်ကုန်သော တရားတို့ကို တွေ့ထိအပ်ကုန်၏။ ထိုတရားသဘောသည် သိတတ် သောကြောင့် ဉာဏ်မည်၏။ အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤတရား တို့ကို မျက်မှောက်ပြုအပ်ကုန်၏''ဟု (ဟောတော်မူအပ်သော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိသောပညာသည် သုတမယဉာဏ်မည်၏ဟု ဆိုအပ်၏။ (၅) ''ဤတရားတို့သည် ဆုတ်ယုတ်သောအဖို့ ရှိကုန်၏'' ''ဤတရားတို့သည် တည်တံ့ခြင်းအဖို့ ရှိကုန်၏'' ''ဤတရားတို့သည် ထူးခြားသောအဖို့ရှိကုန်၏'' ''ဤတရားတို့သည် (လောဘစသော ကိလေ သာ အစိုင်အခဲကို) ဖေါက်ခွဲခြင်းအဖို့ရှိကုန်၏''ဟု (ဟောတော်မူအပ်သော တရားအပေါင်းသည်) အဘယ်သို့ လျှင် နာကြားအပ်သော တရားမည်သနည်း။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် အဘယ် သို့လျှင် သုတမယဉာဏ် မည်သနည်း။ ပဌမဈာန်ကို ရသောသူအား ကာမဂုဏ်နှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့်လျော်သော သတိသည် တည်တံ့ခဲ့သော် တည်တံ့ခြင်း အဖို့ရှိသော တရားဖြစ်၏။ ကြံစည်မှုဝိတက်ကင်းသော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ သည် ဖြစ်ခဲ့သော် ထူးခြားသော အဖို့ရှိသော တရားဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော၊ ရာဂ ကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ်သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်းအဖို့ရှိ သော တရားဖြစ်၏။ ဒုတိယဈာန်ကို ရသောသူအား ကြံစည်ခြင်း 'ဝိတက်'နှင့်တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့်လျော်သော သတိသည် တည်တံ့ခဲ့သော် တည်တံ့ခြင်းအဖို့ရှိသော တရားဖြစ်၏။ လျစ်လျူရှုခြင်း ဥပေက္ခာ၊ ချမ်းသာခြင်း သုခနှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ထူးခြားသော အဖို့ရှိသော တရားဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော ရာဂကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ်သညာ,နှလုံးသွင်းခြင်း တို့ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်း အဖို့ရှိသော တရားဖြစ်၏။ တတိယဈာန်ကို ရသော သူအားနှစ်သက်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ'နှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့် လျော်သော သတိ တည်တံ့ခဲ့သော် တည်တံ့ခြင်းအဖို့ရှိသော တရားဖြစ်၏။ ဆင်းရဲချမ်းသာမှတစ်ပါး ဖြစ်သော ဥပေက္ခာနှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ထူးခြားသော အဖို့ ရှိသော တရားဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော ရာဂကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ် သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်းအဖို့ရှိသော တရားဖြစ်၏။ စတုတ္ထဈာန်ကို ရသောသူအား လျစ်လျူရှုခြင်းဥပေက္ခာနှင့်တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့်လျော်သော သတိ တည်တံ့ခဲ့ သော် တည်တံ့ခြင်းအဖို့ရှိသော တရားဖြစ်၏။ အာကာသာနဉ္စာယတနဈာန်နှင့် တကွဖြစ်သော အမှတ် သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ထူးခြားသော အဖို့ရှိသော တရားဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွ ဖြစ်သော ရာဂကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ်သညာ,နှလုံးသွင်းခြင်းတို့ ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်းအဖို့ရှိသောတရားဖြစ်၏။ အာကာသာနဉ္စာယတနဈာန်ကို ရသောသူအား ရုပ်နှင့်တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်း တို့ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့်လျော်သော သတိ တည်တံ့ခဲ့သော် တည်တံ့ခြင်းအဖို့ရှိသော တရားဖြစ်၏။ ဝိညာဏဉ္စာယတနနှင့်တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ထူးခြားသော အဖို့ရှိသော တရားဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော ရာဂကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်းအဖို့ရှိသော တရား ဖြစ်၏။ ဝိညာဏဉ္စာယတနဈာန်ကို ရသော သူအား အာကာသာနဉ္စာယတနနှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့်လျော်သော သတိတည်တံ့ခဲ့သော် တည်တံ့ခြင်းအဖို့ရှိသော တရားဖြစ်၏။ အာကိဉ္စညာယတနနှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ထူးခြားသောအဖို့ရှိသော တရားဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွဖြစ်သော ရာဂကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်းအဖို့ရှိသော တရားဖြစ်၏။ အာကိဉ္စညာယတနဈာန်ကို ရသောသူအား ဝိညာဏဉ္စာယတနဈာန်နှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဆုတ်ယုတ်သော အဖို့ရှိသော တရားဖြစ်၏။ ထိုဈာန်နှင့်လျော်သော သတိ တည်တံ့ခဲ့သော် တည်တံ့ခြင်းအဖို့ရှိသော တရားဖြစ်၏။ နေဝသညာနာသညာယတနဈာန်နှင့် တကွဖြစ်သော အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ထူးခြားသော အဖို့ရှိသော တရား ဖြစ်၏။ ငြီးငွေ့ခြင်းနှင့် တကွ ဖြစ်သော ရာဂကင်းခြင်း (အရိယမဂ်)နှင့်စပ်ယှဉ်သည့် အမှတ်သညာ,နှလုံးသွင်းခြင်းတို့ဖြစ်ခဲ့သော် ဖေါက်ခွဲခြင်းအဖို့ရှိသော တရားဖြစ်၏။ ထိုတရားသဘောသည် သိတတ်သောအနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤတရားတို့သည် ဆုတ်ယုတ်သော အဖို့ရှိကုန်၏'' ''ဤတရားတို့သည် တည်တံ့ခြင်း အဖို့ရှိကုန်၏'' ''ဤတရားတို့သည် ထူးခြားသော အဖို့ရှိကုန်၏'' ''ဤ တရားတို့သည် ဖေါက်ခွဲခြင်းအဖို့ရှိကုန်၏''ဟု (ဟောတော်မူအပ်သော တရားအပေါင်းသည်) နာကြားအပ် သောတရားမည်၏။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် သုတမယဉာဏ် မည်၏ဟု ဆိုအပ်၏။ (၄-၉) ''သင်္ခါရအားလုံးတို့သည် မမြဲကုန်။ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏။ တရားအားလုံး တို့သည် ကိုယ်ပိုင်ကိုယ်စိုး မဟုတ်ကုန်''ဟု (ဟောတော်မူအပ်သော တရားအပေါင်းသည်) အဘယ်သို့လျှင် နာကြားအပ်သော တရားမည်သနည်း။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် အဘယ်သို့ လျှင် သုတမယဉာဏ်မည်သနည်း။ ရုပ်သည် ကုန်ခန်းတတ်သော အနက်အားဖြင့် မမြဲ။ ဘေးဟူသော အနက်အားဖြင့် ဆင်းရဲ၏။ အနှစ်မရှိသော အနက်အားဖြင့် ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ဟု (ဟောတော်မူအပ်သော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် သုတမယဉာဏ်မည်၏။ ခံစားခြင်း 'ဝေဒနာ' သည်။ မှတ်သားခြင်း 'သညာ' သည်။ ပြုပြင်ခြင်း 'သင်္ခါရ' သည်။ ဝိညာဉ်သည်။ မျက်စိသည်။ပ။ အိုခြင်း၊ သေခြင်းသည် ကုန်ခန်းတတ်သော အနက်အားဖြင့် မမြဲ။ ဘေးဟူသော အနက် အားဖြင့် ဆင်းရဲ၏။ အနှစ်မရှိသော အနက်အားဖြင့် ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ဟု (ဟောတော်မူအပ်သော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် သုတမယဉာဏ်မည်၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ အပြားအားဖြင့် သိ တတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''သင်္ခါရအားလုံးတို့သည် မမြဲကုန်။ သင်္ခါရ အားလုံးတို့သည် ဆင်းရဲကုန်၏။ တရားအားလုံးတို့သည် ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ကုန်''ဟု (ဟောတော် မူအပ်သော တရားအပေါင်းသည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် သုတမယဉာဏ်မည်၏ဟု ဆိုအပ်၏။ (၃-၁၂) ''ဤတရားကား ဆင်းရဲအမှန်တရား 'ဒုက္ခအရိယသစ္စာ'တည်း။ ဤတရားကား ဆင်းရဲဖြစ် ကြောင်း အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာ'တည်း။ ဤတရားကား ဆင်းရဲချုပ်ငြိမ်းရာ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ'တည်း။ ဤတရားကား ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း ကျင့်ဝတ် အမှန်တရား 'ဒုက္ခ နိရောဓဂါမိနီ ပဋိပဒါအရိယသစ္စာ'တည်း''ဟု (ဟောတော်မူအပ်သော တရားအပေါင်း သည်) နာကြားအပ်သော တရားမည်၏။ ထိုတရားအပေါင်းကို သိတတ်သောပညာသည် အဘယ်သို့လျှင် သုတမယဉာဏ်မည်သနည်း။ ထိုအမှန်တရားလေးမျိုး အရိယသစ္စာတို့တွင် ဆင်းရဲအမှန်တရား 'ဒုက္ခအရိယသစ္စာ'ဟူသည် အဘယ်နည်း။ ပဋိသန္ဓေနေရခြင်းသည်လည်း ဆင်းရဲတည်း။ အိုရခြင်းသည်လည်း ဆင်းရဲတည်း။ သေရခြင်းသည် လည်း ဆင်းရဲတည်း။ စိုးရိမ်ရခြင်း၊ ငိုကြွေးမြည်တမ်းရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ပြင်းစွာပင်ပန်းရခြင်းသည်လည်း ဆင်းရဲတည်း။ မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်းသည် လည်း ဆင်းရဲတည်း။ ချစ်နှစ်လိုဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်းသည်လည်း ဆင်းရဲတည်း။ အလိုရှိ သည်ကို မရခြင်းသည်လည်း ဆင်းရဲတည်း။ အကျဉ်းချုပ်အားဖြင့် ဥပါဒါနက္ခန္ဓာငါးပါးသည် ဆင်းရဲတည်း။ ထိုဒုက္ခသစ္စာတို့တွင် ပဋိသန္ဓေနေရခြင်း 'ဇာတိ'သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ ရှေးဦးစွာဖြစ်ပေါ်ခြင်း၊ ပြည့်စုံစွာ ဖြစ်ပွါခြင်း၊ (အမိဝမ်း တွင်း ဥခွံတွင်းသို့) သက်ဝင်ခြင်း၊ ကိုယ်ထင်ရှားဖြစ်ခြင်း၊ ခန္ဓာတို့၏ ထင်ရှားဖြစ်ခြင်း၊ မျက်စိ နားစ သော တည်နေရာ အာယတနများကို ရခြင်းတည်း။ ဤသဘောကို ဇာတိဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် အိုခြင်း 'ဇရာ'သည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်း၌ အိုမင်းခြင်း၊ ဆွေးမြေ့ခြင်း၊ ကျိုးပဲ့ခြင်း၊ ဆံဖြူခြင်း၊ အရေတွန့်ခြင်း၊ ရုပ်အသက်ဆုတ်ယုတ်ခြင်း၊ (မျက်စိစသော) ဣန္ဒြေတို့၏ ရင့်ခြင်းတည်း။ ဤသဘောကို အိုခြင်း ဇရာဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် သေခြင်း 'မရဏ'ဟူသည် အဘယ်နည်း။ ထိုထိုသတ္တဝါတို့၏ ထိုထိုသတ္တဝါအပေါင်းမှ ရွေ့လျောခြင်း၊ ရွေ့လျောသောအခြင်းအရာ၊ ပျက်စီးခြင်း၊ ကွယ်ပျောက်ခြင်း၊ သက်ပြတ်သေဆုံးခြင်း၊ ကွယ်လွန်ခြင်း၊ သေချိန်ပြုခြင်း၊ ခန္ဓာတို့၏ ပျက်ခြင်း၊ ကိုယ်ကောင် ပစ်ချခြင်း၊ ဇီဝိတိန္ဒြေပြတ်စဲခြင်းတည်း။ ဤသဘောကို သေခြင်းမရဏဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် စိုးရိမ်ခြင်း 'သောက'ဟူသည် အဘယ်နည်း။ ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါဖြစ်ခြင်း၊ အကျင့်သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်းနှင့် တွေ့ကြုံသူ၏လည်းကောင်း၊ တစ်စုံတစ်ခုသော ပျက်စီးခြင်းနှင့် ပြည့်စုံသူ၏လည်း ကောင်း၊ တစ်စုံတစ်ခုသော ဆင်းရဲတရားနှင့် တွေ့ကြုံသူ၏လည်းကောင်း စိုးရိမ်ခြင်း၊ စိုးရိမ်သောအခြင်း အရာအားဖြင့်ဖြစ်ခြင်း၊ စိုးရိမ်သောသူ၏အဖြစ်၊ အတွင်း၌ စိုးရိမ်ခြင်း၊ အတွင်း၌ အဖန်တလဲလဲစိုးရိမ်ခြင်း၊ စိတ်ပူခြင်း၊နှလုံးမသာခြင်း၊ ပူဆွေးမှုငြောင့် စူးဝင်နေခြင်းတည်း။ ဤသဘောကို စိုးရိမ်ခြင်းသောကဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် ငိုယိုမြည်တမ်းခြင်း 'ပရိဒေဝ'ဟူသည် အဘယ်နည်း။ ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါဖြစ်ခြင်း၊ အကျင့်သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်းနှင့် တွေ့ကြုံသူ၏လည်းကောင်း၊ တစ်စုံတစ်ခုသော ပျက်စီးခြင်းနှင့် ပြည့်စုံသူ၏လည်း ကောင်း၊ တစ်စုံတစ်ခုသော ဆင်းရဲတရားနှင့် တွေ့ကြုံသူ၏လည်းကောင်း ပြင်းစွာငိုကြွေးခြင်း၊ အဖန်ဖန် ငိုကြွေးခြင်း၊ ပြင်းစွာ ငိုကြွေးသောအခြင်းအရာ၊ အဖန်ဖန်တလဲလဲငိုကြွေးသော အခြင်းအရာ၊ ပြင်းစွာ ငိုကြွေးသူ၏အဖြစ်၊ အဖန်ဖန်ငိုကြွေးသူ၏ အဖြစ်၊ အချည်းအနှီပြောဆိုခြင်း၊ ဖောက်ပြန်၍ပြောဆိုခြင်း၊ အဖန်ဖန်ပြောဆိုခြင်း၊ ပြောဆိုသောအခြင်းအရာ၊ ပြောဆိုသောသူ၏ အဖြစ်တည်း။ ဤသဘောကို ငိုယို မြည်တမ်းခြင်း ပရိဒေဝဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် ကိုယ်ဆင်းရဲခြင်း 'ဒုက္ခ'ဟူသည် အဘယ်နည်း။ မသာယာအပ်သော ကိုယ်၌ဖြစ်သော ဆင်းရဲ၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော မသာယာအပ်သော ဆင်းရဲကို ခံစားခြင်း၊ ကိုယ်အတွေ့ကြောင့်ဖြစ်သော မသက်သာသော ဆင်းရဲကို ခံစားခြင်းတည်း။ ဤ သဘောကို ကိုယ်ဆင်းရဲခြင်းဒုက္ခဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် စိတ်ဆင်းရဲခြင်း 'ဒေါမနဿ'ဟူသည် အဘယ်နည်း။ မသာယာအပ်သော စိတ်၌ဖြစ်သော ဆင်းရဲ၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသာယာအပ်သော ဆင်းရဲကို ခံစားခြင်း၊ စိတ်အတွေ့ကြောင့်ဖြစ်သော မသက်သာသောဆင်းရဲကို ခံစားခြင်းတည်း။ ဤ သဘောကို စိတ်ဆင်းရဲခြင်းဒေါမနဿဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် ပြင်းစွာပင်ပန်းခြင်း 'ဥပါယာသ'ဟူသည် အဘယ်နည်း။ ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါဖြစ်ခြင်း၊ အကျင့်သီလပျက်စီးခြင်း၊ အယူပျက်စီးခြင်းနှင့် တွေ့ကြုံသူ၏လည်းကောင်း၊ တစ်စုံတစ်ခုသော ပျက်စီးခြင်းနှင့် ပြည့်စုံသူ၏လည်း ကောင်း၊ တစ်စုံတစ်ခုသော ဆင်းရဲတရားနှင့် တွေ့ကြုံသူ၏လည်းကောင်း ပင်ပန်းခြင်း၊ ပြင်းစွာပင်ပန်းခြင်း၊ ပင်ပန်းသောအခြင်းအရာ၊ ပြင်းစွာပင်ပန်းသော အခြင်းအရာ၊ ပင်ပန်းသောသူ၏အဖြစ်၊ ပြင်းစွာ ပင်ပန်းသောသူ၏ အဖြစ်တည်း။ ဤသဘောကို ပြင်းစွာပင်ပန်းခြင်းဥပါယာသဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် မချစ်မနှစ်မြို့သူ မချစ်မနှစ်မြို့သော အရာဝတ္ထုတို့နှင့် ပေါင်းသင်းရောနှောရခြင်း ဆင်းရဲဒုက္ခဟူသည် အဘယ်နည်း။ ဤလောက၌ အလိုမရှိအပ် မနှစ်သက်အပ် မမြတ်နိုးအပ်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိ, သဘောတရားတို့သော်လည်းကောင်း၊ အကျိုးမဲ့အစီးပွါးမဲ့ခြင်း၊ မချမ်းသာခြင်း၊ ဘေးမငြိမ်းခြင်းကို လိုလားသောသူတို့သော်လည်းကောင်း ထိုသူအား ရှိကြကုန်၏။ ထို (အာရုံ, သတ္တဝါ) တို့နှင့် တွေ့ ရခြင်း၊ ဆုံရခြင်း၊ ပေါင်းးဖော်ရခြင်း၊ ရောနှော၍ နေရခြင်းတည်း။ ဤသဘောကို မချစ်မနှစ်လိုဖွယ်တို့နှင့် တွေ့ဆုံပေါင်း သင်းရခြင်းဆင်းရဲဒုက္ခဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွေကွင်းကွဲကွာရခြင်း ဆင်းရဲဟူသည် အဘယ်နည်း။ ဤလောက၌ လိုလားနှစ်သက်မြတ်နိုးအပ်ကုန်သော အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အထိ, သဘောတရားတို့သော်လည်းကောင်း၊ အကျိုးအစီးအပွါး၊ ချမ်းသာခြင်း၊ ဘေးကင်းခြင်းကို လို လားသော အမိ၊ အဖ၊ ညီ အစ်ကို၊နှမ အစ်မ၊ မိတ်ဆွေ အပေါင်းအဖော်၊ ဆွေမျိုးသားချင်းတို့ သော်လည်းကောင်း ထိုသူအား ရှိကုန်၏။ ထို (သတ္တဝါ,အာရုံ) တို့နှင့် မတွေ့ရခြင်း၊ မဆုံရခြင်း၊ မပေါင်း ဖော်ရခြင်း၊ မရောနှောရခြင်းတည်း။ ဤသဘောကို ချစ်ခင်နှစ်လိုဖွယ်တို့နှင့် ကွေကွင်းကွဲကွာရခြင်း ဆင်းရဲဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် လိုလားတောင့်တသော အရာကို မရခြင်း ဆင်းရဲဒုက္ခဟူသည် အဘယ်နည်း။ ပဋိသန္ဓေနေခြင်းသဘောရှိကုန်သော သတ္တဝါတို့အား ''ငါတို့သည် ပဋိသန္ဓေနေခြင်းသဘော မဖြစ် ကုန်မူ ကောင်းလေစွ။ ပဋိသန္ဓေနေခြင်းသည် ငါတို့ထံသို့ မရောက်လာမူ ကောင်းလေစွ''ဟု ဤသို့သော တောင့်တမှုသည် ဖြစ်၏။ ထိုသို့ တောင့်တသော်လည်း ဤ (ဇာတိမလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်။ ဤသည်ကိုလည်း လိုလားတောင့်တသော အရာကို မရခြင်းဆင်းရဲဒုက္ခဟု ဆိုအပ်၏။ အိုခြင်းသဘောရှိကုန်သော သတ္တဝါတို့အား။ပ။ နာခြင်းသဘောရှိကုန်သော သတ္တဝါတို့အား။ပ။ သေခြင်းသဘောရှိကုန်သော သတ္တဝါတို့အား။ စိုးရိမ်ခြင်း၊ ငိုယိုမြည်တမ်းခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ ပြင်းစွာပင်ပန်းခြင်း သဘောရှိကုန်သော သတ္တဝါတို့အား ''ငါတို့သည် စိုးရိမ်ခြင်း၊ ငိုယိုမြည်တမ်းခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ ပြင်းစွာပင်ပန်းခြင်းသဘောတို့ မဖြစ် ကုန်မူ ကောင်းလေစွ။ စိုးရိမ်းခြင်း၊ ငိုယိုမြည်တမ်းခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်နှလုံးမသာယာခြင်း၊ ပြင်းစွာပင်ပန်းခြင်း တရားတို့သည် ငါတို့ထံသို့ မရောက်လာကုန်မူ ကောင်းလေစွ''ဟု ဤသို့သော တောင့်တခြင်းသည် ဖြစ်၏။ သို့သော်လည်း ဤ (သောကစသည်မလာခြင်း) ကို တောင့်တခြင်းဖြင့် မရအပ်။ ဤသည်ကိုလည်း လိုလားတောင့်တသော အရာကို မရခြင်းဆင်းရဲဒုက္ခဟု ဆိုအပ်၏။ ထိုဒုက္ခသစ္စာတို့တွင် အကျဉ်းချုပ်အားဖြင့် ငါးပါးသော ဥပါဒါနက္ခန္ဓာတို့သည် ဆင်းရဲဒုက္ခတို့တည်း။ ဤဥပါဒါန်တို့၏ အာရုံဖြစ်သော ငါးပါးသော ခန္ဓာတို့ဟူသည် အဘယ်တို့နည်း။ ဥပါဒါန်တို့၏ အာရုံဖြစ်သော ရုပ်ဥပါဒါနက္ခန္ဓာ၊ ဝေဒနာဥပါဒါနက္ခန္ဓာ၊ သညာဥပါဒါနက္ခန္ဓာ၊ သင်္ခါရ ဥပါဒါနက္ခန္ဓာ၊ ဝိညာဏ်ဥပါဒါနက္ခန္ဓာ။ ဤငါးပါးတို့ကို အကျဉ်းချုပ်အားဖြင့် ဥပါဒါန်တို့၏ အာရုံဖြစ်သော ခန္ဓာငါးပါး ဆင်းရဲဒုက္ခတို့ဟု ဆိုအပ်ကုန်၏။ ဤသည်ကို ဆင်းရဲအမှန် 'ဒုက္ခအရိယသစ္စာ'ဟု ဆိုအပ်၏။ ထိုအမှန်တရား သစ္စာလေးပါးတို့တွင် ဆင်းရဲခြင်း၏ အကြောင်း အမှန်တရား 'ဒုက္ခသမုဒယ အရိယသစ္စာ'သည် အဘယ်နည်း။ တစ်ဖန် ဘဝသစ်ကို ဖြစ်စေတတ်သော၊နှစ်သက်တတ်သော၊ ရာဂနှင့်တကွဖြစ်သော၊ ထိုထိုဘဝ အာရုံ၌နှစ်သက်တပ်မက်တတ်သော တဏှာတည်း။ ဤတဏှာဟူသည် အဘယ်နည်း။ ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတည်း။ ထိုတဏှာဖြစ်ပေါ်လတ်သော် အဘယ်၌ ဖြစ်ပေါ်သနည်း။ တည်လတ်သော် အဘယ်၌ တည်သနည်း။ လောက၌ ချစ်ခင်ဖွယ်၊ သာယာဖွယ် သဘောသည် ရှိ၏။ ထိုတပ်မက်သောတဏှာသည် ဖြစ်ပေါ် လတ်သော် ဤချစ်ခင်ဖွယ်၊ သာယာဖွယ်အာရုံ၌ ဖြစ်ပေါ်၏။ တည်လတ်သော် ဤချစ်ခင်ဖွယ်၊ သာယာ ဖွယ်အာရုံ၌ တည်၏။ လောက၌ ချစ်နှစ်သက်ဖွယ်သဘော၊ သာယာဖွယ်သဘောဟူသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘော ဖြစ်၏။ ထိုတဏှာသည် ဖြစ်ပေါ်သည် ရှိသော့်ဤမျက်စိ၌ ဖြစ်၏။ တည်သည်ရှိသော် ဤမျက်စိ၌ တည်၏။ လောက၌ နားသည်။ လောက၌နှာခေါင်းသည်။ လောက၌ လျှာသည်။ လောက၌ ကိုယ်သည်။ လောက၌ စိတ်သည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောဖြစ်၏။ ထိုတဏှာသည် ဖြစ်သည်ရှိသော် ဤစိတ်၌ ဖြစ်၏။ တည်သည်ရှိသော် ဤစိတ်၌ တည်၏။ လောက၌ အဆင်း 'ရူပါရုံ'တို့သည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောတို့တည်း။ ထိုတဏှာသည် ဖြစ်ပေါ်လတ်သော် ဤရုပ်၌ ဖြစ်ပေါ်၏။ သက်ဝင်လတ်သော် ဤရုပ်၌ သက်ဝင်၏။ လောက၌ အသံ'သဒ္ဒါရုံ'တို့သည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောတို့တည်း။ပ။ လောက၌ ဓမ္မာရုံ တို့သည်။ လောက၌ မျက်စိအသိ 'စက္ခုဝိညာဉ်'သည်။ပ။ လောက၌ စိတ်အသိ 'မနောဝိညာဉ်'သည်။ပ။ လောက၌ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'သည်။ပ။ လောက၌ စိတ်အတွေ့'မနောသမ္ဖဿ'သည်။ လောက၌ မျက်စိအတွေ့ 'စက္ခုသမ္ဖဿ'ကြောင့်ဖြစ်သော ခံစားမှု'ဝေဒနာ'သည်။ပ။ လောက၌ စိတ် အတွေ့ 'မနောသမ္ဖဿ'ကြောင့်ဖြစ်သော ခံစားမှု'ဝေဒနာ'သည်။ပ။ လောက၌ ရူပါရုံအမှတ် 'ရူပသညာ' သည်။ပ။ လောက၌ ဓမ္မာရုံအမှတ် 'ဓမ္မသညာ'သည်။ လောက၌ ရူပါရုံ၌ စေ့ဆော်မှု 'ရူပ သေဉ္စတနာ' သည်။ပ။ လောက၌ ဓမ္မာရုံ၌ စေ့ဆော်မှု'ဓမ္မသေဉ္စတနာ'သည်။ လောက၌ ရူပါရုံ၌ တပ်မက်ခြင်း 'ရူပတဏှာ'သည်။ပ။ လောက၌ ဓမ္မာရုံ၌ တပ်မက်ခြင်း 'ဓမ္မတဏှာ'သည်။ လောက၌ ရူပါရုံ၌ ကြံစည်ခြင်း 'ရူပဝိတက်' သည်။ပ။ လောက၌ ဓမ္မာရုံ၌ ကြံစည်ခြင်း 'ဓမ္မဝိတက်'သည်။ လောက၌ ရူပါရုံ၌ သုံးသပ်ခြင်း 'ရူပဝိစာရ'သည်။ပ။ လောက၌ ဓမ္မာရုံ၌ သုံးသပ်ခြင်း 'ဓမ္မဝိစာရ'သည် ချစ်ခင်ဖွယ်၊ သာယာဖွယ် သဘောတည်း။ ထိုတဏှာသည် ဖြစ်ပေါ်လတ်သော် ဤဓမ္မဝိစာရ၌ ဖြစ်ပေါ်၏။ သက်ဝင်လတ်သော် ဤဓမ္မဝိစာရ၌ သက်ဝင်၏။ ဤသည်ကို ဆင်းရဲဖြစ်ကြောင်း အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာ'ဟု ဆိုအပ်၏။ ထိုအမှန်တရား သစ္စာလေးပါးတို့တွင် ဆင်းရဲချုပ်ရာ အမှန်တရား 'ဒုက္ခနိရောဓအရိယ သစ္စာ'သည် အဘယ်နည်း။ ထိုတဏှာ၏သာလျှင် အကြွင်းမဲ ကင်းချုပ်ရာ၊ တဏှာကို စွန့်ရာ၊ တဏှာကို ဝေးစွာစွန့်ရာ၊ တဏှာမှ ထွက်မြောက်ရာ၊ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်တည်း။ ထိုတဏှာကို ပယ်အပ်သော် အဘယ်၌ ပယ်အပ်သနည်း။ ချုပ်ငြိမ်းသော် အဘယ်၌ ချုပ်ငြိမ်း သနည်း။ လောက၌ ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောသည် ရှိ၏။ ထိုတဏှာကို ပယ်အပ်သော် ဤချစ်ခင်ဖွယ်၊ သာယာဖွယ်သဘော၌ ပယ်အပ်၏။ ချုပ်ငြိမ်းသော် ဤချစ်ခင်ဖွယ်၊ သာယာဖွယ် သဘော၌ ချုပ်ငြိမ်း၏။ လောက၌ ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောဟူသည် အဘယ်နည်း။ လောက၌ မျက်စိသည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောတည်း။ ထိုတဏှာကို ပယ်အပ်သော် ဤမျက်စိ၌ ပယ်အပ်၏။ ချုပ်ငြိမ်းသော် ဤမျက်စိ၌ ချုပ်ငြိမ်း၏။ပ။ လောက၌ ဓမ္မာရုံကို သုံးသပ်ခြင်း 'ဓမ္မဝိစာရ'သည် ချစ်ခင်ဖွယ်၊ သာယာဖွယ်သဘောတည်း။ ထိုတဏှာကို ပယ်အပ်သော် ဤဓမ္မဝိစာရ၌ ပယ်အပ်၏။ ချုပ်ငြိမ်းသော် ဤဓမ္မဝိစာရ၌ ချုပ်ငြိမ်း၏။ ဤသည်ကို ဆင်းရဲချုပ်ရာ အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ'ဟု ဆိုအပ်၏။ ၃၆။ ထိုအမှန်တရား သစ္စာလေးပါးတို့တွင် ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းလမ်းစဉ် အမှန်တရား 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ'သည် အဘယ်နည်း။ မြတ်သော အင်္ဂါရှစ်ပါးရှိသော ဤမဂ်ပင်တည်း။ ဤမဂ်သည် အဘယ်နည်း။ မှန်ကန်သော ရှုမြင်ခြင်း၊ မှန်ကန်သော ကြံစည်ခြင်း၊ မှန်ကန်သော ပြောဆိုခြင်း၊ မှန်ကန်သော ပြု လုပ်ခြင်း၊ မှန်ကန်သော အသက်မွေးခြင်း၊ မှန်ကန်သော အားထုတ်ခြင်း၊ မှန်ကန်သော အောက်မေ့ခြင်း၊ မှန်ကန်သော တည်တံ့ခြင်းတည်း။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော ရှုမြင်ခြင်း 'သမ္မာဒိဋ္ဌိ'သည် အဘယ်နည်း။ ဆင်းရဲခြင်း၌ သိသောဉာဏ်၊ ဆင်းရဲဖြစ်ကြောင်း၌ သိသောဉာဏ်၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်၌ သိသော ဉာဏ်၊ ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌ သိသောဉာဏ်တည်း။ ဤဉာဏ်ကို မှန်ကန်သော ရှုမြင်ခြင်း 'သမ္မာဒိဋ္ဌိ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော ကြံစည်ခြင်း 'သမ္မာသင်္ကပ္ပ'သည် အဘယ်နည်း။ ကာမမှ လွတ်မြောက်ရေးကို ကြံစည်ခြင်း၊ ပြစ်မှားမှုကင်းလွတ်ရေးကို ကြံစည်ခြင်း၊ ညှဉ်းဆဲမှုကင်း လွတ်ရေးကို ကြံစည်ခြင်းတည်း။ ဤကြံစည်ခြင်းကို မှန်ကန်သော ကြံစည်ခြင်း 'သမ္မာသင်္ကပ္ပ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော ပြောဆိုခြင်း 'သမ္မာဝါစာ'သည် အဘယ်နည်း။ မဟုတ်မမှန် ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊ ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်း တမ်းသောစကား ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားကို ပြောဆိုမှုမှ ရှောင်ကြဉ်ခြင်းတည်း။ ဤရှောင်ကြဉ်ခြင်းကို မှန်ကန်သော ပြောဆိုခြင်း 'သမ္မာဝါစာ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'သည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှား ယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ဤရှောင်ကြဉ်ခြင်းကို မှန်ကန်သော ပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော အသက်မွေးခြင်း 'သမ္မာအာဇီဝ'သည် အဘယ်နည်း။ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားသော အသက်မွေးခြင်းကိုပယ်၍ မှန်သော အသက်မွေးခြင်းဖြင့် အသက်မွေး၏။ ဤအသက်မွေးခြင်းကို မှန်ကန်သော အသက်မွေးခြင်း 'သမ္မာအာဇီဝ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော အားထုတ်ခြင်း 'သမ္မာဝါယာမ'သည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အလိုကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လစိုက်၏။ စိတ်ကိုချီးမြှောက်၏။ ဆောက်တည်၏။ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန်။ပ။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန်။ပ။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့် ပြောစေရန် ပွါးများစေရန် ပြည့်စုံစေရန် အလိုကို ဖြစ်စေ၏။ အားထုတ်၏။ လုံ့လပြု၏။ စိတ်ကို ချီး မြှောက်၏။ ဆောက်တည်၏။ ဤအားထုတ်ခြင်းကို မှန်ကန်သော အားထုတ်ခြင်း 'သမ္မာဝါယာမ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော အောက်မေ့ခြင်း 'သမ္မာသတိ' သည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံ့လရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ခံစားမှုဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာအားထုတ်သော လုံ့လ ရှိသည်ဖြစ်၍ သမ္ပဇဉ်ရှိသည်ဖြစ်၍ သတိရှိသည်ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ်ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ဤနေခြင်းကို မှန်ကန် သော အောက်မေ့ခြင်း 'သမ္မာသတိ'ဟု ဆိုအပ်၏။ ထိုရှစ်ပါးတို့တွင် မှန်ကန်သော တည်တံ့ခြင်း 'သမ္မာသမာဓိ' သည် အဘယ်နည်း။ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင် အကုသိုလ်တရားတို့မှ ကင်း၍့သာလျှင် ကြံစည်ခြင်း 'ဝိတက်'၊ သုံးသပ်ခြင်း 'ဝိစာရ' ရှိသော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့်နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်၊ ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သည့် သမာဓိကို ပွါးစေ တတ်သော ဝိတက်လည်းမရှိ၊ ဝိစာရလည်းမရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန် သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း 'ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှု လျက် နေ၏။ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏။ အကြင် (တတိယဈာန်) ကြောင့် ထိုသူကို ''လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာနေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာ၊ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း၊နှလုံးမသာခြင်းတို့၏ ရှေးဦးက ပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ'ကြောင့်ဖြစ် သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ဤသမာဓိကို မှန်ကန်သော တည် တံ့ခြင်း 'သမ္မာသမာဓိ'ဟု ဆိုအပ်၏။ ဤသည်ကို ဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း လမ်းစဉ်ကျင့်ဝတ် အမှန်တရား 'ဒုက္ခနိရောဓ ဂါမိနီပဋိပဒါအရိယသစ္စာ'ဟု ဆိုအပ်၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ''ဤသည်ကား ဆင်းရဲအမှန်တရား 'ဒုက္ခအရိယသစ္စာ'တည်း''၊ ''ဤသည်ကား ဆင်းရဲရကြောင်း အမှန်တရား 'ဒုက္ခသမုဒယအရိယသစ္စာ'တည်း''၊ ''ဤသည် ကား ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန် အမှန်တရား 'ဒုက္ခနိရောဓအရိယသစ္စာ'တည်း''၊ ''ဤသည်ကား ဆင်းရဲ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းလမ်းစဉ် ကျင့်ဝတ်အမှန်တရား 'ဒုက္ခနိရောဓဂါမိနီပဋိပဒါအရိယ သစ္စာ'တည်း''ဟု (ဟောတော်မူသော တရားအပေါင်းသည်) ကြားနာအပ်သော တရားမည်၏။ ထိုတရား အပေါင်းကို သိတတ်သောပညာကို သုတမယဉာဏ်မည်၏ဟု ဆိုအပ်၏။ ။ (၄-၁၆) ရှေးဦးစွာသော သုတမယဉာဏ်အကျယ်ပြခြင်း ပြီး၏။
၂-သီလမယဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၂) သီလမယဉာဏ် အကျယ်ပြခြင်း နာကြားရ၍ စောင့်စည်းမှု၌ဖြစ်သောပညာသည် အဘယ်သို့လျှင် သီလမယဉာဏ်မည် သနည်း။ သီလတို့သည် အပိုင်းအခြားရှိ၍ စင်ကြယ်သော 'ပရိယန္တပါရိသုဒ္ဓိ' သီလ၊ အပိုင်းအခြား မရှိမူ၍ စင်ကြယ်သော 'အပရိယန္တပါရိသုဒ္ဓိ' သီလ၊ ပြည့်စုံ၍ စင်ကြယ်သော 'ပရိပုဏ္ဏပါရိသုဒ္ဓိ' သီလ၊ အမှားမသုံး သပ်မူ၍ စင်ကြယ်သော 'အပရာမဋ္ဌပါရိသုဒ္ဓိ' သီလ၊ တစ်ဖန် ငြိမ်းအေး၍ စင်ကြယ်သော 'ပဋိပ္ပဿဒ္ဓိ ပါရိသုဒ္ဓိ' သီလဟု ငါးပါးရှိကုန်၏။ ထိုငါးပါးတို့တွင် အပိုင်းအခြားရှိ၍ စင်ကြယ်သော 'ပရိယန္တပါရိသုဒ္ဓိ' သီလသည် အဘယ်နည်း။ သတ်မှတ်ပိုင်းခြား၍ စောင့်ထိန်းအပ်သော သိက္ခာပုဒ်ရှိကုန်သော လူ၊ သာမဏေတို့၏ သီလတည်း။ ဤသီလသည် အပိုင်းအခြားရှိ၍ စင်ကြယ်သော 'ပရိယန္တပါရိသုဒ္ဓိ' သီလတည်း။ သတ်မှတ်ပိုင်းခြားခြင်း မရှိမူ၍ စင်ကြယ်သော 'အပရိယန္တပါရိသုဒ္ဓိ' သီလသည် အဘယ်နည်း။ မသတ်မှတ် မပိုင်းခြားမူ၍ စောင့်ထိန်းအပ်သော သိက္ခာပုဒ်ရှိကုန်သော ရဟန်းတို့၏ သီလတည်း။ ဤသီလသည် သတ်မှတ်ပိုင်းခြားခြင်း မရှိမူ၍ စင်ကြယ်သော 'အပရိယန္တပါရိသုဒ္ဓိ' သီလတည်း။ ပြည့်စုံ၍ စင်ကြယ်သော သီလသည် အဘယ်နည်း။ ကုသိုလ်တရား၌ အားထုတ်ကုန်သော သေက္ခတို့ပိုင်းခြားသော ကျင့်ဝတ်၌ ဖြည့်ကျင့်၍ ကိုယ် အသက်၌ မငဲ့ကွက် အသက်စွန့်၍ (ကျင့်) ကုန်သော ကလျာဏပုထုဇဉ်တို့၏ သီလတည်း။ ဤသီလသည် ပြည့်စုံ၍ စင်ကြယ်သော 'ပရိပုဏ္ဏပါရိသုဒ္ဓိ' သီလတည်း။ အမှားမသုံးသပ်မူ၍ စင်ကြယ်သော 'အပရာမဋ္ဌပါရိသုဒ္ဓိ' သီလသည် အဘယ်နည်း။ (ကျင့်ဆဲ) သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့၏ သီလတည်း။ ဤသီလသည် အမှားမသုံးသပ်မူ၍ စင် ကြယ်သော 'အပရာမဋ္ဌပါရိသုဒ္ဓိ' သီလတည်း။ တစ်ဖန် ငြိမ်းအေး၍ စင်ကြယ်သော 'ပဋိပ္ပဿဒ္ဓိပါရိသုဒ္ဓိ' သီလကား အဘယ်နည်း။ မြတ်စွာဘုရား၏ တပည့်ဖြစ်သော ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်း တော်မူသော ပူဇော်အထူးကို ခံတော်မူထိုက်သော ဘုရားသျှင်တို့၏ သီလတည်း။ ဤသီလသည် တစ်ဖန် ငြိမ်းအေး၍ စင်ကြယ်သော 'ပဋိပ္ပဿဒ္ဓိပါရိသုဒ္ဓိ' သီလတည်း။ သီလသည် အပိုင်းအခြားရှိသော 'ပရိယန္တ' သီလ၊ အပိုင်းအခြားမရှိသော 'အပရိယန္တ' သီလဟုနှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင် အပိုင်းအခြားရှိသော 'ပရိယန္တ' သီလသည် အဘယ်နည်း။ အပိုင်းအခြားရှိသော 'ပရိယန္တ' သီလသည် လာဘ်ဖြင့် ပိုင်းခြားသော 'လာဘပရိယန္တ'သီလ၊ အခြံအရံဖြင့် ပိုင်းခြားသော 'ယသပရိယန္တ' သီလ၊ ဆွေမျိုးဖြင့် ပိုင်းခြားသော 'ဉာတိပရိယန္တ' သီလ၊ ကိုယ်အင်္ဂါဖြင့် ပိုင်းခြားသော 'အင်္ဂပရိယန္တ' သီလ၊ အသက်ဖြင့် ပိုင်းခြားသော 'ဇီဝိတပရိယန္တ' သီလဟု ငါးပါးရှိ၏။ (ထိုငါးပါးတို့တွင်) လာဘ်ဖြင့် ပိုင်းခြားသော 'လာဘပရိယန္တ'သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် လာဘ်ဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူး၏။ ဤသီလသည် လာဘ်ဖြင့် ပိုင်းခြားသော 'လာဘပရိယန္တ'သီလမည်၏။ အခြံအရံဖြင့် ပိုင်းခြားသော 'ယသပရိယန္တ' သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် အခြံအရံဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူး၏။ ဤသီလသည် အခြံအရံဖြင့် ပိုင်းခြားသော 'ယသပရိယန္တ'သီလမည်၏။ ဆွေမျိုးဖြင့် ပိုင်းခြားသော 'ဉာတိပရိယန္တ' သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် ဆွေမျိုးဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူး၏။ ဤသီလသည် ဆွေမျိုးဖြင့် ပိုင်းခြားသော 'ဉာတိပရိယန္တ'သီလမည်၏။ ကိုယ်အင်္ဂါဖြင့် ပိုင်းခြားသော 'အင်္ဂပရိယန္တ' သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် ကိုယ်အင်္ဂါဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူး၏။ ဤသီလသည် ကိုယ်အင်္ဂါဖြင့် ပိုင်းခြားသော 'အင်္ဂပရိယန္တ'သီလမည်၏။ အသက်ဖြင့် ပိုင်းခြားသော 'ဇီဝိတပရိယန္တ' သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် အသက်ဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူး၏။ ဤသီလသည် အသက်ဖြင့် ပိုင်းခြားသော 'ဇီဝိတပရိယန္တ'သီလမည်၏။ ဤသို့သဘောရှိသော သီလတို့သည် ကျိုး,ပေါက်,ပြောက်,ကျားကုန်၏။ (တဏှာကျွန်အဖြစ်မှ) မတော်လှန်ကုန်။ ပညာရှိတို့ မချီးကျူးအပ်ကုန်။ မှားသောအားဖြင့် သုံးသပ်အပ်ကုန်၏။ သမာဓိအလို့ငှါ မဖြစ်ကုန်။ နှလုံးသာယာခြင်း၏ အကြောင်းမဖြစ်ကုန်။ ဝမ်းမြောက်ခြင်း၏ အကြောင်းမဖြစ်ကုန်။ နှစ် သက်ခြင်း၏ အကြောင်းမဖြစ်ကုန်။ ကိုယ်ငြိမ်းခြင်း 'ကာယပဿဒ္ဓိ'၊ စိတ်ငြိမ်းခြင်း 'စိတ္တပဿဒ္ဓိ'၏ အကြောင်း မဖြစ်ကုန်။ ကိုယ်ချမ်းသာခြင်း 'ကာယိကသုခ' စိတ်ချမ်းသာခြင်း 'စေတသိကသုခ'၏ အကြောင်းမဖြစ်ကုန်။ သမာဓိ၏ အကြောင်းမဖြစ်ကုန်။ဟုတ်တိုင်းမှန်စွာသိသော ဝိပဿနာဉာဏ့်မဂ်ဉာဏ်၏အကြောင်း မဖြစ် ကုန်။ စင်စစ်ငြီးငွေ့ခြင်းငှါ မဖြစ်ကုန်။ တပ်မက်ခြင်းကင်းခြင်းငှါ မဖြစ်ကုန်။ ချုပ်ငြိမ်းခြင်းငှါ၊ ငြိမ်းအေးခြင်းငှါ၊ ထူးခြားစွာသိခြင်းငှါ၊ သစ္စာဉာဏ်ပွင့်လင်းခြင်းငှါ၊ နိဗ္ဗာန်သို့ရောက်ခြင်းငှါ မဖြစ်ကုန်။ ဤသီလ သည် အပိုင်းအခြားရှိသော 'ပရိယန္တ' သီလမည်၏။ အပိုင်းအခြားမရှိသော 'အပရိယန္တ' သီလသည် အဘယ်နည်း။ လာဘ်ဖြင့် မပိုင်းခြားသော သီလ အခြံအရံဖြင့် မပိုင်းခြားသော သီလ၊ ဆွေမျိုးဖြင့် မပိုင်းခြားသော သီလ၊ ကိုယ်အင်္ဂါဖြင့် မပိုင်းခြားသော သီလ၊ အသက်ဖြင့် မပိုင်းခြားသော သီလဟု ငါးပါးရှိ၏။ (ထိုငါးပါးတို့တွင်) လာဘ်ဖြင့် မပိုင်းခြားသော သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် လာဘ်ဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူးရန် စိတ်ကိုမျှလည်း မဖြစ်စေ။ ထိုသူသည် အဘယ်မှာ လွန်ကျူးတော့မည်နည်း။ ဤသီလသည် လာဘ်ဖြင့် မပိုင်းခြားသော သီလမည်၏။ အခြံအရံဖြင့် မပိုင်းခြားသော သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် အခြံအရံဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူးရန် စိတ်ကိုမျှလည်း မဖြစ်စေ။ ထိုသူသည် အဘယ်မှာ လွန်ကျူးတော့မည်နည်း။ ဤသီလသည် အခြံအရံဖြင့် မပိုင်းခြားသော သီလမည်၏။ ဆွေမျိုးဖြင့် မပိုင်းခြားသော သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် ဆွေမျိုးဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူးရန် စိတ်ကိုမျှလည်း မဖြစ်စေ။ ထိုသူသည် အဘယ်မှာ လွန်ကျူးတော့မည်နည်း။ ဤသီလသည် ဆွေမျိုးဖြင့် မပိုင်းခြားသော သီလမည်၏။ ကိုယ်အင်္ဂါဖြင့် မပိုင်းခြားသော သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် ကိုယ်အင်္ဂါဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူးရန် စိတ်ကိုမျှလည်း မဖြစ်စေ။ ထိုသူသည် အဘယ်မှာ လွန်ကျူးတော့မည်နည်း။ ဤသီလသည် ကိုယ်အင်္ဂါဖြင့် မပိုင်းခြားသော သီလမည်၏။ အသက်ဖြင့် မပိုင်းခြားသော သီလသည် အဘယ်နည်း။ ဤလောက၌ အချို့သော သူသည် အသက်ဟူသောအကြောင်းကြောင့် ဆောက်တည်ထားသော သိက္ခာပုဒ်ကို လွန်ကျူးရန် စိတ်ကိုမျှလည်း မဖြစ်စေ။ ထိုသူသည် အဘယ်မှာ လွန်ကျူးတော့မည်နည်း။ ဤသီလသည် အသက်ဖြင့် မပိုင်းခြားသော သီလမည်၏။ ဤသို့သဘောရှိသော သီလတို့သည် မကျိုး,မပေါက်,မပြောက်,မကျားကုန်။ (တဏှာကျွန်အဖြစ်မှ) တော်လှန်ကုန်၏။ ပညာရှိတို့ ချီးကျူးအပ်ကုန်၏။ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်။ သမာဓိအလို့ငှါ ဖြစ်ကုန်၏။ နှလုံးသာယာခြင်း၏ အကြောင်းဖြစ်ကုန်၏။ ဝမ်းမြောက်ခြင်း၏ အကြောင်းဖြစ်ကုန်၏။ နှစ်သက်ခြင်း၏ အကြောင်းဖြစ်ကုန်၏။ ကိုယ်ငြိမ်းခြင်း 'ကာယပဿဒ္ဓိ'၊ စိတ်ငြိမ်းခြင်း 'စိတ္တပဿဒ္ဓိ'၏ အကြောင်းဖြစ်ကုန်၏။ ကိုယ်ချမ်းသာခြင်း 'ကာယိကသုခ' စိတ်ချမ်းသာခြင်း 'စေတသိကသုခ'၏ အကြောင်း ဖြစ်ကုန်၏။ သမာဓိ၏ အကြောင်းဖြစ်ကုန်၏။ဟုတ်တိုင်းမှန်စွာသိသော ဝိပဿနာဉာဏ် မဂ်ဉာဏ်၏ အကြောင်းဖြစ်ကုန်၏။ စင်စစ် ငြီးငွေ့ခြင်းငှါ၊ တပ်မက်ခြင်းကင်းခြင်းငှါ၊ ချုပ်ငြိမ်းခြင်းငှါ၊ ငြိမ်းအေးခြင်းငှါ၊ ထူးခြားစွာသိခြင်းငှါ၊ သစ္စာဉာဏ်ပွင့်လင်းခြင်းငှါ၊ နိဗ္ဗာန်သို့ရောက်ခြင်းငှါ ဖြစ်ကုန်၏။ ဤသီလသည် အပိုင်းအခြားမရှိသော 'အပရိယန္တ'သီလမည်၏။ ၃၉။ သီလဟူသည် အဘယ်နည်း။ သီလတို့သည် အဘယ်မျှရှိကုန်သနည်း။ သီလသည် အဘယ် လျှင် ဖြစ်ကြောင်းရှိသနည်း။ သီလသည် မည်မျှသောတရား၏ စုပေါင်းရာဖြစ်သနည်း။ သီလဟူသည် အဘယ်နည်းဟူသောအမေး၌ စေတနာသည် သီလမည်၏။ စေတသိက်သည် သီလ မည်၏။ စောင့်စည်းခြင်းသည် သီလမည်၏။ မလွန်ကျူးခြင်းသည် သီလမည်၏။ သီလတို့သည် အဘယ်မျှရှိကုန်သနည်းဟူသောအမေး၌ ကုသိုလ်သီလ၊ အကုသိုလ်သီလ၊ အဗျာကတသီလဟု သုံးပါးရှိကုန်၏။ သီလသည် အဘယ်လျှင် ဖြစ်ကြောင်းရှိသနည်းဟူသောအမေး၌ ကုသိုလ်သီလသည် ကုသိုလ်စိတ် လျှင် ဖြစ်ကြောင်းရှိ၏။ အကုသိုလ်သီလသည် အကုသိုလ်စိတ်လျှင် ဖြစ်ကြောင်းရှိ၏။ အဗျာကတသီလ သည် အဗျာကတစိတ်လျှင် ဖြစ်ကြောင်းရှိ၏။ သီလသည် မည်မျှသောတရား၏ စုပေါင်းရာဖြစ်သနည်းဟူသောအမေး၌ သီလသည် စောင့်စည်းခြင်း၏ စုပေါင်းရာဖြစ်၏။ သီလသည် မလွန်ကျူးခြင်း၏ စုပေါင်းရာဖြစ်၏။ သီလသည် ထိုသို့ဖြစ်သော စောင့်စည်းမှုစေတနာ၏ စုပေါင်းရာဖြစ်၏။ သူ့အသက်သတ်မှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ် သော အနက်ကြောင့် သီလမည်၏။ မပေးသော သူ့ဥစ္စာခိုးမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ သူ့သားမယားတို့၌ မှောက်မှားကျင့်မှု ကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ မဟုတ်မမှန်ပြောဆိုမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ ကုန်းတိုက်စကား ပြောဆိုမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလ မည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ ကြမ်းတမ်းသော စကားပြောဆိုမှုကို စောင့် စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ ပြိန် ဖျင်းသော စကားပြောဆိုမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ သူ့စည်းစိမ်ကို ရှေးရှုကြံမှု 'အဘိဇ္ဈာ'ကို စောင့်စည်းတတ်သော အနက် ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ သူတစ်ပါးပျက်စီးစေလိုမှု 'ဗျာပါဒ' ကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ မှားသောအယူ စွဲယူမှုကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူး တတ်သော အနက်ကြောင့် သီလမည်၏။ ဈာန်ဖြင့် ကာမစ္ဆန္ဒကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူး တတ်သော အနက်ကြောင့် သီလမည်၏။ မပျက်စီးစေလိုမှုမေတ္တာဖြင့် သူတစ်ပါးပျက်စီးစေလိုမှု 'ဗျာပါဒ' ကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ အရောင်အလင်း အမှတ်သညာဖြင့် ပျင်းရိထိုင်းမှိုင်းခြင်း ''ထိနမိဒ္ဓ' ကို၊ မပျံ့လွင့်ခြင်းဖြင့် ပျံ့လွင့်ခြင်း ကို၊ တရားကိုသတ်မှတ် ပိုင်းခြားခြင်းဖြင့် ယုံမှားသံသယကို၊ အသိဉာဏ်ဖြင့် တွေဝေခြင်းကို၊ ဝမ်းမြောက်ခြင်းဖြင့် မမွေ့လျော်ခြင်းကို၊ ပဌမဈာန်ဖြင့် အပိတ်အပင် 'နီဝရဏ' တရားတို့ကို၊ ဒုတိယဈာန်ဖြင့် ကြံစည်ခြင်း 'ဝိတက်'၊ သုံးသပ်ခြင်း 'ဝိစာရ'တို့ကို၊ တတိယဈာန်ဖြင့်နှစ်သိမ့်ခြင်း 'ပီတိ' ကို၊ စတုတ္ထဈာန်ဖြင့် ချမ်းသာဆင်းရဲ 'သုခဒုက္ခ'ကို၊ အာကာသာနဉ္စာယတနသမာပတ်ဖြင့် ရုပ်၌အမှတ် 'ရူပသညာ'၊ ထိခိုက်မှု၌ အမှတ် 'ပဋိဃသညာ'၊ အထူးထူးသောအမှတ် 'နာနတ္တသညာ' ကို၊ ဝိညာဏဉ္စာယတနသမာပတ်ဖြင့် အာကာ သာနဉ္စာယတနသညာကို၊ အာကိဉ္စညာယတနသမာပတ်ဖြင့် ဝိညာဏဉ္စာယတနသညာကို၊ နေဝသညာ နာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို၊ မမြဲဟု အဖန်ဖန်ရှုခြင်းဖြင့် မြဲ၏ဟူသော အမှတ်သညာကို၊ ဆင်းရဲဟု အဖန်ဖန်ရှုခြင်းဖြင့် ချမ်းသာ၏ဟူသော အမှတ်သညာကို ကိုယ်ကိုယ်စိုး့မဟုတ်ဟု အဖန်ဖန်ရှုခြင်းဖြင့် ကိုယ်ပိုင်ကိုယ်စိုးဟူသော အမှတ်သညာကို၊ ငြီးငွေ့ဖွယ်ဟု အဖန်ဖန် ရှုခြင်းဖြင့်နှစ်သက်မှုကို၊ တပ်ခြင်းကင်းဖွယ်ဟု အဖန်ဖန်ရှုခြင်းဖြင့် တပ်နှစ်သက်မှုကို၊ ချုပ်ငြိမ်းမှု၌ အဖန်ဖန်ရှုခြင်းဖြင့် ဖြစ်ပွါးကြောင်းကို၊ တစ်ဖန် စွန့်လွှတ်မှု၌ အဖန်ဖန်ရှုခြင်းဖြင့် စွဲယူခြင်းကို၊ ကုန်ဆုံး ဖွယ်ဟု အဖန်ဖန်ရှုခြင်းဖြင့် အစိုင်အခဲဟူသော အမှတ်သညာကို၊ ပျက်ခြင်းကို အဖန်ဖန်ရှုခြင်းဖြင့် အား ထုတ်ခြင်းကို၊ ဖောက်ပြန်တတ်သောသဘောကို အဖန်ဖန်ရှုခြင်းဖြင့် ခိုင်မြဲ၏ဟူသော အမှတ်သညာကို၊ အကြောင်းနိမိတ်ကင်း၏ဟု အဖန်ဖန်ရှုခြင်းဖြင့် အကြောင်းနိမိတ်ကို၊ တောင့်တမှုကင်း၏ဟု အဖန်ဖန်ရှုခြင်းဖြင့် တောင့်တခြင်းကို၊ ဆိတ်သုဉ်း၏ဟု အဖန်ဖန်ရှုခြင်းဖြင့် မှားသောနှလုံးသွင်းခြင်းကို၊ လွန်ကဲသောပညာတရား၌ ရှုမြင်ခြင်းဖြင့် အနှစ်သာရရှိ၏ဟု စွဲယူကာ မှားသောနှလုံးသွင်းခြင်းကို၊ဟုတ်တိုင်းမှန်စွာ ရှုမြင်သောဉာဏ်ဖြင့် တွေဝေသောအားဖြင့် မှားသောနှလုံးသွင်းခြင်းကို၊ အပြစ်ဟု အဖန်ဖန် ရှုမြင်ခြင်းဖြင့် တွယ်တာဖွယ်ဟု မှားသောနှလုံးသွင်းခြင်းကို၊ စူးစမ်းဆင်ခြင်၍ အဖန်ဖန်ရှုမြင်ခြင်းဖြင့် မစူးစမ်း မဆင်ခြင်ခြင်းကို၊ ဂေါတြဘူဉာဏ်၊ ယထာဘူတဉာဏ်ဟူသော ဆက်စပ်နှောင်ဖွဲ့မှု မရှိခြင်းကို အဖန်ဖန်ရှုမြင်ခြင်း ဖြင့် ဆက်စပ်နှောင်ဖွဲ့ကာ မှားသောနှလုံးသွင်းခြင်းကို၊ သောတာပတ္တိမဂ်ဖြင့် မိစ္ဆာအယူနှင့်တကွတည်သော ကိလေသာတို့ကို၊ သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်းသော ကိလေသာတို့ကို၊ အနာဂါမိမဂ်ဖြင့် အသေးအဖွဲနှင့် တကွဖြစ်သော ကိလေသာတို့ကို၊ အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးတို့ကို စောင့်စည်းတတ်သော အနက်ကြောင့် သီလမည်၏။ မလွန်ကျူးတတ်သော အနက်ကြောင့် သီလမည်၏။ သီလတို့သည် ငါးပါးရှိကုန်၏။ သူ့အသက်သတ်မှုကို ပယ်စွန့်ခြင်းသည် သီလမည်၏။ ကြဉ်ရှောင်ခြင်းသည် သီလမည်၏။ စေတနာသည် သီလမည်၏။ စောင့်စည်းခြင်းသည် သီလမည်၏။ မလွန်ကျူးခြင်းသည် သီလမည်၏။ ဤသို့ သဘောရှိကုန်သော သီလတို့သည် စိတ်နှလုံးသာကြည်ရွှင်ပြခြင်းငှါ ဖြစ်ကုန်၏။ ဝမ်းမြောက်ခြင်းငှါ ဖြစ်ကုန်၏။ နှစ်သိမ့်ခြင်းငှါ ဖြစ်ကုန်၏။ ကိုယ်စိတ်ငြိမ်းခြင်းငှါ ဖြစ်ကုန်၏။ စိတ်ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ပွါးထုံခြင်းငှါ ဖြစ်ကုန်၏။ ပွါးများခြင်းငှါ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာ လေ့လာခြင်းငှါ ဖြစ် ကုန်၏။ ဆင်ယင်ခြင်းငှါ ဖြစ်ကုန်၏။ အခြံအရံအလို့ငှါ ဖြစ်ကုန်၏။ ဝိုင်းဝန်းရန် အလို့ငှါ ဖြစ်ကုန်၏။ ပြည့်စုံစေခြင်းငှါ ဖြစ်ကုန်၏။ စင်စစ်ငြီးငွေ့ခြင်းငှါ၊ ရာဂကင်းခြင်းငှါ၊ ချုပ်ငြိမ်းခြင်းငှါ၊ ငြိမ်းအေးခြင်းငှါ၊ ထူးခြားစွာသိခြင်းငှါ၊ သစ္စာဉာဏ်ပွင့်လင်းခြင်းငှါ၊ ကိလေသာမီးငြိမ်းခြင်းငှါ ဖြစ်ကုန်၏။ ဤသို့ သဘောရှိကုန်သော သီလတို့ကို စောင့်စည်းမှု ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် လွန်ကဲ သော အဓိသီလမည်၏။ စောင့်စည်းမှု ထက်ဝန်းကျင် စင်ကြယ်ခြင်း၌ တည်သောစိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ မပျံ့လွင့်မှု ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် လွန်ကဲသော အဓိစိတ္တမည်၏။ စောင့်စည်းမှု ထက်ဝန်းကျင် စင်ကြယ်ခြင်းကို မှန်စွာ ရှုမြင်၏။ မပျံ့လွင့်မှု ထက်ဝန်းကျင် စင်ကြယ်ခြင်းကို မှန်စွာ ရှုမြင်၏။ အမြင်ဉာဏ် ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် လွန်ကဲသောပညာ အဓိပညာ (မဂ်ပညာ) မည်၏။ ထိုသံဝရသီလ၌ စောင့်စည်းခြင်းသဘောသည် အဓိသီလသိက္ခာမည်၏။ ထိုသံဝရသီလ၌ မပျံ့လွင့်ခြင်းသဘောသည် အဓိစိတ္တသိက္ခာမည်၏။ ထိုသံဝရသီလ၌ မြင်ခြင်းသဘောသည် အဓိပညာသိက္ခာမည်၏။ ဤသိက္ခာသုံးပါးတို့ကို ဆင်ခြင်၍ ကျင့်၏။ သိ၍ ကျင့်၏။ ရှုမြင်၍ ကျင့်၏။ ဆင်ခြင်၍ ကျင့်၏။ စိတ်ကို ဆောက်တည်၍ ကျင့်၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၍ ကျင့်၏။ ဝီရိယကို ချီးမြှောက်၍ ကျင့်၏။ သတိကို ထင်စေ၍ ကျင့်၏။ စိတ်ကို ကောင်းစွာထား၍ ကျင့်၏။ ပညာဖြင့် ခွဲခြားသိ၍ ကျင့်၏။ ထူးထူးခြားခြား သိအပ်သည်ကို ထူးထူးခြားခြားသိ၍ ကျင့်၏။ ပိုင်းခြား၍သိအပ်သည်ကို ပိုင်းခြား၍သိကာ ကျင့်၏။ ပယ်အပ်သည်ကို ပယ်၍ ကျင့်၏။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက်ပြု၍ ကျင့်၏။ ပွါးများအပ်သည်ကို ပွါးများ၍ ကျင့်၏။ သီလတို့သည် ငါးပါးရှိကုန်၏။ သူ့ဥစ္စာကို ခိုးယူမှုကို။ ကာမတို့၌ မှောက်မှား၍ကျင့်မှုကို။ မဟုတ်မမှန်စကား ပြောဆိုမှုကို။ ချောပစ်ကုန်းတိုက်စကား ပြောဆိုမှုကို။ ကြမ်းတမ်းသောစကား ပြောဆို မှုကို။ ပြိန်ဖျင်းသော စကားကို။ သူတစ်ပါးဥစ္စာ၌ ရှေးရှုကြံခြင်းကို။ သူတစ်ပါးပျက်စီးစေလိုခြင်းကို။ မှားသောအယူကို။ ဈာန်ဖြင့် ကာမစ္ဆန္ဒကို။ သူတစ်ပါးကို မပျက်စီးစေလိုခြင်း မေတ္တာဖြင့် သူတစ်ပါးပျက်စီးစေလိုခြင်းကို။ အရောင်အလင်းအမှတ်သညာဖြင့် ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ကို။ မပျံ့လွင့်ခြင်းဖြင့် ပျံ့လွင့်ခြင်းကို။ တရားကို ပိုင်းခြားမှတ်သာခြင်းဖြင့် ယုံမှားခြင်းကို။ ဉာဏ်ဖြင့် အဝိဇ္ဇာကို။ ဝမ်းမြောက်ခြင်းဖြင့် မပျော် မွေ့ခြင်းကို။ ပဌမဈာန်ဖြင့် အပိတ်အပင် 'နီဝရဏ' တရားတို့ကို။ ဒုတိယဈာန်ဖြင့် ဝိတက်၊ ဝိစာရတို့ကို။ တတိယဈာန်ဖြင့်နှစ်သက်ခြင်းပီတိကို။ စတုတ္ထဈာန်ဖြင့် ချမ်းသာ၊ ဆင်းရဲ 'သုခ၊ ဒုက္ခ'ကို။ အာကာသာနဉ္စာယတနသမာပတ်ဖြင့် ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာတို့ကို။ ဝိညာဏဉ္စာ ယတနသမာပတ်ဖြင့် အာကာသာနဉ္စာယတနသညာကို။ အာကိဉ္စညာယတနသမာပတ်ဖြင့် ဝိညာဏဉ္စာယတန သညာကို။ နေဝသညာနာသညာယတနသမာပတ်ဖြင့် အာကိဉ္စညာယတနသညာကို၊ မမြဲဟု အဖန်ဖန်ရှုခြင်း 'အနိစ္စာနုပဿနာ'ဖြင့် မြဲ၏ဟူသော နိစ္စသညာကို။ ဆင်းရဲဟု အဖန်ဖန် ရှုခြင်း 'ဒုက္ခာနုပဿနာ'ဖြင့် ချမ်းသာဟူသောအမှတ် 'သုခသညာ'ကို။ ကိုယ်ပိုင်ကိုယ်စိုးမဟုတ်ဟု အဖန်ဖန် ရှုခြင်း 'အနတ္တာနုပဿနာ'ဖြင့် ကိုယ်ပိုင်ကိုယ်စိုးဟူသောအမှတ် 'အတ္တသညာ'ကို။ ငြီးငွေ့ဖွယ်ဟု အဖန်ဖန် ရှုခြင်း 'နိဗ္ဗိဒါနုပဿနာ' ဖြင့်နှစ်သက်ခြင်းကို။ ရာဂကင်းခြင်းကို အဖန်ဖန်ရှုခြင်း 'ဝိရာဂါနုပဿနာ'ဖြင့် ရာဂကို။ ချုပ်ငြိမ်းခြင်းကို အဖန်ဖန်ရှုခြင်း 'နိရောဓာနုပဿနာ' ဖြင့် ဖြစ်ခြင်း 'သမုဒယ'ကို။ အဖန်ဖန်စွန့် လွှတ်ခြင်းကို အဖန်ဖန်ရှုခြင်း 'ပဋိနိဿဂ္ဂါနုပဿနာ'ဖြင့် စွဲယူခြင်းကို။ ကုန်ဆုံးခြင်းဟု အဖန်ဖန်ရှုခြင်း 'ခယာနုပဿနာ'ဖြင့် အစိုင်အခဲဟူသောအမှတ် 'ဃနသညာ'ကို။ ပျက်ပြုန်းခြင်းဟု အဖန်ဖန်ရှုခြင်း 'ဝယာနုပဿနာ'ဖြင့် အားထုတ်ခြင်း 'အာယူဟန'ကို။ ဖောက်ပြန်ပျက်စီးခြင်းဟု အဖန်ဖန်ရှုခြင်း 'ဝိပရိဏာမာနုပဿနာ'ဖြင့် တည်မြဲခိုင်ခံ့၏ဟူသော အမှတ် 'ဓုဝသညာ'ကို။ နိစ္စနိမိတ်မရှိဟု အဖန်ဖန်ရှုခြင်း 'အနိမိတ္တာနုပဿနာ'ဖြင့် နိစ္စနိမိတ်ကို။ မတောင့်တအပ်ဟု အဖန်ဖန်ရှုခြင်း 'အပ္ပဏိဟိတာနုပဿနာ'ဖြင့် တောင့် တခြင်း 'ပဏိဓိ' ကို။ ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုခြင်း 'သုညတာနုပဿနာ'ဖြင့် မှားသောနှလုံးသွင်းခြင်းကို။ လွန်ကဲသောပညာတရား ဝိပဿနာဖြင့် တပ်မက်ဖွယ်ဟု မှားသောနှလုံးသွင်းခြင်းကို။ဟုတ် တိုင်းမှန်စွာသိသော ဉာဏ်အမြင် 'ယထာဘူတဉာဏဒဿန'ဖြင့် တွေဝေသောအားဖြင့် မှားသောနှလုံးသွင်းခြင်းကို။ အပြစ်အနာဟု အဖန်ဖန်ရှုခြင်း 'အာဒီနဝါနုပဿနာ'ဖြင့် တွယ်တာဖွယ်ဟု မှားသောနှလုံးသွင်းခြင်းကို။ စူးစမ်းဆင်ခြင်၍ အဖန်ဖန်ရှုခြင်း 'ပဋိသင်္ခါနုပဿနာ'ဖြင့် မစူးစမ်း မဆင်ခြင်ခြင်းကို။ ဂေါတြဘူ ဉာဏ်၊ ယထာဘူတဉာဏ်ဟူသော ဆက်စပ်နှောင်ဖွဲ့မှု မရှိခြင်းကို အဖန်ဖန်ရှုခြင်းဖြင့် ဆက်စပ်နှောင်ဖွဲ့ကာ မှားသောနှလုံးသွင်းခြင်းကို။ သောတာပတ္တိမဂ်ဖြင့် မိစ္ဆာအယူနှင့်တကွတည်သော ကိလေသာတို့ကို။ သကဒါဂါမိမဂ်ဖြင့် ရုန့်ရင်း ကုန်သော ကိလေသာတို့ကို။ အနာဂါမိမဂ်ဖြင့် အသေးအဖွဲနှင့်တကွဖြစ်သော ကိလေသာတို့ကို။ အရဟတ္တ မဂ်ဖြင့် ကိလေသာအားလုံးတို့ကို ပယ်စွန့်ခြင်းသည် သီလမည်၏။ ရှောင်ကြဉ်ခြင်းသည် သီလမည်၏။ စေတနာသည် သီလမည်၏။ စောင့်စည်းခြင်းသည် သီလမည်၏။ မလွန်ကျူးခြင်းသည် သီလမည်၏။ ဤသို့ သဘောရှိကုန်သော သီလတို့သည် စိတ်နှလုံးသာကြည်ရွှင်ပြခြင်းငှါ ဖြစ်ကုန်၏။ ဝမ်းမြောက်ခြင်းငှါ ဖြစ်ကုန်၏။ နှစ်သိမ့်ခြင်းငှါ ဖြစ်ကုန်၏။ ကိုယ်စိတ်ငြိမ်းခြင်းငှါ ဖြစ်ကုန်၏။ စိတ်ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ပွါးထုံခြင်းငှါ ဖြစ်ကုန်၏။ ပွါးများခြင်းငှါ ဖြစ်ကုန်၏။ ကြိမ်ဖန်များစွာ လေ့လာခြင်းငှါ့ဖြစ်ကုန်၏။ ဆင်ယင်ခြင်းငှါ ဖြစ်ကုန်၏။ အခြံအရံအလို့ငှါ ဖြစ်ကုန်၏။ ဝိုင်းဝန်းရန် အလို့ငှါ ဖြစ်ကုန်၏။ ပြည့်စုံခြင်းငှါ ဖြစ်ကုန်၏။ စင်စစ် ငြီးငွေ့ခြင်းငှါ၊ ရာဂကင်းခြင်းငှါ၊ ချုပ်ငြိမ်းခြင်းငှါ၊ ငြိမ်းအေးခြင်းငှါ၊ ထူးခြားစွာသိခြင်းငှါ၊ သစ္စာဉာဏ်ပွင့်လင်းခြင်းငှါ၊ ကိလေသာမီးငြိမ်းခြင်းငှါ ဖြစ်ကုန်၏။ ဤသို့ သဘောရှိကုန်သော သီလတို့ကို စောင့်စည်းမှု ထက်ဝန်းကျင်စင်ကြယ်ခြင်းသည် လွန်ကဲသော အဓိသီလမည်၏။ စောင့်စည်းမှု ထက်ဝန်းကျင်စင်ကြယ်ခြင်း၌ တည်သောစိတ်သည် ပျံ့လွင့်ခြင်းသို့ မရောက်။ မပျံ့လွင့်မှု ထက်ဝန်းကျင်စင်ကြယ်ခြင်းသည် လွန်ကဲသော အဓိစိတ္တမည်၏။ စောင့် စည်းမှု ထက်ဝန်းကျင်စင်ကြယ်ခြင်းကို မှန်ကန်စွာ ရှုမြင်၏။ မပျံ့လွင့်မှု ထက်ဝန်းကျင် စင်ကြယ်ခြင်းကို မှန်ကန်စွာ ရှုမြင်၏။ အမြင်ဉာဏ် ထက်ဝန်းကျင် စင်ကြယ်ခြင်းသည် လွန်ကဲသောပညာ အဓိပညာ (မဂ်ပညာ) မည်၏။ ထိုသံဝရသီလ၌ စောင့်စည်းခြင်းသဘောသည် အဓိသီလသိက္ခာမည်၏။ ထိုသံဝရသီလ၌ မပျံ့လွင့်ခြင်းသဘောသည် အဓိစိတ္တသိက္ခာမည်၏။ ထိုသံဝရသီလ၌ မြင်ခြင်းသဘောသည် အဓိပညာသိက္ခာမည်၏။ ဤသိက္ခာသုံးပါးတို့ကို ဆင်ခြင်၍ ကျင့်၏။ သိ၍ ကျင့်၏။ ရှုမြင်၍ ကျင့်၏။ ဆင်ခြင်၍ ကျင့်၏။ စိတ်ကို ဆောက်တည်၍ ကျင့်၏။ သဒ္ဓါဖြင့် ဆုံးဖြတ်၍ ကျင့်၏။ ဝီရိယကို ချီးမြှောက်၍ ကျင့်၏။ သတိကို ထင်စေ၍ ကျင့်၏။ စိတ်ကို ကောင်းစွာထား၍ ကျင့်၏။ ပညာဖြင့် ခွဲခြားသိ၍ ကျင့်၏။ ထူးထူးခြားခြား သိအပ်သည်ကို ထူးထူးခြားခြားသိ၍ ကျင့်၏။ ပိုင်းခြား၍သိအပ်သည်ကို ပိုင်းခြား၍သိကာ ကျင့်၏။ ပယ်အပ်သည်ကို ပယ်၍ ကျင့်၏။ မျက်မှောက်ပြုအပ်သည်ကို မျက်မှောက်ပြု၍ ကျင့်၏။ ပွါးများအပ်သည်ကို ပွါးများ၍ ကျင့်၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် နာကြားရ၍ စောင့်စည်းမှု၌ ဖြစ်သောပညာကို သီလ မယဉာဏ်မည်၏ဟု ဆိုအပ်၏။ နှစ်ခုမြောက် သီလမယဉာဏ်အကျယ်ပြခြင်း ပြီး၏။
၃-သမာဓိဘာဝနာမယဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၃) သမထဘာဝနာမယဉာဏ် အကျယ်ပြခြင်း စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာသည် အဘယ်သို့လျှင် သမာဓိ ဘာဝနာမယဉာဏ်မည်သနည်း။ စိတ်တည်ကြည်သည်၏ အဖြစ်ဟူသော တစ်ပါးသောသမာဓိ။ လောကီသမာဓိ၊ လောကုတ္တရာသမာဓိအားဖြင့်နှစ်ပါးသောသမာဓိ။ သဝိတက္ကသဝိစာရသမာဓိ၊ အဝိတက္ကဝိစာရမတ္တသမာဓိ၊ အဝိတက္ကအဝိစာရသမာဓိ အားဖြင့် သုံးပါး သောသမာဓိ။ ဆုတ်ယုတ်သောအဖို့ရှိသော သမာဓိ၊ တည်တံ့ခြင်းအဖို့ရှိသော သမာဓိ၊ ထူးသောအဖို့ရှိသော သမာဓိ၊ ငြီးငွေ့ခြင်းအဖို့ရှိသော သမာဓိအားဖြင့် လေးပါးသောသမာဓိ။ ပီတိပျံ့နှံ့သည်၏ အဖြစ်တည်းဟူသော သမာဓိ၊ သုခပျံ့နှံ့သည်၏ အဖြစ်တည်းဟူသော သမာဓိ၊ ဥပေက္ခာစိတ်ပျံ့နှံ့သည်၏ အဖြစ်တည်းဟူသော သမာဓိ၊ အာလောကပျံ့နှံ့သည်၏ အဖြစ်တည်းဟူသော သမာဓိ၊ ပစ္စဝေက္ခဏာ၏ အကြောင်းနိမိတ်ဖြစ်သော သမာဓိအားဖြင့် ငါးပါးသောသမာဓိ။ ဗုဒ္ဓါနုဿတိ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိ၊ ဓမ္မာနုဿတိ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိ၊ သံဃာနုဿတိ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိ၊ သီလာနုဿတိ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိ၊ စာဂါနုဿတိ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိ၊ ဒေဝတာနုဿတိ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိအားဖြင့် ခြောက်ပါးသောသမာဓိ။ သမာဓိ၌ လိမ္မာသည်၏အဖြစ်၊ သမာဓိဝင်စားမှု၌ လိမ္မာသည်၏အဖြစ်၊ သမာဓိကို တည်စေမှု၌ လိမ္မာသည်၏အဖြစ်၊ သမာဓိမှ ထမှု၌ လိမ္မာသည်၏အဖြစ်၊ သမာဓိခံ့ကျန်းမှု၌ လိမ္မာသည်၏အဖြစ်၊ သမာဓိ၏ ကျက်စားရာအာရုံတို့၌ လိမ္မာသည်၏အဖြစ်၊ သမာဓိသို့ ရှေးရှုဆောင်ခြင်း၌ လိမ္မာသည်၏ အဖြစ်အားဖြင့် ခုနစ်ပါးသောသမာဓိ။ ပထဝီကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော မပျံ့လွင့်ခြင်း သမာဓိ၊ အာပေါကသိုဏ်း၏ အစွမ်းအားဖြင့်။ပ။ တေဇောကသိုဏ်း၏ အစွမ်းအားဖြင့်။ ဝါယောကသိုဏ်း၏ အစွမ်းအားဖြင့်။ နီလကသိုဏ်း၏ အစွမ်းအားဖြင့်။ ပီတကသိုဏ်း၏ အစွမ်းအားဖြင့်။ လောဟိတ ကသိုဏ်း၏ အစွမ်းအားဖြင့်။ ဩဒါတကသိုဏ်း၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟု ဆိုအပ်သော မပျံ့လွင့်ခြင်း သမာဓိအားဖြင့် ရှစ်ပါးသောသမာဓိ။ ယုတ်သော ရူပါဝစရသမာဓိ၊ အလတ်ဖြစ်သော ရူပါဝစရသမာဓိ၊ မြတ်သော ရူပါဝစရသမာဓိ၊ ယုတ်သော အရူပါဝစရသမာဓိ၊ အလတ်ဖြစ်သော အရူပါဝစရသမာဓိ၊ မြတ်သော အရူပါဝစရသမာဓိ၊ သုညတသမာဓိ၊ အနိမိတ္တသမာဓိ၊ အပ္ပဏိဟိတသမာဓိအားဖြင့် ကိုးပါးသောသမာဓိ။ ဥဒ္ဓုမာတကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်း သမာဓိ၊ ဝိနီလကသညာ၏ အစွမ်းအားဖြင့်။ ဝိပုဗ္ဗကသညာ၏ အစွမ်းအားဖြင့်။ ဝိစ္ဆိဒ္ဒကသညာ၏ အစွမ်း အားဖြင့်။ ဝိက္ခာယိတကသညာ၏ အစွမ်းအားဖြင့်။ ဝိက္ခိတ္တကသညာ၏ အစွမ်းအားဖြင့်။ ဟတဝိက္ခိတ္တက သညာ၏ အစွမ်းအားဖြင့်။ လောဟိတကသညာ၏ အစွမ်းအားဖြင့်။ ပုဠုဝကသညာ၏ အစွမ်းအားဖြင့်။ အဋ္ဌိကသညာ၏ အစွမ်းအားဖြင့် စိတ်တည်ကြည်သည်၏ အဖြစ်ဟုဆိုအပ်သော မပျံ့လွင့်ခြင်းသမာဓိအားဖြင့် ဆယ်ပါးသော သမာဓိ။ ဤသည်တို့ကား ငါးဆယ့်ငါးပါးသော သမာဓိတို့တည်း။ တစ်နည်းအားဖြင့် သမာဓိ၏ တည်ကြည်မှုသဘောတို့သည်နှစ်ဆယ့်ငါးပါးတို့တည်း။ သိမ်းဆည်းအပ်သော အနက်သဘောကြောင့် သမာဓိမည်၏။ အခြံရံဟူသော အနက်သဘောကြောင့် သမာဓိမည်၏။ ပြည့်စုံခြင်းဟူသော အနက်သဘောကြောင့် သမာဓိမည်၏။ တစ်ခုတည်းသော အာရုံရှိသော အနက်သဘောကြောင့် သမာဓိမည်၏။ မပျံ့လွင့်ခြင်းအနက်သဘောကြောင့် သမာဓိမည်၏။ ဖရိုဖရဲမရှိသော အနက်သဘောကြောင့် သမာဓိမည်၏။ မနောက်ကျုသော အနက်သဘောကြောင့် သမာဓိမည်၏။ မတုန် လှုပ်သော အနက်သဘောကြောင့် သမာဓိမည်၏။ ကိလေသာတို့မှလွတ်သော အနက်သဘောကြောင့် သမာဓိမည်၏။ တစ်ခုတည်းသော အာရုံ၌ ထင်သည်၏ အစွမ်းအားဖြင့် စိတ်တည်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ အပ္ပနာကို ရှာမှီးတတ်သောကြောင့် သမာဓိမည်၏။ နီဝရဏတရားတို့ကို မရှာမှီးတတ်သောကြောင့် သမာဓိမည်၏။ အပ္ပနာကို ရှာမှီးတတ်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ နီဝရဏတရားတို့ကို မရှာ မှီးတတ်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ အပ္ပနာကို ယူတတ်သောကြောင့် သမာဓိမည်၏။ နီဝရဏ တရားတို့ကို မယူတတ်သောကြောင့် သမာဓိမည်၏။ အပ္ပနာကို ယူတတ်သည်၏ အဖြစ်ကြောင့် သမာဓိ မည်၏။ နီဝရဏတရားတို့ကို မယူတတ်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ အပ္ပနာကို ကျင့်တတ် သောကြောင့် သမာဓိမည်၏။ နီဝရဏတရားတို့ကို မကျင့်တတ်သောကြောင့် သမာဓိမည်၏။ အပ္ပနာကို ကျင့်တတ်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ နီဝရဏတရားတို့ကို မကျင့်တတ်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ အပ္ပနာကို ထွန်းတောက်ပတတ်သောကြောင့် သမာဓိမည်၏။ နီဝရဏတရားတို့ကို လောင်စေတတ်သောကြောင့် သမာဓိမည်၏။ အပ္ပနာကို ထွန်းတောက်ပတတ်သည်၏ အဖြစ်ကြောင့် သမာဓိ မည်၏။ နီဝရဏတရားတို့ကို လောင်စေတတ်သည်၏ အဖြစ်ကြောင့် သမာဓိမည်၏။ သမာဓိသည် နီဝရဏဟူသော ဝိသမတရားတို့မှ ကင်းသောကြောင့် သမလည်းမည်၏။ အာရုံ၌ တုန်လှုပ်ခြင်းမရှိသည်၏ အဖြစ်ကို ပြုသဖြင့် တည်စေသောကြောင့် ဟိတလည်းမည်၏။ ချမ်းသာသောကြောင့် သုခလည်း မည်၏။ ထို့ကြောင့် သမာဓိမည်၏။ ဤသည်တို့ကား သမာဓိ၏ တည်ကြည်မှုသဘောနှစ်ဆယ့်ငါးပါးတို့တည်း။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် စောင့်စည်းခြင်းကြောင့် တည်ကြည်မှု၌ (ဖြစ်သော) ပညာကို သမာဓိဘာဝနာမယဉာဏ်ဟု ဆိုအပ်၏။ သုံးခုမြောက် သမာဓိဘာဝနာမယဉာဏ်အကျယ်ပြခြင်း ပြီး၏။
၄-ဓမ္မဋ္ဌိတိဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၄) ဓမ္မဋ္ဌိတိဉာဏ် အကျယ်ပြခြင်း အကြောင်းတရားတို့ကို သိမ်းဆည်းမှု၌ (ဖြစ်သော) ပညာသည် အဘယ်သို့လျှင် ဓမ္မဋ္ဌိတိ ဉာဏ်မည်သနည်း။ အဝိဇ္ဇာသည် သင်္ခါရတို့၏ ဖြစ်ပေါ်လျက်တည်ခြင်း 'ဥပ္ပါဒဋ္ဌိတိ'၊ ဖြစ်ပွါးလျက်တည်ခြင်း 'ပဝတ္တဋ္ဌိတိ'၊ အကြောင်းဖြစ်လျက်တည်ခြင်း 'နိမိတ္တဋ္ဌိတိ'၊ အားထုတ်လျက်တည်ခြင်း 'အာယူဟနဋ္ဌိတိ'၊ ဆက်စပ်လျက် တည်ခြင်း 'သညောဂဋ္ဌိတိ'၊ ကြောင့်ကြလျက်တည်ခြင်း 'ပလိဗောဓဋ္ဌိတိ'၊ မူလအကြောင်းဖြစ်၍တည်ခြင်း 'သမုဒယဋ္ဌိတိ'၊ ဇနကအကြောင်းဖြစ်၍တည်ခြင်း 'ဟေတုဋ္ဌိတိ'၊ ဥပထမ္ဘက အကြောင်းဖြစ်၍တည်ခြင်း 'ပစ္စယဋ္ဌိတိ'၊ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာသည် အကြောင်းဖြစ်၏။ သင်္ခါရတို့သည် အကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာ၊ သင်္ခါရတရားတို့သည် အကြောင်းကြောင့် ဖြစ် ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း အဝိဇ္ဇာသည် သင်္ခါရ တို့၏ ဖြစ်ပေါ်လျက်တည်ခြင်း 'ဥပ္ပါဒဋ္ဌိတိ'၊ ဖြစ်ပွါးလျက်တည်ခြင်း 'ပဝတ္တဋ္ဌိတိ'၊ အကြောင်းဖြစ်လျက် တည်ခြင်း 'နိမိတ္တဋ္ဌိတိ'၊ အားထုတ်လျက်တည်ခြင်း 'အာယူဟနဋ္ဌိတိ'၊ ဆက်စပ်လျက်တည်ခြင်း 'သညောဂ ဋ္ဌိတိ'၊ ကြောင့်ကြလျက်တည်ခြင်း 'ပလိဗောဓဋ္ဌိတိ'၊ မူလအကြောင်းဖြစ်၍တည်ခြင်း 'သမုဒယဋ္ဌိတိ'၊ ဇနက အကြောင်းဖြစ်၍တည်ခြင်း ''ဟေတုဋ္ဌိတိ'၊ ဥပထမ္ဘကအကြောင်းဖြစ်၍တည်ခြင်း 'ပစ္စယဋ္ဌိတိ'၊ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် အဝိဇ္ဇာသည် အကြောင်းဖြစ်၏။ သင်္ခါရတို့သည် အကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာနှင့် သင်္ခါရတို့သည် အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ သင်္ခါရတို့သည် ဝိညာဉ်၏။ပ။ ဝိညာဉ်သည် နာမ်ရုပ်၏။ နာမ်ရုပ်သည် သဠာယတန၏။ သဠာ ယတနသည် ဖဿ၏။ ဖဿသည် ဝေဒနာ၏။ ဝေဒနာသည် တဏှာ၏။ တဏှာသည် ဥပါဒါန်၏။ ဥပါဒါန်သည် ဘဝ၏။ ဘဝသည် ဇာတိ၏။ ဇာတိသည် ဇရာမရဏ၏ ဖြစ်ပေါ်လျက်တည်ခြင်း 'ဥပ္ပါဒဋ္ဌိတိ'၊ ဖြစ်ပွါးလျက်တည်ခြင်း 'ပဝတ္တဋ္ဌိတိ'၊ အကြောင်းဖြစ်လျက်တည်ခြင်း 'နိမိတ္တဋ္ဌိတိ'၊ အားထုတ်လျက်တည်ခြင်း 'အာယူဟနဋ္ဌိတိ'၊ ဆက်စပ်လျက်တည်ခြင်း 'သညောဂဋ္ဌိတိ'၊ ကြောင့်ကြလျက်တည်ခြင်း 'ပလိဗောဓဋ္ဌိတိ'၊ မူလအကြောင်းဖြစ်၍တည်ခြင်း 'သမုဒယဋ္ဌိတိ'၊ ဇနကအကြောင်းဖြစ်၍တည်ခြင်း ''ဟေတုဋ္ဌိတိ'၊ ဥပထမ္ဘက အကြောင်းဖြစ်၍တည်ခြင်း 'ပစ္စယဋ္ဌိတိ'၊ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် ဇာတိသည် အကြောင်းဖြစ်၏။ ဇရာမရဏသည် အကြောင်းကြောင့် ဖြစ်၏။ နှစ်ပါးသော ဤဇာတိနှင့် ဇရာမရဏတို့သည် အကြောင်း ကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း ဇာတိသည် ဇရာ မရဏ၏ ဖြစ်ပေါ်လျက်တည်ခြင်း 'ဥပ္ပါဒဋ္ဌိတိ'၊ ဖြစ်ပွါးလျက်တည်ခြင်း 'ပဝတ္တဋ္ဌိတိ'၊ အကြောင်းဖြစ်လျက် တည်ခြင်း 'နိမိတ္တဋ္ဌိတိ'၊ အားထုတ်လျက်တည်ခြင်း 'အာယူဟနဋ္ဌိတိ'၊ ဆက်စပ်လျက်တည်ခြင်း 'သညောဂ ဋ္ဌိတိ'၊ ကြောင့်ကြလျက်တည်ခြင်း 'ပလိဗောဓဋ္ဌိတိ'၊ မူလအကြောင်းဖြစ်၍တည်ခြင်း 'သမုဒယဋ္ဌိတိ'၊ ဇနက အကြောင်းဖြစ်၍တည်ခြင်း ''ဟေတုဋ္ဌိတိ'၊ ဥပထမ္ဘကအကြောင်းဖြစ်၍တည်ခြင်း 'ပစ္စယဋ္ဌိတိ'၊ ဤကိုးပါးသော အခြင်းအရာတို့ဖြင့် ဇာတိသည် အကြောင်းဖြစ်၏။ ဇရာမရဏသည် အကြောင်းကြောင့် ဖြစ်၏။ နှစ်ပါး သော ဤဇာတိနှင့် ဇရာမရဏတို့သည် အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်း ဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ အဝိဇ္ဇာသည် ဇနက အကြောင်းဖြစ်၏။ သင်္ခါရတို့သည် ဇနကအကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာနှင့် သင်္ခါရတို့သည် ဇနက အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း အဝိဇ္ဇာသည် ဇနက အကြောင်းဖြစ်၏။ သင်္ခါရတို့သည် ဇနကအကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာနှင့် သင်္ခါရ တို့သည် ဇနက အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ သင်္ခါရတို့သည် ဇနကအကြောင်းတို့တည်း။ ဝိညာဉ်သည် ဇနကအကြောင်းကြောင့် ဖြစ်၏။ပ။ ဝိညာဉ်သည် ဇနကအကြောင်းတည်း။ နာမ်ရုပ်သည် ဇနကအကြောင်းကြောင့် ဖြစ်၏။ နာမ်ရုပ်သည် ဇနကအကြောင်းတည်း။ သဠာယတနသည် ဇနကအကြောင်းကြောင့် ဖြစ်၏။ သဠာယတနသည် ဇနက အကြောင်းတည်း။ ဖဿသည် ဇနကအကြောင်းကြောင့် ဖြစ်၏။ ဖဿသည် ဇနကအကြောင်းတည်း။ ဝေဒနာသည် ဇနက အကြောင်းကြောင့် ဖြစ်၏။ ဝေဒနာသည် ဇနကအကြောင်းတည်း။ တဏှာသည် ဇနကအကြောင်းကြောင့် ဖြစ်၏။ တဏှာသည် ဇနကအကြောင်းတည်း။ ဥပါဒါန်သည် ဇနကအကြောင်း ကြောင့် ဖြစ်၏။ ဥပါဒါန်သည် ဇနကအကြောင်းတည်း။ ဘဝသည် ဇနကအကြောင်းကြောင့် ဖြစ်၏။ ဘဝ သည် ဇနကအကြောင်းတည်း။ ဇာတိသည် ဇနကအကြောင်းကြောင့် ဖြစ်၏။ ဇာတိသည် ဇနက အကြောင်းတည်း။ ဇရာမရဏသည် ဇနက အကြောင်းကြောင့် ဖြစ်၏။ နှစ်ပါးသော ဤဇာတိနှင့် ဇရာ မရဏတို့သည် ဇနကအကြောင်းကြောင့် ဖြစ်ပေါ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ် သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း ဇာတိသည် ဇနက အကြောင်းတည်း။ ဇရာမရဏသည် ဇနကအကြောင်းကြောင့် ဖြစ်၏။ နှစ်ပါးသော ဤဇာတိနှင့် ဇရာ မရဏတို့သည် ဇနက အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ် သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ အဝိဇ္ဇာသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ သင်္ခါရတို့သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာနှင့် သင်္ခါရတို့သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း အဝိဇ္ဇာသည် စွဲ၍ဖြစ် သော အကြောင်းဖြစ်၏။ သင်္ခါရတို့သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာနှင့် သင်္ခါရတို့သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ သင်္ခါရတို့သည် စွဲ၍ဖြစ်သော အကြောင်းဖြစ်ကုန်၏။ ဝိညာဉ်သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ပ။ ဝိညာဉ်သည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ နာမ်ရုပ်သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ နာမ်ရုပ်သည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ သဠာယတနသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ သဠာယတနသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ ဖဿသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ ဖဿသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ ဝေဒနာသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ ဝေဒနာသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ တဏှာသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ တဏှာသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ ဥပါဒါန်သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ ဥပါဒါန်သည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ ဘဝသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ ဘဝသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ ဇာတိသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ ဇာတိသည် စွဲ၍ဖြစ်သော အကြောင်းဖြစ်၏။ ဇရာမရဏသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်၏။ နှစ်ပါးသော ဤဇာတိနှင့် ဇရာမရဏတို့သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း ဇာတိသည် စွဲ၍ဖြစ် သော အကြောင်းတည်း။ ဇရာမရဏသည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ပေါ်၏။ နှစ်ပါးသော ဤဇာတိနှင့် ဇရာမရဏတို့သည် စွဲ၍ဖြစ်သော အကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ အဝိဇ္ဇာသည် ဥပထမ္ဘက အကြောင်းတည်း။ သင်္ခါရတို့သည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤအဝိဇ္ဇာနှင့် သင်္ခါရတို့သည် ဥပထမ္ဘကကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း အဝိဇ္ဇာသည် ဥပ ထမ္ဘကအကြောင်းတည်း။ သင်္ခါရတို့သည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်ကုန်၏။ နှစ်ပါးသော ဤ အဝိဇ္ဇာနှင့်သင်္ခါရတို့သည် ဥပထမ္ဘကကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်း ရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ သင်္ခါရတို့သည် ဥပထမ္ဘကအကြောင်းတို့တည်း။ ဝိညာဉ်သည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ ဝိညာဉ်သည် ဥပထမ္ဘကအကြောင်းတည်း။ နာမ်ရုပ်သည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ နာမ်ရုပ် သည် ဥပထမ္ဘကအကြောင်းတည်း။ သဠာယတနသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ သဠာယတန သည် ဥပထမ္ဘကအကြောင်းတည်း။ ဖဿသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ ဖဿသည် ဥပထမ္ဘကအကြောင်းတည်း။ ဝေဒနာသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ ဝေဒနာသည် ဥပထမ္ဘက အကြောင်းတည်း။ တဏှာသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ တဏှာသည် ဥပထမ္ဘကအကြောင်းတည်း။ ဥပါဒါန်သည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ ဥပါဒါန်သည် ဥပထမ္ဘကအကြောင်းတည်း။ ဘဝသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ ဘဝသည် ဥပထမ္ဘကအကြောင်းတည်း။ ဇာတိသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ ဇာတိသည် ဥပထမ္ဘကအကြောင်းတည်း။ ဇရာမရဏသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ နှစ်ပါးသော ဤဇာတိနှင့် ဇရာမရဏတို့သည် ဥပထမ္ဘကအကြောင်း ကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ် မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း ဇာတိသည် ဥပထမ္ဘက အကြောင်းတည်း။ ဇရာမရဏသည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်၏။ နှစ်ပါးသော ဤဇာတိနှင့်ဇရာမရဏတို့သည် ဥပထမ္ဘကအကြောင်းကြောင့် ဖြစ်ကုန်၏ဟု အကြောင်း (အကျိုး) ကို သိမ်းဆည်းရာ၌ (ဖြစ်သော) ပညာသည် ဓမ္မဋ္ဌိတိဉာဏ်မည်၏။ ရှေးကမ္မဘဝ၌ တွေဝေမှုမောဟသည် အဝိဇ္ဇာမည်၏။ အားထုတ်မှုတို့သည် သင်္ခါရမည်ကုန်၏။ လိုချင်တပ်မက်မှုသည် တဏှာမည်၏။ မြဲမြံစွာစွဲယူခြင်းသည် ဥပါဒါန်မည်၏။ စေ့ဆော်ကြောင့် ကြမှုစေတနာသည် ဘဝမည်၏။ ရှေးကမ္မဘဝ၌ ဖြစ်သော ဤတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေ၏ အကြောင်းဖြစ်ကုန်၏။ ဤပစ္စုပ္ပန်ဘဝ၌ ပဋိသန္ဓေသည် ဝိညာဉ်မည်၏။ သက်ဝင်ဘိသကဲ့သို့ ဖြစ်သောတရားသည် နာမ်ရုပ် မည်၏။ မဟာဘုတ်တို့၏ ကြည်သည်၏အဖြစ်သည် အာယတနမည်၏။ တွေ့ထိခြင်းသဘောသည် ဖဿမည်၏။ ခံစားခြင်းသဘောသည် ဝေဒနာမည်၏။ ဤပစ္စုပ္ပန်ဘဝ၌ ဖြစ် သော ဤတရားငါးပါးတို့သည် ရှေးက ပြုအပ်သော ကံအကြောင်းကြောင့် ဖြစ်ကုန်၏။ ဤပစ္စုပ္ပန်ဘဝ၌ အာယတနတို့၏ ရင့်ပြီးသည်၏ အဖြစ်ကြောင့် တွေဝေမှု မောဟသည် အဝိဇ္ဇာမည်၏။ အားထုတ်မှုသည် သင်္ခါရမည်၏။ တပ်မက်မှုသည် တဏှာမည်၏။ မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန်မည်၏။ စေ့ဆော်ကြောင့် ကြမှုသည် ဘဝမည်၏။ ဤပစ္စုပ္ပန်ကမ္မဘဝ၌ဖြစ်သော ဤတရား ငါးပါးတို့သည် နောင်အခါ ပဋိသန္ဓေ၏ အကြောင်း ဖြစ်ကုန်၏။ နောင်အခါ၌ ပဋိသန္ဓေသည် ဝိညာဉ်မည်၏။ သက်ဝင်ဘိသကဲ့သို့ဖြစ်သောတရားသည် နာမ်ရုပ်မည်၏။ မဟာဘုတ်တို့၏ ကြည်သည်၏အဖြစ်သည် အာယတနမည်၏။ တွေ့ထိခြင်းသဘောသည် ဖဿမည်၏။ ခံစားခြင်းသဘောသည် ဝေဒနာမည်၏။ နောင်ဥပပတ္တိဘဝ၌ဖြစ်သော ဤတရားငါးပါးတို့သည် ဤ ပစ္စုပ္ပန်ဘဝ၌ ပြုအပ်သော ကံအကြောင်းကြောင့် ဖြစ်ကုန်၏။ ဤသို့ အလွှာလေးပါးတို့ကိုလည်းကောင်း၊ ကာလသုံးပါးတို့ကိုလည်းကောင်း၊ သုံးပါးသောအစပ် ရှိသော ပဋိစ္စသမုပ္ပါဒ်ကိုလည်းကောင်း အခြင်းအရာနှစ်ဆယ်တို့ဖြင့် သိတော်မူ၏။ မြင်တော်မူ၏။ ထူးသော ဉာဏ်ဖြင့် သိတော်မူ၏။ ထိုးထွင်း၍ သိတော်မူ၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘော ကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သောအနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အကြောင်း (တရား) တို့ကို သိမ်းဆည်းမှု၌ (ဖြစ်သော) ပညာကို ဓမ္မဋ္ဌိတိဉာဏ်မည်၏ဟု ဆိုအပ်၏။ လေးခုမြောက် ဓမ္မဋ္ဌိတိဉာဏ် အကျယ်ပြခြင်း ပြီး၏။
၅-သမ္မသနဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၅) သမ္မသနဉာဏ် အကျယ်ပြခြင်း အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြားဆုံးဖြတ်နိုင်သောပညာသည် အဘယ်သို့လျှင် သမ္မသနဉာဏ်မည်သနည်း။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အတွင်း၊ အပြင်၊ ကြမ်းတမ်း၊ သိမ်မွေ့၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီး ဖြစ်သော ရုပ်အားလုံးကို အနိစ္စဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ ဒုက္ခဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ အနတ္တဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ အတွင်း၊ အပြင်၊ ကြမ်းတမ်း၊ သိမ်မွေ့၊ အယုတ်၊ အမြတ်၊ အဝေး၊ အနီးဖြစ်သော ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်အားလုံးကို အနိစ္စဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ ဒုက္ခဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ အနတ္တဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံး သပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ မျက်စိကို။ပ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာ၊ မရဏကို အနိစ္စဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ ဒုက္ခဟု ပိုင်းခြားမှတ်သားခြင်းသည့်တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ အနတ္တဟု ပိုင်းခြားမှတ်သားခြင်းသည် တစ်ခုသော သုံးသပ်ဆင်ခြင်ခြင်း 'သမ္မသန' မည်၏။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်ကို ကုန်ဆုံးခြင်းသဘောကြောင့် အနိစ္စမည်၏။ နှိပ်စက် တတ်သော သဘောကြောင့် ဒုက္ခမည်၏။ အနှစ်မရှိသောသဘောကြောင့် အနတ္တမည်၏ဟု အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဉ်ကို။ပ။ မျက်စိကို။ပ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏကို ကုန်ဆုံးတတ်သော သဘောကြောင့် အနိစ္စမည်၏။ နှိပ်စက်တတ်သော သဘောကြောင့် ဒုက္ခမည်၏။ အနှစ်မရှိသောသဘောကြောင့် အနတ္တမည်၏ဟု အကျဉ်းချုံး၍ ပိုင်းခြားမှတ် သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ ''အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ရုပ်ကို အနိစ္စမည်၏ဟုလည်းကောင်း၊ ပြုပြင်အပ်၏ဟုလည်းကောင်း၊ အကြောင်းကိုစွဲ၍ဖြစ်၏ဟုလည်းကောင်း၊ ကုန်ဆုံးခြင်းသဘော, ပျက်ခြင်းသဘော, ကင်းခြင်းသဘော, ချုပ်ငြိမ်းခြင်းသဘောရှိ၏ဟုလည်းကောင်း'' အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ် သောပညာသည် သမ္မသန ဉာဏ် မည်၏။ ''ဝေဒနာကို။ပ။ သညာကို။ပ။ သင်္ခါရတို့ကို။ပ။ ဝိညာဉ်ကို။ပ။ မျက်စိကို။ပ။ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဖြစ်သော ဇရာမရဏကို အနိစ္စမည်၏ဟုလည်းကောင်း၊ ပြုပြင်အပ်၏ဟုလည်းကောင်း၊ အကြောင်းကိုစွဲ၍ ဖြစ်၏ဟုလည်းကောင်း၊ ကုန်ဆုံးခြင်းသဘော, ပျက်ခြင်းသဘော, ကင်းခြင်းသဘော, ချုပ်ငြိမ်းခြင်းသဘော ရှိ၏ဟုလည်းကောင်း'' အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ ''ဇာတိကြောင့် ဇရာမရဏသည် ဖြစ်၏။ ဇာတိမရှိသော် ဇရာမရဏသည် မရှိ''ဟု အကျဉ်းချုံး၍ ပိုင်းခြား မှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ ''အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း ဇာတိကြောင့် ဇရာ မရဏသည် ဖြစ်၏။ ဇာတိမရှိသော် ဇရာမရဏသည် မရှိ''ဟု အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ ဘဝကြောင့် ဇာတိဖြစ်၏။ မရှိသော်။ပ။ ဥပါဒါန်ကြောင့် ဘဝဖြစ်၏။ မရှိသော်။ပ။ တဏှာကြောင့် ဥပါဒါန်ဖြစ်၏။ မရှိသော်။ပ။ ဝေဒနာကြောင့် တဏှာဖြစ်၏။ မရှိသော်။ပ။ ဖဿကြောင့် ဝေဒနာဖြစ်၏။ မရှိသော်။ပ။ သဠာယတနကြောင့် ဖဿဖြစ်၏။ မရှိသော်။ပ။ နာမ်ရုပ်ကြောင့် သဠာယတနဖြစ်၏။ မရှိ သော်။ပ။ ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်၏။ မရှိသော်။ပ။ သင်္ခါရကြောင့် ဝိညာဉ်ဖြစ်၏။ မရှိသော်။ပ။ ''အဝိဇ္ဇာကြောင့် သင်္ခါရတို့ ဖြစ်ကုန်၏။ အဝိဇ္ဇာမရှိသော် သင်္ခါရ မရှိကုန်''ဟု အကျဉ်းချုံး၍ ပိုင်းခြား မှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ အတိတ်ကာလပတ်လုံးလည်းကောင်း၊ အနာဂတ်ကာလပတ်လုံးလည်းကောင်း ''အဝိဇ္ဇာကြောင့် သင်္ခါရ တို့ ဖြစ်ကုန်၏။ အဝိဇ္ဇာမရှိသော် သင်္ခါရ မရှိကုန်''ဟု အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သောပညာသည် သမ္မသနဉာဏ်မည်၏။ ထိုသမ္မသနဉာဏ်သည် သိတတ်သောအနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တရားတို့ကို အကျဉ်းချုံး၍ ပိုင်းခြားမှတ်သားရာ၌ ဖြစ်သောပညာကို သမ္မသနဉာဏ်မည်၏ဟု ဆိုအပ်၏။ ငါးခုမြောက် သမ္မသနဉာဏ် အကျယ်ပြခြင်း ပြီး၏။
၆-ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၆) ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း ။ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်းမှာ- ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှုမြင်နိုင်သောပညာသည် အဘယ်သို့လျှင် ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်သနည်း။ ဖြစ်ပေါ်လာသောရုပ်သည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ရုပ်၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဖြစ်ခြင်း 'ဥဒယ' မည်၏။ ဖောက်ပြန်ခြင်းလက္ခဏာသည် ဝယမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ဖြစ်ပေါ်လာသော ဝေဒနာသည်။ ဖြစ်ပေါ်လာသော သညာသည်။ ဖြစ်ပေါ်လာသော သင်္ခါရတို့သည်။ ဖြစ်ပေါ်လာသော ဝိညာဉ်သည်။ ဖြစ်ပေါ်လာသော မျက်စိသည်။ပ။ ဖြစ်ပေါ်လာသော ဘဝသည် ပစ္စုပ္ပန်မည်၏။ ထိုပစ္စုပ္ပန်ဘဝ၏ ဖြစ်ပေါ်ခြင်းလက္ခဏာသည် ဥဒယမည်၏။ ဖောက်ပြန်ခြင်းလက္ခဏာသည် ဝယမည်၏။ အဖန်ဖန်ရှုခြင်းသည် ဉာဏ်မည်၏။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော သူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းကို ရှုသောသူသည်နှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည်နှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသော သူသည် ငါးဆယ်သော လက္ခဏာတို့ကို မြင်၏။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှ သောလက္ခဏာတို့ကို မြင်သနည်း။ ဝေဒနာက္ခန္ဓာ၏။ပ။ သညာက္ခန္ဓာ၏။ပ။ သင်္ခါရက္ခန္ဓာ၏။ပ။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော သူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင်သနည်း။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသော လက္ခဏာတို့ကို မြင်သနည်း။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် အဘယ်မျှသောလက္ခဏာတို့ကို မြင် သနည်း။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသော သူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ဝေဒနာက္ခန္ဓာ၏။ပ။ သညာက္ခန္ဓာ၏။ပ။ သင်္ခါရက္ခန္ဓာ၏။ပ။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသော သူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ တဏှာဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ကံဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ အာဟာရဖြစ်ခြင်းကြောင့် ရုပ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ရူပက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ အာဟာရချုပ်ခြင်းကြောင့် ရုပ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသောအနက်အားဖြင့် ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောသူသည်လည်း ရူပက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ရူပက္ခန္ဓာ၏ ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသောလက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ တဏှာဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ကံဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖဿဖြစ်ခြင်းကြောင့် ဝေဒနာဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ပေါ်ခြင်း လက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဝေဒနာက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖဿချုပ်ခြင်းကြောင့် ဝေဒနာချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖောက်ပြန်သောလက္ခဏာကို ရှုသောသူသည်လည်း ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကိုမြင်၏။ ဝေဒနာက္ခန္ဓာ၏ ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ သညာက္ခန္ဓာ၏။ပ။ သင်္ခါရက္ခန္ဓာ၏။ပ။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ တဏှာဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ကံဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ နာမ်ရုပ်ဖြစ်ခြင်းကြောင့် ဝိညာဉ်ဖြစ်၏ဟု အကြောင်းကြောင့်ဖြစ်သော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဖြစ်ပေါ်ခြင်းလက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကို မြင်၏။ ဝိညာဏက္ခန္ဓာ၏ ဖြစ်ခြင်းကိုရှုသောသူသည် ဤငါးပါးသောလက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် အဘယ်ငါးပါးသော လက္ခဏာတို့ကို မြင်သနည်း။ အဝိဇ္ဇာချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ တဏှာချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ကံချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ နာမ်ရုပ်ချုပ်ခြင်းကြောင့် ဝိညာဉ်ချုပ်၏ဟု အကြောင်းချုပ်ခြင်းဟူသော အနက်အားဖြင့် ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို မြင်၏။ ဖောက်ပြန်သော လက္ခဏာကို ရှုသောသူသည်လည်း ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကိုမြင်၏။ ဝိညာဏက္ခန္ဓာ၏ ပျက်ခြင်းကို ရှုသောသူသည် ဤငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤဆယ်ပါးသော လက္ခဏာတို့ကို မြင်၏။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်းကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ပျက်ခြင်းကို ရှုသောသူသည် ဤနှစ်ဆယ့်ငါးပါးသော လက္ခဏာတို့ကို မြင်၏။ ဖြစ်ခြင်း၊ ပျက်ခြင်းကို ရှုသောသူသည် ဤငါးဆယ်သော လက္ခဏာတို့ကို မြင်၏။ ထိုဥဒယဗ္ဗယာနုပဿနာဉာဏ်သည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ပစ္စုပ္ပန်တရားတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှုမြင်နိုင်သောပညာကို ဥဒယဗ္ဗယာနုပဿနာဉာဏ်မည်၏ဟု ဆိုအပ်၏။ ရူပက္ခန္ဓာသည် အာဟာရလျှင် ဖြစ်ကြောင်းရှိ၏။ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာသုံးပါး တို့သည် ဖဿသာလျှင် ဖြစ်ကြောင်း ရှိကုန်၏။ ဝိညာဏက္ခန္ဓာသည် နာမ်ရုပ်လျှင်ဖြစ်ကြောင်း ရှိ၏။ ခြောက်ခုမြောက် ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း ပြီး၏။
၇-ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာသည် အဘယ်သို့လျှင် ဝိပဿနာဉာဏ် မည်သနည်း။ ရုပ်လျှင်လျှင် အာရုံရှိသည်၏ အဖြစ်ဖြင့် စိတ်သည် ဖြစ်၍ ပျက်၏။ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်ဖန်ရှု၏။ အဖန်ဖန် ရှု၏ဟူရာ၌ အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ အနိစ္စအားဖြင့် အဖန်ဖန်ရှု၏။ နိစ္စအားဖြင့် မရှု။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု၏။ သုခအားဖြင့်မရှု။ အနတ္တအားဖြင့် အဖန်ဖန်ရှု၏။ အတ္တအားဖြင့် မရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်း ကင်း၏။ တပ်နှစ်သက်သည် မဟုတ်။ ချုပ်ငြိမ်းစေ၏။ မဖြစ်ပေါ်စေ။ စွန့်လွှတ်၏။ စွဲယူခြင်း မရှိ။ အနိစ္စအားဖြင့် အဖန်ဖန်ရှုသော် မြဲ၏ဟူသောအမှတ်သညာကို ပယ်စွန့်၏။ ဒုက္ခအားဖြင့် အဖန်ဖန်ရှုသော် ချမ်းသာဟူသော အမှတ်သညာကို ပယ်စွန့်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုသော် အတ္တဟူသောအမှတ် သညာကို ပယ်စွန့်၏။ ငြီးငွေ့သော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်ခြင်းကင်းသော် တပ်ခြင်းရာဂကို ပယ်စွန့်၏။ ချုပ်ငြိမ်းသော် ဖြစ်ခြင်းကို ပယ်စွန့်၏။ တစ်ဖန်စွန့်သော် စွဲယူခြင်းကို ပယ်စွန့်၏။ ဝေဒနာလျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ပ။ သညာလျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ သင်္ခါရတို့လျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ ဝိညာဉ်လျှင် အာရုံရှိသည်၏အဖြစ်ဖြင့်။ မျက်စိလျှင်။ပ။ ဇရာမရဏလျှင် အာရုံရှိသည်၏အဖြစ်ဖြင့် စိတ်သည် ဖြစ်၍ ပျက်၏။ ထိုအာရုံကို ဆင်ခြင်၍ ထိုစိတ်၏ ပျက်ခြင်းကို အဖန်ဖန်ရှု၏၊ အဖန်ဖန် ရှု၏ဟူရာ၌ အဘယ်သို့လျှင် အဖန်ဖန်ရှုသနည်း။ အနိစ္စအားဖြင့် အဖန်ဖန်ရှု၏။ နိစ္စအားဖြင့် မရှု။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု၏။ သုခအားဖြင့်မရှု။ အနတ္တအားဖြင့် အဖန်ဖန်ရှု၏။ အတ္တအားဖြင့် မရှု။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်း ကင်း၏။ တပ်နှစ်သက်သည် မဟုတ်။ ချုပ်ငြိမ်းစေ၏။ မဖြစ်ပေါ်စေ။ စွန့်လွှတ်၏။ စွဲယူခြင်း မရှိ။ အနိစ္စအားဖြင့် အဖန်ဖန်ရှုသော် မြဲ၏ဟူသောအမှတ်သညာကို ပယ်စွန့်၏။ ဒုက္ခအားဖြင့် အဖန်ဖန်ရှု သော် ချမ်းသာဟူသော အမှတ်သညာကို ပယ်စွန့်၏။ အနတ္တအားဖြင့် အဖန်ဖန်ရှုသော် အတ္တဟူသော အမှတ်သညာကို ပယ်စွန့်၏။ ငြီးငွေ့သော်နှစ်သက်ခြင်းကို ပယ်စွန့်၏။ တပ်ခြင်းကင်းသော် တပ်ခြင်း ရာဂကို ပယ်စွန့်၏။ ချုပ်ငြိမ်းသော် ဖြစ်ခြင်းကို ပယ်စွန့်၏။ တစ်ဖန်စွန့်သော် စွဲယူခြင်းကို ပယ်စွန့်၏။ ဝတ္ထုပြောင်းရွှေ့ခြင်းသည်လည်းကောင်း၊ ပညာ၏ လည်၍ဖြစ်ခြင်းသည်လည်း ကောင်း၊ ဆင်ခြင်ခြင်းငှါ စွမ်းနိုင်သော ဉာဏ်သည်လည်းကောင်း (ဤဉာဏ်သုံးပါး အပေါင်းသည်) ဆင်ခြင်၍ ရှုတတ်သော 'ပဋိသင်္ခါဝိပဿနာ'ဉာဏ်မည်၏။ အာရုံသို့အစဉ်လျှောက်သဖြင့် (အတိတ်အနာဂတ်) အပျက်နှစ်မျိုးတို့ကို တူသော အားဖြင့် ပိုင်းခြားခြင်းလည်းကောင်း၊ နိဗ္ဗာန်၌ စိတ်၏ သက်ဝင်ညွတ်ကိုင်းခြင်း လည်းကောင်း (ဤဉာဏ်နှစ်ပါးသည်) အပျက်လက္ခဏာကို ရှုတတ်သော 'ဝယ လက္ခဏဝိပဿနာ' မည်၏။ အာရုံကိုလည်း ဆင်ခြင်၍ အပျက်ကိုလည်း အဖန်ဖန်ရှုခြင်းလည်းကောင်း၊ ဆိတ် သုဉ်းသောအားဖြင့် ထင်ခြင်းလည်းကောင်း ဤဉာဏ်နှစ်ပါးသည် 'အဓိပညာ ဝိပဿနာ'မည်၏။ ဆိုခဲ့ပြီးအနိစ္စာနုပဿနာစသော အနုပဿနာဉာဏ်သုံးပါးတို့၌ ကျွမ်းကျင်သော သူသည် နိဗ္ဗိဒါနုပဿနာစသော လေးပါးသော ဝိပဿနာတို့၌လည်းကောင်း၊ ကုန်ခြင်းစသော သုံးပါးသော ဆင်ခြင်ခြင်း၌လည်းကောင်း လိမ္မာသည်၏အဖြစ်ကြောင့် အထူးထူးသော အယူဝါဒတို့၌ မတုန်လှုပ်။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အာရုံကို ဆင်ခြင်၍ အပျက်ကို ရှုမြင်နိုင်သောပညာကို ဘင်္ဂါနုပဿနာဉာဏ်ဟု ဆိုအပ်၏။ ခုနစ်ခုမြောက် ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း ပြီး၏။
၈-အာဒီနဝဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၈) အာဒီနဝဉာဏ် အကျယ်ပြခြင်း ဘေးဟု ထင်မြင်လာသောပညာသည် အဘယ်သို့လျှင် အာဒီနဝဉာဏ်မည်သနည်း။ ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏ဟု ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ် မည်၏။ ဖြစ်ပွားခြင်းသည် ဘေးမည်၏ဟု ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ် မည်၏။ သင်္ခါရနိမိတ်သည် ဘေးမည်၏ဟု။ပ။ နောင်ပဋိသန္ဓေ၏အကြာင်းဖြစ်သော အားထုတ်ခြင်းသည် ဘေးမည်၏ဟု။ပ။ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းသည် ဘေးမည်၏ဟု။ပ။ ဂတိသည် ဘေးမည်၏ဟု။ပ။ ခန္ဓာတို့၏ ဖြစ်ခြင်းသည် ဘေးမည်၏ဟု။ပ။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းသည် ဘေးမည်၏ဟု။ပ။ ပဋိသန္ဓေနေခြင်းသည် ဘေးမည်၏ဟု။ပ။ အိုခြင်းသည် ဘေးမည်၏ဟု။ပ။ နာခြင်းသည် ဘေးမည်၏ဟု။ပ။ သေခြင်းသည် ဘေးမည်၏ဟု။ပ။ စိုးရိမ်ခြင်းသည် ဘေးမည်၏ဟု။ပ။ ငိုကြွေးမြည်တမ်းခြင်းသည် ဘေးမည်၏ဟု။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် ဘေးမည်၏ဟု ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝ ဉာဏ် မည်၏။ မဖြစ်ပေါ်ခြင်းသည် ဘေးကင်းရာမည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် ဘေးကင်းရာ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒ ဉာဏ် မည်၏။ပ။ ပြင်းစွာ မပူပန်ခြင်းသည် ဘေးကင်းရာ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေး သော သန္တိပဒဉာဏ် မည်၏။ ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏။ မဖြစ်ပေါ်ခြင်းသည် ဘေးကင်းရာမည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ဘေးမည်၏။ မဖြစ်ပွားခြင်းသည် ဘေးကင်းရာ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် ဘေးမည်၏။ ပြင်းစွာ မပင်ပန်းခြင်းသည် ဘေးကင်းရာ မည်၏ဟု (ဖြစ် သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ ဖြစ်ပေါ်ခြင်းသည် ဆင်းရဲတည်းဟူ၍ ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် ဆင်းရဲတည်းဟူ၍ ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ် မည်၏။ပ။ ပြင်းစွာပင်ပန်းခြင်းသည် ဆင်းရဲတည်းဟူ၍ ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝ ဉာဏ် မည်၏။ မဖြစ်ပေါ်ခြင်းသည် ချမ်းသာတည်းဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် ချမ်းသာတည်းဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ပ။ ပြင်းစွာ မပင်ပန်းခြင်းသည် ချမ်းသာတည်းဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒ ဉာဏ် မည်၏။ ဖြစ်ပေါ်ခြင်းသည် ဆင်းရဲတည်း။ မဖြစ်ပေါ်ခြင်းသည် ချမ်းသာတည်းဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ ဖြစ်ပွါးခြင်းသည် ဆင်းရဲတည်း။ မဖြစ်ပွားခြင်းသည် ချမ်းသာတည်းဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် ဆင်းရဲတည်း။ ပြင်းစွာ မပင်ပန်းခြင်းသည် ချမ်းသာတည်းဟု (ဖြစ် သော)ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ ဖြစ်ပေါ်ခြင်းသည် သာမိသမည်၏ဟူ၍ ဘေးဟုထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် သာမိသမည်၏ဟူ၍ ဘေးဟုထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ် မည်၏။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် သာမိသမည်၏ဟူ၍ ဘေးဟုထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝ ဉာဏ် မည်၏။ မဖြစ်ပေါ်ခြင်းသည် နိရာမိသ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် နိရာမိသ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒ ဉာဏ်မည်၏။ပ။ ပြင်းစွာ မပင်ပန်းခြင်းသည် နိရာမိသ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒ ဉာဏ် မည်၏။ ဖြစ်ပေါ်ခြင်းသည် သာမိသမည်၏။ မဖြစ်ပေါ်ခြင်းသည် နိရာမိသ မည်၏ဟု (ဖြစ်သော) ပညာ သည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ ဖြစ်ပွါးခြင်းသည် သာမိသမည်၏။ မဖြစ်ပွါးခြင်းသည် နိရာမိသ မည်၏ဟု (ဖြစ်သော) ပညာ သည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် သာမိသမည်၏။ ပြင်းစွာ မပင်ပန်းခြင်းသည် နိရာမိသ မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟူ၍ ဘေးဟုထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝ ဉာဏ် မည်၏။ ဖြစ်ပွါးခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟူ၍ ဘေးဟုထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝ ဉာဏ် မည်၏။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟူ၍ ဘေးဟုထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ်မည်၏။ မဖြစ်ပေါ်ခြင်းသည် နိဗ္ဗာန်မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ မဖြစ်ပွါးခြင်းသည် နိဗ္ဗာန်မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ် မည်၏။ပ။ ပြင်းစွာ မပင်ပန်းခြင်းသည် နိဗ္ဗာန်မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒ ဉာဏ်မည်၏။ ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏။ မဖြစ်ပေါ်ခြင်းသည် နိဗ္ဗာန်မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ ဖြစ်ပွါးခြင်းသည် သင်္ခါရတို့မည်ကုန်၏။ မဖြစ်ပွါးခြင်းသည် နိဗ္ဗာန်မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ပ။ ပြင်းစွာ ပင်ပန်းခြင်းသည် သင်္ခါရတို့မည်ကုန်၏။ ပြင်းစွာ မပင်ပန်းခြင်းသည် နိဗ္ဗာန်မည်၏ဟု (ဖြစ်သော) ပညာသည် ငြိမ်းအေးသော သန္တိပဒဉာဏ်မည်၏။ပ။ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ဖြစ်ပွါးခြင်းကိုလည်းကောင်း၊ သင်္ခါရနိမိတ်ကို လည်းကောင်း ဒုက္ခဟု ရှု၏။ အားထုတ်ခြင်း၊ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်း ဤနှစ်ပါး ၌ဖြစ်သော ဉာဏ်သည် အာာဒီနဝဉာဏ်မည်၏။ မဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ မဖြစ်ပွါးခြင်းကိုလည်းကောင်း၊ သင်္ခါရနိမိတ် ကင်းခြင်းကိုလည်းကောင်း သုခဟု ရှု၏။ အားမထုတ်ခြင်း၊ တစ်ဖန် ဘဝသစ်၌ မဖြစ်ခြင်း ဤနှစ်ပါး၌ ဖြစ်သော ဉာဏ်သည့်ငြိမ်းချမ်းရာ နိဗ္ဗာန်၌ ဉာဏ်မည်၏။ ဤအာဒီနဝဉာဏ်သည် အရာငါးပါးတို့၌ ဖြစ်၏။ ငြိမ်းချမ်းရာ နိဗ္ဗာန်၌ ဖြစ်သော ဤသန္တိပဒဉာဏ်သည် အရာငါးပါးတို့၌ ဖြစ်၏။ (ဤဉာဏ်နှစ်ပါးကို သိသူသည်) ဉာဏ်ဆယ်ပါးတို့ကို အပြားအားဖြင့် သိ၏။ ဉာဏ်နှစ်ပါးတို့၌ ကျွမ်းကျင်သည်၏ အဖြစ်ကြောင့် အယူအမျိုးမျိုးတို့၌ မတုန်လှုပ်။ ထိုဝိပဿနာဉာဏ်သည် သိတတ်သောအနက်သဘောကြောင့် ဉာဏ်မည်၏။ အပြားအားဖြင့် သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထိုကြောင့် ဘေးဟု ထင်မြင်လာသောပညာကို အာဒီနဝဉာဏ် မည်၏ဟု ဆိုအပ်၏။ ရှစ်ခုမြောက် အာဒီနဝဉာဏ် အကျယ်ပြခြင်း ပြီး၏။
၉-သင်္ခါရုပေက္ခာဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၉) သင်္ခါရုပေက္ခာဉာဏ် အကျယ်ပြခြင်း လွတ်မြောက်လိုခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ်သောပညာသည် အဘယ်သို့လျှင် သင်္ခါရုပေက္ခာဉာဏ်မည်သနည်း။ ဖြစ်ပေါ်ခြင်းကို လွှတ်လိုသည်၏ အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာ မည်၏။ ဖြစ်ပွါးခြင်းကို လွှတ်လိုသည်၏ အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာ မည်၏။ သင်္ခါနိမိတ်ကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ပ။ အားထုတ်ခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ ဂတိကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ ခန္ဓာတို့၏ ဖြစ်ခြင်း ကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ မဟဂ္ဂုတ်ဝိပါတ်၏ ဖြစ်ခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ ဇရာစသည် တို့၏ အကြောင်းဖြစ်သော ပဋိသန္ဓေကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ အိုခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ နာခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ သေခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ စိုးရိမ်ခြင်းကို လွှတ်လို သည်၏အဖြစ်ဖြင့်။ ငိုကြွေးခြင်းကို လွှတ်လိုသည်၏အဖြစ်ဖြင့်။ပ။ ပြင်းစွာပင်ပန်းခြင်းကို လွှတ်လိုသည်၏ အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူ ရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပေါ်ခြင်းသည် ဒုက္ခမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပွါးခြင်းသည် ဒုက္ခမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ပ။ ပြင်းစွာပင်ပန်းခြင်းသည် ဒုက္ခမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပွါးခြင်းသည် ဘေးမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ပ။ ပြင်းစွာပင်ပန်းခြင်းသည် ဘေးမည်၏ဟု လွတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပေါ်ခြင်းသည် သာမိသမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပွါးခြင်းသည် သာမိသမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ပ။ ပြင်းစွာပင်ပန်းခြင်းသည် သာမိသမည်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပွါးခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာမည်၏။ပ။ ပြင်းစွာပင်ပန်းခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟု လွှတ်လိုသည်၏အဖြစ်ဖြင့် ဆင်ခြင်၍ လျစ်လျူရှု သောပညာသည် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပေါ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏ဟု ထိုသင်္ခါရတရားတို့ကို လျစ်လျူ ရှုတတ်သောကြောင့် သင်္ခါ ရုပေက္ခာမည်၏။ သင်္ခါရ၊ ဥပေက္ခာနှစ်ပါးတို့သည်လည်း သင်္ခါရမည်ကုန်၏။ ထိုသင်္ခါရတို့ကို လျစ်လျူရှုတတ်သော ကြောင့် သင်္ခါရုပေက္ခာမည်၏။ ဖြစ်ပွါးခြင်းသည် သင်္ခါရတို့မည်ကုန်၏။ပ။ သင်္ခါရနိမိတ်သည် သင်္ခါရတို့မည်ကုန်၏။ အားထုတ်ခြင်း သည် သင်္ခါရတို့မည်ကုန်၏။ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏။ ဂတိသည် သင်္ခါရ တို့မည်ကုန်၏။ ခန္ဓာတို့၏ဖြစ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏။ မဟဂ္ဂုတ်ဝိပါက်ဖြစ်ခြင်းသည် သင်္ခါရတို့ မည်ကုန်၏။ ပဋိသန္ဓေသည် သင်္ခါရတို့မည်ကုန်၏။ အိုခြင်းသည် သင်္ခါရတို့မည်ကုန်၏။ နာခြင်းသည် သင်္ခါရတို့မည်ကုန်၏။ သေခြင်းသည် သင်္ခါရတို့မည်ကုန်၏။ စိုးရိမ်ခြင်းသည် သင်္ခါရတို့မည်ကုန်၏။ ငိုကြွေးခြင်းသည် သင်္ခါရတို့မည်ကုန်၏။ပ။ ပြင်းစွာပင်ပန်းခြင်းသည် သင်္ခါရတို့မည်ကုန်၏။ ထိုသင်္ခါရတို့ကို လျစ်လျူရှုတတ်သောကြောင့် သင်္ခါရုပေက္ခာ မည်၏။ သင်္ခါရ၊ ဥပေက္ခာနှစ်ပါးတို့သည်လည်း သင်္ခါရတို့ မည်ကုန်၏။ ထိုသင်္ခါတို့ကို လျစ်လျူရှုတတ် သောကြောင့် သင်္ခါရုပေက္ခာမည်၏။ အဘယ်မျှသော အခြင်းအရာတို့ဖြင့် သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်သနည်း။ ရှစ်ပါးသော အခြင်းအရာတို့ဖြင့် သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိုလ်၊ ရာဂကင်းသော ရဟန္တာပုဂ္ဂိုလ်အား အဘယ်မျှသောအခြင်းအရာ တို့ဖြင့် သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်သနည်း။ ပုထုဇဉ်ပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌နှစ်ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ရှေးရှုဆောင်၏။ ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ သုံးပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ရှေးရှု ဆောင်၏။ ရာဂကင်းသော ရဟန္တာပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ သုံးပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ရှေးရှုဆောင်၏။ ပုထုဇဉ်ပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်သော အခြင်းအရာနှစ်ပါးဟူသည် အဘယ် နည်း။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကိုနှစ်သက်လည်းနှစ်သက်၏။ အထူးထူး အပြားပြား အားဖြင့် ရှုလည်းရှု၏။ ပုထုဇဉ်ပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ ဤနှစ်ပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ရှေးရှုဆောင်၏။ ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်သော အခြင်းအရာသုံးပါးဟူသည် အဘယ်နည်း။ ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကိုနှစ်သက်လည်းနှစ်သက်၏။ အထူးထူး အပြား ပြားအားဖြင့် ရှုလည်း ရှု၏။ ဆင်ခြင်၍ ဖလသမာပတ်ကို ဝင်စားလည်း ဝင်စား၏။ ကျင့်ဆဲ'သေက္ခ'့ပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ ဤသုံးပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ရှေးရှုဆောင်၏။ ရဟန္တာပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်သော အခြင်းအရာသုံးပါးဟူသည် အဘယ် နည်း။ ရဟန္တာပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို အထူးထူး အပြားပြားအားဖြင့် ရှုလည်း ရှု၏။ ဆင်ခြင် ၍ ဖလသမာပတ်ကို ဝင်စားလည်း ဝင်စား၏။ ထိုဖိုလ်ဝင်စားခြင်းကို လျစ်လျူရှု၍ ဆိတ်ဆိတ်နေခြင်း သုညတဝိဟာရဖြင့်လည်းကောင်း၊ အာရုံမဲ့နေခြင်း အနိမိတ္တဝိဟာရဖြင့်လည်းကောင်း၊ မတောင့်တဘဲနေခြင်း အပ္ပဏိဟိတဝိဟာရဖြင့်လည်းကောင်း နေလည်း နေ၏။ ရဟန္တာပုဂ္ဂိုလ်အား သင်္ခါရုပေက္ခာ၌ ဤ သုံးပါးသော အခြင်းအရာတို့ဖြင့် စိတ်ကို ရှေးရှုဆောင်၏။ ပုထုဇဉ်ပုဂ္ဂိုလ်အားလည်းကောင်း၊ ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်အားလည်းကောင်း သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဘယ်သို့လျှင် တူညီခြင်းဖြစ်သနည်း။ သင်္ခါရုပေက္ခာဉာဏ်ကိုနှစ်သက်သော ပုထုဇဉ်ပုဂ္ဂိုလ်အား စိတ်ညစ်နွမ်း၏။ ဘာဝနာ၏ ဘေးရန် ဖြစ်၏။ ပဋိဝေဓဉာဏ်၏ အန္တရာယ်ဖြစ်၏။ နောင်အခါ (ဖြစ်လတ္တံ့သော) ပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ သင်္ခါရုပေက္ခာဉာဏ်ကိုနှစ်သက်သော ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်အား စိတ်ညစ်နွမ်း၏။ ဘာဝနာ၏ ဘေးရန် ဖြစ်၏။ အထက်အထက်ဖြစ်သော ပဋိဝေဓဉာဏ်၏ အန္တရာယ်ဖြစ်၏။ နောင်အခါ (ဖြစ်လတ္တံ့ သော) ပဋိသန္ဓေ၏ အကြောင်းဖြစ်၏။ ဤသို့ ပုထုဇဉ်၊ ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည်နှစ်သက်တတ်သော သဘောအားဖြင့် ဤသို့တူညီခြင်း ဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်၊ ကျင့်ဆဲ'သေက္ခ'ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှု ဆောင်ခြင်းသည် အဘယ်သို့လျှင် တူညီခြင်းဖြစ်သနည်း။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် ရှု၏။ ကျင့်ဆဲ'သေက္ခ' ပုဂ္ဂိုလ်သည်လည်း သင်္ခါရုပေက္ခာဉာဏ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် ရှု၏။ ရဟန္တာပုဂ္ဂိုလ်သည်လည်း သင်္ခါရုပေက္ခာဉာဏ်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တအားဖြင့် ရှု၏။ ပုထုဇဉ်၊ ကျင့်ဆဲ'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့အား သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဖန်တလဲလဲရှုတတ်သော သဘောအားဖြင့် ဤသို့ တူညီခြင်း ဖြစ်၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဘယ်သို့လျှင် ထူးခြားခြင်း ဖြစ်သနည်း။ ပုထုဇဉ်ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်သည် ကုသိုလ်ဖြစ်၏။ ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာ ဉာဏ်သည်လည်း ကုသိုလ်ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်သည် ကုသိုလ်၊ အကုသိုလ်ဟု မဆိုအပ်သော အဗျာကတဖြစ်၏။ ပုထုဇဉ်၊ ကျင့်ဆဲ'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် ကုသိုလ်၊ အဗျာကတသဘောအားဖြင့် ဤသို့ ထူးခြားခြင်းဖြစ်၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဘယ်သို့လျှင် ထူးခြားခြင်း ဖြစ်သနည်း။ ပုထုဇဉ်ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်သည် ရံခါ ကောင်းစွာထင်၏။ ရံခါ ကောင်းစွာမထင်။ ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်သည်လည်း ရံခါ ကောင်းစွာထင်၏။ ရံခါ ကောင်းစွာ မထင်။ ရဟန္တာပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာဉာဏ်သည် စင်စစ် ကောင်းစွာထင်၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည့်ထင်သောသဘောအားဖြင့်လည်းကောင်း၊ မထင်သောသဘောအားဖြင့်လည်းကောင်း ဤသို့ ထူးခြားခြင်း ဖြစ်၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဘယ် သို့လျှင် ထူးခြားခြင်း ဖြစ်သနည်း။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို မပြီးသေးသည်၏အဖြစ်ကြောင့် ရှု၏။ ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်သည်လည်း သင်္ခါရုပေက္ခာဉာဏ်ကို မပြီးသေးသည်၏အဖြစ်ကြောင့် ရှု၏။ ရဟန္တာပုဂ္ဂိုလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို ပြီးသည်၏အဖြစ်ကြောင့် ရှု၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် မပြီးသေးသော သဘောအားဖြင့်လည်းကောင်း၊ ပြီးပြီးသော သဘောအားဖြင့်လည်းကောင်း ဤသို့ ထူးခြားခြင်း ဖြစ်၏။ ပုထုဇဉ်၊ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဘယ်သို့လျှင် ထူးခြားခြင်း ဖြစ်သနည်း။ ပုထုဇဉ်ပုဂ္ဂိုလ်သည် သံယောဇဉ်သုံးမျိုးတို့ကို ပယ်ခြင်းငှါ သောတာပတ္တိမဂ်ကိုရခြင်းငှါ သင်္ခါရုပေက္ခာ ဉာဏ်ကို ရှု၏။ ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိုလ်သည် သံယောဇဉ်သုံးမျိုးတို့ကို ပယ်ပြီးဖြစ်သောကြောင့် အထက်မဂ်ကို ရခြင်းငှါ သင်္ခါရုပေက္ခာဉာဏ်ကို ရှု၏။ ရဟန္တာပုဂ္ဂိုလ်သည် ကိလေသာအားလုံးတို့ကို ပယ်ပြီးသည်၏အဖြစ်ကြောင့် ယခုမျက်မှောက် ချမ်းသာစွာ နေခြင်းငှါ သင်္ခါရုပေက္ခာဉာဏ်ကို ရှု၏။ ပုထုဇဉ်၊ ကျင့်ဆဲ'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် ပယ်ပြီးသော သဘောအားဖြင့်လည်းကောင်း၊ မပယ်ရသေးသော သဘောအားဖြင့်လည်းကောင်း ဤသို့ ထူးခြားခြင်း ဖြစ်၏။ ကျင့်ဆဲ 'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် အဘယ်သို့ လျှင် ထူးခြားခြင်း ဖြစ်သနည်း။ ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိလ်သည် သင်္ခါရုပေက္ခာဉာဏ်ကိုနှစ်သက်လည်းနှစ်သက်၏။ အထူးထူး အပြားပြားအားဖြင့် ရှုလည်း ရှု၏။ အနိစ္စစသည်တို့၏ အစွမ်းအားဖြင့် ဆင်ခြင်၍ ဖလသမာပတ်ကို ဝင်စားလည်း ဝင်စား၏။ ရဟန္တာပုဂ္ဂိလ်သည် သင်္ခါရုပေက္ခာဉာဏ်ကို အထူးထူးအပြားပြားအားဖြင့် ရှုလည်း ရှု၏။ အနိစ္စစသည်တို့၏ အစွမ်းအားဖြင့် ဆင်ခြင်၍ ဖလသမာပတ်ကို ဝင်စားလည်း ဝင်စား၏။ ထိုဖိုလ်ဝင်စားခြင်းကို လျစ်လျူရှု၍ ဆိတ်ငြိမ်စွာနေခြင်း သုညတဝိဟာရဖြင့်လည်းကောင်း၊ အာရုံမဲ့နေခြင်း အနိမိတ္တဝိဟာရဖြင့်လည်းကောင်း၊ မတောင့်တဘဲနေခြင်း အပ္ပဏိဟိတဝိဟာရဖြင့်လည်းကောင်း နေလည်း နေ၏။ ကျင့်ဆဲ'သေက္ခ'၊ ရဟန္တာပုဂ္ဂိုလ်တို့၏ သင်္ခါရုပေက္ခာ၌ စိတ်ကို ရှေးရှုဆောင်ခြင်းသည် ဝိဟာရဖလ သမာပတ်သာလျှင်ဖြစ်သော သဘောအားဖြင့် ဤသို့ ထူးခြားခြင်း ဖြစ်၏။ ၅၇။ အဘယ်သင်္ခါရုပေက္ခာတို့သည် သမထ၏အစွမ်းအားဖြင့် ဖြစ်ကုန်သနည်း။ အဘယ် သင်္ခါရုပေက္ခာတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်သနည်း။ ရှစ်ပါးသော သင်္ခါရုပေက္ခာတို့သည် သမထ၏အစွမ်းအားဖြင့် ဖြစ်ကုန်၏။ ဆယ်ပါးသော သင်္ခါရုပေက္ခာတို့သည် ဝိပဿနာ၏အစွမ်းအားဖြင့် ဖြစ်ကုန်၏။ အဘယ်ရှစ်ပါးသော သင်္ခါရုပေက္ခာတို့သည် သမထ၏အစွမ်းအားဖြင့် ဖြစ်ကုန်သနည်း။ ပထမဈာန်ကို ရခြင်းငှါ နီဝရဏတို့ကို ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ ဒုတိယဈာန်ကို ရခြင်းငှါ ကြံစည်ခြင်း 'ဝိတက်'၊ သုံးသပ်ခြင်း 'ဝိစာရ'တို့ကို ဆင်ခြင်၍ လျစ်လျူ ရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ တတိယဈာန်ကို ရခြင်းငှါနှစ်သိမ့်ခြင်း 'ပီတိ'ကို ဆင်ခြင် ၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ စတုတ္ထဈာန်ကို ရခြင်းငှါ ချမ်းသာခြင်း 'သုခ'၊ ဆင်းရဲခြင်း 'ဒုက္ခ'တို့ကို ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ အာကာသာနဉ္စာယတနဈာန်သမာပတ်ကို ရခြင်းငှါ ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာကို ဆင် ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ ဝိညာဏဉ္စာယတနဈာန်သမာပတ်ကို ရခြင်းငှါ အာကာသာနဉ္စာယတနသညာကို ဆင်ခြင်၍ လျစ်လျူရှု သောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ အာကိဉ္စညာယတနဈာန်သမာပတ်ကို ရခြင်းငှါ ဝိညာဏဉ္စာယတနသညာကို ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ နေဝသညာနာသညာယတနဈာန်သမာပတ်ကို ရခြင်းငှါ အာကိဉ္စညာယတနသညာကို ဆင်ခြင်၍ လျစ် လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ ဤသင်္ခါရုပေက္ခာရှစ်ပါးတို့သည် သမထ၏အစွမ်းအားဖြင့် ဖြစ်ကုန်၏။ အဘယ်ဆယ်ပါးသော သင်္ခါရုပေက္ခာတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်သနည်း။ သောတာပတ္တိမဂ်ကို ရခြင်းငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်းကို၊ ဂတိကို၊ ခန္ဓာတို့၏ဖြစ်ခြင်းကို၊ မဟဂ္ဂုတ်ဝိပါက်၏ဖြစ်ခြင်းကို၊ ပဋိသန္ဓေ နေခြင်းကို၊ အိုခြင်းကို၊ နာခြင်းကို၊ သေခြင်းကို၊ စိုးရိမ်ခြင်းကို၊ ငိုကြွေးခြင်းကို၊ ပြင်းစွာပင်ပန်းခြင်းကို ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ သောတာပတ္တိဖလသမာပတ်အကျိုးငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းကို။ပ။ ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ သကဒါဂါမိမဂ်ကို ရခြင်းငှါ။ပ။ သကဒါဂါမိဖလသမာပတ်အကျိုးငှါ။ပ။ အနာဂါမိမဂ်ကို ရခြင်းငှါ။ပ။ အနာဂါမိဖလသမာပတ်အကျိုးငှါ။ပ။ အရဟတ္တမဂ်ကို ရခြင်းငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းကို၊ ဂတိကို၊ ခန္ဓာတို့၏ဖြစ်ခြင်းကို၊ မဟဂ္ဂုတ်ဝိပါက်၏ဖြစ်ခြင်းကို၊ ပဋိသန္ဓေ နေခြင်းကို၊ အိုခြင်းကို၊ နာခြင်းကို၊ သေခြင်းကို၊ စိုးရိမ်ခြင်းကို၊ ငိုကြွေးခြင်းကို၊ ပြင်းစွာပင်ပန်းခြင်းကို ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ အရဟတ္တဖလသမာပတ် အကျိုးငှါ။ပ။ သုညတဝိဟာရသမာပတ် အကျိုးငှါ။ပ။ အနိမိတ္တဝိဟာရ သမာပတ်အကျိုးငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန်ဘဝသစ် ၌ဖြစ်ခြင်းကို။ပ။ ဆင်ခြင်၍ လျစ်လျူရှုသောပညာသည် သင်္ခါရုပေက္ခာဉာဏ် မည်၏။ ဤဆယ်ပါးသော သင်္ခါရုပေက္ခာတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်၏။ အဘယ်သင်္ခါရုပေက္ခာတို့သည် ကုသိုလ်မည်ကုန်သနည်း။ အဘယ်သင်္ခါရုပေက္ခာတို့သည် အကုသိုလ်မည်ကုန်သနည်း။ အဘယ်သင်္ခါရုပေက္ခာတို့သည် အဗျာကတမည်ကုန်သနည်း။ တစ်ဆယ့်ငါးပါးသော သင်္ခါရုပေက္ခာတို့သည် ကုသိုလ်မည်ကုန်၏။ သုံးပါးသော သင်္ခါရုပေက္ခာတို့ သည် အဗျာကတမည်ကုန်၏။ အကုသိုလ် သင်္ခါရုပေက္ခာတို့ကား မရှိကုန်။ ဆင်ခြင်၍ လျစ်လျူရှုသောအခြင်းအရာအားဖြင့်ဖြစ်သော သင်္ခါရုပေက္ခာ ပညာ သည် ဖြစ်၏။ ရှစ်ပါးသော သင်္ခါရုပေက္ခာတို့သည် သမာဓိစိတ်၏ အာရုံဖြစ်ကုန်၏။ ပုထုဇဉ်ပုဂ္ဂိုလ်အားနှစ်ပါးဖြစ်ကုန်၏။ သုံးပါးသော သင်္ခါရုပေက္ခာတို့သည် သေက္ခပုဂ္ဂိုလ်၏ အာရုံဖြစ်ကုန်၏။ သုံးပါးသောဖလသမာပတ်တို့သည်ကား ရဟန္တာပုဂ္ဂိုလ်၏ အာရုံဖြစ်ကုန်၏။ သင်္ခါရုပေက္ခာတို့ဖြင့် ရဟန္တာ၏စိတ်သည် ဖြစ်ပေါ်ခြင်းမှ ဆုတ်နစ်တုံ့လည်၏။ ရှစ်ပါးကုန်သော သင်္ခါရုပေက္ခာဉာဏ်တို့သည် သမာဓိ၏ အကြောင်းဖြစ်ကုန်၏။ ဆယ်ပါးကုန်သော သင်္ခါရုပေက္ခာဉာဏ်တို့သည် ဉာဏ်၏ အာရုံဖြစ်ကုန်၏။ တစ်ဆယ့်ရှစ်ပါးသော သင်္ခါရုပေက္ခာတို့သည် ဝိမောက္ခသုံးပါးတို့၏ အကြောင်း ဖြစ်ကုန်၏။ ဤတစ်ဆယ့်ရှစ်ပါးသော အခြင်းအရာတို့ကို ပညာဖြင့် လေ့လာလျက် သင်္ခါရုပေက္ခာဉာဏ်၌ ကျွမ်းကျင်သော ယောဂီပုဂ္ဂိုလ်သည် အထူးထူးသော အယူဝါဒ တို့၌ မတုန်လှုပ်။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် လွတ်မြောက်လိုခြင်းကို ဆင်ခြင်လျက် လျစ်လျူရှုတတ် သောပညာကို သင်္ခါရုပေက္ခာဉာဏ် မည်၏ဟု ဆိုအပ်၏။ ကိုးခုမြောက် သင်္ခါရုပေက္ခာဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၀-ဂေါတြဘူဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၀) ဂေါတြဘူဉာဏ် အကျယ်ပြခြင်း အပ (ဖြစ်သော သင်္ခါရနိမိတ်) မှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သောပညာသည် အဘယ်သို့ လျှင် ဂေါတြဘူဉာဏ်မည်သနည်း။ ဖြစ်ပေါ်ခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းကို လွှမ်းမိုးတတ်သော ကြောင့် ဂေါတြဘူမည်၏။ သင်္ခါရနိမိတ်ကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ အားထုတ်ခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ဂတိကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ခန္ဓာတို့၏ဖြစ်ခြင်းကို လွှမ်းမိုး တတ်သောကြောင့် ဂေါတြဘူမည်၏။ မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူ မည်၏။ ပဋိသန္ဓေနေခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ အိုခြင်းကို လွှမ်းမိုးတတ်သော ကြောင့် ဂေါတြဘူမည်၏။ နာခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ သေခြင်းကို လွှမ်းမိုး တတ်သောကြောင့် ဂေါတြဘူမည်၏။ စိုးရိမ်ခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ငိုကြွေးခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ပြင်းစွာပင်ပန်းခြင်းကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ အပ (ဖြစ်သော) သင်္ခါရနိမိတ်ကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပွါးခြင်းသို့ ပြေးဝင်တတ်သော ကြောင့် ဂေါတြဘူမည်၏။ပ။ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပေါ်ခြင်းကို လွှမ်းမိုး၍ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းကို လွှမ်းမိုး၍ မဖြစ်ပွါးခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ သင်္ခါရနိမိတ်ကို လွှမ်းမိုး ၍ သင်္ခါရနိမိတ် မဟုတ်သည်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ပ။ အပ (ဖြစ်သော) သင်္ခါရ နိမိတ်ကို လွှမ်းမိုး၍ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပေါ်ခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ သင်္ခါရနိမိတ်မှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ အားထုတ်ခြင်းမှ ထတတ်သော ကြောင့် ဂေါတြဘူမည်၏။ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ ဂတိမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ ခန္ဓာတို့၏ဖြစ်ခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ မဟဂ္ဂုတ်ဝိပါက်ဖြစ်ခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ ပဋိသန္ဓေနေခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ အိုခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ နာခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ သေခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ စိုးရိမ်ခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ ငိုကြွေးခြင်းမှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ ပြင်းစွာပင်ပန်းခြင်းမှ ထတတ် သောကြောင့် ဂေါတြဘူမည်၏။ အပ (ဖြစ်သော) သင်္ခါရနိမိတ်မှ ထတတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပွါးခြင်းသို့ ပြေးဝင်တတ်သော ကြောင့် ဂေါတြဘူမည်၏။ပ။ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပေါ်ခြင်းမှ ထ၍ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းမှ ထ၍ မဖြစ်ပွါးခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ သင်္ခါရနိမိတ်မှ ထ၍ သင်္ခါရနိမိတ် မဟုတ်သည်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ အားထုတ်ခြင်းမှ ထ၍ အားမထုတ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်းမှ ထ၍ တစ်ဖန်ဘဝသစ်၌ မဖြစ်ရာ သို့ ပြေးဝင်တတ်သော ကြောင့် ဂေါတြဘူမည်၏။ ဂတိမှ ထ၍ ဂတိမဟုတ်ရာသို့ ပြေးဝင်တတ်သော ကြောင့် ဂေါတြဘူမည်၏။ ခန္ဓာတို့၏ ဖြစ်ခြင်းမှ ထ၍ ခန္ဓာတို့၏ မဖြစ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ မဟဂ္ဂုတ်ဝိပါက် ဖြစ်ခြင်းမှ ထ၍ မဟဂ္ဂုတ်ဝိပါက်ဖြစ်ခြင်းမဟုတ်သည်သို့ ပြေးဝင်တတ် သောကြောင့် ဂေါတြဘူမည်၏။ ပဋိသန္ဓေနေခြင်းမှ ထ၍ ပဋိသန္ဓေမနေရာသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ အိုခြင်းမှ ထ၍ မအိုခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ နာခြင်းမှ ထ၍ မနာခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ သေခြင်းမှ ထ၍ မသေခြင်းသို့ ပြေးဝင် တတ်သောကြောင့် ဂေါတြဘူမည်၏။ စိုးရိမ်ခြင်းမှ ထ၍ မစိုးရိမ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ငိုကြွေးခြင်းမှ ထ၍ မငိုကြွေးခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ပြင်းစွာပင်ပန်းခြင်းမှ ထ၍ ပြင်းစွာမပင်ပန်းခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ အပ (ဖြစ်သော) သင်္ခါရနိမိတ်မှ ထ၍ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူ မည်၏။ ဖြစ်ပေါ်ခြင်းမှ ကင်းတတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းမှ ကင်းတတ်သောကြောင့် ဂေါတြဘူမည်၏။ပ။ အပ (ဖြစ်သော) သင်္ခါရနိမိတ်မှ ကင်းတတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ မဖြစ်ပွါးခြင်းသို့ ပြေးဝင်တတ်သော ကြောင့် ဂေါတြဘူမည်၏။ပ။ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပေါ်ခြင်းမှကင်း၍ မဖြစ်ပေါ်ခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ ဖြစ်ပွါးခြင်းမှ ကင်း၍ မဖြစ်ပွါးခြင်းသို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ပ။ အပ (ဖြစ်သော) သင်္ခါရနိမိတ်မှ ကင်း၍ ချုပ်ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ ပြေးဝင်တတ်သောကြောင့် ဂေါတြဘူမည်၏။ အဘယ်မျှသော ဂေါတြဘူတရားတို့သည် သမထ၏ အစွမ်းအားဖြင့် ဖြစ်ပေါ်ကုန်သနည်း။ အဘယ်မျှသော ဂေါတြဘူတရားတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ပေါ်ကုန်သနည်း။ ရှစ်ပါးသော ဂေါတြဘူတရားတို့သည် သမထ၏အစွမ်းအားဖြင့် ဖြစ်ကုန်၏။ ဆယ်ပါးသော ဂေါတြဘူတရားတို့သည် ဝိပဿနာ၏အစွမ်းအားဖြင့် ဖြစ်ကုန်၏။ သမထ၏အစွမ်းအားဖြင့် ဖြစ်ကုန်သော ဂေါတြဘူတရားရှစ်ပါးတို့သည် အဘယ်တို့နည်း။ ပဌမဈာန်ကို ရခြင်းငှါ အပိတ်အပင် 'နီဝရဏ'တရားတို့ကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ဒုတိယဈာန်ကို ရခြင်းငှါ ကြံစည်ခြင်း 'ဝိတက်'၊ သုံးသပ်ခြင်း 'ဝိစာရ'တို့ကို လွှမ်းမိုးတတ်သော ကြောင့် ဂေါတြဘူမည်၏။ တတိယဈာန်ကိုရခြင်းငှါနှစ်သိမ့်ခြင်း 'ပီတိ'ကို လွှမ်းမိုးတတ်သောကြောင့်ဂေါတြဘူမည်၏။ စတုတ္ထဈာန်ကိုရခြင်းငှါ ချမ်းသာခြင်း 'သုခ'၊ ဆင်းရဲခြင်း 'ဒုက္ခ'တို့ကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ အာကာသာနဉ္စာယတနသမာပတ်ကိုရခြင်းငှါ ရူပသညာ၊ ပဋိဃသညာ၊ နာနတ္တသညာကို လွှမ်းမိုး တတ်သောကြောင့် ဂေါတြဘူမည်၏။ ဝိညာဏဉ္စာယတနသမာပတ်ကို ရခြင်းငှါ အာကာသာနဉ္စာယတနသညာကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ အာကိဉ္စညာယတနသမာပတ်ကို ရခြင်းငှါ ဝိညာဏဉ္စာယတနသညာကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ နေဝသညာနာသညာယတနသမာပတ်ကို ရခြင်းငှါ အာကိဉ္စညာယတနသညာကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ သမထ၏အစွမ်းအားဖြင့် ဖြစ်ပေါ်ကုန်သော ရှစ်ပါးသော ဂေါတြဘူတရားတို့သည် ဤသည်တို့တည်း။ အဘယ်ဂေါတြဘူတရားဆယ်ပါးတို့သည် ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ကုန်သနည်း။ သောတာပတ္တိမဂ်ကို ရခြင်းငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန်ဘဝသစ်၌ဖြစ်ခြင်းကို၊ ဂတိကို၊ ခန္ဓာတို့၏ဖြစ်ခြင်းကို၊ မဟဂ္ဂုတ်ဝိပါက်၏ဖြစ်ခြင်းကို၊ ပဋိသန္ဓေ နေခြင်းကို၊ အိုခြင်းကို၊ နာခြင်းကို၊ သေခြင်းကို၊ စိုးရိမ်ခြင်းကို၊ ငိုကြွေးခြင်းကို၊ ပြင်းစွာပင်ပန်းခြင်းကို၊ အပ (ဖြစ်သော) သင်္ခါရနိမိတ်ကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ သောတာပတ္တိဖလသမာပတ်အကျိုးငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းကို ။ပ။ လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ သကဒါဂါမိမဂ်ကို ရခြင်းငှါ။ပ။ သကဒါဂါမိဖလသမာပတ်အကျိုးငှါ။ပ။ အနာဂါမိမဂ်ကို ရခြင်းငှါ။ပ။ အနာဂါမိဖလသမာပတ်အကျိုးငှါ။ပ။ အရဟတ္တမဂ်ကို ရခြင်းငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရ နိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန် ဘဝသစ်၌ဖြစ်ခြင်းကို၊ ဂတိကို၊ ခန္ဓာတို့၏ဖြစ်ခြင်းကို၊ မဟဂ္ဂုတ် ဝိပါက်၏ဖြစ်ခြင်းကို၊ ပဋိသန္ဓေနေခြင်းကို၊ အိုခြင်းကို၊ နာခြင်းကို၊ သေခြင်းကို၊ စိုးရိမ်ခြင်းကို၊ ငိုကြွေးခြင်းကို၊ ပြင်းစွာပင်ပန်းခြင်းကို၊ အပ (ဖြစ်သော) သင်္ခါရနိမိတ်ကို လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူ မည်၏။ အရဟတ္တဖလသမာပတ်အကျိုးငှါ, သုညတဝိဟာရသမာပတ်အကျိုးငှါ, အနိမိတ္တဝိဟာရသမာပတ် အကျိုးငှါ ဖြစ်ပေါ်ခြင်းကို၊ ဖြစ်ပွါးခြင်းကို၊ သင်္ခါရနိမိတ်ကို၊ အားထုတ်ခြင်းကို၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို။ပ။ လွှမ်းမိုးတတ်သောကြောင့် ဂေါတြဘူမည်၏။ ဝိပဿနာ၏ အစွမ်းအားဖြင့် ဖြစ်ပေါ်ကုန်သော ဂေါတြဘူတရား ဆယ်ပါးတို့သည် ဤသည်တို့တည်း။ အဘယ်မျှသော ဂေါတြဘူတရားတို့သည် ကုသိုလ်မည်ကုန်သနည်း။ အဘယ်မျှသော ဂေါတြဘူ တရားတို့သည် အကုသိုလ်မည်ကုန်သနည်း။ အဘယ်မျှသော ဂေါတြဘူတရားတို့သည် ကုသိုလ်၊ အကုသိုလ်မှ တစ်ပါးသော အဗျာကတတရားတို့ မည်ကုန်သနည်း။ တစ်ဆယ့်ငါးပါးသော ဂေါတြဘူတရားတို့သည် ကုသိုလ်မည်ကုန်၏၊ သုံးပါးသော ဂေါတြဘူတရားတို့သည် ကုသိုလ်၊ အကုသိုလ်မှတစ်ပါးသော အဗျာကတတရားတို့ မည်ကုန်၏။ အကုသိုလ်ဂေါတြဘူတရားတို့ကား မရှိကုန်။ မဟဂ္ဂုတ် ဂေါတြဘူဉာဏ်တည်းဟူသော ကိလေသာမိသလည်းကောင်း၊ လောကုတ္တရာ ဂေါတြဘူဉာဏ်တည်းဟူသော နိရာမိသလည်းကောင်း၊ တဏှာဖြင့် တောင့်တအပ်သော ဂေါတြဘူလည်းကောင်း၊ တဏှာဖြင့် မတောင့်တအပ်သော ဂေါတြဘူလည်းကောင်း၊ တဏှာနှင့်ယှဉ်သော ဂေါတြဘူလည်းကောင်း၊ တဏှာနှင့် မယှဉ်သော ဂေါတြဘူလည်းကောင်း၊ ဝုဋ္ဌာနဂါမိနီဝိပဿနာကိစ္စတပ်သော ဂေါတြဘူ့လည်းကောင်း၊ ဝုဋ္ဌာနဂါမိနီ ဝိပဿနာကိစ္စမတပ်သော ဂေါတြဘူလည်းကောင်း၊ ဤရှစ်ပါးသော တရားတို့သည် သမာဓိ၏ အကြောင်းဖြစ်ကုန်၏။ ဆယ်ပါးသော တရားတို့သည် ဉာဏ်၏ အာရုံဖြစ်ကုန်၏။ တစ်ဆယ့်ရှစ်ပါးသော ဂေါတြဘူတရား တို့သည် ဝိမောက္ခသုံးပါးတို့၏ အကြောင်းဖြစ်ကုန်၏။ ဤတစ်ဆယ့်ရှစ်ပါးကုန်သော အခြင်းအရာတို့ကို ပညာဖြင့် လေ့လာလျက် ဝိဝဋ္ဋဟုဆိုအပ်သော ဂေါတြဘူဉာဏ်၌ ကျွမ်းကျင်သော ယောဂီပုဂ္ဂိုလ်သည် အထူး ထူးသော အယူဝါဒတို့၌ မတုန်လှုပ်။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အပ (ဖြစ်သော သင်္ခါရနိမိတ်) မှ ထမြောက်လွတ်ကင်း သောပညာကို ဂေါတြဘူဉာဏ်မည်၏ဟု ဆိုအပ်၏။ ဆယ်ခုမြောက် ဂေါတြဘူဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၁-မဂ်ဉာဏ် အကျယ်ပြခြင်းး
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၁) မဂ်ဉာဏ် အကျယ်ပြခြင်း နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ (ဖြစ်သော) ပညာသည် အဘယ်သို့လျှင် မဂ်ဉာဏ်မည် သနည်း။ သောတာပတ္တိမဂ်ခဏ၌ မြင်တတ်သောသဘောအားဖြင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိမှ ထ၏။ ထိုမိစ္ဆာဒိဋ္ဌိ သို့ အစဉ်လိုက်၍ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသော အဖို့မှ ထမြောက် လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ (အာရုံသို့) ရှေးရှုတင်တတ်သောသဘောအားဖြင့် သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပမှထ၏။ ထိုမိစ္ဆာ သင်္ကပ္ပသို့ အစဉ်လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ်ကင်းခြင်း၌ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ သိမ်းဆည်းတတ်သောသဘောအားဖြင့် သမ္မာဝါစာသည် မိစ္ဆာဝါစာမှ ထ၏။ ထိုမိစ္ဆာဝါစာသို့ အစဉ် လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ် ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ ကောင်းစွာဖြစ်သော သဘောအားဖြင့် သမ္မာကမ္မန္တသည် မိစ္ဆာကမ္မန္တမှ ထ၏။ ထိုမိစ္ဆာကမ္မန္တသို့ အစဉ်လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ ဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက် လွတ်ကင်းခြင်း၌ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ ဖြူစင်တတ်သောသဘောအားဖြင့် သမ္မာအာဇီဝသည် မိစ္ဆာအာဇီဝမှ ထ၏။ ထိုမိစ္ဆာအာဇီဝသို့ အစဉ် လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ် သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် သမ္မာဝါယာမသည် မိစ္ဆာဝါယာမမှ ထ၏။ ထိုမိစ္ဆာဝါယာမသို့ အစဉ်လိုက်၍ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက် လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ ထင်ရှားသော သဘောအားဖြင့် သမ္မာသတိသည် မိစ္ဆာသတိမှ ထ၏။ ထိုမိစ္ဆာသတိသို့ အစဉ်လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမ္မာသမာဓိသည် မိစ္ဆာသမာဓိမှ ထ၏။ ထိုမိစ္ဆာသမာဓိသို့ အစဉ်လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ ဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ် ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ သကဒါဂါမိမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်သောသဘောအားဖြင့် သမ္မာသမာဓိသည် ကြမ်းတမ်းသော ကာမရာဂသံယောဇဉ်မှလည်း ကောင်း၊ ပဋိဃသံယောဇဉ်မှလည်းကောင်း ထ၏။ ကြမ်းတမ်းသော ကာမရာဂါနုသယမှလည်းကောင်း၊ ပဋိဃာနုသယမှလည်းကောင်း ထ၏။ ထိုသံယောဇဉ် အနုသယတို့သို့ အစဉ်လိုက်၍ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရ နိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ အနာဂါမိမဂ်ခဏ၌ မြင်တတ်သောသဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်သော သဘောအားဖြင့် သမ္မာသမာဓိသည် အသေးအဖွဲဖြစ်သော ကာမရာဂသံယောဇဉ်မှ လည်းကောင်း၊ ပဋိဃသံယောဇဉ်မှလည်းကောင်း ထ၏။ အသေးအဖွဲဖြစ်သော ကာမရာဂါနုသယမှလည်း ကောင်း၊ ပဋိဃာနုသယမှလည်းကောင်း ထ၏။ ထိုသံယောဇဉ် အနုသယတို့သို့ အစဉ်လိုက်၍ဖြစ်တတ် သော ကိလေသာ တရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ အရဟတ္တမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်သော သဘောအားဖြင့် သမ္မာသမာဓိသည် ရူပရာဂမှလည်းကောင်း၊ အရူပရာဂမှလည်း ကောင်း၊ မာနမှလည်းကောင်း၊ ဥဒ္ဓစ္စမှလည်းကောင်း၊ အဝိဇ္ဇာမှလည်းကောင်း၊ မာနာနုသယမှလည်း ကောင်း၊ ဘဝရာဂါနု သယမှလည်းကောင်း၊ အဝိဇ္ဇာနုသယမှလည်းကောင်း ထ၏။ ထိုရူပရာဂစသည် တို့သို့ အစဉ်လိုက်၍ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထို့ကြောင့်နှစ်ပါးသောအဖို့မှ ထမြောက် လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်ဟု ဆိုအပ်၏။ (ထင်ရှား) ဖြစ်ပေါ်ပြီးသော လောကုတ္တရာဈာန်ဖြင့် မဖြစ်ပေါ်သေးသော ကိလေသာအပေါင်းကို ရှို့မြှိုက်တတ်သောကြောင့် ဈာန်ဟု ဆိုအပ်၏။ ဈာန် ဝိမောက္ခ၌ ကျွမ်းကျင်သည်၏အဖြစ်ကြောင့် အထူးထူးသောအယူဝါဒတို့၌ မတုန်လှုပ်။ စိတ်ကိုကောင်းစွာ ထားခြင်းကိုပြု၍ ရှုသောအခြင်းအရာအားဖြင့် ရှု၍ စိတ်ကို ကောင်းစွာ ထားသောအခါ၌ သမထ,ဝိပဿနာသည် ဖြစ်၏။ တူသောအဖို့ရှိသော ယုဂနဒ္ဓတရားတို့သည်လည်း ဖြစ်ကုန်၏။ သင်္ခါရတရားတို့သည် ဆင်းရဲကုန်၏။ နိဗ္ဗာန်သည် ချမ်းသာ၏ဟု မြင်တတ်သော (မဂ်) ဉာဏ်သည်နှစ်ပါးစုံသောအဖို့မှ ထလျက် အမြိုက်နိဗ္ဗာန်ကို ရ၏။ (အမြိုက် နိဗ္ဗာန်သို့ ရောက်၏)။ ထူးခြင်း၊ တူခြင်း၌ လိမ္မာသော ယောဂီပုဂ္ဂိုလ်သည် ဝိမောက္ခဖြစ်ပုံကို သိ၏။ ဒဿနဉာဏ်၊ ဘာဝနာဉာဏ်နှစ်တန်တို့၌ လိမ္မာသည်၏ အဖြစ်ကြောင့် အထူးထူး သော အယူဝါဒတို့၌ မတုန်လှုပ်။ ထိုတရားသဘောသည် သိတတ်သောအနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့်နှစ်ပါးစုံမှ ထမြောက်လွတ်ကင်းခြင်း၌ ဖြစ်သောပညာကို မဂ်ဉာဏ်မည်၏ဟု ဆိုအပ်၏။ တစ်ဆယ့်တစ်ခုမြောက် မဂ်ဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၂-ဖိုလ်ဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၂) ဖိုလ်ဉာဏ် အကျယ်ပြခြင်း လုံ့လစိုက်ရေး ငြိမ်းအေးခြင်း၌ ဖြစ်သောပညာသည် အဘယ်သို့လျှင် ဖိုလ်ဉာဏ်မည်သနည်း။ သောတာပတ္တိမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည် မိစ္ဆာဒိဋ္ဌိမှ ထ၏။ ထိုမိစ္ဆာ ဒိဋ္ဌိသို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပ ဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာဒိဋ္ဌိဖြစ်၏။ ဤသမ္မာဒိဋ္ဌိသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ (အာရုံသို့) ရှေးရှုတင်တတ်သော သဘောအားဖြင့် သမ္မာသင်္ကပ္ပသည် မိစ္ဆာသင်္ကပ္ပမှ ထ၏။ ထိုမိစ္ဆာသင်္ကပ္ပသို့ အစဉ်လိုက်၍ ဖြစ်တတ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်း ကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်း အေးခြင်းကြောင့် သမ္မာသင်္ကပ္ပဖြစ်၏။ ဤသမ္မာသင်္ကပ္ပသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ သိမ်းဆည်းတတ်သော သဘောအားဖြင့် သမ္မာဝါစာသည် မိစ္ဆာဝါစာမှ ထ၏။ ထိုမိစ္ဆာဝါစာသို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာဝါစာ ဖြစ်၏။ ဤသမ္မာဝါစာသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ ကောင်းစွာဖြစ်သော သဘောအားဖြင့် သမ္မာကမ္မန္တသည် မိစ္ဆာကမ္မန္တမှ ထ၏။ ထိုမိစ္ဆာကမ္မန္တသို့ အစဉ်လိုက်၍ ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ် သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာ ကမ္မန္တဖြစ်၏။ ဤသမ္မာကမ္မန္တသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ ဖြူစင်သောသဘောအားဖြင့် သမ္မာအာဇီဝသည် မိစ္ဆာအာဇီဝမှ ထ၏။ ထိုမိစ္ဆာအာဇီဝသို့ အစဉ်လိုက် ၍ ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အား လုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာအာဇီဝဖြစ်၏။ ဤသမ္မာအာဇီဝသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ ချီးမြှောက်တတ်သော သဘောအားဖြင့် သမ္မာဝါယာမသည် မိစ္ဆာဝါယာမမှ ထ၏။ ထိုမိစ္ဆာဝါယာမသို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ် သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာ ဝါယာမဖြစ်၏။ ဤသမ္မာဝါယာမသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ ထင်ရှားသောသဘောအားဖြင့် သမ္မာသတိသည် မိစ္ဆာသတိမှ ထ၏။ ထိုမိစ္ဆာသတိသို့ အစဉ်လိုက်၍ ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံး သော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာသတိဖြစ်၏။ ဤသမ္မာသတိသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ မပျံ့လွင့်သောသဘောအားဖြင့် သမ္မာသမာဓိသည် မိစ္ဆာသမာဓိမှ ထ၏။ ထိုမိစ္ဆာသမာဓိသို့ အစဉ် လိုက်၍ ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာသမာဓိ ဖြစ်၏။ ဤသမ္မာသမာဓိသည် သောတာပတ္တိမဂ်၏ အကျိုးတည်း။ သကဒါဂါမိမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်သောသဘောအားဖြင့် သမ္မာသမာဓိသည် ကြမ်းတမ်းသော ကာမရာဂသံယောဇဉ်မှလည်း ကောင်း၊ ပဋိဃသံယောဇဉ်မှလည်းကောင်း၊ ကြမ်းတမ်းသော ကာမရာဂါနုသယမှလည်းကောင်း၊ ပဋိဃာနုသယမှလည်းကောင်း ထ၏။ ထိုသံယောဇဉ် အနုသယတို့သို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာ တရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့ မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာသမာဓိဖြစ်၏။ ဤသမ္မာသမာဓိသည် သကဒါဂါမိမဂ်၏ အကျိုးတည်း။ အနာဂါမိမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်သော သဘောအားဖြင့် သမ္မာသမာဓိသည် အသေးအဖွဲဖြစ်သော ကာမရာဂသံယောဇဉ်မှ လည်းကောင်း၊ ပဋိဃသံယောဇဉ်မှလည်းကောင်း၊ အသေးအဖွဲဖြစ်သော ကာမရာဂါနုသယမှလည်းကောင်း၊ ပဋိဃာနုသယမှလည်းကောင်း ထ၏။ ထိုသံယောဇဉ် အနုသယတို့သို့ အစဉ်လိုက်၍ဖြစ်သော ကိလေသာ တရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှ လည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာသမာဓိဖြစ်၏။ ဤသမ္မာသမာဓိသည် အနာဂါမိမဂ်၏ အကျိုးတည်း။ အရဟတ္တမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည်။ပ။ မပျံ့လွင့်သော သဘောအားဖြင့် သမ္မာသမာဓိသည် ရူပရာဂမှလည်းကောင်း၊ အရူပရာဂမှလည်း ကောင်း၊ မာနမှလည်းကောင်း၊ ဥဒ္ဓစ္စမှလည်းကောင်း၊ အဝိဇ္ဇာမှလည်းကောင်း၊ မာနာနုသယမှလည်း ကောင်း၊ ဘဝရာဂါနုသယမှလည်းကောင်း၊ အဝိဇ္ဇာနုသယမှလည်းကောင်း ထ၏။ ထိုရူပရာဂစသည် တို့သို့ အစဉ်လိုက်၍ ဖြစ်သော ကိလေသာတရားတို့မှလည်းကောင်း၊ ခန္ဓာတို့မှလည်းကောင်း ထ၏။ အပဖြစ်သော အားလုံးသော သင်္ခါရနိမိတ်တို့မှလည်း ထ၏။ ထိုသို့ အားထုတ်မှုမှ ငြိမ်းအေးခြင်းကြောင့် သမ္မာသမာဓိဖြစ်၏။ ဤသမ္မာသမာဓိသည် အရဟတ္တမဂ်၏ အကျိုးတည်း။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် လုံ့လစိုက်ရေး ငြိမ်းအေးမှု၌ ဖြစ်သောပညာကို ဖိုလ် ဉာဏ်မည်၏ဟု ဆိုအပ်၏။ တစ်ဆယ့်နှစ်ခုမြောက် ဖိုလ်ဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၃-ဝိမုတ္တိဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၃) ဝိမုတ္တိဉာဏ် အကျယ်ပြခြင်း သံသရာလမ်းစဉ်ပြတ်မှုကို ရှုဆင်ခြင်သောပညာသည် အဘယ်သို့လျှင် ကိလေသာမှ လွတ်သော ဝိမုတ္တိဉာဏ်မည်သနည်း။ သောတာပတ္တိမဂ်ဖြင့် သက္ကာယဒိဋ္ဌိကိုလည်းကောင်း၊ ဝိစိကိစ္ဆာကိုလည်းကောင်း၊ သီလဗ္ဗတပရာမာသ ကိုလည်းကောင်း၊ ဒိဋ္ဌာနုသယကိုလည်းကောင်း၊ ဝိစိကိစ္ဆာနုသယကိုလည်းကောင်း မိမိစိတ်ကို ညစ်နွမ်း စေတတ်သော တရားတို့ကိုလည်ကောင်း ကောင်းစွာ ဖြတ်အပ်ကုန်၏။ သောင်းကျန်းထကြွမှုနှင့် တကွဖြစ်သော ဤညစ်နွမ်းကြောင်းတရား ငါးပါးတို့မှ စိတ်သည် လွတ် မြောက်ခဲ့သော် ကောင်းစွာ လွတ်မြောက်သည် မည်၏။ ထိုသို့လွတ်ခြင်းသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် သံသရာလမ်းစဉ်ပြတ်မှုကို ရှုဆင်ခြင်ရာ၌ ဖြစ်သောပညာကို ဝိမုတ္တိဉာဏ်ဟု ဆိုအပ်၏။ သကဒါဂါမိမဂ်ဖြင့် ကြမ်းတမ်းသော ကာမရာဂသံယောဇဉ်ကိုလည်းကောင်း၊ ပဋိဃသံယောဇဉ်ကို လည်းကောင်း၊ ကြမ်းတမ်းသော ကာမရာဂါနုသယကိုလည်းကောင်း၊ ပဋိဃာနုသယကိုလည်းကောင်း၊ မိမိစိတ်ကို ညစ်နွမ်းစေတတ်သော ကိလေသာတရားတို့ကိုလည်းကောင်း ကောင်းစွာ ဖြတ်အပ်ကုန်၏။ သောင်းကျန်းထကြွမှုနှင့် တကွဖြစ်သော ဤညစ်နွမ်းကြောင်းတရား လေးပါးတို့မှ စိတ်သည် လွတ်မြောက်ခဲ့သော် ကောင်းစွာ လွတ်မြောက်သည် မည်၏။ ထိုသို့လွတ်ခြင်းသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် သံသရာလမ်းစဉ်ပြတ်မှုကို ရှုဆင်ခြင်ရာ၌ ဖြစ်သောပညာကို ဝိမုတ္တိဉာဏ်ဟု ဆိုအပ်၏။ အနာဂါမိမဂ်ဖြင့် အသေးအဖွဲဖြစ်သော ကာမရာဂသံယောဇဉ်ကိုလည်းကောင်း၊ ပဋိဃသံယောဇဉ်ကို လည်းကောင်း၊ အသေးအဖွဲဖြစ်သော ကာမရာဂါနုသယကိုလည်းကောင်း၊ ပဋိဃာနုသယကိုလည်းကောင်း၊ မိမိစိတ်ကို ညစ်နွမ်းစေတတ်သော ကိလေသာတရားတို့ကိုလည်းကောင်း ကောင်းစွာ ဖြတ်အပ်ကုန်၏။ သောင်းကျန်းထကြွမှုနှင့် တကွဖြစ်သော ဤညစ်နွမ်းကြောင်းတရား လေးပါးတို့မှ စိတ်သည် လွတ် မြောက်ခဲ့သော် ကောင်းစွာ လွတ်မြောက်သည် မည်၏။ ထိုသို့လွတ်ခြင်းသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် သံသရာလမ်းစဉ်ပြတ်မှုကို ရှုဆင်ခြင်ရာ၌ ဖြစ်သောပညာကို ဝိမုတ္တိဉာဏ်ဟု ဆိုအပ်၏။ အရဟတ္တမဂ်ဖြင့် ရူပရာဂကိုလည်းကောင်း၊ အရူပရာဂကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ ဥဒ္ဓစ္စကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်း၊ မာနာနုသယကိုလည်းကောင်း၊ ဘဝရာဂါနုသယကိုလည်း ကောင်း၊ အဝိဇ္ဇာနုသယကိုလည်းကောင်း မိမိစိတ်ကိုညစ်နွမ်းစေတတ်သော ကိလေသာတရားတို့ကိုလည်း ကောင်း ကောင်းစွာ ဖြတ်အပ်ကုန်၏။ သောင်းကျန်းထကြွမှုနှင့်တကွဖြစ်သော ဤညစ်နွမ်းကြောင်းတရား ရှစ်ပါးတို့မှ စိတ်သည် လွတ်မြောက်ခဲ့သော် ကောင်းစွာ လွတ်မြောက်သည် မည်၏။ ထိုသို့လွတ်ခြင်းသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် သံသရာလမ်းစဉ်ပြတ်မှုကို ရှုဆင်ခြင်ရာ၌ ဖြစ်သောပညာကို ဝိမုတ္တိဉာဏ်ဟု ဆိုအပ်၏။ တစ်ဆယ့်သုံးခုမြောက် ဝိမုတ္တိဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၄-ပစ္စဝေက္ခဏာဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၄) ပစ္စဝေက္ခဏာဉာဏ် အကျယ်ပြခြင်း ထိုထို မဂ်ဖိုလ်အခိုက်အတန့်၌ ရရောက်သောတရားတို့ကို ရှုဆင်ခြင်ခြင်း၌ ဖြစ်သောပညာသည် အဘယ်သို့လျှင် ပစ္စဝေက္ခဏာဉာဏ်မည်သနည်း။ သောတာပတ္တိမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အာရုံသို့ရှေးရှုတင်တတ်သော သဘောအားဖြင့် သမ္မာသင်္ကပ္ပသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ သိမ်းဆည်းတတ်သော သဘောအားဖြင့် သမ္မာဝါစာသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ကောင်းစွာဖြစ်သော သဘောအားဖြင့် သမ္မာကမ္မန္တသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ဖြူစင်သော သဘောအားဖြင့် သမ္မာအာဇီဝသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် သမ္မာဝါယာမသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထင်သော သဘောအားဖြင့် သမ္မာသတိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမ္မာသမာဓိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထင်သော သဘောအားဖြင့် သတိသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ စိစစ်တတ်သော သဘောအားဖြင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ပျံ့နှံ့တတ်သော သဘောအားဖြင့် ပီတိသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ငြိမ်းအေးသော သဘောအားဖြင့် ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ဆင်ခြင်သော သဘောအားဖြင့် ဥပေက္ခာသမ္ဗောဇ္ဈင်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မယုံကြည်ခြင်း၌ မတုန်လှုပ်တတ်သော သဘောအားဖြင့် သဒ္ဓါဗိုလ်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ပျင်းရိခြင်း၌ မတုန်လှုပ်တတ်သောသဘောအားဖြင့် ဝီရိယဗိုလ်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မေ့လျော့ခြင်း၌ မတုန်လှုပ်တတ်သော သဘောအားဖြင့် သတိဗိုလ်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ပျံ့လွင့်ခြင်း၌ မတုန်လှုပ်တတ်သော သဘောအားဖြင့် သမာဓိဗိုလ်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ တွေဝေခြင်း၌ မတုန်လှုပ်တတ်သောသဘောအားဖြင့် ပညာဗိုလ်သည် ထိုသောတာပတ္တိမဂ်ခဏ၌့ကောင်းစွာ ဖြစ်၏။ ဆုံးဖြတ်တတ်သော သဘောအားဖြင့် သဒ္ဓိန္ဒြေသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ချီးမြှောက်တတ်သော သဘောအားဖြင့် ဝီရိယိန္ဒြေသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထင်သော သဘောအားဖြင့် သတိန္ဒြေသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမာဓိန္ဒြေသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မြင်တတ်သော သဘောအားဖြင့် ပညိန္ဒြေသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အစိုးရတတ်သော သဘောအားဖြင့် ဣန္ဒြေတို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ မတုန်လှုပ်သော သဘောအားဖြင့် ဗိုလ်တို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ သံသရာဝဋ်မှ ထုတ်ဆောင်တတ်သော သဘောအားဖြင့် သမ္ဗောဇ္ဈင်တို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ အကြောင်းဖြစ်သော သဘောအားဖြင့် မဂ်တရားသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထင်သော သဘောအားဖြင့် သတိပဋ္ဌာန်တို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ အားထုတ်တတ်သော သဘောအားဖြင့် သမ္မပ္ပဓာန်တို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ ပြည့်စုံတတ်သော သဘောအားဖြင့် ဣဒ္ဓိပါဒ်တို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ် ကုန်၏။ မှန်ကန်သော သဘောအားဖြင့် သစ္စာတို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ မပျံ့လွင့်သော သဘောအားဖြင့် သမထသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အဖန်ဖန်ရှုတတ်သော သဘောအားဖြင့် ဝိပဿနာသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ တစ်ခုတည်းသော ကိစ္စရှိသော သဘောအားဖြင့် သမထ၊ ဝိပဿနာတို့သည် ထိုသောတာပတ္တိမဂ် ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ (အချင်းချင်း) မကျော်လွန်သော သဘောအားဖြင့် ယုဂနဒ္ဓတရားသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ စောင့်စည်းတတ်သော သဘောအားဖြင့် သီလဝိသုဒ္ဓိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မပျံ့လွင့်သော သဘောအားဖြင့် စိတ္တဝိသုဒ္ဓိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မြင်သိတတ်သော သဘောအားဖြင့် ဒိဋ္ဌိဝိသုဒ္ဓိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ လွတ်မြောက်ခြင်း သဘောအားဖြင့် ဝိမောက္ခတို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထိုးထွင်း၍သိတတ်သော သဘောအားဖြင့် ဝိဇ္ဇာသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ကိလေသာတို့ကို စွန့်ပယ်တတ်သော သဘောအားဖြင့် ဝိမုတ္တိတရားသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အကြွင်းမဲ့ဖြတ်တတ်သော သဘောအားဖြင့် ခယဉာဏ်ဟု ဆိုအပ်သော သမ္မာဒိဋ္ဌိသည် ထိုသောတာ ပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အကြောင်းရင်းဖြစ်သော သဘောအားဖြင့် ဆန္ဒသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ကောင်းစွာဖြစ်တတ်သော သဘောအားဖြင့် မနသိကာရသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ပေါင်းဆုံခြင်း သဘောအားဖြင့် ဖဿသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ စုဝေးရာဖြစ်သော သဘောအားဖြင့် ဝေဒနာသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အဦးဖြစ်သော သဘောအားဖြင့် သမာဓိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အစိုးရသော သဘောအားဖြင့် သတိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထိုထိုတရားတို့ထက်လွန်မြတ်သော သဘောအားဖြင့် ပညာသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မြတ်သော သဘောအားဖြင့် ဝိမုတ္တိသည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အဆုံးဖြစ်သော သဘောအားဖြင့် အမြိုက်နိဗ္ဗာန်သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထ၍ ဆင်ခြင်သော တရားတို့သည် ထိုသောတာပတ္တိမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ သောတာပတ္တိဖိုလ်ခဏ၌- မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အာရုံသို့ရှေးရှုတင်တတ်သော သဘောအားဖြင့် သမ္မာသင်္ကပ္ပသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ပ။ ငြိမ်းအေးသော သဘောအားဖြင့် အနုပ္ပါဒဉာဏ်သည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အကြောင်းရင်းဖြစ်သော သဘောအားဖြင့် ဆန္ဒသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ကောင်းစွာဖြစ်သော သဘောအားဖြင့် မနသိကာရသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ပေါင်းဆုံခြင်းသဘောအားဖြင့် ဖဿသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ စုဝေးရာဖြစ်သော သဘောအားဖြင့် ဝေဒနာသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အဦးဖြစ်သော သဘောအားဖြင့် သမာဓိသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အစိုးရသော သဘောအားဖြင့် သတိသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထိုထိုတရားတို့ထက် လွန်မြတ်သော သဘောအားဖြင့် ပညာသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ မြတ်သော သဘောအားဖြင့် ဝိမုတ္တိသည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အဆုံးဖြစ်သော သဘောအားဖြင့် အမြိုက်နိဗ္ဗာန်သည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထ၍ ဆင်ခြင်သော ဤတရားတို့သည် ထိုသောတာပတ္တိဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ သကဒါဂါမိမဂ်ခဏ၌။ပ။ သကဒါဂါမိဖိုလ်ခဏ၌။ပ။ အနာဂါမိမဂ်ခဏ၌။ပ။ အနာဂါမိဖိုလ်ခဏ၌။ပ။ အရဟတ္တမဂ်ခဏ၌ မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည် ထိုအရဟတ္တမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ပ။ အကြွင်းမဲ့ဖြတ်တတ်သော သဘောအားဖြင့် ခယဉာဏ်ဟု ဆိုအပ်သော သမ္မာဒိဋ္ဌိသည် ထိုအရဟတ္တ မဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အကြောင်းရင်းဖြစ်သော သဘောအားဖြင့် ဆန္ဒသည် ထိုအရဟတ္တမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ပ။ ပြီးဆုံးခြင်းသဘောအားဖြင့် အမြိုက်နိဗ္ဗာန်သည် ထိုအရဟတ္တမဂ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထ၍ဆင်ခြင်သော ဤတရားတို့သည် ထိုအရဟတ္တမဂ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ အရဟတ္တဖိုလ်ခဏ၌- မြင်တတ်သော သဘောအားဖြင့် သမ္မာဒိဋ္ဌိသည် ထိုအရဟတ္တဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ပ။ ငြိမ်းအေးသော သဘောအာားဖြင့် အနုပ္ပါဒဉာဏ်သည် ထိုအရဟတ္တဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ အကြောင်းရင်းဖြစ်သော သဘောအားဖြင့် ဆန္ဒသည် ထိုအရဟတ္တဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ပ။ ပြီးဆုံးခြင်းသဘောအားဖြင့် အမြိုက်နိဗ္ဗာန်သည် ထိုအရဟတ္တဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်၏။ ထ၍ ဆင်ခြင်သော ဤတရားတို့သည် ထိုအရဟတ္တဖိုလ်ခဏ၌ ကောင်းစွာ ဖြစ်ကုန်၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ထိုမဂ်၊ ဖိုလ်အခိုက်အတန့်၌ ရရောက်သော တရားတို့ကို ရှုဆင်ခြင်ခြင်း၌ ဖြစ်သောပညာကို ပစ္စဝေက္ခဏာဉာဏ်မည်၏ဟု ဆိုအပ်၏။ တစ်ဆယ့်လေးခုမြောက် ပစ္စဝေက္ခဏာဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၅-ဝတ္ထုနာနတ္တဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၅) ဝတ္ထုနာနတ္တဉာဏ် အကျယ်ပြခြင်း အဇ္ဈတ္တသန္တာန်၌ဖြစ်သော တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ (ဖြစ်သော) ပညာသည် အဘယ်သို့လျှင် ဝတ္ထုနာနတ္တဉာဏ်မည်သနည်း။ အတွင်းအဇ္ဈတ္တတရားတို့ကို အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ မျက်စိကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ နားကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ နှာခေါင်းကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ လျှာကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ ကိုယ် ကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ စိတ်ကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ မျက်စိကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ မျက်စိသည် အဝိဇ္ဇာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ မျက်စိသည် တဏှာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ မျက်စိသည် ကံကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ မျက်စိသည် အာဟာရ ကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ မျက်စိသည် မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်၏ဟု ပိုင်းခြား မှတ်သား၏။ မျက်စိသည် ဖြစ်ဆဲဟု ပိုင်းခြားမှတ်သား၏။ မျက်စိသည် ကောင်းစွာဖြစ်၏ဟု ပိုင်းခြားမှတ် သား၏။ မျက်စိသည် မဖြစ်မူ၍ ဖြစ်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။ မျက်စိကို အဆုံးအပိုင်းအခြားရှိ သောအားဖြင့် ပိုင်းခြားမှတ်သား၏။ မျက်စိသည် မမြဲ၊ မြဲသောသဘော မရှိ၊ ဖောက်ပြန်သော သဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ မျက်စိသည် နိစ္စသဘော မရှိ၊ ပြုပြင်အပ်သော သဘောရှိ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘော ရှိ၏၊ ပျက်ခြင်းသဘော ရှိ၏၊ ကင်းခြင်း သဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ မျက်စိကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့် မမှတ်။ ဒုက္ခအားဖြင့် ပိုင်းခြား မှတ်သား၏။ သုခအားဖြင့် မမှတ်။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သား၏။ အတ္တအားဖြင့် မမှတ်။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်းကင်း၏။ မတပ်နှစ်သက်။ ချုပ်စေ၏။ မဖြစ်စေ။ စွန့်လွှတ်၏။ မစွဲယူ။ အနိစ္စအားဖြင့် ပိုင်းခြား မှတ်သားသောသူသည် နိစ္စသညာကို စွန့်၏။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ် သားသော သူသည် သုခသညာကို စွန့်၏။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် အတ္တသညာ ကို စွန့်၏။ ငြီးငွေ့သောသူသည်နှစ်သက်ခြင်းကို စွန့်၏။ တပ်ခြင်းကင်းသူသည် ရာဂကိုစွန့်၏။ ချုပ်စေ သောသူသည် ဖြစ်ပေါ်ခြင်းကို စွန့်၏။ စွန့်လွှတ်သောသူသည် စွဲယူခြင်းကို စွန့်၏။ ဤသို့ မျက်စိကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ နားကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ နားသည် အဝိဇ္ဇာကြောင့်ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ပ။ ဤသို့ နားကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြား မှတ်သား၏။ နှာခေါင်းကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ နှာခေါင်းသည် အဝိဇ္ဇာကြောင့်ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ပ။ ဤသို့နှာခေါင်းကို အဇ္ဈတ္တ သန္တာန်၌ ပိုင်းခြားမှတ်သား၏။ လျှာကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့ ပိုင်းခြားမှတ်သားသနည်း။ လျှာသည် အဝိဇ္ဇာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ လျှာသည် တဏှာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ လျှာသည် ကံကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ လျှာသည် အာဟာရကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ လျှာသည် မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ လျှာသည် ဖြစ်ဆဲဟု ပိုင်းခြားမှတ်သား၏။ လျှာသည် ကောင်းစွာဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ လျှာ သည် မဖြစ်မူ၍ ဖြစ်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။ လျှာကို အဆုံးအပိုင်းအခြား ရှိသောအားဖြင့် ပိုင်းခြားမှတ်သား၏။ လျှာသည် မမြဲ၊ မြဲသော သဘောမရှိ၊ ဖောက်ပြန်သော သဘော ရှိ၏ဟု ပိုင်းခြားမှတ်သား၏။ လျှာသည် နိစ္စသဘော မရှိ၊ ပြုပြင်အပ်သော သဘောရှိ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ လျှာကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့်မမှတ်။ပ။ စွန့်လွှတ်၏။ မစွဲယူ။ အနိစ္စအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် နိစ္စသညာကို စွန့်၏။ပ။ စွန့်လွှတ်သော သူသည် စွဲယူခြင်းကို စွန့်၏။ ဤသို့ လျှာကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ ကိုယ်ကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ ကိုယ်သည် အဝိဇ္ဇာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် တဏှာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် ကံကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် အာဟာရကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် ဖြစ်ပေါ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် ဖြစ်ပေါ်ဆဲဟု ပိုင်းခြားမှတ်သား၏။ ကိုယ် သည် ကောင်းစွာ ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် မဖြစ်မူ၍ ဖြစ်၏၊ ဖြစ်ပြီး၍ နောင်မဖြစ် လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်ကို အဆုံးအပိုင်းအခြားရှိသောအားဖြင့် ပိုင်းခြားမှတ်သား၏။ ကိုယ်သည် မမြဲ၊ မြဲသောသဘော မရှိ၊ ဖောက်ပြန်သောသဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်သည် နိစ္စသဘော မရှိ၊ ပြုပြင်အပ်သော သဘောရှိ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ ကိုယ်ကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့်မမှတ်။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ်သား၏။ သုခအားဖြင့် မမှတ်။ပ။ စွန့်လွှတ်၏။ မစွဲယူ။ အနိစ္စအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် နိစ္စသညာကိုစွန့်၏။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ် သားသောသူသည် သုခသညာကို စွန့်၏။ပ။ စွန့်လွှတ်သော သူသည် စွဲယူခြင်းကို စွန့်၏။ ဤသို့ ကိုယ် ကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ စိတ်ကို အဇ္ဈတ္တသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ စိတ်သည် အဝိဇ္ဇာကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ စိတ်သည် တဏှာကြောင့် ဖြစ်၏ဟု ပိုင်းခြား မှတ်သား၏။ စိတ်သည် ကံကြောင့် ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ စိတ်သည် အာဟာရ ကြောင့်ဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ စိတ်သည် ဖြစ်ဆဲဟု ပိုင်းခြားမှတ်သား၏။ စိတ်သည် ကောင်းစွာဖြစ်၏ဟု ပိုင်းခြားမှတ်သား၏။ စိတ်သည် မဖြစ်မူ၍ ဖြစ်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်လတ္တံ့ဟု ပိုင်းခြား မှတ်သား၏။ စိတ်ကို အဆုံးအပိုင်းအခြား ရှိသောအားဖြင့် ပိုင်းခြားမှတ်သား၏။ စိတ်သည် မမြဲ၊ မြဲသော သဘော မရှိ၊ ဖောက်ပြန်သော သဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ စိတ်သည် နိစ္စသဘော မရှိ၊ ပြုပြင်အပ်သော သဘောရှိ၏၊ အကြောင်းကို စွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ကင်းခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏ဟု ပိုင်းခြားမှတ်သား၏။ စိတ်ကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့်မမှတ်။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ်သား၏။ သုခအားဖြင့်မမှတ်။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သား၏။ အတ္တအားဖြင့်မမှတ်။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်းကင်း၏။ မတပ်နှစ်သက်။ ချုပ်စေ၏။ မဖြစ်စေ။ စွန့်လွှတ်၏။ မစွဲယူ။ အနိစ္စအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် နိစ္စသညာကို စွန့်၏။ ဒုက္ခအားဖြင့် ပိုင်းခြား မှတ်သားသော သူသည် သုခသညာကို စွန့်၏။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် အတ္တ သညာကို စွန့်၏။ ငြီးငွေ့သောသူသည်နှစ်သက်ခြင်းကို စွန့်၏။ တပ်ခြင်းကင်းသူသည် ရာဂကို စွန့်၏။ ချုပ်စေသော ယောဂီပုဂ္ဂိုလ်သည် ဖြစ်ပေါ်ခြင်းကို စွန့်၏။ စွန့်လွှတ်သောသူသည် စွဲယူခြင်းကို စွန့်၏။ ဤသို့လျှင် စိတ်ကို အဇ္ဈတ္တသန္တာန်၌ ပိုင်းခြားမှတ်သား၏။ ဤသို့လျှင် အဇ္ဈတ္တသန္တာန်၌ ဖြစ်သောတရားတို့ကို ပိုင်းခြားမှတ်သား၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် အဇ္ဈတ္တသန္တာန်၌ဖြစ်ပေါ်သော တရားတို့ကို ပိုင်းခြား မှတ်သားခြင်း၌ဖြစ်သောပညာကို ဝတ္ထုနာနတ္တဉာဏ်မည်၏ဟု ဆိုအပ်၏။ တစ်ဆယ့်ငါးခုမြောက် ဝတ္ထုနာနတ္တဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၆-ဂေါစရနာနတ္တဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၆) ဂေါစရနာနတ္တဉာဏ် အကျယ်ပြခြင်း ဗဟိဒ္ဓသန္တာန်၌ဖြစ်သော တရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ ဖြစ်သောပညာသည် အဘယ် သို့လျှင် ဂေါစရနာနတ္တဉာဏ်မည်သနည်း။ ဗဟိဒ္ဓသန္တာန်၌ဖြစ်သော တရားတို့ကို အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ အဆင်းတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အသံတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အနံ့တို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အရသာတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အတွေ့အထိတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြား မှတ်သား၏။ အဆင်းရူပါရုံတို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ အဆင်းတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် တပ်မက်မှု တဏှာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် ကံကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြား မှတ်သား၏။ အဆင်းတို့သည် အာဟာရကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် ဖြစ်ကုန်ဆဲဟု ပိုင်း ခြားမှတ်သား၏။ အဆင်းတို့သည် ကောင်းစွာ ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် မဖြစ်မူ၍ ဖြစ်ကုန်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်ကုန်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့ကို အဆုံး အပိုင်းအခြားရှိသောအားဖြင့် ပိုင်းခြားမှတ်သား၏။ အဆင်းတို့သည် မမြဲကုန်၊ မြဲသောသဘော မရှိကုန်၊ ဖောက်ပြန်သော သဘောရှိကုန်၏ဟု ပိုင်း ခြားမှတ်သား၏။ အဆင်းတို့သည် နိစ္စသဘော မရှိကုန်၊ ပြုပြင်အပ်ကုန်၏၊ အကြောင်းကို စွဲ၍ ဖြစ် ကုန်၏၊ ကုန်ခြင်းသဘောရှိကုန်၏၊ ပျက်ခြင်းသဘောရှိကုန်၏၊ ကင်းခြင်းသဘောရှိကုန်၏၊ ချုပ်ခြင်းသဘော ရှိကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အဆင်းတို့ကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့် မမှတ်။ ဒုက္ခအားဖြင့် ပိုင်းခြား မှတ်သား၏။ သုခအားဖြင့် မမှတ်။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သား၏။ အတ္တအားဖြင့် မမှတ်။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်းကင်း၏။ မတပ်နှစ်သက်။ ချုပ်စေ၏။ မဖြစ်စေ။ စွန့်လွှတ်၏။ မစွဲယူ။ အနိစ္စအားဖြင့် ပိုင်းခြားမှတ်သားသောသူသည် နိစ္စသညာကို စွန့်၏။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ့်သားသော သူသည် သုခသညာကို စွန့်၏။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သားသောသူသည် အတ္တသညာကို စွန့်၏။ ငြီးငွေ့သောသူသည်နှစ်သက်ခြင်းကို စွန့်၏။ တပ်ခြင်းကင်းသူသည် ရာဂကို စွန့်၏။ ချုပ်စေ သောသူသည် ဖြစ်ပေါ်ခြင်းကို စွန့်၏။ စွန့်လွှတ်သောသူသည် စွဲယူခြင်းကို စွန့်၏။ ဤသို့ အဆင်းတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အသံတို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ အသံတို့သည် မဟာဘုတ်လေးပါးတို့ကို စွဲ၍ ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အသံတို့သည် ဖြစ်ကုန်ဆဲဟု ပိုင်းခြားမှတ်သား၏၊ အသံတို့သည် ကောင်းစွာဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အသံ တို့သည် မဖြစ်မူ၍ ဖြစ်ကုန်၏၊ ဖြစ်ပြီး၍ နောင်မဖြစ်ကုန်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။ အသံတို့ကို အဆုံးအပိုင်းအခြားရှိသောအားဖြင့် ပိုင်းခြားမှတ်သား၏။ အသံတို့သည် မမြဲကုန်၊ မြဲသောသဘောမရှိကုန်၊ ဖောက်ပြန်သောသဘောရှိကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အသံတို့သည် နိစ္စ သဘော မရှိကုန်၊ ပြုပြင်အပ်ကုန်၏၊ အကြောင်းကို စွဲ၍ ဖြစ်ကုန်၏၊ ကုန်ခြင်းသဘောရှိကုန်၏၊ ပျက်ခြင်း သဘောရှိကုန်၏၊ ကင်းခြင်းသဘောရှိကုန်၏၊ ချုပ်ခြင်းသဘောရှိကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အသံတို့ကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့် မမှတ်။ပ။ ဤသို့အသံတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အနံ့တို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ အနံ့တို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အနံ့တို့သည် တဏှာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ပ။ ဤသို့ အနံ့တို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အရသာတို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ အရသာတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အရသာတို့သည် တဏှာ ကြောင့်ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ပ။ ဤသို့ အရသာတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ အတွေ့အထိတို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ အတွေ့အထိတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အတွေ့အထိတို့သည် တဏှာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အတွေ့အထိတို့သည် ကံကြောင့် ဖြစ်ကုန်၏ဟု ပိုင်း ခြားမှတ်သား၏။ အတွေ့အထိတို့သည် အာဟာရကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ အတွေ့ အထိတို့သည် ဖြစ်ကုန်ဆဲဟု ပိုင်းခြားမှတ်သား၏။ အတွေ့အထိတို့သည် ကောင်းစွာ ဖြစ်ကုန်၏ဟု ပိုင်း ခြားမှတ်သား၏။ပ။ ဤသို့ အတွေ့အထိတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့ကို ဗဟိဒ္ဓသန္တာန်၌ အဘယ်သို့လျှင် ပိုင်းခြားမှတ်သားသနည်း။ ဓမ္မာရုံတို့သည် အဝိဇ္ဇာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် တဏှာကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် ကံကြောင့် ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် အာဟာရကြောင့်ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် ဖြစ်ကုန်ဆဲဟု ပိုင်း ခြားမှတ်သား၏။ ဓမ္မာရုံတို့သည် ကောင်းစွာ ဖြစ်ကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် မဖြစ် မူ၍ ဖြစ်ကုန်၏၊ ဖြစ်ပြီး၍ မဖြစ်ကုန်လတ္တံ့ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့ကို အဆုံးအပိုင်းအခြားရှိသောအားဖြင့် ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် မမြဲကုန်၊ မြဲသောသဘော မရှိကုန်၊ ဖောက်ပြန်သောသဘောရှိကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့သည် နိစ္စသဘော မရှိကုန်၊ ပြုပြင်အပ်ကုန်၏၊ အကြောင်းကိုစွဲ၍ ဖြစ်ကုန်၏၊ ကုန်ခြင်း သဘော ရှိကုန်၏၊ ပျက်ခြင်းသဘော ရှိကုန်၏၊ ကင်းခြင်းသဘော ရှိကုန်၏၊ ချုပ်ခြင်းသဘော ရှိကုန်၏ဟု ပိုင်းခြားမှတ်သား၏။ ဓမ္မာရုံတို့ကို အနိစ္စအားဖြင့် ပိုင်းခြားမှတ်သား၏။ နိစ္စအားဖြင့်မမှတ်။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ့်သား၏။ သုခအားဖြင့် မမှတ်။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သား၏။ အတ္တအားဖြင့် မမှတ်။ ငြီးငွေ့၏။ မနှစ်သက်။ တပ်နှစ်သက်ခြင်းကင်း၏။ မတပ်နှစ်သက်။ ချုပ်စေ၏။ မဖြစ်စေ။ စွန့်လွှတ်၏။ မစွဲယူ။ အနိစ္စအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် နိစ္စသညာကို စွန့်၏။ ဒုက္ခအားဖြင့် ပိုင်းခြားမှတ် သားသော သူသည် သုခသညာကို စွန့်၏။ အနတ္တအားဖြင့် ပိုင်းခြားမှတ်သားသော သူသည် အတ္တသညာ ကို စွန့်၏။ ငြီးငွေ့သော သူသည်နှစ်သက်ခြင်းကို စွန့်၏။ တပ်ခြင်းကင်းသော သူသည် တပ်ခြင်းရာဂ ကို စွန့်၏။ ချုပ်စေသော သူသည် ဖြစ်ပေါ်ခြင်းကို စွန့်၏။ စွန့်လွှတ်သောသူသည် စွဲယူခြင်းကို စွန့်၏။ ဤသို့ ဓမ္မာရုံတို့ကို ဗဟိဒ္ဓသန္တာန်၌ ပိုင်းခြားမှတ်သား၏။ ထိုတရားသဘောသည် သိတတ်သော အနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ်သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် ဗဟိဒ္ဓသန္တာန်၌ဖြစ်သောတရားတို့ကို ပိုင်းခြားမှတ်သားခြင်း၌ ဖြစ်သောပညာကို ဂေါစရနာနတ္တဉာဏ်မည်၏ဟု ဆိုအပ်၏။ တစ်ဆယ့်ခြောက်ခုမြောက် ဂေါစရနာနတ္တဉာဏ် အကျယ်ပြခြင်း ပြီး၏။
၁၇-စရိယာနာနတ္တဉာဏ် အကျယ်ပြခြင်း
။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏ ကထာ၊ (၁၇) စရိယာနာနတ္တဉာဏ် အကျယ်ပြခြင်း စရိယတို့ကို ပိုင်းခြားမှတ်သားခြင်း၌ ဖြစ်သောပညာသည် အဘယ်သို့လျှင် စရိယာနာနတ္တ ဉာဏ် မည်သနည်း။ စရိယဟူရာ၌ စရိယာတို့သည် ဝိညာဏစရိယ၊ အညာဏစရိယ၊ ဉာဏစရိယဟု သုံးမျိုးရှိကုန်၏။ ဝိညာဏစရိယာသည် အဘယ်နည်း။ မြင်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ရူပါရုံတို့၌ ဝိညာဏ စရိယ မည်၏။ မြင်ခြင်းသဘောရှိသော စက္ခုဝိညာဉ်သည် ရူပါရုံတို့၌ ဝိညာဏစရိယ မည်၏။ မြင်အပ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိသော ဝိပါက်မနောဓာတ်သည် ရူပါရုံ တို့၌ ဝိညာဏစရိယ မည်၏။ အာရုံသို့ ရှေးရှုတင်တတ်သည်၏အဖြစ်ကြောင့် ဝိပါက်မနောဝိညာဏဓာတ်သည် ရူပါရုံတို့၌ ဝိညာဏ စရိယ မည်၏။ ကြားခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် သဒ္ဒါရုံတို့၌ ဝိညာဏ စရိယမည်၏။ ကြားခြင်းသဘောရှိသော သောတဝိညာဉ်သည် သဒ္ဒါရုံတို့၌ ဝိညာဏစရိယမည်၏။ ကြားအပ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိသော ဝိပါက်မနောဓာတ်သည် သဒ္ဒါရုံတို့၌ ဝိညာဏစရိယမည်၏။ အာရုံသို့ ရှေးရှုတင်တတ်သည်၏အဖြစ်ကြောင့် ဝိပါက်မနောဝိညာဏဓာတ်သည် သဒ္ဒါရုံတို့၌ ဝိညာဏစရိယ မည်၏။ နမ်းရှူခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဂန္ဓာရုံတို့၌ ဝိညာဏစရိယမည်၏။ နမ်းရှူခြင်းသဘောရှိသော ဃာနဝိညာဉ်သည် ဂန္ဓာရုံတို့၌ ဝိညာဏစရိယမည်၏။ နမ်းရှူအပ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိသော ဝိပါက်မနောဓာတ်သည် ဂန္ဓာရုံံတို့၌ ဝိညာဏစရိယမည်၏။ အာရုံသို့ ရှေးရှုတင်တတ်သည်၏အဖြစ်ကြောင့် ဝိပါက်မနောဝိညာဏဓာတ်သည် ဂန္ဓာရုံတို့၌ ဝိညာဏစရိယမည်၏။ လျက်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ရသာရုံတို့၌ ဝိညာဏစရိယမည်၏။ လျက်ခြင်းသဘောရှိသော ဇိဝှါဝိညာဉ်သည် ရသာရုံတို့၌ ဝိညာဏစရိယမည်၏။ လျက်အပ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိသော ဝိပါက်မနောဓာတ်သည် ရသာရုံံတို့၌ ဝိညာဏစရိယမည်၏။ အာရုံသို့ ရှေးရှုတင်တတ်သည်၏အဖြစ်ကြောင့် ဝိပါက်မနောဝိညာဏဓာတ်သည် ရသာရုံတို့၌ ဝိညာဏစရိယမည်၏။ တွေ့ထိခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဖောဋ္ဌဗ္ဗာရုံတို့၌ ဝိညာဏစရိယမည်၏။ တွေ့ထိခြင်းသဘောရှိသော ကာယဝိညာဉ်သည် ဖောဋ္ဌဗ္ဗာရုံတို့၌ ဝိညာဏစရိယမည်၏။ တွေ့ထိအပ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိသော ဝိပါက်မနောဓာတ်သည် ဖောဋ္ဌဗ္ဗာရုံံံတို့၌ ဝိညာဏစရိယမည်၏။ အာရုံသို့ ရှေးရှုတင်တတ်သည်၏ အဖြစ်ကြောင့် ဝိပါက်မနောဝိညာဏဓာတ်သည် ဖောဋ္ဌဗ္ဗာရုံတို့၌ ဝိညာ ဏစရိယမည်၏။ သိခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဓမ္မာရုံတို့၌ ဝိညာ ဏစရိယမည်၏။ သိခြင်းသဘောရှိသော မနောဝိညာဉ်သည် ဓမ္မာရုံတို့၌ ဝိညာဏစရိယမည်၏။ သိတတ်သည်၏အဖြစ်ကြောင့် အာရုံသို့ ရှေးရှုတင်ခြင်းသဘောရှိသော ဝိပါက်မနောဓာတ်သည် ဓမ္မာရုံံံတို့၌ ဝိညာဏစရိယမည်၏။ အာရုံသို့ ရှေးရှုတင်တတ်သည်၏ အဖြစ်ကြောင့် ဝိပါက်မနောဝိညာဏဓာတ်သည် ဓမ္မာရုံတို့၌ ဝိညာ ဏစရိယမည်၏။ ဝိညာဏစရိယဟူရာ၌ အဘယ်အနက်သဘောကြောင့် ဝိညာဏစရိယမည်သနည်း။ ရာဂကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဒေါသကင်းသည်ဖြစ်၍ ဖြစ် တတ်သောကြောင့် ဝိညာဏစရိယမည်၏။ မောဟကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယ မည်၏။ မာနကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဒိဋ္ဌိကင်းသည်ဖြစ်၍ ဖြစ်တတ် သောကြောင့် ဝိညာဏစရိယမည်၏။ ဥဒ္ဓစ္စကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဝိစိကိစ္ဆာကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ အနုသယကင်းသည်ဖြစ်၍ ဖြစ် တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ရာဂနှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယ မည်၏။ ဒေါသနှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ မောဟနှင့် မယှဉ် သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ မာနနှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဒိဋ္ဌိနှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဥဒ္ဓစ္စနှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဝိစိကိစ္ဆာနှင့် မယှဉ်သည်ဖြစ်၍ ဖြစ် တတ်သောကြောင့် ဝိညာဏစရိယမည်၏။ အနုသယနှင့် မယှဉ်သည် ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ကုသိုလ်ကံတို့နှင့်ယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ အကုသိုလ်ကံတို့နှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ အပြစ်ရှိသောကံတို့နှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ အပြစ်မရှိသောကံတို့နှင့် ယှဉ်သည်ဖြစ်၍ ဖြစ်တတ်သော ကြောင့် ဝိညာဏစရိယမည်၏။ မည်းညစ်သောကံတို့နှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့်ဝိညာဏ စရိယမည်၏။ ဖြူစင်သောကံတို့နှင့် ယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ချမ်းသာကို ဖြစ်စေတတ်ကုန်သော ကံတို့နှင့် ယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယ မည်၏။ ဆင်းရဲကို ဖြစ်စေတတ်ကုန်သော ကံတို့နှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏ စရိယမည်၏။ ချမ်းသာကျိုးကို ဖြစ်စေတတ်ကုန်သော ကံတို့နှင့် ယှဉ်သည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဆင်းရဲကျိုးကို ဖြစ်စေတတ်ကုန်သော ကံတို့နှင့် မယှဉ်သည်ဖြစ်၍ ဖြစ်တတ်သော ကြောင့် ဝိညာဏစရိယမည်၏။ သိအပ်သော အာရုံ၌ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယ မည်၏။ အဟိတ်စိတ်ဟူသော ဝိညာဉ်၏ ဤသို့ သဘောရှိသော အာရုံ၌ ဖြစ်တတ်သောကြောင့် ဝိညာဏစရိယမည်၏။ ဤစိတ်သည် ကိလေသာမရှိသော သဘောအားဖြင့် ပကတိအားဖြင့် စင်ကြယ်တတ်သောကြောင့် ဝိညာဏစရိယ မည်၏။ ဤဆိုခဲ့ပြီးသည်ကား ဝိညာဏစရိယတည်း။ အညာဏစရိယဟူသည် အဘယ်နည်း။ နှလုံးကို ပွါးစေတတ်သော ရူပါရုံတို့၌ ရာဂဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ် သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ရာဂ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ နှလုံးကို မပွါးစေတတ်ကုန်သော ရူပါရုံတို့၌ ဒေါသဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဒေါသ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ ထိုနှစ်ပါးစုံဖြင့် မညီညွတ်သောအဖို့ရှိသော ဝတ္ထု၌ မောဟဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်း ကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ မောဟ၏ ဖြစ်ခြင်းသည် အညာဏစရိယ မည်၏။ အမြဲဖွဲ့၍ တည်တတ်သော မာနဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ မာန၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ မှားသောအားဖြင့် သုံးသပ်တတ်သော ဒိဋ္ဌိဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဒိဋ္ဌိ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ ပျံ့လွင့်ခြင်းသို့ ရောက်သော ဥဒ္ဓစ္စဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဥဒ္ဓစ္စ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာ ကတသည် ဝိညာဏစရိယမည်၏။ ဝိစိကိစ္ဆာ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ အားရှိသည်၏ အဖြစ်သို့ရောက်သော အနုသယဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ အနုသယ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ နှလုံးကို ပွါးစေတတ်သော သဒ္ဒါရုံတို့၌။ပ။ နှလုံးကို ပွါးစေတတ်သော ဂန္ဓာရုံတို့၌။ပ။ နှလုံးကို ပွါးစေတတ်သော ရသာရုံတို့၌။ပ။ နှလုံးကို ပွါးစေတတ်သော ဖောဋ္ဌဗ္ဗာရုံတို့၌။ပ။ နှလုံးကို ပွါးစေတတ်သော ဓမ္မာရုံတို့၌ ရာဂဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ရာဂ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ နှလုံးကို မပွါးစေတတ်ကုန်သော ဓမ္မာရုံတို့၌ 'ဒေါသ' ဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဒေါသ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ ထိုနှစ်ပါးစုံဖြင့် မညီညွတ်သောအဖို့ရှိသော ဝတ္ထု၌ မောဟဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်း ကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ မောဟ၏ ဖြစ်ခြင်းသည် အညာဏ့စရိယမည်၏။ အမြဲဖွဲ့၍ တည်တတ်သော မာနဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ မာန၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ မှားသောအားဖြင့် သုံးသပ်တတ်သော ဒိဋ္ဌိဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဒိဋ္ဌိ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ ပျံ့လွင့်ခြင်းသို့ရောက်သော ဥဒ္ဓစ္စဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဥဒ္ဓစ္စ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာ ကတသည် ဝိညာဏစရိယမည်၏။ ဝိစိကိစ္ဆာ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ အားရှိသည်၏ အဖြစ်သို့ရောက်သော အနုသယဖြစ်ခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ အနုသယ၏ ဖြစ်ခြင်းသည် အညာဏစရိယမည်၏။ အညာဏစရိယဟူရာ၌ အဘယ်အနက်သဘောကြောင့် အညာဏစရိယမည်သနည်း။ ရာဂနှင့်တကွဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဒေါသနှင့်တကွဖြစ်သောကြောင့် အညာဏ စရိယမည်၏။ မောဟနှင့်တကွဖြစ်သောကြောင့် အညာဏစရိယမည်၏။ မာနနှင့်တကွဖြစ်သောကြောင့် အညာဏစရိယ မည်၏။ ဒိဋ္ဌိနှင့်တကွဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဥဒ္ဓစ္စနှင့်တကွဖြစ်သော ကြောင့် အညာဏစရိယမည်၏။ ဝိစိကိစ္ဆာနှင့်တကွဖြစ်သောကြောင့် အညာဏစရိယမည်၏။ အနုသယနှင့် တကွဖြစ်သောကြောင့် အညာဏစရိယမည်၏။ ရာဂနှင့်ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဒေါသနှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏ စရိယမည်၏။ မောဟနှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ မာနနှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဒိဋ္ဌိနှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဥဒ္ဓစ္စနှင့် ယှဉ်၍ဖြစ်သော ကြောင့် အညာဏစရိယမည်၏။ ဝိစိကိစ္ဆာနှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ အနုသယနှင့် ယှဉ်၍ ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ကုသိုလ်ကံတို့နှင့် မယှဉ်မူ၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ အကုသိုလ်ကံတို့နှင့် ယှဉ်၍ ဖြစ်သောကြောင့် အညာဏစရိယမည်၏။ အပြစ်ရှိသောကံတို့နှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယ မည်၏။ အပြစ်မရှိသောကံတို့နှင့် မယှဉ်မူ၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ မည်းညစ်ကုန်သော ကံတို့နှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဖြူစင်သောကံတို့နှင့် မယှဉ်မူ၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ချမ်းသာကို ဖြစ်စေတတ်သောကံတို့နှင့် မယှဉ်မူ၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဆင်းရဲကို ဖြစ်စေတတ်သောကံတို့နှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ချမ်းသာကျိုးကို ဖြစ်စေ တတ်သော ကံတို့နှင့် မယှဉ်မူ၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ ဆင်းရဲကျိုးကို ဖြစ်စေတတ်သော ကံတို့နှင့် ယှဉ်၍ဖြစ်သောကြောင့် အညာဏစရိယမည်၏။ မသိအပ်သော အာရုံ၌ ဖြစ်သောကြောင့် အညာဏစရိယမည်၏။ မသိခြင်း၏ ဤသို့သဘောရှိသော ဖြစ်ခြင်းမျိုးဖြစ်တတ်သောကြောင့် အညာဏ စရိယမည်၏။ ဤသည်ကား အညာဏစရိယမည်၏။ ဉာဏစရိယဟူသည်ကား အဘယ်နည်း။ အနိစ္စကို အဖန်တလဲလဲရှုခြင်း အကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ အနိစ္စကို အဖန်ဖန်တလဲလဲရှုခြင်းသည် ဉာဏစရိယမည်၏။ ဒုက္ခကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ ဒုက္ခကို အဖန်ဖန်တလဲလဲရှုခြင်းသည် ဉာဏစရိယမည်၏။ အနတ္တကို အဖန်တလဲလဲရှုခြင်း အကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယမည်၏။ အနတ္တကို အဖန်တလဲလဲရှုခြင်းသည် ဉာဏစရိယမည်၏။ ငြီးငွေ့ခြင်းကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော။ပ။ ရာဂကင်းခြင်းကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော။ ချုပ်ခြင်းကို အဖန်တလဲလဲရှုခြင်း အကျိုး ငှါဖြစ်သော။ စွန့်ခြင်းကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော။ ကုန်ခြင်းကို အဖန်တလဲလဲရှုခြင်း အကျိုးငှါဖြစ်သော။ ပျက်ခြင်းကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော။ ဖောက်ပြန်ခြင်းကို အဖန်တလဲလဲ ရှုခြင်း အကျိုးငှါဖြစ်သော။ အနိမိတ္တကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော။ မတောင့်တမှုကို အဖန် တလဲလဲရှုခြင်း အကျိုးငှါဖြစ်သော။ ဆိတ်သုဉ်းမှုကို အဖန်တလဲလဲရှုခြင်းအကျိုးငှါဖြစ်သော။ အဓိပညာ တရားကို အဖန်တလဲလဲ ရှုခြင်းအကျိုးငှါဖြစ်သော။ ယထာဘူတဉာဏ်ကို အဖန်တလဲလဲရှုခြင်း အကျိုးငှါ ဖြစ်သော။ အပြစ်ကို အဖန်တလဲလဲ ရှုခြင်းအကျိုးငှါဖြစ်သော။ ဆင်ခြင်ခြင်းကို အဖန်တလဲလဲရှုခြင်း အကျိုးငှါဖြစ်သော အာဝဇ္ဇန်းကြိယာဟု ဆိုအပ်သော အဗျာကတသည် ဝိညာဏစရိယ မည်၏။ ဆင်ခြင်ခြင်းကို အဖန်တလဲလဲရှုခြင်းသည် ဉာဏစရိယမည်၏။ ဝဋ်ကင်းခြင်းကို အဖန်တလဲလဲရှုခြင်းသည် ဉာဏ စရိယမည်၏။ သောတာပတ္တိမဂ်သည် ဉာဏစရိယမည်၏။ သောတာပတ္တိဖိုလ်ကို ဝင်စားခြင်းသည် ဉာဏစရိယ မည်၏။ သကဒါဂါမိမဂ်သည် ဉာဏစရိယမည်၏။ သကဒါဂါမိဖိုလ်ကို ဝင်စားခြင်းသည် ဉာဏစရိယ မည်၏။ အနာဂါမိမဂ်သည် ဉာဏစရိယမည်၏။ အနာဂါမိဖိုလ်ကို ဝင်စားခြင်းသည် ဉာဏစရိယမည်၏။ အရဟတ္တမဂ်သည် ဉာဏစရိယမည်၏။ အရဟတ္တဖိုလ်ကို ဝင်စားခြင်းသည် ဉာဏစရိယမည်၏။ ဉာဏစရိယဟူရာ၌ အဘယ်အနက်သဘောကြောင့် ဉာဏစရိယမည်သနည်း။ ရာဂကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဉာဏစရိယမည်၏။ ဒေါသကင်းသည်ဖြစ်၍ ဖြစ်တတ် သောကြောင့် ဉာဏစရိယမည်၏။ပ။ အနုသယကင်းသည်ဖြစ်၍ ဖြစ်တတ်သောကြောင့် ဉာဏစရိယမည်၏။ ရာဂနှင့်မယှဉ်မူ၍ ဖြစ်တတ်သောကြောင့် ဉာဏစရိယမည်၏။ ဒေါသနှင့်မယှဉ်မူ၍ ဖြစ်တတ်သော ကြောင့် ဉာဏစရိယမည်၏။ မောဟနှင့်မယှဉ်မူ၍ ဖြစ်တတ်သောကြောင့် ဉာဏစရိယမည်၏။ မာနနှင့် မယှဉ်မူ၍။ပ။ ဒိဋ္ဌိနှင့် မယှဉ်မူ၍။ပ။ ဥဒ္ဓစ္စနှင့်မယှဉ်မူ၍။ပ။ ဝိစိကိစ္ဆာနှင့်မယှဉ်မူ၍။ အနုသယနှင့် မယှဉ် မူ၍။ ကုသိုလ်ကံတို့နှင့် ယှဉ်၍။ အကုသိုလ်ကံတို့နှင့် မယှဉ်မူ၍။ အပြစ်ရှိသောကံတို့နှင့် မယှဉ်မူ၍။ အပြစ်မရှိသော ကံတို့နှင့် ယှဉ်၍။ မည်းညစ်သောကံတို့နှင့် မယှဉ်မူ၍။ ဖြူစင်သောကံတို့နှင့် ယှဉ်၍။ ချမ်းသာကို ဖြစ်စေတတ်သောကံတို့နှင့် ယှဉ်၍။ ဆင်းရဲကိုဖြစ်စေတတ်သောကံတို့နှင့် မယှဉ်မူ၍။ ချမ်းသာ ကျိုးကို ဖြစ်စေတတ်သော ကံတို့နှင့် ယှဉ်၍ဖြစ်တတ်သောကြောင့် ဉာဏစရိယမည်၏။ ဆင်းရဲကျိုးကို ဖြစ်စေတတ်သော ကံတို့နှင့် မယှဉ်မူ၍ဖြစ်သောကြောင့် ဉာဏစရိယမည်၏။ သိအပ်သောအာရုံ၌ ဖြစ်တတ် သောကြောင့် ဉာဏစရိယမည်၏။ ဉာဏ်၏ ဤသို့သဘောရှိသော ဖြစ်ခြင်းမျိုးဖြစ်တတ်သောကြောင့် ဉာဏစရိယမည်၏။ ဤသည်ကား ဉာဏစရိယတည်း။ ထိုတရားသဘောသည် ''ဝိညာဏစရိယသည် တစ်ခြား၊ အညာဏစရိယသည် တစ်ခြား၊ ဉာဏ စရိယသည် တစ်ခြား''ဟု ဤသို့ သိတတ်သောအနက်သဘောကြောင့် ဉာဏ်မည်၏။ ခွဲခြား၍ သိတတ် သော အနက်သဘောကြောင့် ပညာမည်၏။ ထို့ကြောင့် စရိယတို့ကို ပိုင်းခြားမှတ်သားခြင်း၌ ဖြစ်သောပညာကို စရိယာနာနတ္တဉာဏ်မည်၏ဟု ဆိုအပ်၏။ တစ်ဆယ့်ခုနစ်ခုမြောက် စရိယာနာနတ္တဉာဏ် အကျယ်ပြခြင်း ပြီး၏။
သိမှတ်ဖွယ်ရာများ “ပဋိသမ္ဘိဒါမဂ်ကျမ်းမှ ဉာဏ်(၁၇)ပါး”
• သိမှတ်ဖွယ်ရာများ “ပဋိသမ္ဘိဒါမဂ်ကျမ်းမှ ဉာဏ်(၁၇)ပါး”။ ---
ကျမ်းကိုး
၁။ အင်္ဂုတ္တနိကာယ်၊ စတုက္ကနိပါတ်၊ ပဌမပဏ္ဏာသက၊ စက္ကဝဂ်၊ အပရိဟာနိယသုတ် ၂။ ခုဒ္ဒကနိကာယ်၊ ဥဒါန်း၊ ဗောဒိဝဂ်၊ ဗာဟိယသုတ် ၃။ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသကနိပါတ်၊ နိဿယဝဂ်၊ ပဌမသညာသုတ် ၄။ အင်္ဂုတ္တရနိကာယ်၊ ဧကာဒသကနိပါတ်၊ နိဿယဝဂ်၊ မနသိကာရသုတ် ၅။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဥဒယဗ္ဗယဉာဏ် အကျယ်ပြခြင်း ၆။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ ပညာဝဂ်၊ ဝိပဿနာကထာ၊ ၇။ ခုဒ္ဒကနိကာယ်၊ ပဋိသမ္ဘိဒါမဂ်၊ မဟာဝဂ်၊ ဉာဏကထာ၊ ဘင်္ဂါနုပဿနာဉာဏ် အကျယ်ပြခြင်း ၈။ သံယုတ္တနိကာယ် ၊သဠာယတနသံယုတ် ၊ယမကဝဂ် ၊ပဌမ ပုဗ္ဗေသမ္ဗောဓသုတ်